အဖြူရောင်အဖတ်တွေ ထွက်လို့ စိုးရိမ်စရာရှိလား။
ကိုယ်ခန္ဓာက အရေပြားကို ခြောက်သွေ့ယားယံတာမျိုး မဖြစ်စေဖို့ ချွေးပေါက်တွေကနေ သဘာဝအဆီ (Sebum) တွေ အမြဲထုတ်ပေးနေရပါတယ်။ ဒီတော့ ထိပ်အရေပြား မဖြတ်ထားတဲ့အခါ အမျိုးသားတော်တော်များများက အရေပြားအောက်ကို သန့်ရှင်းရေးလုပ်ဖို့ မေ့သွားတတ်တာကြောင့် အဖတ်တွေ ဖြစ်လာရတာပါ။
ရေချိုးတဲ့အချိန်ဖြစ်စေ၊ တစ်ကိုယ်ရေ အာသာဖြေတဲ့အချိန်မှာ အနံ့ဆိုးထွက် နေတယ်ဆိုတာ သတိထားမိပြီဆိုရင်တော့ သေချာသန့်ရှင်းရေးလုပ်သင့်ပါပြီ။ စောစော ဖယ်ရှားလိုက်နိုင်ရင် ကျန်းမာရေးအတွက် ဘယ်လိုမျိုးဆိုးကျိုးမှ မဖြစ်စေနိုင်တာကြောင့် သိပ်ပြီး စိုးရိမ်စရာမလိုပါဘူး။
အနံ့ဆိုးထွက် တာကို ဘယ်လိုသန့်ရှင်းရေးလုပ်မလဲ။
ထိပ်အရေပြား ဖြတ်မထားတဲ့ အမျိုးသားတွေဆိုရင် ရေချိုးတဲ့အခါတိုင်း အရေပြားအောက်ကို သေချာသန့်ရှင်းပေးရပါမယ်။ သန့်ရှင်းတဲ့နေရာမှာလည်း ဆပ်ပြာအပျော့စားနဲ့ သေချာတိုက်ချွတ်ပြီးမှ ရေနဲ့ ပြောင်စင်အောင် ဆေးကြောပေးရုံပါပဲ။ ရေချိုးပြီးသွားတဲ့အခါတိုင်း ပေါင်ခြံ၊ လိင်တံတစ်ဝိုက်ကို သေချာ ခြောက်အောင် သုတ်ပေးရပါမယ်။ တခြား ဘယ်လိုအလှကုန်ပစ္စည်းမှ လိမ်းစရာတော့ မလိုအပ်ပါဘူး။ ကိုယ်ခန္ဓာက နေ့စဉ်နေ့တိုင်း အဆီတွေ၊ ချွေးတွေ ထွက်နေတာဖြစ်တဲ့အတွက် အပြင်က ပြန်လာတဲ့အခါတိုင်း၊ အားကစား ပြင်းပြင်းထန်ထန် လုပ်ပြီးတဲ့အချိန်တိုင်း အဝတ်အစားတွေကို ချွတ်ပြီး ရေသေချာချိုးဖို့တော့ လိုမယ်နော်။
ပုံမှန်အားဖြင့် စိတ်ပူစရာ ဖြစ်စဉ်တစ်ခုမဟုတ်ပေမဲ့ နေ့တိုင်းသန့်ရှင်းရေးလုပ်နေတဲ့ကြားက အဖတ်တွေ အမြဲကပ်နေတယ်၊ မကောင်းတဲ့ အနံ့ဆိုးတွေ အမြဲထွက်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသကြည့်ပြီး တခြားရောဂါတွေ ရှိ၊ မရှိကို စစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။