backup og meta

စိတ်ဖိစီးမှုဆိုတာ နှလုံးနဲ့သွေးကြောရောဂါတွေကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Phyo Wai Yan မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ဖိစီးမှုဆိုတာ နှလုံးနဲ့သွေးကြောရောဂါတွေကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။

    သင်ငွေအကုန်အကျများနေတဲ့အချိန်၊ အလုပ်အဆင်မပြေတဲ့အချိန်၊ အိမ်ထောင်ရေးအဆင်မပြေတဲ့အချိန်နဲ့ ကားပိတ်နေတဲ့အချိန်တွေ ရှိပါတယ်။ အဲဒီအချိန်တွေက သင့်ကို စိတ်ဖိစီးစေနိုင်ပါတယ်။ ကြာကြာစိတ်ဖိစီးလာပါက သင့်ရဲ့နှလုံးကို ထိခိုက်စေမှာပါ။ အဲဒါကြောင့် နှလုံးနဲ့သွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျော့ချဖို့ စိတ်ဖိစီးမှုတွေကို စတင်လျော့ချပါလိုက်ပါတော့။

    စိတ်ဖိစီးမှုနဲ့ နှလုံးသွေးကြောရောဂါ ရဲ့ဆက်သွယ်ချက်

    စိတ်ဖိစီးတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သင်စိတ်ဖိစီးနေတဲ့အခါ ခေါင်းကိုက်တာတွေ၊ ဗိုက်နာတာတွေနဲ့ ကျောနာတာတွေ ကြုံတွေ့ ရနိုင်ပါတယ်။ ဒါ့အပြင် သင်စိတ်ဖိစီးနေတဲ့အခါမှာ အားအင်မရှိပဲ နုံးချိနေတာ မျိုးကိုလည်း ကျုံတွေ့ နိုင်ပါသေးတယ်။ နောက်ပိုင်းမှာ သင်အထိန်းအကွပ်မဲ့ ပေါက်ကွဲထွက်တာတွေ နဲ့ အိပ်လို့မရတာတွေကိုတောင် ဖြစ်လာပါလိမ့်မယ်။

    စိတ်ဖိစီးနေတဲ့အချိန်မှာ သင့်ခန္ဓါကိုယ်က Adrenaline ဆိုတဲ့ဟော်မုန်းတစ်မျိုးကို ထုတ်ပေးပါတယ်။ အဲဒီဟော်မုန်းက သင်ကို အသက်ရှုမြန်လာအောင်၊ နှလုံးခုန်မြန်လာအောင်နဲ့ သွေးပေါင်ချိန်တွေ တက်လာအောင် လုပ်ပါတယ်။

    စိတ်ဖိစီးမှုက သင့်ရဲ့အပြုအမူတွေကိုလည်း ပြောင်းလဲစေနိုင်ပါတယ်။ သင်စိတ်အရမ်းဖိစီးနေတဲ့အခါမှာ စိတ်သက်သာရစေမယ့် နည်းလမ်းတွေကို ရှာမှာအမှန်ပါပဲ။ တစ်ခါတစ်ရံမှာ အဲဒီနည်းလမ်းတွေက ကျန်းမာရေးနဲ့ မကိုက်ညီပါဘူး။ ဥပမာအားဖြင့် ဆေးလိပ်သောက်တာမျိုး၊ ပီဇာ၊ ပိုင်မုန့်၊ ကွတ်ကီးကဲသို့ အဆီများ ကိုလက်စ်ထရော များတဲ့ အစားအစာတွေ စားတာမျိုး၊ အရက်အလွန်အကျွံ သောက်တာမျိုးတွေပဲ ဖြစ်ပါတယ်။ ရွေးလိုက်မယ့်နည်းလမ်းတွေက ကျန်းမာရေးကို ကောင်းကျိုးထက် ဆိုးကျိုးတွေ ပိုပေးနေပါတယ်။ အတိအကျပြောရမယ်ဆိုရင်တော့ အဲဒါတွေက သွေးတိုးစေပြီး သွေးကြောတွေကို ပျက်စီးစေတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

    စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်း၅သွယ်

    စိတ်ဖိစီးမှုနဲ့ နှလုံးနှင့်သွေးကြောရောဂါဟာ ဆက်စပ်နေတာကြောင့် စိတ်ဖိစီးမှုတွေကို လျော့ချခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချတာတဲ့ အတူတူပါပဲ။ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်း၅သွယ်ကို ဖော်ပြပါ့မယ်။

    အကောင်းမြင်တဲ့စိတ်လေးကို ထိန်းသိမ်းထားပါ။

    အကောင်းမြင်သမားတွေဟာ အဆိုးမြင်သမားတွေထက် အသက်ရှည်ရှည်ပိုနေရကြောင်း လေ့လာတွေ့ရှိရပါတယ်။ ရီမောခြင်းက သင့်နှလုံးအတွက် အကျိုးရှိတယ်ဆိုတာ သင်မသိလောက်ပါဘူး။ ရီရီမောမောနေတဲ့လူတွေက Stress Hormones တွေနည်းနေတတ်ပြီး၊ ကျန်းမာရေးအတွက် ကောင်းတဲ့ ကိုလက်စ်ထရောတွေ များများရှိတတ်ကြပါတယ်။

    ဒါကြောင့် နှစ်လိုဖွယ်ကောင်းတဲ့ ရာသီဥတုနဲ့ ရှုခင်းလှလှတွေ လိုမျိုး ကောင်းတဲ့ အတွေးလေးတွေ တွေးပေးပါ။ အလုပ်နဲ့ ငွေလိုမျိုး စိတ်ဖိစီးစေတဲ့ အရာတွေကို အာရုံမထားပဲ နေပေးပါ။

    ကိုယ်လက်အားကစားလုပ်ပါ။

    ကိုယ်လက်အားကစားတွေကတော့ ကျန်းမာရေးအတွက် အမြဲ အကျိုးရှိပါတယ်။ ကိုယ်လက်လှုပ်ရှားလုပ်နေတဲ့အခါက ခန္ဓါကိုယ်က အန်ဒေါ်ဖင် လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်ပေးပါတယ်။ အဲဒီဟော်မုန်းက သင့်ကို နေလို့ထိုင်လို့ ကောင်းစေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက နှလုံးကြွက်သားတွေကို အားကောင်းစေပါတယ်၊ သွေးတိုးကျစေပါတယ်၊ ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်မှာ ထိန်းထားပေးပါလိမ့်မယ်။ လမ်လျောက်၊ ရေကူး နဲ့ စက်ဘီး စီးတာမျိုးတွေကို ကြိုးစားကြည့်နိုင်ပါတယ်။

    အကျင့်ဆိုးတွေ ဖျောက်ပါ။

    သင်ဆေးလိပ် ဒါမှမဟုတ် အရက်တွေ အရမ်းသောက်နေတယ်ဆိုရင် ဖြတ်ပစ်လိုက်ပါ။ အဲဒီ အကျင့်ဆိုးတွေက သင့်ကို နှလုံးသွေးကြောပိတ်တာနဲ့ လေဖြတ်တာတွေ ဖြစ်စေတတ်ပါတယ်။

    ကျန်းမာစွာ စားသောက်ပါ။

    ကောင်းမွန်တဲ့ အစာစားသောက်ပုံစံက သင့်ကျန်းမာရေးကို အထောက်အကူပြုလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ ခန္ဓါကိုယ်ကော နှလုံးကပါ အားအင်ပြည့်ဝလာပါလိမ့်မယ်။ ဒါ့အပြင် ဓါတ်စာစားခြင်းက သွေးတိုးကျစေပြီး သွေးထဲရှိ ကိုလက်စ်ထရောကို နည်းစေပါတယ်။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ ပိုစားပါ။ ကြက်ကြော်နဲ့ ပီဇာလို အဟာရ မပြည့်ဝတဲ့ အစားစာတွေကို ရှောင်ပေးပါ။

    စိတ်ဖိစီးမှုလျော့စေတဲ့ ကိုယ်ပိုင်နည်းလမ်းတွေကို ရှာဖွေပါ။

    စိတ်ဖိစီးမှုလျော့ချပေးတဲ့ အခြားကျန်းမာသော နည်းလမ်းတွေ အများကြီးရှိပါတယ်။ အကြိုက်ဆုံးသီးချင်းတွေ နားထောင်နိုင်ပါတယ်။ အကြိုက်ဆုံးစာအုပ်တွေ ဖတ်နိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်နိုင်ပါတယ်။ သင်ဘာပဲရွေးရွေး သင်စိတ်ချမ်းသာစေမဲ့အရာဖြစ်ဖို့ အရေးကြီးပါတယ်။

    အချိန်ကြာကြာ စိတ်ဖိစီးမှုတွေကို သိမ်းစည်းထားမယ်ဆိုရင် နှလုံးနဲ့သွေးကြော ရောဂါတွေကို ဖြစ်စေပါလိမ့်မယ်။ တတ်နိုင်သမျှ စိတ်မဖိစီးအောင် နေပါ။ အရက်နဲ့ ဆေးလိပ်တွေပေါ်မှာ မမှီခိုပါနဲ့။ အကောင်းမြင်ပါ။ ကိုယ်လက်အားကစားလုပ်ပါ။ ကျန်းမာတဲ့အစားအစာတွေ စားပေးပါ။ အဲဒီနည်းတွေက ကူညီပေးနိုင်ပါလိမ့်မယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Phyo Wai Yan မှ ရေးသားသည်။ · 18/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement