လိင်တံပြဿနာများ

ကျန်းမာတဲ့ လိင်တံကို ပိုင်ဆိုင်ထားတာက အမျိုးသားတွေအတွက်တော့ အလုံစုံကျန်းမာခြင်းပါပဲ။ လိင်တံ ကျန်းမာတယ်ဆိုတာ လိင်တံ သန့်ရှင်းတာ၊ လိင်တံရောဂါတွေဖြစ်တဲ့ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတဲ့ ရောဂါတွေ ကင်းစင်နေတာပဲ ဖြစ်ပါတယ်။ လိင်တံကျန်းမာရေးနဲ့ ပတ်သက်ပြီး ဒီမှာ ဆက်လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်တံပြဿနာများ

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

လိင်တံပြဿနာများ ကို ရှာဖွေမည်။

လိင်တံပြဿနာများ

Hydrocele( မုတ္တရောဂါ ) ဝှေးစေ့ပတ်လည်အရည်စုပြီး ကပ္ပယ်အိတ်ကြီးလာတဲ့ ပြဿနာ ။ ။

ဝှေးစေ့မှာ အရည်အိတ်စုပြီးကြီးလာတာ ၊ အူကျြပီး ဝှေးစေ့ကြီးလာတာ စတဲ့ပြဿနာတွေဟာ အမျိုးသားတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါတွေပါ။ စစချင်းဖြစ်ခါစတွေဆို နာကျင့်တဲ့ ပြဿနာတွေတော့မရှိပေမယ့် နေရထိုင်ရ သွားရ လာရတာတွေကို သက်တောင့်သက်သာမရှိဖြစ်စေမှာပါ။ ပြီးတော့ ဒီလို ဝှေးစေ့အရည်စုပြီး ကြီးလာတဲ့ပြဿနာတွေဟာ ရှားပါးတဲ့ ဖြစ်စဉ်တွေ မဟုတ်တာကြောင့် အမျိုးသားတိုင်း သိရအောင်ဒီတောင်းပါးလေးကို ဝေမျှပေးချင်ပါတယ်။ Hydrocele မုတ္တရောဂါဆိုတာ ဘာလဲ။ ။ ဝှေးစေ့ပတ်လည်မှာ အရည်တွေစိမ့်ထွက်လာပြီး စုလာရာကနေ ကပ္ပယ်အိတ်ကြီး ကြီးလာတဲ့ပြဿနာပါ။ ကလေးငယ်ငယ်လေးတွေမှာလည်း ဖြစ်နိုင်သလို လူကြီးတွေလည်း ဖြစ်နိုင်ပါတယ်။ Hydrocele ရဲ့ လက္ခဏာက ဘာလဲ။ ။ အရည်စုတယ်ဆိုတော့ အဓိက လက္ခဏာက ကပ္ပယ်အိတ်ြကီး ကြီးလာမှာပါ။ ကြီးလာတဲ့ ကပ္ပယ်အိတ်က ပျော့ပျော့လေးဖြစ်နေတတ်ပြီး နာကျင်တာတွေ မရှိတတ်ပါဘူး။ ဒီနေရာမှာ ပျော့တာ မာတာ က အရေးကြီးသွားပါပြီ။ […]


လိင်တံပြဿနာများ

ကိုယ့်ရဲ့ဖွားဖက်တော်က ထုံကျဉ်နေသလို ခံစားနေရတာ ဘာကြောင့်လဲ

ကိုယ့်ရဲ့ဖွားဖက်တော်က ထုံကျဉ်နေသလို ခံစားနေရတာ ဘာကြောင့်လဲ ...... အမျိုးသားတွေရဲ့ လိင်တံအတွင်းမှာ အသေးငယ်ဆုံးသော ဖိအား၊ အထိအတွေ့ကို ခံစားသိရှိနိုင်တဲ့ အာရုံကြောတွေ ပါဝင်ပါတယ်။ ဒီအာရုံကြောတွေက အကြောင်းအမျိုးမျိုးကြောင့် အားနည်းသွားတာ၊ ထိခိုက်မိတဲ့အခါမျိုးမှာ လိင်တံက အနည်းငယ် သို့မဟုတ် လုံးဝထုံကျဉ်သွားတတ်ပါတယ်။ ကိုယ့်ရဲ့ဖွားဖက်တော်က ထုံကျဉ်နေသလို ခံစားနေရတာ ဘာကြောင့်လဲ ဒီနေ့ပြောပြပေးမှာကတော့ အမျိုးသားတွေမှာ ဖြစ်နိုင်ခြေရှိတဲ့ လိင်တံထုံကျဉ်ခြင်းကို ဖြစ်စေတဲ့ အပြုအမူတွေနဲ့ လိင်ကျန်းမာရေးပြဿနာပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဖွားဖက်တော်က ထုံကျဉ်နေသလို ခံစားနေရတာ ဘာကြောင့်လဲ ဆိုတာကို လေ့လာကြည့်လိုက်ရအောင်နော်။ လိင်တံထုံကျဉ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ တွေ့ရလဲ။ ကိုယ့်ရဲ့ ငယ်ပါကို ကိုယ်တိုင် သို့မဟုတ် တခြားတစ်ယောက်က ထိလိုက်တဲ့အခါ အထိအတွေ့နဲ့ ပတ်သက်ပြီး ခံစားမိတာလည်း မရှိ၊ ထောင်မတ်လာတာမျိုးလည်း မရှိတော့တဲ့အခြေအနေဖြစ်ပါတယ်။ တစ်ခါတလေ အထဲမှာ သွေးစီးဆင်းမှု လုံးဝရပ်တန့်သွားသလိုလည်း ခံစားရနိုင်ပါတယ်။ […]


လိင်တံပြဿနာများ

ကျွန်တော့် ငယ်ပါမှာ ကြာဆူးလိုအဖုတွေ ပေါက်နေတယ်ဆရာ

အမျိုးသားတွေရဲ့ လိင်တံထိပ်ဖူး ပတ်လည်မှာ Hirsutoid Papillomas လို့ခေါ်တဲ့ အဖြူရောင် ကြာဆူးလို အဖုသေးသေးလေးတွေ ပေါက်တတ်တာ သဘာဝပါပဲ။ ငယ်ပါမှာ ကြာဆူးလိုအဖုတွေ တစ်နေရာထဲမှာ အပြုံလိုက်စုပေါက်တာမျိုးလည်း ရှိသလို ထိပ်ပတ်ပတ်လည်မှာ အတန်းလိုက်ကြီး ပေါက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ငယ်ပါမှာ ကြာဆူးလိုအဖုတွေ ပေါက်နေတဲ့အခါ ဒီလိုမျိုး ကြာဆူးလို အဖုတွေက ထိပ်ပတ်လည်ကလွဲပြီး တခြားနေရာတွေမှာတော့ မပေါက်နိုင်ပါဘူး။ သူ့ကို လူတော်တော်များများက လိင်မှတစ်ဆင့် ကူးစက်ခံရတဲ့ အရေပြားယားနာ၊ ကြွက်နို့ ဒါမှမဟုတ် တစ်ကိုယ်ရေသန့်ရှင်းမှုနည်းခြင်းကြောင့် ဖြစ်တဲ့ အဆီဖုတွေနဲ့ အမှတ်မှားတတ်ကြပါတယ်။ တကယ်တော့ ဒီလို ကြာဆူးပုံစံ အဖုသေးသေးလေးတွေက ကျန်းမာပြီး တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တဲ့ အမျိုးသားတွေမှာပါ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုမို့ သိပ်ပြီး စိုးရိမ်စရာမလိုပါဘူး။ သူ့မှာ တခြားရော ဘာလက္ခဏာတွေ ရှိနိုင်လဲ။ ကြာဆူးလို အဖုလေးတွေ ပေါက်နေတာကလွဲပြီး […]


လိင်တံပြဿနာများ

လိင်တံထိပ်အရေပြား မဖြတ်ခင် ဒါတွေကို သိထားဖို့လိုပါတယ်

လိင်တံထိပ်အရေပြား မဖြတ်ခင် ဒါတွေကို သိထားဖို့လိုပါတယ် ..... ဘာတွေဖြစ်မလဲဆိုတာကိုတော့ အတူတူ ကြည့်လိုက်ရအောင်နော်။ လိင်တံထိပ်အရေပြား မဖြတ်ခင် ဒါတွေကို သိထားဖို့လိုပါတယ် လိင်တံထိပ်အရေပြား မဖြတ်ခင် သိထားရမယ့် အချက်တွေကတော့ လိင်တံထိပ်အရေပြား ဖြတ်ခြင်းဆိုတာဘာလဲ။ လိပ်တံထိပ်ဖူးပတ်လည်ကို ဖုံးနေတဲ့ အရေပြားကို ခွဲစိတ်ဖြတ်တောက်တာ ဖြစ်ပါတယ်။ သူ့ကို Circumcision လို့ခေါ်ပါတယ်။ အများအားဖြင့်တော့ ယောက်ျားလေးတွေ မွေးပြီးကာစမှာ သန့်ရှင်းရေးနဲ့ ကျန်းမာရေးအတွက် မိဘတွေကိုယ်တိုင် ဆရာဝန်လက်ထဲအပ်ပြီး ဖြတ်လိုက်တာမျိုးလည်း ရှိသလို အသက်ကြီးမှ အကြောင်းအမျိုးမျိုးကြောင့် လုပ်တာ၊ ဘာသာရေးအယူဝါဒတွေကြောင့် လုပ်တာ အစရှိသဖြင့် အစုံပါပဲ။ တကယ်တော့ လိင်တံထိပ်အရေပြား ဖြတ်ခြင်း၊ မဖြတ်ခြင်းကို ကာယကံရှင်အနေနဲ့ သေချာဆုံးဖြတ်ဖို့ လိုပါတယ်။ သန့်ရှင်းရေးအတွက် လိင်တံထိပ်အရေပြားဖြတ်မှာလား။ လိင်တံထိပ်အရေပြား မဖြတ်ထားတဲ့အခါ အဆီတွေ၊ ဖုန်နဲ့ အညစ်အကြေးတွေ၊ သုက်ရည်တွေက အရေပြားရဲ့အောက်မှာ သွားပြီး စုပုံနေတတ်ပါတယ်။ ကြာလာတဲ့အခါ […]


လိင်တံပြဿနာများ

အမျိုးသားများနှင့် လိင်တံအရေပြားမှိုစွဲခြင်းရောဂါ

လိင်အင်္ဂါမှိုစွဲတယ်ဆိုတာ တကယ်တော့ အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များတတ်တဲ့ ရောဂါပါ။ အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံရာကနေ အမျိုးသားတွေကို ကူးစက်ပြီး လိင်တံမှိုပိုး ကူးစက်ခံရတာဖြစ်ပါတယ်။ တခြားအရေပြားပြဿနာတွေထက် ပိုအန္တရာယ်များပြီး မကုသဘဲ ပစ်ထားလိုက်မယ်ဆိုရင် နာကျင်မှု၊ ယားယံမှုတွေအပြင် ရောဂါပိုးတွေလည်း ကူးစက်ခံရဖို့ ပိုလွယ်ကူပါတယ်။ အထူးသဖြင့် မှိုပိုးက သွေးကြောထဲဝင်ရောက်သွားတဲ့အခါ ရောဂါအခြေအနေက တော်တော်ဆိုးတယ်လို့ ပြောလို့ရပါပြီ။ ဒီတစ်ခေါက်တော့ အမျိုးသားများနှင့် လိင်တံအရေပြားမှိုစွဲခြင်းရောဂါ အကြောင်းကို ပြောပြပေးချင်ပါတယ်။ အမျိုးသားများနှင့် လိင်တံအရေပြားမှိုစွဲခြင်းရောဂါ အမျိုးသားများနှင့် လိင်တံအရေပြားမှိုစွဲခြင်းရောဂါ နဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေကတော့ လိင်တံမှိုစွဲခြင်း ရောဂါလက္ခဏာတွေက ဘာလဲ။ အစောပိုင်း ပိုးကူးစက်ခံရတဲ့အခါ အရေပြားက နီရဲနေပြီး အင်ပျဉ်တွေထနေမယ်။ လိင်တံပေါ်မှာ အဖြူကွက်တွေ အကွက်လိုက်ဖြစ်ပေါ်နေပြီး ကိုင်လိုက်ရင် စိုစိုလေးဖြစ်နေမယ်။ ထိပ်အရေပြား ဖြတ်မထားတဲ့သူတွေမှာ အရေပြားကို အောက်လှန်ချလိုက်ရင် ပုံမှန်အရိအချွဲတွေလိုမဟုတ်ဘဲ မာပြီး ထူနေတဲ့အဖြူရောင်အခဲဖတ်တွေကို တွေ့ရပါမယ်။ ယားယံတာ၊ […]


လိင်တံပြဿနာများ

ကျွန်တော့်ငယ်ပါက ဘာလို့အရမ်းနံတာလဲ ဆရာ

အမျိုးသားတိုင်းရဲ့ လိင်တံမှာ အနံ့တစ်မျိုးစီ ရှိကြပါတယ်။ ပုံမှန်ထက်ကို အနံ့က ပြင်းနေပြီး မကောင်းတဲ့ အနံ့အသက်တွေ ထွက်လာရင် တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ တခြားသော အရေပြားဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ကျွန်တော့်ငယ်ပါက ဘာလို့အရမ်းနံတာလဲ ဆိုတာက ဆေးခန်းတွေမှာ အမေးများတဲ့ မေးခွန်းတစ်ခုပါပဲ။ ကျွန်တော့်ငယ်ပါက ဘာလို့အရမ်းနံတာလဲ ဆရာ လိင်တံအနံ့ဆိုးထွက်တဲ့ အကြောင်းရင်းပြဿနာတွေက အမျိုးမျိုးရှိပါတယ်။ အကြောင်းရင်းပေါ် မူတည်ပြီး ကုသရတဲ့အတွက် ဆရာဝန်နဲ့ သေချာပြသမယ်၊ ကိုယ့်ရဲ့ အရေပြားကိုလည်း ဂရုစိုက်မယ်ဆိုရင်၊ ကိုယ့်မှာဖြစ်နေတဲ့ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကိုလည်း သေချာသိမယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ ခုဆောင်းပါးမှာ လိင်တံနံစေတဲ့ အကြောင်းရင်းနဲ့ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ၁။ အဖြူရောင်အကျိအချွဲတွေ လိင်တံထိပ်ဖူးပတ်လည်မှာ ချွေးပြန်တာ၊ အဆီထွက်တာ၊ အရေပြားဆဲလ်အသေတွေ စုမိသွားတဲ့အခါ အဖြူရောင်အကျိအချွဲတွေ ဖြစ်သွားပါတယ်။ ထိပ်အရေပြား ဖြတ်မထားတဲ့ အမျိုးသားတွေမှာ […]


လိင်တံပြဿနာများ

လိင်တံအရွယ်အစား ကြီးထွားနှုန်း ဘယ်အရွယ်မှာရပ်တန့်သွားလဲ

အမျိုးသားတစ်ယောက် လူပျိုဖော်ဝင်ကာစ အသက် ၉နှစ်မှ ၁၄နှစ်အတွင်း လိင်တံ နဲ့ ဝှေးစေ့ဟာ နဂိုကထက် ပိုကြီးလာတတ်တာ သဘာဝပါပဲ။ ဒီအရွယ်မှာ ကျားဟော်မုန်းတွေ တိုးလာမယ်။ အသံက ခပ်သြသြဖြစ်လာပြီး ဝက်ခြံတွေ ပိုပေါက်လာမယ်။ ကိုယ်ခန္ဓာအရွယ်အစား ကြီးထွားလာပြီး အရပ်ရှည်လာမယ်။ ကိုယ်နံ့၊ ချွေးနံ့တွေ ထွက်လာပြီး အရင်ကထက် ပိုပြင်းလာမယ်။ ဒါတွေအားလုံးဟာ အမျိုးသားတိုင်း ကျော်ဖြတ်ကြရတဲ့ လူပျိုဘဝဖြစ်စဉ်တွေပါပဲ။ လိင်တံအရွယ်အစား ကြီးထွားနှုန်း ဘယ်အရွယ်မှာရပ်တန့်သွားလဲ လူပျိုဘဝမှာ လိင်တံကြီးထွားနှုန်းဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ ပျမ်းမျှအားဖြင့် အသက် ၁၁ နှစ်မှ ၁၅ နှစ်အတွင်း နှစ်စဉ် လက်မဝက်စီ ရှည်လာပြီး အသက် ၁၉ နှစ်မတိုင်ခင်ထိ ကြီးထွားနှုန်းဟာ လျော့နည်းသွားတတ်ပါတယ်။ ပုံမှန်အမျိုးသားတွေကတော့ အသက် ၂၀ နောက်ပိုင်းမှာ လိင်တံကြီးထွားနှုန်း […]


လိင်တံပြဿနာများ

ရေချိုးပြီးရင် ဝှေးစေ့က အောင့်သလိုခံစားရတာ ဘာကြောင့်လဲ

ဝှေးစေ့အောင့်တယ်ဆိုတာ ပေါ့ဆစရာ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အရင်တုန်းက ထိမိခိုက်မိတာ၊ အကြောင်းအမျိုးမျိုးကြောင့် ရောဂါပိုးဝင်ပြီး ရောင်ရမ်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့ဆောင်းပါးမှာ အမျိုးသားတို့ ရေချိုးပြီးရင် ဝှေးစေ့က အောင့်ရခြင်း အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ဝှေးစေ့အကြောင်း တစေ့တစောင်း ဘာကြောင့်ဖြစ်လဲဆိုတာ မပြောခင် ဝှေးစေ့အကြောင်း နည်းနည်းပြောပြပေးချင်ပါတယ်။ အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာမှာ ထိခိုက်ဖို့ အလွယ်ကူဆုံး အင်္ဂါအစိတ်အပိုင်းတွေထဲမှာ ဝှေးစေ့ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ကပ္ပာယ်အိတ်အတွင်းမှာ စက်လုံး ပုံသဏ္ဍာန်နဲ့ တည်ရှိနေပြီး အမျိုးသားတို့ရဲ့ မျိုးအောင်ခြင်းကို ဖြစ်စေပါတယ်။ လိင်စိတ်ဆန္ဒပြီးမြောက်စေဖို့ ကျားဟော်မုန်းနဲ့ သုက်ရည်ထုတ်လုပ်ပေးပါတယ်။ ပုံမှန်အားဖြင့် ဝှေးစေ့ ၂လုံးဟာ တစ်လုံးနဲ့ တစ်လုံး အရွယ်မညီသလို တစ်လုံးက အောက်ကို ပိုပြီး နိမ့်ကျနေတတ်ပါတယ်။ https://hellosayarwon.com/mens-health/mens-health-issues/increased-testicular-temperature-and-infertility/ ဝှေးစေ့က ရေချိုးတဲ့အချိန်မှာ ဘာလို့အောင့်တာလဲ။ ရေနဲ့ ထိတွေ့မိချိန် အထူးသဖြင့် ရေနွေးနဲ့ ရေချိုးပြီးတဲ့အချိန်ဆိုရင် […]


လိင်တံပြဿနာများ

သင့်ရဲ့ လိင်တံက ကျုံ့ပြီးတိုသွားနိုင်လား

အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားတွေရဲ့ လိင်တံက သေးသွားနိုင်ပါတယ်။ တကယ်ပဲ အရွယ်အစား သေးသွားတာဖြစ်နိုင်သလို ထောင်မတ်နိုင်စွမ်းကျသွားတာကြောင့် သေးသလိုလို ဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတာဟာ ကိုယ့်ရဲ့ အသက်အရွယ်ကြောင့်၊ ရှိနေတဲ့ ရောဂါတွေကြောင့်ပါပဲ။ တချို့အခြေအနေမှာ ယာယီဖြစ်တာဆိုပေမယ့် ရာသက်ပန်ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် သိပ်ပြီး စိတ်ပူဖို့ မလိုပါဘူး။ ဒီလိုမဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေရှိသလို လိင်တံသေးသွားလို့လည်း လိင်မှုကိစ္စမှာ အနှောင့်အယှက်ပြဿနာတွေ မဖြစ်စေနိုင်ပါဘူး။ ဘာကြောင့် လိင်တံက ကျုံ့ဝင်သွားရတာလဲ။ အဓိက လိင်တံကို တစ်လက်မထက်မနည်း ကျုံ့ဝင်သွားစေတဲ့ တရားခံတွေကတော့ ၁။ အသက်ကြီးလာခြင်း ၂။ အဝလွန်လာခြင်း ၃။ ဆီးကျိတ်ကို ခွဲစိတ်ကုသအပြီး ၄။ ပီရိုးနီးရောဂါ (Peyronie’s disease) တွေပဲ ဖြစ်ပါတယ်။ အသက်ကြီးလာခြင်း ယောက်ျားတစ်ယောက်က အသက်ကြီးလာတာနဲ့အမျှ ကျားဟော်မုန်း (Testosterone) ထွက်တာ နည်းသွားပြီး လိင်တံနဲ့ ဝှေးစေ့က ပိုပြီးသေးသွားတတ်ပါတယ်။ ထောင်မတ်မှုကို […]


လိင်တံပြဿနာများ

ကပ္ပယ်အိတ် ( scrotum) တစ်ဝိုက်ယားယံတာ ဘာ့ကြောင့်ဖြစ်ရတာလဲ။ ။

အမျိုသားတို့ ကပ္ပယ်အိတ်ပေါ်က အရေပြားလေး ယားယံတာမျိုး ဖြစ်ဖူးကြပါသလား။ တစ်နေ့ခင်းလုံး ဘာလက္ခဏာမှ မပြဘဲညကျမှ ယားယံတာမျိုး ဖြစ်တတ်ကြပါသလား။ ပုံမှန်ဆို ဒီ ကပ္ပယ်အိတ်ပေါ်က အရေပြားလေးက ယားမနေသင့်ဘူးလေ။ ဒါတွေ ဘာ့ကြောင့်ဖြစ်ရတာလဲ။ တစ်ကိုယ်ရည်သန့်ရှင်းမှု အပိုင်း အားနည်းလို့လား။ အခြား ကျန်းမာရေး ပြဿနာတွေ ရှိလို့လား။ ( ၁ ) တစ်ကိုယ်ရည် သန့်ရှင်းမှုအားနည်းခြင်း ။ ခုလို ပူတဲ့ေနွရာသီဆို ပိုဆိုးတာပေါ့။ ကိုယ်ဝတ်ထားတဲ့ အတွင်းခံက ချွေးတွေစိုနေတဲ့အပြင် တစ်နေ့လုံးလည်း ဝတ်ထားရတော့ ယားဖို့ အခွင့်အရေးပိုများသွားပြီပေ့ါ။ ဒါကို တစ်နေ့တစ်ထည် အတွင်းခံ မလဲဘဲ ပြန်ပြန်ဝတ်နေရင်တော့ တစ်ကိုယ်သန့်ရှင်းမှု အပိုင်းမှာ သုညပဲဗျို့။ ဒါပေမယ့် ဒီလို တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းလို့ ဖြစ်ရတဲ့ ပြဿနာတွေက သန့်ရှင်းရေးလုပ်လိုက်တဲ့အခါ ပျောက်သွားတာများပါတယ်. တစ်ကိုယ်ရည်သန့်ရှင်းမှုလည်းရှိရက်နဲ့ ကပ္ပယ်အိတ်တစ်ဝိုက်ယားယံနေပြီဆိုရင်တော့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်