တကယ်တော့ လေ့ကျင့်ခန်းအများကြီး လုပ်ခြင်း၊ ကျန်းမာတဲ့အစာတွေ စားခြင်းနဲ့ သင့်နှလုံးကို သန်မာစေတဲ့ အပြုအမူတွေ ပြုလုပ်ခြင်းဟာ သင်တွေးခေါ်ပုံ၊ လုပ်ကိုင်ပုံနဲ့ မှတ်ဉာဏ်တွေပေါ်မှာ ကြီးမားတဲ့အကျိုးသက်ရောက်မှု ရှိပါတယ်။
ကျန်းမာတဲ့ နှလုံး
လူတွေရဲ့နှလုံးဟာ ခန္ဓါကိုယ်မှာ အရေးအကြီးဆုံး ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အင်္ဂါဖြစ်ပါတယ်။ သူဟာ ခန္ဓါကိုယ် အနှံအပြားကို ရောက်ရှိစေမယ့်သွေးတွေကို ညှစ်ထုတ်ဖို့ ပြင်းထန်စွာ ကြိုးစားရပါတယ်။ ယေဘုယျအားဖြင့်ဆိုရင် နားနေတဲ့သူတွေမှာ နှလုံးဟာ တစ်မိနစ်ကို အကြိမ် ၇၀ ခုန်နိုင်ပြီး လေ့ကျင့်ခန်းလုပ်ချိန် (သို့) စိတ်လှုပ်ရှားချိန်တို့မှာ ပိုမို ခုန်နိုင်ပါတယ်။ နှလုံးတစ်ခါ ခုန်လိုက်တိုင်းမှာ ခန္ဓါကိုယ်အနှံ့ကို သွေးတွေညှစ်ထုတ်ပေးပါတယ်။ နှလုံး ဘယ်ဘက်အခန်းကနေညှစ်ထုတ်လိုက်ပြီး ပိုမိုသေးငယ်လာတဲ့ သွေးကြောတွေကတစ်ဆင့် အသေးငယ်ဆုံးသော သွေးကြောမျှင်လေးတွေဆီကို ရောက်ရှိလာပါတယ်။ ခန္ဓါကိုယ်က အောက်ဆီဂျင်နဲ့ အာဟာရကို သွေးတွေဆီက ယူပြီးတာနဲ့ တစ်ပြိုင်နက် သူတို့ဟာ သွေးပြန်ကြောတွေတစ်ဆင့် နှလုံးရဲ့ ညာဖက်အခန်းဆီကို ပြန်ရောက်လာပါတယ်။ အပြန်ခရီးမှာ သွေးတွေဟာ အသည်းကို ဖြတ်သန်းလာပြီး မလိုအပ်တဲ့ အရာတွေကို စွန့်ထုတ်ပစ်ပါတယ်။ ဒီ အာဟာရတွေ စုဆောင်းမှုနဲ့ စွန့်ပစ်ပစ္စည်းတွေ စွန့်ထုတ်ပစ်တဲ့ ဖြစ်စဉ်ဟာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ သန့်စင်ပြီး ကျန်းမာတဲ့ သွေးလည်ပတ်မှုဟာ သင့်နှလုံးကို ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ မရှိမဖြစ် လိုအပ်လို့ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။