နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးသွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ!

ပြောင်းလဲလာတဲ့ နေထိုင် စားသောက်မှုပုံစံတွေကြောင့် အခုနောက်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းတဲ့သူတွေ တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။ ဒီတစ်ခေါက်တော့ နှလုံးသွေးကြောကျဉ်းနေသူတွေ အနေနဲ့ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ! ဆိုတာကို ပြောပြပေးသွားပါမယ်။ နှလုံးသွေးကြော ကျဉ်းတယ် ဆိုတာ နှလုံးသွေးကြောကျဉ်းတယ်ဆိုတာက သွေးကြောထဲမှာ ကိုလက်စထရောတွေ၊ အဆီတွေ စုပုံလာပြီး ဒီအနယ်အနှစ်တွေကြောင့် သွေးကြောတွေ ကျဉ်းလာတာပါ။ ကြာလာတဲ့အခါ သွေးကြောတွေပါ မာလာပါတယ်။ ဒါကြောင့် သွေးစီးဆင်းမှုတွေကို အနှောင့်အယှက် ဖြစ်စေပြီး နှလုံး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းစေသလို ရုတ်တရက် နှလုံးရပ်တာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။  နှလုံးသွေးကြောကျဉ်းတယ် ဆိုတာက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ နှလုံးကို သွေးတွေ၊ အောက်ဆီဂျင်တွေ နဲ့ အာဟာရတွေကို ထောက်ပံ့ပေးနေတဲ့ နှလုံးရဲ့ သွေးကြောကြီးမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီအခြေအနေက […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

သွေးတိုးရောဂါ

အရက် နဲ့ ဆေးလိပ်က သွေးတိုးစေသလား

သွေးတိုးခြင်းကို အမြဲတမ်းတော့ မကာကွယ်နိုင်ပေမယ့် ဆေးလိပ်ဖြတ်ခြင်းနဲ့ အရက်ကို အသင့်အတင့်သာ သောက်သုံးခြင်းဟာ သွေးပေါင် ကျဆင်းစေပါတယ်။ ခြုံငုံသုံးသပ်ချက် ဆေးလိပ်နဲ့ အရက်သောက်တဲ့သူတွေဟာ သူတို့ရဲ့ နှလုံးသွေးကြော ကျန်းမာရေးကို စိတ်ပူသင့်ပါတယ်။ ဒီအကျင့်နှစ်ခုလုံးဟာ သွေးတိုးခြင်း စေပြီးတော့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ဆေးလိပ်နဲ့ အရက်က သွေးတိုးစေခြင်းကို လူသိများပါတယ်။ နှစ်ခုလုံးဟာ သွေးဖိအားနဲ့ နှလုံးသွေးကြောတွေပေါ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ ဒါကြောင့် သင့်မှာ သွေးတိုးရှိနေရင် (သို့) သွေးတိုးရှိစေတဲ့ အချက်တွေ ရှိနေမယ်ဆိုရင် သင်ထိန်းချုပ်နိုင်တဲ့ အချက်တွေကို ထိန်းချုပ်သင့်ပါတယ်။   ဆေးလိပ်သောက်ခြင်းဟာ သွေးဖိအားကို ဘာဖြစ်စေပါသလဲ။ ဆေးလိပ်သောက်ခြင်းဟာ သွေးဖိအားကို ရုတ်တရက် တက်လာစေပြီးတော့ အပေါ်သွေးပေါင်ကို ၄ mmHG တက်စေပါတယ်။ ဆေးလိပ်မှာပါတဲ့ နီကိုတင်းဟာ အာရုံကြောစနစ်ကို ဓါတုပစ္စည်းတွေ ထုတ်လွှတ်စေပါတယ်။ ဒီဓါတုပစ္စည်းတွေဟာ သွေးကြောကျဉ်းခြင်းကို ဖြစ်ပေါ်စေပြီး […]


နှလုံးရောဂါ

နှလုံးပြဿနာရှိနေပြီဆိုတာပြသနေသည့် လက္ခဏာများ

လှုပ်ရှားမှုမရှိတဲ့ လူမှုဘဝနေထိုင်ပုံဟာ နှလုံးရောဂါရရှိနိုင်တဲ့ အဓိကကျတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ World Heart Federation က လေ့ကျင့်ခန်း မလုပ်ခြင်းဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေကို ၅၀% တိုးမြှင့်ပေးတယ်လို့ ဆိုပါတယ်။ အခြားနှလုံးရောဂါ ဖြစ်စေတဲ့အချက်တွေကတော့ ပြည့်ဝဆီ များတဲ့ အစားအစာများစားခြင်း ဆီးချို အမျိုးအစား ၂ သွေးတိုးခြင်း ဆေးလိပ်သောက်ခြင်း ကိုလက်စထရော များခြင်း အဝလွန်ခြင်း မိသားစုတွင် နှလုံးရောဂါ ရှိသူ ရှိခြင်း ဒီအချက်တွေကို လျှော့ချခြင်းဟာ နှလုံးရပ်ခြင်းနဲ့ လေဖြတ်ခြင်းကို လျှော့ချပေးပြီး နှလုံးခွဲစိတ်မှု အပါအဝင် ကျန်းမာရေး လုပ်ဆောင်မှုတွေကို လျှော့ချပေးမှာ ဖြစ်ပါတယ်။ လှုပ်လှုပ်ရှားရှားနေထိုင်ခြင်းဟာ နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပုံမှန် လေ့ကျင့်ခန်း (လမ်းလျှောက်ခြင်း)ဟာ နှလုံးကျန်းမာရေးအတွက် အလွန်အကျိုးရှိတယ်လို့ သက်သေပြပြီး ဖြစ်ပါတယ်။ ဒါဟာ […]


နှလုံးရောဂါ

စိတ်ဖိစီးမှုဆိုတာ နှလုံးနဲ့သွေးကြောရောဂါတွေကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။

သင်ငွေအကုန်အကျများနေတဲ့အချိန်၊ အလုပ်အဆင်မပြေတဲ့အချိန်၊ အိမ်ထောင်ရေးအဆင်မပြေတဲ့အချိန်နဲ့ ကားပိတ်နေတဲ့အချိန်တွေ ရှိပါတယ်။ အဲဒီအချိန်တွေက သင့်ကို စိတ်ဖိစီးစေနိုင်ပါတယ်။ ကြာကြာစိတ်ဖိစီးလာပါက သင့်ရဲ့နှလုံးကို ထိခိုက်စေမှာပါ။ အဲဒါကြောင့် နှလုံးနဲ့သွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျော့ချဖို့ စိတ်ဖိစီးမှုတွေကို စတင်လျော့ချပါလိုက်ပါတော့။ စိတ်ဖိစီးမှုနဲ့ နှလုံးသွေးကြောရောဂါ ရဲ့ဆက်သွယ်ချက် စိတ်ဖိစီးတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သင်စိတ်ဖိစီးနေတဲ့အခါ ခေါင်းကိုက်တာတွေ၊ ဗိုက်နာတာတွေနဲ့ ကျောနာတာတွေ ကြုံတွေ့ ရနိုင်ပါတယ်။ ဒါ့အပြင် သင်စိတ်ဖိစီးနေတဲ့အခါမှာ အားအင်မရှိပဲ နုံးချိနေတာ မျိုးကိုလည်း ကျုံတွေ့ နိုင်ပါသေးတယ်။ နောက်ပိုင်းမှာ သင်အထိန်းအကွပ်မဲ့ ပေါက်ကွဲထွက်တာတွေ နဲ့ အိပ်လို့မရတာတွေကိုတောင် ဖြစ်လာပါလိမ့်မယ်။ စိတ်ဖိစီးနေတဲ့အချိန်မှာ သင့်ခန္ဓါကိုယ်က Adrenaline ဆိုတဲ့ဟော်မုန်းတစ်မျိုးကို ထုတ်ပေးပါတယ်။ အဲဒီဟော်မုန်းက သင်ကို အသက်ရှုမြန်လာအောင်၊ နှလုံးခုန်မြန်လာအောင်နဲ့ သွေးပေါင်ချိန်တွေ တက်လာအောင် လုပ်ပါတယ်။ စိတ်ဖိစီးမှုက သင့်ရဲ့အပြုအမူတွေကိုလည်း ပြောင်းလဲစေနိုင်ပါတယ်။ သင်စိတ်အရမ်းဖိစီးနေတဲ့အခါမှာ စိတ်သက်သာရစေမယ့် […]


နှလုံးရောဂါ

နှလုံးနဲ့ ဦးနှောက်ကျန်းမာရေးဟာ ဘယ်လိုဆက်စပ်နေပါသလဲ

သင့်နှလုံးအတွက် အထောက်အကူပြုတဲ့ အရာတွေဟာ သင့်ဦးနှောက်ကိုလည်း အထောက်အကူပြုပါတယ်။ သင့်နှလုံးကို ကျန်းမာစေတဲ့ လူနေမှုဘဝပုံစံဟာ ဦးနှောက်အကျိတ်ဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်ပြီး အသက်ကြီးလာတာနဲ့အမျှ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုတွေမှာ ကြီးမားတဲ့ ကွာခြားချက် ဖြစ်လာမှာ ဖြစ်ပါတယ်။ တကယ်တော့ လေ့ကျင့်ခန်းအများကြီး လုပ်ခြင်း၊ ကျန်းမာတဲ့အစာတွေ စားခြင်းနဲ့ သင့်နှလုံးကို သန်မာစေတဲ့ အပြုအမူတွေ ပြုလုပ်ခြင်းဟာ သင်တွေးခေါ်ပုံ၊ လုပ်ကိုင်ပုံနဲ့ မှတ်ဉာဏ်တွေပေါ်မှာ ကြီးမားတဲ့အကျိုးသက်ရောက်မှု ရှိပါတယ်။   ကျန်းမာတဲ့ နှလုံး လူတွေရဲ့နှလုံးဟာ ခန္ဓါကိုယ်မှာ အရေးအကြီးဆုံး ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်္ဂါဖြစ်ပါတယ်။ သူဟာ ခန္ဓါကိုယ် အနှံအပြားကို ရောက်ရှိစေမယ့်သွေးတွေကို ညှစ်ထုတ်ဖို့ ပြင်းထန်စွာ ကြိုးစားရပါတယ်။ ယေဘုယျအားဖြင့်ဆိုရင် နားနေတဲ့သူတွေမှာ နှလုံးဟာ တစ်မိနစ်ကို အကြိမ် ၇၀ ခုန်နိုင်ပြီး လေ့ကျင့်ခန်းလုပ်ချိန် (သို့) စိတ်လှုပ်ရှားချိန်တို့မှာ ပိုမို […]


သွေးတိုးရောဂါ

သွေးတိုးရှိလျှင် ဆားလျှော့စားပါ။

သင့်သွေးပေါင်ချိန်ကို လျှော့ချဖို့ အမြန်ဆုံးနည်းလမ်းကတော့ (အထူးသဖြင့် သင့်မှာ သွေးပေါင်တက်နေတယ်ဆိုရင်) ဆားလျှော့စားခြင်းပဲ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာတည်းက သင်ဟာ ဒီအကြံဉာဏ်ကို ကြားဖူးပြီးသားဖြစ်နိုင်ပါတယ်။ ဆားကိုလျှော့စားပါ။ ဘာလို့လဲဆိုတော့ ဒါဟာ သင့်နှလုံးအတွက် မကောင်းပါဘူး (ကျောက်ကပ်နဲ့ အခြားအင်္ဂါတွေကိုတော့ ပြောမနေပါနဲ့တော့) ဆားဟာ သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။ ဆားများများ စားလေလေ သွေးပေါင်ချိန်တက်လေလေပါပဲ။ ဆားဟာ သင့်ခန္ဓါကိုယ်က ရေဓါတ်ကို သိုလှောင်ထားမှု များစေပါတယ်။ ဆားစားတာ များပြားရင် သင့်ခန္ဓါကိုယ်မှာ ပိုလျှံတဲ့ ရေတွေ သိုလှောင်ထားပြီး သွေးပေါင်တက်စေပါတယ်။ ဒါဟာ သင့်မှာသာသွေးတိုးရှိနေမယ်ဆိုရင်တော့ ပြဿနာ ဖြစ်စေမှာပါ။ ပြီးတော့ ဆားအများကြီးစားခြင်းဟာ သွေးပေါင်ကျဆေးတွေဖြစ်တဲ့ ဆီးဆေး တွေကို ကောင်းကောင်း အလုပ်မလုပ်စေပါဘူး။ ဆားဘယ်လောက်စားရင ်များတယ်လို့ပြောသလဲ။ ဆား (သို့) ဆိုဒီယမ်ဟာ အသက်ရှင်ဖို့အတွက် အရေးကြီးတဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ သူ့ကို ကျောက်ကပ်က […]


ကိုလက်စထရောလ်

နှလုံးကျန်းမာရေးအတွက် လျှို့ဝှက်ချက် ၁၀ ချက်

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် အရှေ့တိုင်းသားတွေက အနောက်တိုင်းနေထိုင်မှုဘဝပုံစံတွေဘက်ကို ခြေဦးလှည့်လာကြပါတယ်။ ကျွန်ုပ်တို့ဟာ အဆီနဲ့ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့အစားအစာတွေကို တဖြည်းဖြည်း ပိုစားသုံးလာကြပါတယ်။ အဝလွန်ရောဂါဖြစ်စေနိုင်တဲ့အကြောင်းရင်းဖြစ်တဲ့ ၎င်းဓါတ်တွေကြောင့်ပဲ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေများလာစေပါတယ်။ ဒါပေမယ့်လည်း စားသောက်မှုပုံစံပြောင်းလဲခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပိုလုပ်ခြင်း၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကိုထိန်းသိမ်းခြင်း၊ ဆေးလိပ်ဖြတ်ခြင်းတို့ဖြင့် နှလုံးရောဂါဖြစ်ပွားမှု ၉၀ ရာခိုင်နှုန်းကို ကြိုတင်ကာကွယ်နိုင်ပါတယ်။ အောက်ပါအချက် ၁၀ချက်ကိုလိုက်နာရင်းနဲ့ပဲ နှလုံးရောဂါအန္တရာယ် နည်းပါးအောင် သင့်ကိုယ်သင်ကာကွယ်နိုင်ပါတယ်။ အဆင့်(၁) သင့်ခန္ဓါကိုယ်ရဲ့ပျမ်းမျှညွှန်းကိန်းကို သိရှိအောင်လုပ်ပါ ကုလသမဂ္ဂထုတ်ပြန်ချက်အရ ကမ္ဘာအနှံ့ကနှလုံးရောဂါဖြစ်ပွားမှုတွေရဲ့ သုံးပုံတစ်ပုံဟာ သွေးတွင်းကိုလက်စထရောပမာဏမြင့်မားမှုနဲ့ဆက်နွှယ်နေပါတယ်။ သင့်မှာရှိနေတဲ့ ကိုလက်စထရော ( အဆီပါဝင်ပစ္စည်း) ပမာဏကို အောက်ပါညွှန်းကိန်းတွေနဲ့ တိုင်းတာသိရှိနိုင်ပါတယ်။   အဆင့် (၂) အန္တရာယ်ကို တွက်ဆပါ နှလုံးရောဂါအန္တရာယ်ပိုများစေနိုင်တဲ့ အကြောင်းရင်းခံအချက်တွေအများကြီးရှိပါတယ်။ ဥပမာ- သင်ဟာ ဆေးလိပ်သောက်တတ်သူ၊ သွေးတိုးရှိသူ၊ ဒါမှမဟုတ် သွေးတွင်းကိုလက်စထရောများသူ ဆိုတဲ့ အခြေအနေသုံးမျိုးထဲက တစ်ခုမှာပါဝင်နေခဲ့ရင် ခြောက်နှစ်ကာလအတွင်း နှလုံးရောဂါဖြစ်နိုင်တဲ့အလားအလာ က နှစ်ဆပိုများပါတယ်။ သင့်မှာသုံးမျိုးစလုံးရှိနေခဲ့ရင် […]


နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

Fast Heart Beat (နှလုံးခုန်မြန်ခြင်း)

Fast Heart Beat (နှလုံးခုန်မြန်ခြင်း) အကြောင်း လေ့လာလိုက်ရအောင်နော်။ အဓိပ္ပါယ်ဖွင့်ဆိုချက် Fast Heart Beat (နှလုံးခုန်မြန်ခြင်း) က ဘာလဲ။ နှလုံးခုန်မြန်ခြင်း ,သွေးခုန်နှုန်းမြန်ခြင်း , ကြိမ်နှုန်းမြန်ခြင်း ဆိုတာတွေက သင့်နှလုံးခုန်မြန်နေတာ ခုန်ချက်ကျော်လွန်တာတွေကို သိတဲ့ခံစားမှုဖြစ်ပါတယ်။ သင့်နှလုံးက ပုံမှန်မဟုတ်တဲ့ စည်းချက်နဲ့ ခုန်နေတာကို သင်ခံစားရတတ်ပါတယ်။ ဒီအခြေအနေက လည်ပင်းနဲ့ ရင်ဘတ်တွေမှာဖြစ်တတ်ပါတယ်။ နှလုံးခုန်မြန်ခြင်းက ဘယ်လောက်အဖြစ်များသလဲ နှလုံးခုန်မြန်တာဟာ အဖြစ်များတဲ့ ရောဂါပါ။ အသက်အရွယ်မရွေးဖြစ်တတ်ပြီး ဖြစ်စေတဲ့အချက်တွေကိုလျော့ချခြင်းဖြင့် ကုသနိုင်ပါတယ်။ သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။ လက္ခဏာများ နှလုံးခုန်မြန်ခြင်းရဲ့လက္ခဏာတွေကဘာတွေလဲ ယေဘုယျ လက္ခဏာတွေက : • အသက်ရှူရခက်ခြင်း၊ မောခြင်း • မူးဝေခြင်း • ရုတ်တရက် နွမ်းနယ်ခြင်း • နှလုံးခုန်သံ ပုံမှန်မဟုတ်ခြင်း • ရင်ဘတ်အောင့်ခြင်း • မတ်တပ်ရပ်ချိန်တွင် ခေါင်းမူးခြင်း • မေ့မြောခြင်း နှလုံးခုန်မြန်ရောဂါရှိသူ အချို့ဟာ လက္ခဏာမပြပဲ ကျန်းမာရေးစစ်ဆေးချိန်မှခုန်နှုန်းမြန်နေတာကိုသိရှိပါတယ်။ စာရင်းထဲမပါဝင်တဲ့ […]


နှလုံးအဆို့ရှင်ရောဂါများ

Heart Valve Disease (နှလုံးအဆို့ရှင်ရောဂါ)

Heart Valve Disease (နှလုံးအဆို့ရှင်ရောဂါ) ဆိုတာ ဘာလဲ။ နှလုံးအဆို့ရှင်ရောဂါ ဆိုတာ နှလုံးမှာရှိသော အဆို့ရှင်က သူရဲ့ပုံမှန်လုပ်ငန်းတာဝန်များကို မလုပ်ဆောင်နိုင်တော့ခြင်းဖြစ်ပါတယ်။ နှလုံးမှာ အဆို့ရှင် လေးခုရှိပါတယ်။ ဒီအဆို့ရှင်များက သွေးများကို မှန်ကန်စွာစီးဆင်းနိုင်စေရန် အထောက်အကူပေးပါတယ်။ နှလုံးတစ်ချက်ခုန်တိုင်း အဆို့ရှင်များသည် အဖွင့်အပိတ်လုပ်ပေးပါတယ်။ အဆို့ရှင်များ အဖွင့်အပိတ်လုပ်ဆောင်မှု မမှန်တဲ့အခါ သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ နှလုံးအဆို့ရှင်ရောဂါမှာ သူနဲ့ ပတ်သတ်တဲ့ အရာအားလုံး(ဥပမာ- လည်ပင်းသွေးလွှတ်ကြောမကြီးကျဉ်းခြင်း) ပါဝင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါနဲ့ ဆက်စပ်နေတဲ့ သွေးတိုးရောဂါ၊ နှလုံးပျက်စီးခြင်း တို့ကိုလည်း ဖြစ်စေနိင်ပါတယ်။ Heart Valve Disease (နှလုံးအဆို့ရှင်ရောဂါ)က ဘယ်လောက်အဖြစ်များသလဲ နှလုံးအဆို့ရှင်ရောဂါဟာ မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေမှာ ပိုအဖြစ်များတာတွေ့ရပါတယ်။ Heart Valve Disease (နှလုံးအဆို့ရှင်ရောဂါ)ရဲ့လက္ခဏာတွေကဘာတွေလဲ နှလုံးအဆို့ရှင်ရောဂါကြောင့် ဖြစ်ပွားတတ်တဲ့ ရောဂါလက္ခဏာများစွာရှိပါတယ်။ အတွေ့ရများသော လက္ခဏာများမှာ… • အသက်ရှူရခက်ခြင်း • ရင်တုန်ခြင်း • နွမ်းနယ်ခြင်း • […]


နှလုံးသွေးကြောကျဉ်းရောဂါများ

Angina Unstable (နှလုံးရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Angina Unstable (နှလုံးရောဂါကြောင့် ရင်ဘတ်အောင့်ခြင်း) ကဘာလဲ။ angina ဆိုတာ နှလုံးကို သွေးမရောက်နိုင်ခြင်းတို့ကြောင့် ဖြစ်လေ့ရှိတဲ့ နှလုံးအောင့်ခြင်းကို ခေါ်ပါသည်။ ဒါဟာ ခန္ဒါကိုယ်တွင်း သွေးကြောများ ကျဉ်းခြင်း သို့ ပိတ်ခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ သင့်ရဲ့ နှလုံးဟာ သွေးများ သယ်ယူရန် oxygen( အောက်ဆီဂျင်) လိုအပ်ပါတယ်။ Angina ၃ မျိုးရှိပါတယ်။ ၎င်းတို့မှာ Stable angina ကတော့ အဖြစ်အများဆုံးဖြစ်ပါတယ်။ သင့်နှလုံးက ပုံမှန်ထက် ပိုအလုပ်လုပ်တဲ့ အခါမှာ ဖြစ်တတ်ပါတယ်။ stable angina က ပုံမှန် ပုံစံအတိုင်းဖြစ်ပါတယ်။ အနားယူပြီး ဆေးသောက်လျှင် သက်သာနိုင်ပါတယ်။ Unstable angina ကတော့ အန္တရာယ်အများဆုံးဖြစ်ပါတယ်။ သူက ဖြစ်လေ့ရှိတဲ့ ပုံစံမျိုးမရှိပဲ ရုပ်ပိုင်းဆိုင်ရာ အားစိုက်မှု မပါပဲလဲ ဖြစ်နိုင်ပါတယ်။ […]


နှလုံးခုန်နှုန်းမမှန်သည့်ရောဂါများ

Supraventricular Tachycardia (နှလုံးခုန်မြန်သော ပြဿနာတစ်မျိုး)

အဓိပ္ပါယ်ဖွင့်ဆိုချက်Supraventricular Tachycardia (နှလုံးခုန်မြန်သော ပြဿနာတစ်မျိုး) ကဘာလဲ။ supraventricular tachycardia ဆိုသည်မှာ နှလုံးခုန်အရမ်းမြန်သည့်အခါ နှလုံးနေရာအားလုံးကို သွေးကောင်းစွာ မလည်ပတ် မရောက်ရှိနိုင်ခြင်း ဖြစ်သည်။ နှလုံးသည် ပုံမှန်အားဖြင့် တစ်မိနစ်လျှင် အချက် ၆၀ မှ ၁၀၀ အထိခုန်လေ့ရှိသည်။ သို့သော် supraventricular tachycardia ဖြစ်လျှင် နှလုံးခုန်နှုန်းသည် ၁၅၀ မှ ၂၅၀ အထိရောက်နိုင်သည်။ supraventricular tachycardia အမျိုးအစားများ များစွာရှိသည့်အနက် chronic atrial fibrillation (AFIB)၊ paroxysmal sinus tachycardia၊ atrioventricular nodal reentry tachycardia (AVNRT) နှင့် atrioventricular reciprocating tachycardia (AVRT)၊ Wolff-Parkinson-White syndrome တို့ပါဝင်သည်။ သင့်တွင် supraventricular tachycardia […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)