တစ်ကိုယ်ရေ သန့်ရှင်းမှုအပြင် ကိုယ်သုံးနေတဲ့ ဆပ်ပြာ၊ အလှကုန်ပစ္စည်း၊ ချောဆီ၊ ကွန်ဒုံးနဲ့ အရေပြား ဓာတ်မတည့်တဲ့အခါ ထိပ်ဖူးရောင်ရမ်းနိုင်သလို လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (UTIs)
အမျိုးသမီးမှာ ပိုပြီး အဖြစ်များတဲ့ ကျန်းမာရေးပြဿနာဆိုပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါမှာ
- လိင်တံမှ အရည်ကြည် သို့မဟုတ် ပြည်ကဲ့သို့ အဖြူရောင်၊ ဝါဖျော့ဖျော့အရောင် ရှိတဲ့ အရည်တွေထွက်လာတာ
- မကြာခဏ ဆီးသွားချင်လာတာ
- ဆီးသွားနေစဉ်မှာ ပူစပ်ပူလောင်ဖြစ်သလို ခံစားရတာ
- ဆီးအနံ့က စိတ်ကသိကအောက် ဖြစ်စရာကောင်းလောက်အောင် အနံ့ဆိုးလွန်းတာ
- အဖျားတက်တာ အစရှိတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။
လိင်မှတစ်ဆင့် ကူးစက်ရောဂါများ (STDs)
အကာအကွယ်မပါဘဲ ထိုးသွင်းဆက်ဆံမှုပြုတဲ့အခါ ကူးစက်နိုင်ပါတယ်။ ဒီလို လိင်မှတစ်ဆင့် ကူးစက်လာတဲ့ ရောဂါအများစုဟာ လိင်တံမှ ပုံမှန်မဟုတ်တဲ့ ပြည်ယိုစိမ့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ ဒီလိုရောဂါတွေ ကူးစက်ခံရတဲ့အခါမှာ သိသာထင်ရှားတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။
၁။ ခလက်မီးဒီးယားရောဂါဆိုရင်
- ဆီးစွန့်ပြွန် ပိုးဝင်တာ
- အရည်ကျဲကျဲ သို့မဟုတ် ပျစ်ချွဲချွဲ အရည်တွေက လိင်တံထိပ်ကနေ စီးကျလာတာ
- ဝှေးစေ့က ရောင်ရမ်းပြီး နာကျင်နေတာ
၂။ ဂနို ဆီးပူညောင်းကျရောဂါဆိုရင်
- လိင်တံထိပ်မှ အဖြူရောင်၊ အဝါရောင် သို့မဟုတ် စိမ်းဖန့်ဖန့် အရည်တွေ စိမ့်ထွက်လာတာ
- ဆီးသွားနေစဉ် နာကျင်တာ
- ဝှေးစေ့က သိသိသာသာရောင်နေတာအပြင် တခြားလက္ခဏာတွေ တစ်ခုမှ မပြဘဲ ရောဂါရှိလို့ ရှိမှန်းတောင် မသိတဲ့ အခြေအနေတွေပါ ရှိနိုင်ပါတယ်။
ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသဖို့လိုအပ်လာပြီလဲ။
- ဆီး၊ သုက်ရည်ကြည်၊ သုက်ရည် မဟုတ်ဘဲ တခြားပြည်ကဲ့သို့ အရည်တွေ
- ဆီးသွားရတာ အခက်အခဲဖြစ်လာတာ
- ဆီးသွားတိုင်း နာကျင်မှုဖြစ်လာတာကို ပုံမှန်မဟုတ်တဲ့ ကျန်းမာရေးအခြေအနေလို့ သတ်မှတ်လို့ရတဲ့အတွက် ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။
ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ၊ ရောဂါအခံရှိ၊ မရှိ၊ လိင်မှုကိစ္စပိုင်းဆိုင်ရာ၊ ရောဂါလက္ခဏာတွေကို မေးမြန်းပြီး လိင်တံကို စစ်ဆေးကြည့်မှာ ဖြစ်ပါတယ်။ ထွက်လာတဲ့ ပြည်အရည်တွေကို ဓာတ်ခွဲခန်းမှာ စစ်ဆေးကြည့်ပြီးလည်း ရောဂါရှာဖွေနိုင်ပါတယ်။
ကိုယ့်ရဲ့ အခြေအနေပေါ်မူတည်ပြီး ပေးဖို့ လိုအပ်တဲ့ ဆေးဝါးတွေကို ဆရာဝန်ကိုယ်တိုင် သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ဆေးအညွှန်းအတိုင်း မပျက်မကွက်သောက်ဖို့နဲ့ ဆရာဝန်ရက်ချိန်းတဲ့အတိုင်း မှန်မှန်ပြသပေးမယ်ဆိုရင် လုံးဝပျောက်သွားနိုင်ပါတယ်။
ကာကွယ်တဲ့အနေနဲ့ လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးကို မဖြစ်မနေ သုံးပေးဖို့ လိုအပ်တယ်ဆိုတာကို အမြဲသတိရှိနေဖို့ လိုအပ်ပါတယ်နော်။ လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါကြောင့်ဆိုရင်တော့ မိမိအဖော်ကိုပါ စစ်ဆေးကုသဖို့ လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။