လိင်တံပြဿနာများ

ကျန်းမာတဲ့ လိင်တံကို ပိုင်ဆိုင်ထားတာက အမျိုးသားတွေအတွက်တော့ အလုံစုံကျန်းမာခြင်းပါပဲ။ လိင်တံ ကျန်းမာတယ်ဆိုတာ လိင်တံ သန့်ရှင်းတာ၊ လိင်တံရောဂါတွေဖြစ်တဲ့ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတဲ့ ရောဂါတွေ ကင်းစင်နေတာပဲ ဖြစ်ပါတယ်။ လိင်တံကျန်းမာရေးနဲ့ ပတ်သက်ပြီး ဒီမှာ ဆက်လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လိင်တံပြဿနာများ

သုက်ရည်ပျစ် လာရတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်

အမျိုးသားတွေရဲ့ သုက်ရည်က သာမန်အားဖြင့်လည်း ပျစ်တဲ့ဘက်ကို သွားပါတယ်။ ဒါပေမဲ့ ပျစ်နေကျထက် ပိုပျစ်တဲ့အခါ အမျိုးသားတွေက တစ်ခုခုများဖြစ်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သုက်ရည်ပျစ် ရတဲ့ အကြောင်းရင်းက အများကြီး ရှိပါတယ်။ ဒီထဲက တချို့ကပဲ ကျန်းမာ‌ရေးပြဿနာနဲ့ ဆက်စပ်နေတာာ ဖြစ်ပါတယ်။ သုက်ရည် အပျစ်အကျဲကို ဘာတွေက လွှမ်းမိုးထားတာလဲ သုက်ရည် အပျစ်အကျဲက သုက်ရည်ရဲ့ အနံ့အရသာလိုပဲ အမျိုးသားတစ်ယောက်နဲ့ တစ်ယောက်မှာ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။ သုက်ရည်အပျစ်အကျဲအပေါ် သက်ရောက်နေတဲ့ အချက်တချို့ကတော့ ကိုယ့်ရဲ့ စားသောက်မှုပုံစံ ဗီတာမင်စားသုံးမှု (အထူးသဖြင့် ဗီတာမင် B12) ကိုယ်လက်လှုပ်ရှားမှု အရက်၊ ဆေးလိပ်၊ ဆေးခြောက်သောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုက်ရည်ပျစ်တယ်လို့ ဘယ်အခါမှာ ပြောမလဲ အမျိုးသားတွေရဲ့ သုက်ရည်က သုက်လွှတ်ပြီးပြီးချင်းဆို ပျစ်တတ်တာကြောင့် ပုံမှန်မဟုတ်ဘဲ သုက်ရည်ပျစ်တာလားဆိုတာ ပြောဖို့ခက်ပါတယ်။ သုက်ရည် […]

လိင်တံပြဿနာများ ကို ရှာဖွေမည်။

လိင်တံပြဿနာများ

ကျားလိင်အင်္ဂါမှာ ဝဲခြောက် ယားနာ ဖြစ်နေခဲ့ရင်

Mite လို့ ခေါ်တဲ့ အလွန်သေးငယ်တဲ့ ကပ်ပါးပိုးကောင်တစ်မျိုးဟာ အရေပြားထဲကို ထိုးဖောက်ဝင်ရောက်ပြီး အသက်ရှင်သန်ပါတယ်။ အဲ့ဒီနောက်မှာ အထဲကနေ အရေပြားဆဲလ်တွေကို ဖြည်းဖြည်းချင်းစားကာ ဥ ဥပြီး တဖြည်းဖြည်း ကြာလာတာနဲ့ ဝဲခြောက် ယားနာတွေ ဖြစ်လာပါတယ်။ ကပ်ပါးပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ အရေပြား ထိတွေ့မိတဲ့အခါ ဝဲခြောက်ယားနာ ကူးစက်ခံရနိုင်ပါတယ်။ ဝဲခြောက် ယားနာရဲ့ ပုံစံနဲ့ လက္ခဏာတွေ ဝဲခြောက် သည် ခန္ဓာကိုယ်ရဲ့ နေရာမရွေးပေါက်နိုင်ပြီး အမျိုးသားတွေမှာတော့ တစ်ကိုယ်ရေ သန့်ရှင်းမှုမရှိခြင်း၊ ပိုးရှိသူရဲ့ အရေပြား၊ အဝတ်အစားနဲ့ ထိတွေ့မိရာကနေ ကူးစက်ခံရတာ ဖြစ်ပါတယ်။ လိင်တံပေါ်မှာ ပေါက်တဲ့ ဝဲခြောက်တွေဟာ သေးငယ်ပြီး အပေါ်ကို အနည်းငယ် ချွန်တက်နေတဲ့ ဝက်ခြံကဲ့သို့ ပုံစံရှိပါတယ်။ လိင်တံအပြင် ကပ္ပာယ်အိတ်၊ ပေါင်ခြံ၊ တင်ပါးအထိပါ ပြန့်သွားနိုင်ပါတယ်။ […]


လိင်တံပြဿနာများ

ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ

အမျိုးသားတွေရဲ့ လိင်အင်္ဂါသည် စိုထိုင်းပြီး ချွေးအောင်းတဲ့ နေရာမှာ ရှိတဲ့အတွက် ရံဖန်ရံခါ ယားယံတာမျိုးတော့ ဖြစ်တတ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ အမြဲလိုလို ဝှေးစေ့က ယားယံပြီး ကုတ်နေရတယ်ဆိုရင်တော့ ဒီအချက်တွေကို စစ်ကြည့်ဖို့တော့ လိုမယ်နော်။ ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ ဘာတွေဖြစ်မလဲ။ ၁။ ရေချိုးပြီးပြီလား။ တစ်နေ့လုံး ရေလည်း လုံးဝမချိုးထားဘူးဆိုရင် ဝှေးစေ့မှာ ချွေး၊ အဆီ၊ အညစ်အကြေးတွေ ရောပြီး ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားကာ ယားယံခြင်းတွေ ဖြစ်စေပါတယ်။ ရေချိုးဖို့ လိုအပ်နေပြီလားဆိုတာကို ဝှေးစေ့ကို ကိုင်ပြီးစမ်းကြည့်တဲ့အခါ မှိုစော်၊ အောက်စော် အနံ့ရမရ နမ်းကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်ဖြစ်ဖြစ် ရေချိုးပေးဖို့တော့ လိုပါတယ်။ ကိုယ်က ချွေးထွက်သန်တဲ့သူ၊ ကိုယ်နံ့ပြင်းတဲ့သူဆိုရင် […]


လိင်တံပြဿနာများ

လိင်တံ ပြဿနာ အဖြာဖြာ (Penile Disorders)

အမျိုးသားတိုင်း ဖြစ်ပွားနိုင်တဲ့ လိင်တံ ပြဿနာ အဖြာဖြာ အကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ ယောကျ်ားလေးတွေအတွက် လိင်တံက ဘယ်လောက်အရေးကြီးလဲ ဆိုတာတော့ အကျယ်တဝင့်ပြောနေစရာ မလိုလောက်ဘူး ထင်ပါတယ်။ လိင်တံဟာ အညစ်အကြေးစွန့်ဖို့ရော မျိုးဆက်ပွားဖို့အတွက်ပါ မရှိမဖြစ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပဲ မဟုတ်လား။ အခုဆောင်းပါးမှာတော့ ဒီလိုအရေးကြီးတဲ့နေရာမှာ ဖြစ်နိုင်တဲ့ ပြဿနာတချို့ကို တင်ပြဆွေးနွေးမှာပဲ ဖြစ်ပါတယ်။ ဆက်ပြီးလေ့လာကြည့်ရအောင်ပါ။ လိင်တံ ထိပ်ဖူးရောင်ရမ်းခြင်း ဒါကတော့ရောဂါတစ်ခုပါ။ လိပ်တံထိပ်အရေပြား မဖြတ်ထားတဲ့သူတွေ၊ လိင်တံကို သန့်ရှင်းရေး သေချာမလုပ်တဲ့ သူတွေ အဖြစ်များတယ်။ လိင်တံထိပ်ဖူးနဲ့ အရေပြားကြားမှာ ချွေးတွေ၊အညစ်အကြေး (ဆီးအကြွင်းအကျန်တွေ)၊ ဆဲလ်အသေတွေစုပုံလာရင် ပိုးမွှားတွေပေါက်ပွားလာပြီး လိင်တံထိပ်ဖူးကို ရောင်ရမ်းစေပါတယ်။ လိင်အပျော်အပါးမက်တဲ့ ကိုယ်တော်ချောတွေလည်း ဂနိုတို့၊ ကာလသားရောဂါတို့ဝင်ရင် ဒါမျိုးဖြစ်နိုင်ပါတယ်။ တချို့ကျလည်း အရမ်းမွှေးတဲ့ ဆပ်ပြာတွေ၊ဆပ်ပြာဆီတွေသုံးပြီး ရေချိုးရင်ဖြစ်ပြန်ရော။ ဖြစ်တဲ့အကြောင်းရင်းကို သေချာသိရင် ကုသရတာ […]


လိင်တံပြဿနာများ

ကျားလိင်အင်္ဂါကို ကြီးဆေးထိုး ခြင်းရဲ့ ကြောက်စရာဆိုးကျိုးများ

လိင်ကျန်းမာရေးနဲ့ ပတ်သက်လာရင် ယောက်ျားလေးအများစု ခဏဏ လာလာမေးတတ်တဲ့ မေးခွန်းတွေထဲမှာ လိင်တံ ကြီးအောင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း တစ်ခုအပါအဝင်ပါ။ အမှန်အတိုင်းပြောရရင် အမျိုးသား တစ်ယောက်ရဲ့ လိင်တံသည် အသက် ၁၈ ပြည့်ပြီးတာနဲ့ ဘယ်လိုမှ ဆက်ပြီး မကြီးနိုင်တော့ပါဘူး။ အဲ့တော့ ကြီးဆေးတွေ သောက်ရင် မရဘူးလား၊ သူများတွေ ကြီးဆေးထိုး ၊ ဂေါ်လီထည့်နေတာ ကျွန်တော်လုပ်ရင်ရော ကြီးလာမှာလားတဲ့။ ဟုတ်ကဲ့ အချိန်တစ်ခဏတာအတွက် ကြီးလာတယ်လို့ ထင်ရနိုင်ပါတယ်။ ကြီးဆေးထိုး ခြင်း ပြဿနာ တကယ့် ပြဿနာက အဲ့ဒီနောက်မှာ စတာပါ။ သဘာဝ မဟုတ်တဲ့ ပစ္စည်းတွေကို လိင်အင်္ဂါထဲ ထိုးသွင်းထားပြီးနောက် ကြာလာတဲ့အခါ ခန္ဓာကိုယ်က ဒီပစ္စည်းတွေကို ဓာတ်ပြုဆန့်ကျင်တတ်ပြီး ပြည်တည်တာ၊ လိင်တံပုပ်တာ၊ အနံ့ဆိုးထွက်တာ၊ မထောင်မတ်နိုင်တာအပြင် လိင်တံ တစ်ချောင်းလုံး ဖြတ်ပစ်လိုက်ရတဲ့အထိ […]


လိင်တံပြဿနာများ

ထိပ်အရေပြားမဖြတ်တဲ့ အမျိုးသားတွေနဲ့ ကျန်းမာရေးပြဿနာများ

Circumcision ဆိုတာ အမျိုးသားတွေရဲ့ လိင်တံထိပ်ကို ဖုံးထားတဲ့ ထိပ်အရေပြားကို ခွဲစိတ်ဖြတ်တောက်ခြင်း ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ ဘာသာရေးအရ ထိပ်အရေပြား ကို ဖြတ်တာမျိုး ရှိပေမယ့် များသောအားဖြင့် မလိုလားအပ်တဲ့ အမျိုးသားရောဂါတွေ ကာကွယ်ပေးဖို့နဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ရမှာ ပိုလွယ်ကူစေဖို့ ဖြတ်ပေးရခြင်း ဖြစ်ပါတယ်။ အသက်အရွယ် မရွေး ထိပ်အရေပြား ဖြတ်လို့ ရပါတယ်။ ကလေးမွေးပြီးကာစမှာ ဖြတ်ထားလိုက်ရင်တော့ ပိုပြီး ဒဏ်ခံရသက်သာနိုင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ ထိပ်အရေပြား ဖြတ်ထားသူ အရေအတွက်ဟာ အနည်းအကျဉ်းသာ ရှိပါတယ်။ ဒီတစ်ခေါက်တော့ ထိပ်အရေပြားမဖြတ်တဲ့ အမျိုးသားတွေနဲ့ ကျန်းမာရေးပြဿနာများ အကြောင်း ပြောပြပေးသွားပါမယ်။ ထိပ်အရေပြားကို မဖြစ်မနေ ဖြတ်ပေးဖို့တော့ မလိုပါဘူး။ ဒါဟာ ကာယကံရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဆိုင်ပါတယ်။ အကယ်လို့ မဖြတ်ချင်ဘူး၊ မွေးရာပါအတိုင်းပဲ […]


လိင်တံပြဿနာများ

အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့

တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ပတ်သက်လာရင် အမျိုးသားတွေက ဖြစ်သလို နေတတ်ကြသလို သိပ်ပြီးတော့လည်း ဂရုစိုက်လေ့ မရှိပါဘူး။ အနံ့ဆိုး ထွက်ရခြင်း အကြောင်း အများစုက တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိတာကြောင့်ပါပဲ။ အထူးသဖြင့် အမျိုးသားတွေမှာ ချိုင်းကြား၊ ပေါင်ကြား၊ လိင်အင်္ဂါတစ်ဝိုက်မှာ အောက်သိုးသိုး အနံ့တွေ ထွက်တတ်ပါတယ်။ ကိုယ့်အတွက်တော့ ဒီအနံ့တွေက ယဉ်ပါးနေပြီဆိုပေမယ့် တခြားသူတွေအတွက်တော့ စိတ်မသက်သာစရာ ဖြစ်စေသလို လိင်ဆက်ဆံတဲ့အခါမှာလည်း ကိုယ့်အဖော်အတွက် လိင်စိတ်နည်းသွားစေတတ်ပါတယ်။ အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့ အမျိုးသား လိင်အင်္ဂါနဲ့ ပေါင်ခြံတစ်ဝိုက် အနံ့ဆိုးကင်းစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ကြည့်လိုက်စို့နော်။ အမျိုးသားတွေရဲ့ ကိုယ်ခန္ဓာမှာ အနံ့ဆိုးထွက်စေတဲ့ အကြောင်းရင်းတွေ ကိုယ်ခန္ဓာမှာ ရှိတဲ့ အမွေးအမျှင်များကို မရိတ်ဘဲ ဒီအတိုင်း ပစ်ထားခြင်း ရေချိုးတဲ့အခါ စနစ်တကျ ဆေးကြောတာမျိုး မလုပ်ခြင်း ရေမချိုး၊ […]


လိင်တံပြဿနာများ

သုက်လွှတ်စဉ် နာကျင်ရခြင်းအကြောင်း

သုက်လွှတ်စဉ် နာကျင်ခြင်းကို ဆေးပညာအရ dysorgasmia (သို့မဟုတ်) orgasmalgia လို့ ခေါ်ဝေါ်ပြီး အတော်အသင့်ကနေ ဆိုးရွားတဲ့အထိ နာကျင်တတ်ပါတယ်။ သုက်လွှတ်ချိန်မှာဖြစ်စေ၊ လွှတ်ပြီးချိန်မှာဖြစ်စေ နာကျင်တတ်ပါတယ်။ လိင်တံ၊ ကပ္ပာယ်အိတ်နဲ့ စအိုဝန်းကျင်မှာ နာတတ်ပါတယ်။ ဒီပြဿနာဟာ လိင်မှုကိစ္စမှာ အတော်လေးကို အနှောင့်အယှက်ဖြစ်စေပါတယ်။ သုက်လွှတ်စဉ် နာကျင်ရခြင်းအကြောင်း ယခုဆက်လက်ဖော်ပြမှာကတော့ သုက်လွှတ်စဉ်ဘာကြောင့် နာကျင်ရသလဲဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ အောက်ပါအခြေအနေများဟာ သုက်လွှတ်စဉ် နာကျင်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ၁။ ဆီးကျိတ်ရောင်ခြင်း ဆီးကျိတ်ဂလင်းရောင်ခြင်းကို ဆိုလိုပါတယ်။ အသက် ၅၀ ခန့် အမျိုးသားတွေမှာ ကြုံရတဲ့ ဆီးလမ်းကြောင်း ပြဿနာဖြစ်ပါတယ်။ ဒီပြဿနာဟာ ဆီးသွားချိန်မှာ နာကျင်ခြင်း၊ မကြာခဏ ဆီးသွားခြင်း စတာတွေကိုလည်း ဖြစ်စေတတ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနဲ့ မှားယွင်းတတ်ပါတယ်။ တခြား ထပ်မံကြုံရနိုင်တဲ့ လက္ခဏာတွေကတော့ ဝမ်းဗိုက်အောက်ပိုင်းအောင့်ခြင်းနဲ့ လိင်တံထောင်မတ်စဉ် […]


လိင်တံပြဿနာများ

ဝှေးစေ့အရွယ်အစား က ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေလဲ

ဝှေးစေ့သည် သုက်ရည်များသိုလှောင် သိမ်းဆည်းထားခြင်း၊ ကျားဟော်မုန်းထုတ်လွှတ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးတဲ့ အမျိုးသား မျိုးပွားအင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ ကပ္ပာယ်အိတ်အတွင်းမှာ ဘယ်၊ ညာ ၂ဘက် ရှိပါတယ်။ ဝှေးစေ့ဟာ ဥ ပုံသဏ္ဍာန်အရွယ်အစားရှိပြီး ပျမ်းမျှ အရှည်ကတော့ ၁.၈ လက်မမှ ၂လက်မအဖြစ် သတ်မှတ်ထားပါတယ်။ ၁.၄ လက်မအောက် ငယ်တဲ့ ဝှေးစေ့အရွယ်အစား ကိုတော့ အရွယ်အစား သေးငယ်တယ်လို့ ယူဆနိုင်ပါတယ်။ ဝှေးစေ့အရွယ်အစား ကို ဘယ်လိုတိုင်းတာမလဲ။ လိင်တံအရွယ်အစားလို မဟုတ်ဘဲ ကပ္ပာယ်အိတ်အတွင်းမှာ တည်ရှိနေတာဖြစ်တဲ့အတွက် အိမ်မှာ ကိုယ့်ဘာသာ တိုင်းတာဖို့တော့ နည်းနည်းခက်နိုင်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ လိင်အင်္ဂါကို အာထရာဆောင်း ရိုက်ကြည့်တာပါပဲ။ အာထရာဆောင်းနဲ့ ရိုက်ကြည့်လိုက်တဲ့အခါ ကပ္ပာယ်အိတ်အတွင်းမှာ ရှိနေတဲ့ ဝှေးစေ့ရဲ့ အရွယ်အစားသာမက တခြားပုံမှန်မဟုတ်တဲ့ ပြဿနာတွေ၊ သွေးကြောထုံးနေခြင်း၊ ရောင်နေခြင်း ရှိမရှိကို စစ်ဆေးနိုင်ပါတယ်။ Orchidometer လို့ခေါ်တဲ့ […]


လိင်တံပြဿနာများ

ဝှေးစေ့အောင့် တာကို သက်သာစေတဲ့ အိမ်တွင်းကုထုံး

ဝှေးစေ့ဆိုတာ အမျိုးသားတို့ရဲ့ လိင်အင်္ဂါအောက်မှာ ဆက်စပ်နေတဲ့ ကပ္ပာယ်အိတ်အတွင်းမှ ဥပုံသဏ္ဍာန်ရှိတဲ့ မျိုးပွားအင်္ဂါတွေပဲ ဖြစ်ပါတယ်။ နည်းနည်းလေးထိခိုက်မိရုံနဲ့ ဒဏ်ဖြစ်သွားနိုင်လောက်တဲ့အထိ နူးညံ့လွန်းတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် သေချာဂရုစိုက်ဖို့တော့ လိုပါတယ်။ မတော်တဆ ပေါင်ခွကို ကန်မိလိုက်တာ၊ အားကစား၊ လေ့ကျင့်ခန်းလုပ်ရင်း ထိခိုက်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ အစရှိသဖြင့် အကြောင်းအမျိုးမျိုး ဝှေးစေ့အောင့် ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းရင်းအမှန်ကို သေချာသိဖို့ ဆရာဝန်နဲ့ သေချာသွားပြီး စစ်ဆေးမှုခံယူနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဝှေးစေ့အောင့် ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများ  ဆီးချိုကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲအာရုံကြောထိခိုက်မိခြင်း (Diabetic Neuropathy) သုက်ပို့ပြွန်ရောင်ခြင်း (Epididymitis) ဝှေးစေ့တစ်ရှူး ပုပ်ခြင်း (Gangrene) မုတ္တရောဂါ(Hydrocele) အူကျခြင်း (Hernia) ကျောက်ကပ် ကျောက်တည်ခြင်း ဝှေးစေ့ရောင်ခြင်း (Orchitis) သုက်ပို့ပြွန်မှာ ရေအိတ်တည်ခြင်း […]


လိင်တံပြဿနာများ

အမျိုးသားများ လိင်အင်္ဂါနီရဲရောင်ရမ်းနေခြင်း ပြဿနာ

အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားတွေရဲ့ လိင်တံဟာ ပုံမှန်ထက်ပိုပြီး ရောင်နေတတ်ပါတယ်။ ရောင်နေတဲ့နေရာကို ထိလိုက်မိရင် နာကျင်သလို၊ ယားယံသလိုလည်း ခံစားရပြီး ဆီးသွားဖို့၊ လိင်ဆက်ဆံဖို့ အခက်အခဲဖြစ်တတ်ပါတယ်။ တစ်ခါတရံ ပုံမှန်မဟုတ်တဲ့ အရည်တွေ စိမ့်ထွက်နေတာ၊ ပုပ်သိုးသိုး အနံ့တစ်မျိုး ရနေတာ၊ အကျိတ်အလုံးတွေလည်း ဖြစ်နေနိုင်ပါတယ်။ ဘာကြောင့် လိင်အင်္ဂါရောင်ရမ်းရတာလဲ။ များသောအားဖြင့် လိင်တံရောင်ရမ်းခြင်းသည် ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေတဲ့အခါ ပြလာတတ်တဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ ရောင်ရမ်းတဲ့လက္ခဏာသာမက တခြားသော လက္ခဏာတွေကိုပါ တွဲပြီးတွေ့ရတတ်တာကြောင့် ကိုယ့်မှာ ဘယ်လိုကျန်းမာရေးပြဿနာတွေ ရှိနေနိုင်လဲဆိုတာ သေချာစစ်ကြည့်ဖို့တော့ လိုပါမယ်။ ဒီကျန်းမာရေးပြဿနာတွေထဲမှာ • လိင်တံထိပ်ဖူး ရောင်ရမ်းခြင်း (Balanitis) • ဓာတ်မတည့်ခြင်း၊ ဓာတ်ပြုပြီး ယားယံခြင်း (Allergic, Irritant Reaction) • ဆီးပို့ပြွန်ရောင်ခြင်း (Urethritis) • နှိုးဆွခြင်းမရှိဘဲ ကြာရှည်စွာလိင်တံထောင်မတ်ခြင်း (Priapism) • ပီရိုးနီးရောဂါ (Peyronie’s […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်