လိင်တံပြဿနာများ

ကျန်းမာတဲ့ လိင်တံကို ပိုင်ဆိုင်ထားတာက အမျိုးသားတွေအတွက်တော့ အလုံစုံကျန်းမာခြင်းပါပဲ။ လိင်တံ ကျန်းမာတယ်ဆိုတာ လိင်တံ သန့်ရှင်းတာ၊ လိင်တံရောဂါတွေဖြစ်တဲ့ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတဲ့ ရောဂါတွေ ကင်းစင်နေတာပဲ ဖြစ်ပါတယ်။ လိင်တံကျန်းမာရေးနဲ့ ပတ်သက်ပြီး ဒီမှာ ဆက်လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်တံပြဿနာများ

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

လိင်တံပြဿနာများ ကို ရှာဖွေမည်။

လိင်တံပြဿနာများ

လိင်တံထိပ်အရေပြား ဖြတ်သင့်၊ မဖြတ်သင့် ဝေခွဲရခက်နေလား

တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အမျိုးသားတွေရဲ့ ကျန်းမာရေးနဲ့ ဆက်စပ်နေတဲ့ လိင်တံထိပ်အရေပြား ဖြတ်ခြင်း - Circumcision ပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး ဝေခွဲမရဖြစ်နေတာ အများကြီးပါပဲ။ လိင်တံထိပ်အရေပြား ဖြတ်ခြင်း၊ မဖြတ်ခြင်းကြောင့် ကျန်းမာရေးအရ ဘာတွေ ပြောင်းလဲမှု ရှိသွားလဲ။ လိင်စွမ်းဆောင်ရည်ပိုင်းမှာလည်း ကိုယ့်အတွက်ရော ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်အတွက်ပါ ပြောင်းလဲမှု ရှိသွားမှာလား။ ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး ဝေခွဲမရဖြစ်နေတဲ့ အမျိုးသားတွေအတွက် လိင်တံထိပ် အရေပြား ဖြတ်ခြင်း မဖြတ်ခြင်း ကောင်းကျိုးနဲ့ ပြစ်ချက်တွေကို ပြောပြပေးချင်ပါတယ်။ လိင်တံထိပ်အရေပြား ဖြတ်တယ်ဆိုတာ ဘာလဲ။ အမျိုးသားတွေရဲ့လိင်တံထိပ်ဖူးမှာ ငုံနေတဲ့ အရေပြားကို ခွဲစိတ်ဖြတ်တောက်တာကို Circumcision လုပ်တယ်လို့ ခေါ်ပါတယ်။ အမျိုးသားကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးထားတဲ့ မိသားစုတွေမှာလည်း ကလေးမွေးပြီးတာနဲ့ ဖြစ်စေ၊ အသက်ကြီးလာတဲ့အချိန်မှာ ဖြစ်စေ လိင်တံထိပ်မှာ ငုံနေတဲ့ အရေပြားကို ခွဲစိတ်ဖယ်ရှားကြပါတယ်။ ကလေးအရွယ်မှာ […]


လိင်တံပြဿနာများ

အမျိုးသားတွေ လိင်တံထိပ်အရေပြား ဖြတ်ဖို့ လိုအပ်သလား

လိင်တံထိပ်အရေပြား ဖြတ်ခြင်း - Circumcision နဲ့ ပတ်သက်ပြီး ဝေခွဲမရဖြစ်နေတဲ့ အမျိုးသားတွေရှိမှာပါ။ အများစုကတော့ ဘာသာရေးအယူအဆကြောင့်၊ တချို့တွေကတော့ ကျန်းမာရေးကြောင့် ကလေးမွေးကတည်းက ဒီလိင်တံထိပ်အရေပြားဖြတ်တဲ့ အလေ့အကျင့်ကို ပြုမူတတ်ပါတယ်။ ဒီနေ့မှာတော့ လိင်တံထိပ်အရေပြားဖြတ်ခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးချင်ပါတယ်။ လိင်တံထိပ်အရေပြား ဖြတ်တယ်ဆိုတာ ဘာလဲ။ အမျိုးသားတွေရဲ့ လိင်တံထိပ်ဖူးမှာ ငုံနေတဲ့ အရေပြားကို ခွဲစိတ်ဖြတ်တောက်တာကို Circumcision လုပ်တယ်လို့ ခေါ်ပါတယ်။ ဂျူးလူမျိုးတွေ၊ အစ္စလာမ်ဘာသာဝင်တွေဟာ သူတို့ယုံကြည်သက်ဝင်ရာ အယူအဆတွေကြောင့် ကလေးတွေ မွေးပြီးတာနဲ့ လိင်တံထိပ်အရေပြားဖြတ်ခြင်း ပြုလုပ်ကြပါတယ်။ အမျိုးသားကျန်းမာရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုကို အလေးထားတဲ့ မိသားစုတွေမှာလည်း ကလေးမွေးပြီးတာနဲ့ ဖြစ်စေ၊ အသက်ကြီးလာတဲ့အချိန်မှာ ဖြစ်စေ လိင်တံထိပ်မှာ ငုံနေတဲ့ အရေပြားကို ခွဲစိတ်ဖယ်ရှားကြပါတယ်။ ခွဲစိတ်ရင် ဘယ်လောက်ကြာနိုင်လဲ။ ကလေးအရွယ်မှာ လိင်တံထိပ်အရေပြားဖြတ်ခြင်းဟာ ၅မိနစ်ကနေ ၁၀မိနစ်အထိသာ ကြာတတ်ပြီး လူကြီးတွေမှာတော့ […]


လိင်တံပြဿနာများ

Micropenis (ပဲမြစ်) သို့မဟုတ် အလွန်သေးငယ်နေသော လိင်တံအကြောင်း သိကောင်းစရာ

Micropenis (ပဲမြစ်) သို့မဟုတ် အလွန်သေးငယ်နေသော လိင်တံအကြောင်း က လူမေးများတဲ့ အကြောင်းအရာပါ။ Micropenis ဆိုတာ အင်မတန် သေးငယ်နေတဲ့ လိင်တံကို ခေါ်တာ ဖြစ်ပါတယ်။ Micropenis ဟာ ရှားပါးပြီး ဟော်မုန်း နဲ့ မျိုးရိုးဗီဇ ပြဿနာတွေကြောင့် ဖြစ်ရတာပါ။ များသောအားဖြင့် ဒီဖြစ်စဉ်ကို ဆရာဝန်တွေအနေနဲ့ မွေးကာစမှာ ကုသလေ့ ရှိကြပါတယ်။ Micropenis (ပဲမြစ်) သို့မဟုတ် အလွန်သေးငယ်နေသော လိင်တံအကြောင်း သိကောင်းစရာ အမျိုးသားတချို့အနေနဲ့ကတော့ သူတွေရဲ့ ပုံမှန်အတိုင်းရှိနေတဲ့ လိင်တံကို Micropenis လို့ ထင်တတ်ကြပြီး များသောအားဖြင့် တကယ်တမ်း Micropenis မဟုတ်ကြပါဘူး။ ဒီဖြစ်စဉ်ဟာ တော်တော်ရှားပါတယ်။ Micropenis ဖြစ်နေလား၊ မဖြစ်နေသလားဆိုတာကို သိဖို့ အတွက် နည်းမှန်လမ်းမှန် တိုင်းတာဖို့လိုပါတယ်။ လိင်တံထောင်မတ်နေတဲ့အချိန်တိုင်းတာရင် ကွာခြားချက်တွေ အများကြီးရှိတဲ့ […]


လိင်တံပြဿနာများ

သင့်ဝှေးစေ့နာကျင်စေတဲ့ အချက် (၄)ချက်

ငယ်ငယ်က သူငယ်ချင်း အချင်းချင်း နောက်ကြပြောင်ကြရင်း ပေါင်ခွကြားကို ကန်မိရင် နာသွား၊အောင့်သွားတာမျိုး ယောက်ျားလေး အတော်များများ ခံစားဖူးကြမှာပါ။ ဒီလို အကန်မခံရဖူးရင်တောင် သင့်ဘဝမှာ အနည်းဆုံး တခါလောက်တော့ ဝှေးစေ့နာကျင်ခြင်း ဝေဒနာကို ခံစားကောင်း ခံစားဖူးပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒါဟာ အမျိုးသားတွေ ကြုံတွေ့ရလေ့ရှိတဲ့ အခြေအနေတရပ် ဖြစ်တာကြောင့်ပါ။ တခုခုဆိုရင် အစိုးရိမ်လွန်တတ်တဲ့သူတွေအဖို့ ဝှေးစေ့နာကျင်တဲ့အခါ ဝှေးစေ့ကင်ဆာ ဖြစ်နေပြီလားလို့ပါ တဆုံးတွေးတတ်ကြပါသေးတယ်။ ဒါပေမယ့် ဝှေးစေ့ကင်ဆာ အများစုဟာ (အခြားကင်ဆာတွေနည်းတူ) နာကျင်တဲ့ လက္ခဏာပြလေ့ မရှိပါဘူး။ ပြီးတော့ ဝှေးစေ့ကင်ဆာဆိုရင် အလုံးစမ်းမိတတ်ပါတယ်။ တခါ ပျော်တတ်ပါးတတ်သူတွေကျပြန်တော့ ဝှေးစေ့အောင့်နေ၊နာနေရင် လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတခုခု ဖြစ်နေပြီလားလို့ ထင်တတ်ကြပြန်ပါတယ်။ လိင်မှတဆင့် ကူးစက်တဲ့ရောဂါအများစုဟာ ဆီးလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေကိုသာ အဓိက ပြလေ့ရှိတာမို့ […]


လိင်တံပြဿနာများ

လိင်တံကျိုးတတ်သလား

လိင်တံကျိုးတတ်သလား .... ဒီကိစ္စဟာ ငယ်ငယ်တုန်းက ယောက်ျားလေးတွေအကြား ရေပန်းစားတဲ့ မေးခွန်းတစ်ခု ဖြစ်ခဲ့သလို အသက်တော်တော်ကြီးတဲ့အထိလည်း ရေရေရာရာ မသိသေးသူ အတော်များပါတယ်။ ဒါဟာ တကယ်ဖြစ်နိုင်ပါသလားလို့ မေးရင် ဖြစ်နိုင်ပါတယ်လို့ ဖြေရပါမယ်။ ဒါပေမယ့် လိင်တံမှာ အရိုးမရှိတဲ့အတွက် ခြေကျိုး၊လက်ကျိုးသလို အရိုးသွင်သွင်ကျိုးတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူးပေါ့လေ။ သင့်လိင်တံ ထောင်မတ်နေချိန်မှာ အရာတခုခုနဲ့ အားပြင်းပြင်း ထိခိုက်မိရင် ဖြစ်တတ်ပါတယ်။ လိင်တံကျိုးတတ်သလား လိင်တံကျိုးတတ်သလား ဆိုတော့ လိင်တံကျိုးတဲ့အကြောင်း မပြောခင် လိင်တံရဲ့ ဖွဲ့စည်းပုံလေးကို တစ်ချက်အကျဉ်းချုပ် ပြောကြည့်ချင်ပါတယ်။ သင့်လိင်တံမှာ ရှည်မျောမျောပြွန်လေး သုံးခုပါဝင်ပါတယ်။ ပြွန်အကြီးနှစ်ခုကို corporeal bodies တွေလို့ ခေါ်ပြီး ဒီပြွန်တွေထဲ သွေးတွေ ဝင်ရောက်လာတဲ့အခါ လိင်တံထောင်မတ်လာပါတယ် (ဘောလုံးထဲ လေမှုတ်သွင်းလိုက်သလို စဉ်းစားလိုက်ပါ)။ ဒီပြွန်တွေရဲ့ အပြင်ဖက်အရေပြားကိုတော့ tunica […]


လိင်တံပြဿနာများ

ယောက်ျားတန်ဆာမှာ ကြုံရတတ်တဲ့ ထူးခြားမှု ၉ခု

သင့်ရဲ့ ယောက်ျားတန်ဆာဟာ ထူးခြားပြီး ပုံမှန် အတိုင်း လုပ်ဆောင်နိုင်စွမ်း မရှိဘူးလို့ ထင်မြင်မိ ပါသလား။ စိတ်မပူပါနဲ့။ သင့်ရဲ့ ယောက်ျားတန်ဆာမှာ ကြုံရတတ်တဲ့ ထူးခြားမှု ၉ခု ရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေဟာ နောက်ခံ ပြဿနာတွေကြောင့် မဟုတ်ပါဘူး။ ယောက်ျားတန်ဆာမှာ ကြုံရတတ်တဲ့ ထူးခြားမှု ၉ခု ယောက်ျားတန်ဆာမှာ ကြုံရတတ်တဲ့ ထူးခြားမှု ၉ခု ကတော့ ၁။ ဆီးသွားပြီးချိန်မှာ ဆီး တစက်တစက် ကျတတ်ခြင်းဟာ ယောက်ျားတန်ဆာကွင်း ချို့ယွင်းလို့လား ဒီကိစ္စဟာ သိပ်ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ ဆီးအိမ်ကနေ တန်ဆာထိပ်ကို သွားတဲ့ ဆီးပြွန်ဟာ ဂငယ်ပုံစံ အောက်ကို အနည်းငယ် ကွေးနေပါတယ်။ ဒါကြောင့် ဆီးသွားပြီးချိန်မှာ တစက်နှစ်စက် ကျခြင်းဟာ ကြုံရတတ်ပါတယ်။ ဘောင်းဘီဇစ် ဆွဲပြီးချိန်မှာတောင် မြေဆွဲအားကြောင့် ထွက်ကျတတ် ပါတယ်။ ၂။ […]


လိင်တံပြဿနာများ

အမျိုးသား လိင်တံတွေရဲ့ ဖွဲ့စည်းပုံ နဲ့ အလုပ်လုပ်ပုံအကြောင်း အသေးစိတ်ရှင်းလင်းချက်

အမျိုးသား လိင်တံတွေရဲ့ ဖွဲ့စည်းပုံ နဲ့ အလုပ်လုပ်ပုံအကြောင်းလေး လေ့လာလိုက်ရအောင်နော်။ အမျိုးသား လိင်တံမှာ ဘာတွေ ပါဝင်နေသလဲ အမျိုးသား လိင်တံ တစ်ခုမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေကတော့ Corpora cavernosa လို့ခေါ်တဲ့ ပြွန်ပုံစံအခန်းရှည်နှစ်ခု။ Corpora cavernosa ဟာ လိင်တံ ရဲ့ အလျားတစ်လျှောက်ရှိနေတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒီအခန်းတွင်းမှာ ရေမြှပ်ပုံစံကဲ့သို့သော တစ်ရှူးများစွာ ရှိနေပါတယ်။ Corpus spongiosum။ Corpora cavernosa ရဲ့အောက်မှာ တည်ရှိတဲ့ ထောင်မတ်ကြွက်သားကို corpus spongiosumလို့ ခေါ်ပါတယ်။ ဆီးလမ်းကြောင်း (urethra)။ ဆီးနဲ့ သုက်ရည်တို့ ထွက်တဲ့ လမ်းကြောင်း ဖြစ်ပြီး corpora cavernosa ရဲ့ အောက်မျက်နှာပြင်အောက်မှာတည်ရှိပါတယ်။ ထောင်မတ်တစ်ရှူး။ (Erectile tissue) ဒီတစ်ရှူးဟာ ဆီးလမ်းကြောင်းကို ဝန်းရံထားပြီး အဓိက သွေးလွှတ်ကြော ၂ ခု၊ […]


လိင်တံပြဿနာများ

သင့်ခရီးဖော် ဖွားဖက်တော်

သင့်ခရီးဖော် ဖွားဖက်တော် ဒီဆောင်းပါးလေးမှာတော့ အသက်အရွယ်အပိုင်းအခြားအလိုက် အမျိုးသားတစ်ယောက်ရဲ့ ဖွားဖက်တော် (လိင်အင်္ဂါ) ရဲ့ ပုံစံနဲ့ လုပ်ဆောင်မှုတွေ ဘယ်လိုပြောင်းလဲလာသလဲဆိုတာကို မျှဝေဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်နဲ့ ဘဝတစ်သက်တာလုံး အတူတူလိုက်ပါ ပြောင်းလဲလာမယ့် ဖွားဖက်တော်လေးအကြောင်း သိရှိရအောင် အခုပဲ ဖတ်ကြည့်လိုက်ပါဦးနော်။ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ခပ်သိမ်းသော အစိတ်အပိုင်းများနည်းတူ ဖွားဖက်တော်ဟာလည်း အသက်အရွယ် အပိုင်းအခြားအလိုက် ပြောင်းလဲမှုတွေကို ကြုံတွေ့ရင်ဆိုင်ရပါတယ်။ ဒီလို ပြောင်းလဲမှုတွေကို အဓိက ကြိုးကိုင်ပေးနေသူကတော့ တက်စတိုစတီရုန်းလို့ခေါ်တဲ့ ကျားဟော်မုန်းပဲ ဖြစ်ပါတယ်။ အသက် ၉နှစ်ကနေ ၁၅နှစ်အတွင်းမှာ သင့်ရဲ့ဦးခေါင်းမှာရှိတဲ့ ပစ်ကျူထရီဂလင်းကနေ ဟော်မုန်းတစ်မျိုး ထုတ်ပြီး ခန္ဓာကိုယ်ကနေ တက်စတိုစတီရုန်း ဟော်မုန်းထုတ်စေဖို့ အချက်ပြလိုက်ပါတယ်။ ဒီလိုမျိုး ထွက်လာတဲ့ တက်စတိုစတီရုန်း ဟော်မုန်းကြောင့်ပဲ ကြီးကောင်ဝင်ခြင်း၊ လူပျိုဖော်ဝင်ခြင်းဆိုတဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်လာရပါတယ်။ ဒီနေရာမှာ ဗဟုသုတအလို့ငှာ […]


လိင်တံပြဿနာများ

လိင်တံတွေက အရောင်ပြောင်းသွားနိုင်လား

လိင်တံတွေက အရောင်ပြောင်းသွားနိုင်လား ။ တစ်ခါတရံမှာတော့ ယောက်ျားလေးတွေရဲ့ လိင်တံဟာ ခရမ်းနီရောင် ပြောင်းသွားနိုင်ပါတယ်။ များသောအားဖြင့် ဒီလို အရောင်ပြောင်းလဲသွားတာက အန္တရာယ်မရှိပါဘူး။ သွေးစီးဆင်းမှု များလာတဲ့ အခါ၊ လိင်တံတွင်း အကျိတ်တွေ ဖြစ်ပေါ်တဲ့အခါမှာ လိင်တံဟာ ခရမ်းရောင် ပြောင်းသွားနိုင်ပါတယ်။ ဒီလို အရောင်ပြောင်းတဲ့ ဖြစ်စဉ်မျိုးဟာ အမျိုးသားတွေ လိင်စိတ်ထကြွတဲ့ အခါမျိုးမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ သို့ပေမယ့် ဒီလို အရောင်ပြောင်းတဲ့ အပြင် နာကျင်ခြင်း၊ ယားယံခြင်းတို့ပါ ဖြစ်နေပြီဆိုရင်တော့ ခရမ်းရောင် ပြောင်းသွားခြင်းဟာ ကူးစက်ရောဂါ ခံစားရခြင်း၊ ဒဏ်ရာရခြင်း၊ သွေးလှည့်ပတ်ခြင်းပြဿနာ ဖြစ်နေတဲ့ လက္ခဏာ ဖြစ်တဲ့ အတွက်ကြောင့် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ လိင်တံတွေက အရောင်ပြောင်းသွားနိုင်လား လိင်တံတွေက အရောင်ပြောင်းသွားနိုင်လား ဆိုတော့ လိင်တံ ခရမ်းရောင် ပြောင်းသွားခြင်းနဲ့ ပတ်သတ်ပြီး သိကောင်းစရာ အချက်များ။ အမျိုးသား […]


လိင်တံပြဿနာများ

လိင်တံကြီး နည်းလမ်းတွေ၊ တကယ်ရော အလုပ်ဖြစ်ကြရဲ့လား

အမျိုးသားတိုင်းဟာ လိင်တံကြီး စေတဲ့ Pump စက်တွေ၊ ဆေးတွေ၊ လေ့ကျင့်ခန်းတွေ၊ ခွဲစိတ်မှုတွေ အားလုံးကို သိကြမှာပါ။ ဒါပေမဲ့ ဒီနည်းလမ်းတွေ အားလုံးက တကယ် အလုပ်ဖြစ်ရဲ့လားဆိုတာရော သေချာသိကြပါသလား။ လိင်တံကြီး နည်းလမ်းတွေ၊ တကယ်ရော အလုပ်ဖြစ်ကြရဲ့လား ပွင့်ပွင့်လင်းလင်းပြောရရင် အမျိုးသားတိုင်း သူတို့လိင်တံကို ပိုကြီးစေချင်ကြပါတယ်။ “ ကမ္ဘာပေါ်မှာ သူ့ရဲ့ လိင်တံကို တစ်လက်မ၊ နှစ်လက်မလောက် ပိုပြီး မရှည်လာစေချင်တဲ့ အမျိုးသားတစ်ယောက်မှ ရှိမယ် မထင်ပါဘူး ” လို့ အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ဟားဗတ် ဆေးကျောင်းမှ ဆီးလမ်းကြောင်းခွဲစိတ်မှုဆိုင်ရာ ပါမောက္ခဖြစ်သူ မိုက်ကယ် အို လိရီ (Michael O'Leary) ကဆိုပါတယ်။ ဟိုးရှေးကတည်းက ရှိလာခဲ့ကြတဲ့ အလုပ်မဖြစ်တဲ့ လိင်တံကြီး စေနိုင်တဲ့ နည်းလမ်းတွေကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများအပြားရှိပေမယ့် တကယ်တမ်း […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်