လိင်တံပြဿနာများ

ကျန်းမာတဲ့ လိင်တံကို ပိုင်ဆိုင်ထားတာက အမျိုးသားတွေအတွက်တော့ အလုံစုံကျန်းမာခြင်းပါပဲ။ လိင်တံ ကျန်းမာတယ်ဆိုတာ လိင်တံ သန့်ရှင်းတာ၊ လိင်တံရောဂါတွေဖြစ်တဲ့ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတဲ့ ရောဂါတွေ ကင်းစင်နေတာပဲ ဖြစ်ပါတယ်။ လိင်တံကျန်းမာရေးနဲ့ ပတ်သက်ပြီး ဒီမှာ ဆက်လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်တံပြဿနာများ

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

လိင်တံပြဿနာများ ကို ရှာဖွေမည်။

လိင်တံပြဿနာများ

ကျွန်တော့် လိင်တံက အရမ်း သေးနေသလား

ကျွန်တော့် လိင်တံက အရမ်း သေးနေသလား ဆိုတဲ့ မေးခွန်းကို အမျိုးသားတွေက သူတို့ရဲ့ လက်တွဲဖော်တွေကိုတော့ ထုတ်မမေးတတ်ကြပေမဲ့ ဆရာဝန်တွေနဲ့ တွေ့တဲ့အခါကျရင်တော့ ဒါက မေးလေ့မေးထရှိတဲ့ မေးခွန်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ Cohen ကလေးဆေးရုံမှ ဆီးလမ်းကြောင်းဆိုင်ရာ ကလေးအထူးကု ဖြစ်သူ လိန်း အက်စ် ပေါလ်မာ (Lane S. Palmer) ကတော့ " ဖခင်တွေက သူတို့သားတွေရဲ့ လိင်တံအရွယ်အစား သေးနေလားဆိုတာကိုမကြာခဏမေးလေ့ရှိပြီး တစ်ခါတစ်ရံမှာတော့ သူတို့လိင်တံရော သေးနေလားဆိုတာကို မေးမြန်းလေ့ရှိကြပါတယ် " ဆိုပါတယ်။ ကျွန်တော့် လိင်တံက အရမ်း သေးနေသလား လိင်တံအရွယ်အစား သေးနေလားဆိုတာကို မေးကြတဲ့ အမျိုးသားတွေဟာ တခြားအကြောင်းရင်းကြောင့် ဆရာဝန်ကိုလာတွေ့ကြတာ ဖြစ်တယ်လို့ အမေရိကန် နယူးယောက်မြို့ Lake Success ရှိ စမစ် […]


လိင်တံပြဿနာများ

လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းအကြောင်း သိကောင်းစရာ

လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းအကြောင်း သိကောင်းစရာ လေးတွေကို ဆွေးနွေးပေးသွားပါမယ်။ လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းဟာ မွေးကင်းစအရွယ်နဲ့ ကလေး အရွယ်တွေမှာ ဖြစ်တတ်ပြီး တစ်ခါတစ်ရံ လူလားမြောက်တဲ့ အရွယ်အထိ ဖြစ်ပွားတတ်ပါတယ်။ လိင်တံထိပ်ငုံအရေပြားကျပ်ခြင်း ဆိုတာ အကြီးအကျယ်ကုသရတဲ့ ရောဂါ တစ်ခု မဟုတ်ပေမဲ့ လိင်တံနီရဲခြင်း၊ နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းတို့ဖြစ်စေနိုင်ပါတယ်။ ဒီလို လိင်တံထိပ်ငုံအရေပြားကျပ်တဲ့အခါ အမျိုးသားတွေ ဆီးသွားတဲ့ အချိန်နဲ့ လိင်မှု ကိစ္စတွေကိုပါ ထိခိုက်နိုင်ပါတယ်။ လေ့လာချက်တွေအရ အမျိုးသား ၂ ရာခိုင်နှုန်းဟာ နောက်ပြန်ဆွဲလို့မရတဲ့ လိင်တံထိပ်ငုံအရေပြား တွေရှိကြတယ် လို့ သိရပါတယ်။ လိင်တံထိပ်ငုံအရေပြား နဲ့ပတ်သက်ပြီး သိကောင်းစရာ အချက်များ လိင်တံထိပ်ငုံအရေပြားဟာ မူလကတည်းက လိပ်တံကို အုပ်ထားပေးထားတာ သဘာဝတစ်ရပ်ပါပဲ။ ဒီလို လိင်တံထိပ်ငုံအရေပြားကို ငယ်ငယ်ကတည်းက ဖြတ်ထုတ်လိုက်ရင် လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်း မဖြစ်နိုင်တော့ပါဘူး။ တစ်ခါတစ်ရံ phimosis လို့ခေါ်တဲ့ […]


လိင်တံပြဿနာများ

Spermatocele (Epididymal Cyst) (သုတ်ရည်ပြွန်တွင်အရည်အိတ်တည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Spermatocele (Epididymal Cyst) (သုတ်ရည်ပြွန်တွင်အရည်အိတ်တည်ခြင်း) ကဘာလဲ။ ထိုရောဂါဟာ ဝှေးစေ့အပေါ်အနောက်ဘက်မှာ ရှိသော Epididymis ခေါ် ကွေးကောက်နေတဲ့ပြွန်လေးမှာ အရည်အိတ်တည်ခြင်းကို ဆိုလိုတာပါ။ ထိုအိတ်ထဲမှာရှိတဲ့အရည်ထဲမှာတော့ သေဆုံးသွားတဲ့ သုတ်ပိုးတွေပါဝင်နေနိုင်ပါတယ်။ ဝှေးစေ့အထက်ပိုင်းမှာ မာမာ၊ချောချောအလုံးလေးကို စမ်းမိနိုင်ပါတယ်။ Spermatocele ရှိနေခြင်းက ယောက်ျားတစ်ယောက်ရဲ့ မျိုးအောင်နိုင်မှုကို မထိခိုက်ပါဘူး။ Spermatocele (Epididymal Cyst) (သုတ်ရည်ပြွန်တွင်အရည်အိတ်တည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ Spermatocele ဟာ အဖြစ်များပြီး spermatic cyst လို့လည်း ခေါ်ကြပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများSpermatocele (Epididymal Cyst) (သုတ်ရည်ပြွန်တွင်အရည်အိတ်တည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ Spermatocele ရဲ့ အဖြစ်များသော လက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ ရောဂါရှိနေတဲ့ ဝှေးစေ့မှာ နာကျင်ခြင်း၊ မသက်မသာဖြစ်နေခြင်း လေးနေတယ်လို့ခံရစားရခြင်း ဝှေးစေ့အနောက်နဲ့အပေါ်ဘက်မှာဆိုရင် အစိုင်အခဲတစ်ခုရှိနေပြီး ပြည့်ကျပ်နေခြင်း အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်းရှိပါသေးတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ […]


လိင်တံပြဿနာများ

Hypospadias (မွေးရာပါဆီးစွန့်ပြွန်နေရာလွဲခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypospadias (မွေးရာပါ ဆီးစွန့်ပြွန်နေရာလွဲခြင်း ) ကဘာလဲ။ မွေးရာပါဆီးစွန့်ပြွန်နေရာလွဲခြင်း ဆိုသည်မှာ ယောင်္ကျားလေးတစ်ယောက်၏ ဆီးလမ်းကြောင်းပေါက်သည် လိင်တံ၏ အောက်ဖက်တွင် မှားရောက်နေသော မွေးရာပါ အခြေအနေ တစ်ခုဖြစ်သည်။ ဆီးစွန့်ပြန်သည် ဆီးများကို ဆီးအိတ်မှ သယ်ယူကာ လိင်တံမှတစ်ဆင့် ခန္ဓါကိုယ်ပြင်ပသို့ စွန့်ထုတ်သော ပြွန် ဖြစ်ပါသည်။ မွေးရာပါ ဆီးစွန့်ပြွန်နေရာလွဲခြင်း သည် ဆီးလမ်းကြောင်းပွင့်သော နေရာပေါ်မူတည်၍ မပြင်းထန် နိုင်ရာမှ ပြင်းထန်နိုင်သည် အထိ ဖြစ်နိုင်ပါသည်။ Hypospadias (မွေးရာပါ ဆီးစွန့်ပြွန်နေရာလွဲခြင်း ) က ဘယ်လောက်အဖြစ်များသလဲ မွေးရာပါဆီးလမ်းကြောင်းပေါက်နေရာလွဲခြင်း သည် ရှားပါးသော အခြေအနေတစ်ခုဖြစ်သည်။ မွေးကင်းစ ယောင်္ကျားလေး ၁၀၀၀ မှ ၄ ယောက်တွင် ဖြစ်ပွားပါသည်။ ပိုမိုသော အချက်အလက် များ အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများHypospadias (မွေးရာပါ […]


လိင်တံပြဿနာများ

Phimosis (အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Phimosis (အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်း) ကဘာလဲ။ အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းဆိုသည်မှ လိင်တံအရေပြားမှကြပ်နေပြီး နောက်ကိုဆွဲမရသည့်အခြေအနေကို ခေါ်ပါသည်။ အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းမှာ ဆီးသွားသည့်အခါ၊ လိင်ဆက်ဆံသည့်အခါတွင် အနှောက်အယှက်ဖြစ်နိုင်ပြီး ဆီးလမ်းကြောင်း ပိုးဝင်နိုင်ချေကို မြင့်မားစေပါသည်။ Phimosis (အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါမှာ ထိပ်ဖြတ်မထားသူများတွင် အဖြစ်များသောရောဂါဖြစ်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများPhimosis (အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းမှာ များသောအားဖြင့် နာကျင်မှုမရှိပါ။ သို့သော် ထိပ်အရေပြားကြပ်နေသောကြောင့် ဆီးသွားရာနှင့် လိင်ဆက်ဆံရာတွင် အခက်အခဲ ဖြစ်နိုင်ပါသည်။ ထို့အပြင် ထိပ်ဖူးငုံခြင်းကြောင့် အတွင်းအသားပိုင်းများကို သန့်ရှင်းအောင် မပြုလုပ်နိုင်ပါ။ ထို့ကြောင့် အရေပြား၌ပိုးဝင်လွယ်ပါသည်။   အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းကြောင့် ဆီးသွားရခက်ခြင်း သို့မဟုတ် လိင်ဆက်ဆံရခက်ခြင်းတို့ ဖြစ်လာလျှင် ဆရာဝန်နှင့် […]


လိင်တံပြဿနာများ

Testicular Torsion (ဝှေးစေ့လိမ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Testicular Torsion (ဝှေးစေ့လိမ်ခြင်း) ကဘာလဲ။ ဝှေးစေ့လိမ်ခြင်းဆိုတာ အမျိုးသားတော်တော်များများ ဖြစ်တတ်ကြတဲ့ ရုတ်တရက်ပြင်းထန်စွာနာကျင်ခြင်း အကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်။ ဝှေးစေ့လည်ခြင်းကြောင့် သုတ်ရည်ကြောလိမ်သွားပြီး ကပ်ပယ်အိတ်သို့ သွေးလျောက်မှုကို ရပ်တန့်သွားစေပါတယ်။ လူအများစုကတော့ ဝှေးစေ့တစ်ဖက်တည်းသာဖြစ်တတ်ကြပါတယ်။ ဝှေးစေ့နှစ်ဖက်လုံးဖြစ်တာမျိုးကတော့ ရှားပါတယ်။ လူငယ်အများစုမှာဖြစ်တတ်ပေမဲ့ လူကြီးပိုင်းနဲ့ သနေသားဘ၀ ကပင်ဖြစ်တတ်တာလည်း ရှိပါတယ်။   Testicular Torsion (ဝှေးစေ့လိမ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လက္ခဏာများTesticular Torsion (ဝှေးစေ့လိမ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဝှေးစေ့လိမ်ခြင်းရဲ့ အဓိကဖြစ်တဲ့ လက္ခဏာကတော့ ကပ်ပယ်အိတ် နာကျင်ခြင်းပဲဖြစ်ပါတယ်။ နာကျင်ခြင်းနဲ့ အတူ ကပ်ပယ်အိတ် တစ်ဖက်(သို့) နှစ်ဖက်လုံးဖောင်းပြီးရောင်လာပါမယ်။ မစို့မပို့နာရာကနေ ပြင်းထန်စွာနာကျင်တဲ့အထိဖြစ်နိုင်ပါတယ်။ ဝှေးစေ့လိမ်ခြင်းရဲ့အခြားလက္ခဏာတွေက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ ဗိုက်အောင့်ခြင်း မူးဝေခြင်းနှင့် ပျို့အန်ခြင်း ဝှေးစေ့တစ်လုံးသည် ပုံမှန်ထက်အပေါ်သို့ပိုရောက်နေခြင်း၊ တစောင်းဖြစ်နေခြင်း။ ဆီးသွားလျှင်နာကျင်ခြင်း။ ဖျားခြင်း။ ကပ်ပယ်အိတ်တွင် အလုံးစမ်းမိခြင်း။ သုတ်ရည်တွင် သွေးစများပါလာခြင်း။ အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ ဘယ်အချိန်မှာ […]


လိင်တံပြဿနာများ

လိင်တံနဲ့ပတ်သက်လို့ သင်မသိသေးတဲ့အချက် (၁၀) ချက်

သင့်ရဲ့ လိင်တံ နဲ့ပတ်သက်လို့ အားလုံးသိပြီးသားဖြစ်တယ်လို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါက မျိုးပွားအင်္ဂါတစ်ခု ဟုတ်တယ်မလား။ ဒါကို အထက်တန်းကတည်းက သိပြီးသားဖြစ်မှာပါ။ တကယ်ဆို ဒါကို သိဖို့ အတန်းပညာတောင် လိုလောက်ပါဘူး။ ဒါပေမယ့်လည်း သင်မကြားဖူးသေးတဲ့အချက်တွေ ရှိနေနိုင်ပါသေးတယ်။ အခု လိင်တံနဲ့ပတ်သက်လို့ သင်မသိသေးတဲ့အချက် (၁၀) ချက်  လေ့လာကြည့်ပါ။ လိင်တံနဲ့ပတ်သက်လို့ သင်မသိသေးတဲ့အချက် (၁၀) ချက် လိင်တံနဲ့ပတ်သက်လို့ သင်မသိသေးတဲ့အချက် (၁၀) ချက် ကတော့ ၁။ သင့်လိင်တံက လေ့ကျင့်ဖို့ လိုပါတယ်။ ကြာကြာထောင်မတ်ဖို့ဆိုရင် လိင်တံကို လေ့ကျင့်ပေးလို့ ရပါတယ်။ ဒါ့ပြင် သုက်မလွှတ်အောင် ထိန်းထားနိုင်ဖို့လည်း လေ့ကျင့်ထားလို့ရပါတယ်။ ၂။ လိင်တံနဲ့ အလေးမနိုင်ပါတယ်။ လောစ်အိန်ဂျယ်လိစ်မှာရှိတဲ့ ကိုယ်ခံပညာ သင်တန်းတစ်ခုက သင်တန်းဆရာတွေက သင်တန်းသားတွေကို သူတို့ရဲ့ လိင်တံနဲ့ အလေးမ လေ့ကျင့်ပေးတာမျိုးရှိပါတယ်။ ၃။ သင့်ရဲ့ ထောင်မတ်နိုင်စွမ်းကို သိပ္ပံနည်းကျ တိုင်းတာနိုင်ပါတယ်။ သိပ္ပံပညာရှင်တစ်ဖွဲ့က […]


လိင်တံပြဿနာများ

သင့်သွားတွေကပြောပြနေတဲ့ သင့်လိင်တံ အကြောင်း

သင့်သွားတွေကပြောပြနေတဲ့ သင့်လိင်တံ အကြောင်း ဆိုလို့ ခေါင်းစဉ်ကို ဖတ်ပြီး ထူးဆန်းသွားပြီလား။ သင့်သွားတွေက သင်ထက်တာထက်ပိုပြီး သင့်ခန္ဓာကိုယ်အကြောင်းကို ပြောနိုင်ကြပါတယ်။ ဒါဟာ အိပ်ရာဝင်ပုံပြင်မဟုတ်ပါဘူး။ သင့်သွားကိုကြည့်ပြီး သင့်ရဲ့ ခန္ဓာကိုယ်ကို ပြောနိုင်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေ ကိုယ်တိုင်သက်သေပြထားကြတာပါ။ ကဲ .... ဘယ်လိုတွေများ ဆက်စပ်နေလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ သင့်သွားတွေကပြောပြနေတဲ့ သင့်လိင်တံ အကြောင်း သင့်သွားတွေကပြောပြနေတဲ့ သင့်လိင်တံ အကြောင်း အတူတူ လေ့လာလိုက်ရအောင်နော်။ ၁။ သင့်လိင်တံနဲ့ သင့်သွားတွေရဲ့ ဆက်စပ်မှု ခံတွင်းနံ့ဆိုးတာဟာ စကားပြောဆိုတဲ့အခါ ဆိုးရွားတဲ့အနံ့ထွက်စေရုံသာမက လိင်တံကို တုတ်ခိုင်မှုအားနည်းစေတယ်။ ထိုင်ဝမ်က စမ်းသပ်လေ့လာမှု အရ ခံတွင်းနံ့ဆိုးနဲ့ လိင်တံ ထောင်မတ်မှု အားနည်းတဲ့ရောဂါဆက်စပ်မှုကို ရှာတွေ့ခဲ့ပါတယ်။ ဒီရောဂါဖြစ်သူတွေကို လေ့လာရာမှာ ၇၉ ရာခိုင်နှုန်းက နာတာရှည်သွားဖုံးရောဂါ ဖြစ်နေတာကို တွေ့ရပါတယ်။ နာတာရှည်သွားဖုံးရောဂါဆိုတာ သင့်သွားအမြစ်တွေကနဲ့ကာ […]


လိင်တံပြဿနာများ

လိင်တံအကြောင်းသိသင့်သည့်အချက် ၅ချက်

လိင်တံအကြောင်းသိသင့်သည့်အချက် ၅ချက် က ဘာတွေများလဲ။ Tom Hickman က သူ့စာအုပ်မှာ လိင်တံကို God’s Doodle လို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ ဒီအကြောင်းကို မှတ်တမ်းပိုင်းဆိုင်ရာ ရှင်းပြမှုတွေ ကနေစပြီး ယုံတမ်းစကားတွေအထိ သုတေသန ပြုလုပ်ခဲ့ကြပြီး ပုံနှိပ်ထုတ်ဝေထားတဲ့ ဆောင်းပါးတွေရှိပါတယ်။ သင့်လိင်တံအကြောင်း အကုန်သိပြီးပြီလို့ ထင်ထားရင်တောင်မှ သင့်ကို အံ့သြသွားစေမယ့် အချက်တွေ ရှိပါသေးတယ်။ လိင်တံအကြောင်းသိသင့်သည့်အချက် ၅ချက် လိင်တံအကြောင်းသိသင့်သည့်အချက် ၅ချက် ကတော့ အကြီးဆုံး လိင်တံ လိင်တံ အများစုဟာ ၃ လက်မလောက် ရှည်တတ်ပေမယ့် လိင်တံ ထောင်မတ်မှု ဖြစ်တဲ့အခါမှာ ၄.၅ ကနေ ၆.၅ လက်မ အထိ ကြီးထွားလာနိုင်ပါတယ်။ အကြီးဆုံးလိင်တံကတော့ ၁၃.၅ လက်မ ရှည်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေက ဒါကို စိတ်မပူသင့်ပါဘူး။ လိင်ဆက်ဆံစဉ်မှာ လိင်တံ […]


လိင်တံပြဿနာများ

လိင်တံထိပ်အရေပြား နောက်ဆုတ်၍ ရှေ့ကိုပြန်ဆွဲမရတော့ဘဲ လိင်တံအား ညှစ်ထားသကဲ့သို့ ဖြစ်နေသောအခြေအနေ

Paraphimosis ဆိုတာ လိင်တံထိပ်အရေပြားဟာ နောက်ဆုတ်သွားပြီး နဂိုနေရာကိုပြန်ဆွဲမရတော့ဘဲ လိင်တံထိပ်အား ညှစ်ထားသကဲ့သို့ ဖြစ်သော အခြေအနေကို ခေါ်ပါတယ်။ ဒီအခြေအနေဟာ လိင်တံထိပ်အရေပြား မဖြတ်ထုတ်ရသေးတဲ့ ယောင်္ကျားငယ်လေးတွေမှာသာ တွေ့ရပြီး လူတွေဟာ ၎င်းအခြေအနေကို များသောအားဖြင့် လိင်တံထိပ် အရေပြားငုံခြင်း (Phimosis) နှင့်ရောထွေးနေတတ်ပါတယ်။ လိင်တံထိပ်အရေပြား ငုံခြင်း၊ မပွင့်ခြင်း နောက်ကို ဆွဲလို့မရခြင်း (Phimosis) ဟာ ငယ်ရွယ်တဲ့ ယောင်္ကျားလေးတွေအတွက် သဘာဝအခြေအနေတစ်ခုဖြစ်ပါတယ်။ သို့သော် Paraphimosis လို့ခေါ်တဲ့ လိင်တံကို ဆွဲညှစ်ထားသလိုဖြစ်နေတဲ့ အခြေအနေကတော့ အရေးပေါ်အခြေအနေ တစ်ခုဖြစ်လာပြီး လိင်တံထိပ်သို့သွားသော သွေးလည်ပတ်မှုကိုပါ ရပ်သွားစေနိုင်တဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။ ဒီလိုအခြေအနေဟာ ဆရာဝန်နှင့် ချက်ချင်းတိုင်ပင် ကုသရန် လိုအပ်ပါတယ်။ Paraphimosis ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းများ အဖြစ်အများဆုံး အကြောင်းအရင်းကတော့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်