backup og meta

လိင်တံအရေပြား ပေါ်မှာ ပေါက်တဲ့ ဝက်ခြံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လိင်တံအရေပြား ပေါ်မှာ ပေါက်တဲ့ ဝက်ခြံ

ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေကြားမှာ ဝက်ခြံပြဿနာဆိုတာ တော်တော်အမေးများပြီး အမြဲဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုပါ။ မျက်နှာတင်မကပါဘူး၊ ကိုယ်ခန္ဓာပေါ်က ချွေးပေါက်ရှိတဲ့ နေရာတိုင်းမှာ ဝက်ခြံပေါက်နိုင်ပါတယ်။ ဒါဆိုရင် အမျိုးသားတွေရဲ့ လိင်အင်္ဂါမှာလည်း ဝက်ခြံပေါက်နိုင်တာပေါ့။ လိင်တံအရေပြား ဆိုတာ ထိခိုက်လွယ်ပြီး မကြာခဏ ချွေးတွေ ခိုအောင်းတာ၊ စိုထိုင်းထိုင်းဖြစ်တာ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတာတွေကြောင့် ဝက်ခြံပေါက်နိုင်ခြေရှိပါတယ်။

ဝက်ခြံဆိုတာ သေချာအောင် စစ်လို့ရတဲ့ လက္ခဏာတွေ

ချွေးပေါက်ထဲမှာ အဆီ၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ စုမိတာ၊ ပျက်စီးနေတဲ့ အရေပြားဆဲလ်အသေတွေ များနေတာ၊ လိင်အင်္ဂါတစ်ဝိုက်မှာ ချွေးနဲ့ ဘက်တီးရီးယားပိုးကြောင့် အဆီဖု၊ ဝက်ခြံနဲ့ အမည်းစက်တွေ ဖြစ်လာနိုင်ပါတယ်။ ဝက်ခြံရှိတာ သိနိုင်တဲ့ လက္ခဏာတွေကတော့

  • ပြည်ဖုလို အဖြူဆံလေး ရှိနေတာ
  • ကိုင်ကြည့်လိုက်တဲ့အခါ ပျော့အိအိလေး ခံစားရတာ
  • အရေပြားက ပြေပြစ်မနေဘဲ အဖုလေး ဖြစ်နေတာဆိုရင် ဝက်ခြံရှိတာ သေချာပါပြီ။
  • လိင်တံအရေပြား ပေါ်မှာ ဝက်ခြံပေါက်စေတဲ့ တရားခံအကြောင်းရင်းတွေ

    • ပုံမှန်ရေချိုးသန့်စင်ခြင်း မပြုလုပ်တာ
    • ရေချိုးတဲ့အချိန်မှာ လိင်အင်္ဂါတစ်ဝိုက်ကို သေချာကြေးမချွတ်တာ
    • တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းတာ
    • ရာသီဥတုက ပူနွေးစိုစွတ်နေတာ
    • အဝတ်စိုစိုနဲ့ အကြာကြီးနေတာ
    • အဆီပြန်တဲ့ အသားအရေ ရှိတာ
    • ဆီးခုံမွေးကို မကြာခဏ ရိတ်တာ
    • တင်းကျပ်လွန်းတဲ့ အတွင်းခံဘောင်းဘီတွေကို ဝတ်ဆင်တာကြောင့် အမျိုးသားတွေ လိင်တံအရေပြား ပေါ်မှာ ဝက်ခြံပေါက်လာနိုင်ပါတယ်။
    • တစ်ခါတလေလည်း အကြောင်းရင်း မရှိဘဲ ပေါက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်၊၊

    လိင်ဆက်ဆံခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ လိင်အင်္ဂါဝက်ခြံတွေ ပေါက်လာတတ်ပါတယ်။ လိင်အပျော်အပါးကိစ္စ မကြာခဏ ကျူးလွန်တတ်တဲ့ အမျိုးသားတွေဆိုရင် လိင်အင်္ဂါဝက်ခြံပေါက်နေတဲ့အတွက် တခြားသော လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဖြစ်တဲ့ ရေယုန်၊ ကာလသားရောဂါ၊ ဂနိုရောဂါတွေပါ ကူးစက်ဖို့ အခွင့်အလမ်း ပိုများနိုင်ပါတယ်။

    လိင်အင်္ဂါ ဝက်ခြံတွေကို ကုသဖို့ အကောင်းဆုံးနည်းလမ်းတွေ

    ဝက်ခြံကို အမြန်ဆုံး သက်သာပျောက်ကင်းချင်ရင် အကောင်းဆုံးနည်းလမ်းကတော့ ဝက်ခြံကို လက်နဲ့ မကြာခဏ မထိဖို့ပါပဲ။ လိင်တံနဲ့ ပေါင်ခြံတစ်ဝိုက်အရေပြားကို သန့်ရှင်းခြောက်သွေ့စွာ ထားမယ်ဆိုရင် အချိန်တိုအတွင်း သူ့အလိုလို ပျောက်သွားမှာပါ။ အပ်နဲ့ ထွင်းရမယ့် ကိစ္စ ပုဆိန်နဲ့ ပေါက်တဲ့အဖြစ်မျိုး မဖြစ်စေဖို့ ဝက်ခြံကို လက်သည်းနဲ့ ကုတ်တာ၊ ဖဲ့တာ၊ ညှစ်တာမျိုး မလုပ်ပါနဲ့။ ဝက်ခြံမပျောက်ခင်အချိန်အထိ တစ်ကိုယ်ရေ အာသာဖြေခြင်း မပြုလုပ်ပါနဲ့။

    လိင်အင်္ဂါအရေပြား ပေါ်မှာ ပေါက်တဲ့ ဝက်ခြံတွေဟာ ပျောက်ဖို့ကြာနေတယ်ဆိုရင် အရေပြားဆရာဝန်နဲ့ ပြဖို့လိုပါတယ်၊၊ ဆေးတွေ လျှောက်လိမ်းတာထက် တတ်ကျွမ်းသူနဲ့ ပြသလိုက်တာက ပိုပြီး အန္တရာယ်ကင်းပြီး စိတ်ချရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement