ဘယ်သူတွေမှာ မနက်ခင်း လိင်တံ ထောင်မတ်ခြင်း ဖြစ်စဉ်ကို ကြုံတွေ့ရလဲ။
အမျိုးသားတိုင်း အသက်အရွယ်မရွေး မနက်ပိုင်း နိုးလာတဲ့အခါ လိင်တံထောင်မတ်နိုင်ပါတယ်။ ဒါဟာ လိင်တံအတွင်း သွေးကြောနဲ့ ဦးနှောက်အာရုံကြော စနစ်က ပုံမှန်အလုပ်လုပ်ပြီး ကိုယ်ခန္ဓာက ကျန်းမာနေတယ်ဆိုတာကို ပြနေတဲ့ လက္ခဏာဖြစ်ပါတယ်။
၆နှစ်မှ ၈နှစ်အရွယ် ကလေးတွေကနေ အသက် ၆၀ ၇၀ ကျော်-အထိ မနက်ခင်း လိင်တံထောင်မတ်ခြင်း ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဒီလိုဖြစ်စဉ်တွေဟာ အကြိမ်ရေ နည်းသွားတာမျိုးတော့ ရှိပါတယ်။ လူတွေထင်ထားသလို လိင်ပိုင်းဆိုင်ရာ အိပ်မက်တွေနဲ့ သက်ဆိုင်မှုမရှိဘဲ လိင်တံက သူ့အလိုလို ထောင်မတ်တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မနက်ခင်း နိုးထစဉ် လိင်တံထောင်မတ်ချိန်ဟာ မိနစ် ၃၀ ထိ ကြာတတ်ပြီး တချို့အမျိုးသားတွေမှာ မိနစ် ၃၀ ထက် ပိုကြာရှည်စွာ ထောင်မတ်နိုင်ပါတယ်။ အိပ်နေစဉ်မှာတော့ မိနစ် ၃၀ မှ ၂နာရီထိ လိင်တံထောင်မတ်နိုင်ပါတယ်။
မနက်ပိုင်းမှာ လိင်တံ မထောင်မတ်တော့ရင် စိုးရိမ်စရာ ရှိလား။
ပုံမှန်အားဖြင့်တော့ လိင်တံ ထောင်မတ်တယ်ဆိုတာ အာရုံကြောစနစ်နဲ့ သွေးကြောက ကောင်းစွာ လည်ပတ်အလုပ်လုပ်တာကို ပြနေတာပါ။ မနက်ပိုင်း နိုးထလာချိန် လိင်တံထောင်မတ်တာ မဖြစ်တာ တော်တော်ကြာသွားပြီဆိုရင်တော့ ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေတာကြောင့်လည်း ဖြစ်နိုင်သလို၊ သွေးတိုး၊ ကိုလက်စထရော၊ ဆီးချို၊ စိတ်ကျရောဂါနဲ့ လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အသက်အရွယ်ကြီးလာလို့ ထောင်မတ်ခြင်း နည်းသွားတာမျိုးတော့ ဖြစ်နိုင်ပေမဲ့ ငယ်ရွယ်စဉ်မှာ ဒီလိုအခြေအနေမတွေ့ရဘူးဆိုမှ ဆရာဝန်နဲ့ ပြသကြည့်သင့်ပါတယ်။ မနက်ပိုင်းမှာ လိင်တံက လုံးဝထောင်မတ်ခြင်း မရှိတာ၊ ထောင်မတ်နေစဉ်မှာ နာကျင်မှုဝေဒနာ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသကြည့်ဖို့ အကြံပေးလိုက်ပါတယ်။ ပုရိသအားလုံးလည်း ကျန်းမာပျော်ရွှင်ဖွယ် လိင်မှုဘဝ ပိုင်ဆိုင်ရပါစေ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။