backup og meta

သုက်ရည်မှာ ဂျယ်လီလိုတွေ ပါနေတာ စိုးရိမ်စရာလား

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


21/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သုက်ရည်မှာ ဂျယ်လီလိုတွေ ပါနေတာ စိုးရိမ်စရာလား

    အမျိုးသားတွေရဲ့ သုက်ရည်မှာ သုက်ကောင်နဲ့ အရည်တွေ ပါဝင်ပြီး မျိုးပွားခြင်းအတွက် အရေးပါပါတယ်။ ဒါကြောင့် အမျိုးသားတွေက သုက်ရည်နဲ့ ပတ်သက်လာရင် သတိကြီးကြီး ထားတတ်ကြပါတယ်။ သုက်လွှတ်တဲ့အခါ မတော်တဆ သုက်ရည်မှာ ဂျယ်လီလိုတွေ ပါလာတဲ့အခါ စိုးရိမ်ကြမှာ သဘာဝပါပဲ။

    သုက်ရည်က ပုံမှန်ဟုတ်မဟုတ် ဆိုတာ

    သုက်ရည်ရဲ့ အရောင်၊ အရသာနဲ့ ပုံစံတွေက အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ်ကွဲပြားနိုင်ပါတယ်။ ကျန်းမာနေတဲ့ သူတစ်ဦး ဖြစ်နေရင်တောင်မှပေါ့။

    အရောင်အနေနဲ့ ပြောရမယ်ဆိုရင် အဖြူရောင်၊ ဝါဖန့်ဖန့်အရောင် တွေ့ရတတ်ပါတယ်။ တချို့တွေမှာလည်း မီးခိုးဖျော့ရောင် ရှိတတ်ပါတယ်။

    အရသာအနေနဲ့ကတော့ ငန်တာ၊ ချိုတာ၊ ခါးတာတွေ ရှိတတ်လို့ ဆိုပါတယ်။ အနံ့အနေနဲ့ဆိုရင်လည်း တချို့တွေမှာ ကလိုရင်းအနံ့လိုမျိုး ဖြစ်နိုင်သလို တချို့တွေမှာ ချိုအီအီအနံ့ထွက်နိုင်ပါတယ်။

    ပုံစံအနေနဲ့ကတော့ ရေလို အရည်ကျဲကနေ ခပ်ပျစ်ပျစ်၊ နောက်ဆုံး ဒီဆောင်းပါးမှာ ပြောချင်တဲ့ ဂျယ်လီလို အနေအထားအထိ ဖြစ်နိင်ပါတယ်။ သုက်ရည်က လိင်တံကနေ ထွက်စမှာ ခပ်ပျစ်ပျစ် အနေအထားရှိပါတယ်။ ဒါက သဘာဝအရ လိုအပ်ပါတယ်။ ဒီလိုမှ မိန်းမကိုယ်ထဲမှာ ကြာကြာနေနိုင်ပြီး မျိုးပွားနိုင်မှာပေါ့။ အပြင်ရောက်ပြီး ခဏနေရင် လေထု၊ အပူချိန် စတာတွေကြောင့် အရည်ကျဲ ဖြစ်သွားပါတယ်။

    သုက်ရည်က ဘာကြောင့် ဒီလို ကွဲပြားနေရတာလဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် နေထိုင်စားသောက်ပုံ မတူလို့ပါ။ သုက်ရည်ရဲ့ အနံ့၊ အရသာ၊ အရောင်နဲ့ ပုံစံကို လွှမ်းမိုးနေတဲ့ အချက်တွေကတော့

    • စားတဲ့ အစားအသောက်
    • အားဆေး
    • ဆေးလိပ်၊ အရက်သောက်တာတွေ
    • သုက်ပုံမှန်လွှတ်ဖြစ်လားဆိုတာတွေ ပေါ် မူတည်ပါတယ်။

    ဒါ့ပြင် ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ ဆီးပိုးဝင်တာ၊ လိင်ကတဆင့် ကူးစက်ရောဂါတွေ ခံစားရတာ စတာတွေကလည်း သုက်ရည်ရဲ့ အနံ့၊ အရသာ၊ အရောင် စတာတွေကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။

    ဂျယ်ရီလို သုက်ရည် လွှတ်တာကရော ဘာကြောင့်လဲ

    တချို့အမျိုးသားတွေက သုက်လွှတ်တဲ့အခါ ဂျယ်လီလို ခပ်ပျစ်ပျစ် အတုံးတွေ ပါလာတတ်ပါတယ်။ အများစုက ပုံမှန်ပါ။ ဒီလိုဖြစ်ရတာက သုက်ရည်မှာ ပရိုတင်းတွေ အများအပြားပါနေတာကြောင့်လို့ ယူဆကြပါတယ်။

    များသောအားဖြင့်တော့ အရင်တုန်းက ပုံမှန် ဒါမှမဟုတ် မကြာခဏ လိင်ဆက်ဆံ (အာသာဖြေ)ခဲ့တဲ့ လူတွေမှာ လိင်မဆက်ဆံတာ၊ အာသာမဖြေတာ (တစ်နည်းအားဖြင့် သုက်မလွှတ်တာ) ကြာလာရင် တွေ့ရပါတယ်။ ရေဓာတ်ခမ်းခြောက်တဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။

    ဘာကြောင့်လဲဆိုတော့ ပုံမှန် သုက်လွှတ်နေတဲ့အခါ ဦးနှောက်က သုက်ကောင်တွေအတွက် သကြားဓာတ်တွေ၊ ပရိုတင်းဓာတ်တွေ လုံလောက်အောင် ပိုထုတ်နေပေးပါတယ်။

    တကယ်လို့ ကိုယ်က သုက်မလွှတ်တာ ကြာလာရင်တော့ ပရိုတင်းဓာတ်တွေက သုက်ရည်ထဲမှာ စုပုံပြီး သုက်လွှတ်တဲ့အခါ ဂျယ်လီလို အတုံးလေးတွေ ပါလာတာ ဖြစ်ပါတယ်။

    သုက်ရည်မှာ ဂျယ်လီလိုတွေ ပါနေတာ စိုးရိမ်စရာလား

    များသောအားဖြင့်တော့ ဒါက စိုးရိမ်စရာလိုပါ။ ရောဂါလည်း မဟုတ်ပါ။ သုက်ပြန်လွှတ်လိုက်ရင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ။

    ဂျယ်လီလို သုက်ရည်က ပုံမှန်ပဲမို့လို့ ခန္ဓာကိုယ်ကို အန္တရာယ်မပေးတဲ့အတွက် ဒီတိုင်းထားလို့ ရပါတယ်။ စိုးရိမ်တကြီးနဲ့ ပုံမှန်ဖြစ်အောင် အလွန်အကျွံ အာသာဖြေတာ၊ သုက်လွှတ်တာတွေ လုပ်စရာမလိုပါ။

    ခန္ဓာကိုယ်က သူ့ဟာသူပြန်ပြီး ထိန်းညှိသွားပါလိမ့်မယ်။ သုက်မလွှတ်တာကြာရင် ဦးနှောက်က ပရိုတင်းတွေကို ပြန်လျော့ထုတ်တဲ့အခါ သုက်ရည်က ပုံမှန်အတိုင်း ဖြစ်သွားပါလိမ့်မယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်လဲ

    အမျိုးသားတွေမှာ သုက်ရည်က တစ်ယောက်နဲ့ တစ်ယောက် မတူတာကြောင့် ကိုယ့်ဟာက သူများနဲ့ မတူတိုင်း ထိတ်လန့်စရာမလိုပါ။ ဒါပေမဲ့

    ဂျယ်လီလို သုက်ရည်ကတော့ များသောအားဖြင့် အန္တရာယ်မရှိဘူးဆိုတာကို ပြောချင်ပါတယ်။ တကယ်လို့ ဒါနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်၊ ရောဂါ တစ်ခုခုဖြစ်နေတယ်လို့ ယူဆတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    21/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement