နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးက ကောင်းမွန်တဲ့ သွေးစီးဆင်းမှုနဲ့ သွေးဖြန့်ဖြူးမှုကို ထိန်းသိမ်းဖို့အတွက် အဓိက တာဝန်ယူထားတာပါ။ ပုံမှန်အားဖြင့်ကတော့ အဆိုပါသွေးလည်ပတ်မှု သွေးပို့ဆောင်မှုတွေ အဟန့်အတားဖြစ်တာ၊ ထိခိုက်တာတွေက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီတော့ နှလုံး ကျန်းမာစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ။ နှလုံးကျန်းမာရေး ကောင်းအောင် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာနဲ့ နှလုံး နဲ့ နှလုံးသွေးတွေ ကျန်းမာအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဒီကဏ္ဍမှာ ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

နှလုံးနှင့်သွေးကြော ကျန်းမာရေး

နှလုံးသွေးကြောကျဉ်းနေသူတွေ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ!

ပြောင်းလဲလာတဲ့ နေထိုင် စားသောက်မှုပုံစံတွေကြောင့် အခုနောက်ပိုင်းမှာ နှလုံးသွေးကြောကျဉ်းတဲ့သူတွေ တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။ ဒီတစ်ခေါက်တော့ နှလုံးသွေးကြောကျဉ်းနေသူတွေ အနေနဲ့ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ! ဆိုတာကို ပြောပြပေးသွားပါမယ်။ နှလုံးသွေးကြော ကျဉ်းတယ် ဆိုတာ နှလုံးသွေးကြောကျဉ်းတယ်ဆိုတာက သွေးကြောထဲမှာ ကိုလက်စထရောတွေ၊ အဆီတွေ စုပုံလာပြီး ဒီအနယ်အနှစ်တွေကြောင့် သွေးကြောတွေ ကျဉ်းလာတာပါ။ ကြာလာတဲ့အခါ သွေးကြောတွေပါ မာလာပါတယ်။ ဒါကြောင့် သွေးစီးဆင်းမှုတွေကို အနှောင့်အယှက် ဖြစ်စေပြီး နှလုံး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းစေသလို ရုတ်တရက် နှလုံးရပ်တာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။  နှလုံးသွေးကြောကျဉ်းတယ် ဆိုတာက အဖြစ်များတဲ့ နှလုံးရောဂါ တစ်မျိုးပါ။ နှလုံးကို သွေးတွေ၊ အောက်ဆီဂျင်တွေ နဲ့ အာဟာရတွေကို ထောက်ပံ့ပေးနေတဲ့ နှလုံးရဲ့ သွေးကြောကြီးမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာပါ။ ဒီအခြေအနေက […]

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှလုံးနှင့်သွေးကြော ကျန်းမာရေး ကို ရှာဖွေမည်။

ကိုလက်စထရောလ်

နှလုံးကျန်းမာရေးအတွက်ကောင်းမွန်ပြီး အရသာရှိသော အစားအစာများ

သွေးတိုး၊ ကိုလက်စထရောများခြင်း၊(သို့) နှလုံးရောဂါရာဇဝင်ရှိသည့်လူနာများတွင် နှလုံးဖောက်ခြင်း နှင့် လေဖြတ်ရောဂါဖြစ်နိုင်ချေ များပါသည်။ သင့်အစားအစာကို အနည်းငယ်ပြောင်းလဲပေးခြင်းက ရောဂါဖြစ်နှုန်းကို လျှော့ချပေးနိုင်သည်။ ထို့ကြောင့် သင့်နှလုံးအတွက်ကောင်းမွန်သော အစားအစာများကို ရွေးချယ်ပေးသင့်သည်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံနှင့် အစေ့အဆန်များ ကျန်းမာသောနှလုံးအတွက် အာဟာရတွင် ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်များများပါသင့်သည်။ ဤ အစားအစာများသည် အမျှင်ဓါတ်ပါဝင်သောကြောင့် မကောင်းသော “LDL” ကိုလက်စထရောကို လျှော့ချပေးနိုင်သည်။ အာဟာရပညာရှင်အများစုက သင်သည် တစ်နေ့လျှင် အနည်းဆုံး အစေ့အဆံ ၁ အောင်စ ၃ကြိမ်စာ နှင့် သစ်သီး၊ ဟင်းသီးဟင်းရွက် ၅ခွက် စားပေးသင့်သည်ဟု အကြံပြုကြသည်။ ထို့ပြင်သင်သည် ပဲသီးတောင့်၊ ပဲအမျိုးမျိုး(ပဲနီကလေးကဲ့သို့)၊ အစေ့များ၊ အခွံမာသီးများ ပို၍စားသင့်သည်။ တစ်ပတ်လျှင် သင့်ဦးတည်ချက်သည် အခွံမာသီး၊ အစေ့အဆံ(သို့) ပဲအမည်းအပါအဝင် ပဲအမျိုးမျိုး၊ ကုလားပဲ၊ ပဲနီကလေးများကို ၄ကြိမ်အထိ စားပေးသင့်သည်။   ပို၍ကျန်းမာစေသောအဆီများ ပို၍ကျန်းမာစေသောအဆီများက […]


နှလုံးရောဂါ

နှလုံးအစားထိုးကုသခြင်း။ သင်သိသင့်သော အသေးစိတ်အချက်အလက်များ။

နှလုံးအစားထိုးခြင်းဆိုသည်မှာ ခွဲစိတ်ဆရာဝန်များမှ ရောဂါဖြစ်သည့်နှလုံးကိုဖယ်ကာ ကိုယ်တွင်းအင်္ဂါလှူဒါန်းသူဆီမှ ကျန်းမာသော နှလုံးနှင့် အစားထိုးသည့် နည်းလမ်းတစ်ခုဖြစ်သည်။ အရေးကြီးသည်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ၂ယောက်နှင့် အထက်မှ ကိုယ်တွင်းအင်္ဂါလှူဒါန်းသူသည် ဦးနှောက်သေဆုံးပြီဟု တရားဝင်ကြေညာပြီးမှသာ နှလုံးကို ဖယ်ရှားရမည်ကိုသိထားရမည်။   ဘာကြောင့်ကျွန်ုပ် နှလုံးအစားထိုးဖို့လိုအပ်တာလဲ။ သင့်နှလုံး အလုပ်မလုပ်လျှင်(သို့) အခြားကုသမှုများမထိရောက်လျှင် ဆရာဝန်မှ နှလုံးအစားထိုးခြင်းကိုထောက်ခံပေးနိုင်ပါသည်။ နောက်ဆုံးအဆင့် နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း (heart failure) သည် နှလုံးကြွက်သားမှ ခန္ဓါကိုယ် တစ်လျှောက်ကို သွေးမညှစ်ပေးနိုင်ခြင်းဖြစ်သည်။ ဤအဆင့်တွင် အခြားကုသမှုများ အလုပ်မလုပ်တော့ဟု ဆိုလိုခြင်းမဟုတ်ပါ။ နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း၏ အကြောင်းရင်းများ နှလုံးစွမ်းဆောင်ရည်ကျဆင်း (heart failure) စေသော အကြောင်းရင်းများတွင် နှလုံးကြွက်သားကို ဗိုင်းရပ်စ် ပိုးဝင်ခြင်း၊ နှလုံးဖောက်ခြင်းတို့ ပါဝင်သည်။ နှလုံးရောဂါဖြစ်သည့် သွေးတိုးခြင်း၊ နှလုံးအဆို့ရှင်ရောဂါ၊ မွေးရာပါနှလုံးချို့ယွင်းခြင်းနှင့် နှလုံးခုန်မမှန်ခြင်းတို့က ဤအခြေအနေကိုဖြစ်စေသည်။ နှလုံးရောဂါမဟုတ်ဘဲ အခြားအကြောင်းများမှာ အဆုတ်တွင်သွေးပေါင်ချိန်များခြင်း(pulmonary hypertension)၊ အရက်သောက်ခြင်း(သို့) ဆေးစွဲခြင်း၊ […]


နှလုံးရောဂါ

အရက်နှင့် သင့် နှလုံးကျန်းမာရေး

အရက်နှင့် သင့်ကျန်းမာရေး သင်ဟာ သင့်ဆရာဝန်ကို နှလုံးရောဂါကာကွယ်မှု အကြောင်းမေးရင် တိကျပြတ်သားတဲ့ အကြံပြုချက်တွေ ကြားရပါလိမ့်မယ်။ ပြည့်ဝဆီ ပုံပြောင်းဆီတွေ မကောင်းတာ၊ ဆေးလိပ်သောက်ခြင်းဟာ မကောင်းတာ၊ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အကောင်းဆုံးဆိုတာတွေ ကြားရပါမယ်။ ဒါပေမယ့် ဆရာဝန်တယောက်ကို အရက်အကြောင်းနဲ့ နှလုံးအကြောင်းမေးရင် လွယ်ကူတဲ့အဖြေတွေ ထွက်မလာပါဘူး။ ဘယ်လိုအသုံးချတယ်ဆိုတာ မူတည်ပြိးတော့ အရက်ဟာ နှလုံးကို ကာကွယ်နိုင်သလို ဖျက်ဆီးနိုင်တာလည်း ရှိပါတယ်။ ဒါကြောင့် သင်အရက်ကို ကြိုက်တယ်ဆိုရင် သင့်ဘဝမှာ ကျန်းမာရေးအတွက်ကောင်းအောင် ဘယ်လိုသောက်မလဲဆိုတာနဲ့ ဘယ်လိုသောက်ရင်တော့ အသက်အန္တရယ်ရှိနိုင်လဲဆိုတာ လေ့လာသွားဖို့လိုပါတယ်။ အရက်အလွန်သောက်ခြင်းဟာ နှလုံးကို ဘယ်လိုထိခိုက်နိုင်လဲ စသောက်သူတွေ များများသောက်ခြင်းဟာ (တနေ့နှစ်ကြိမ်ခန့်) သွေးတိုးစေပါတယ်။ ဥပမာ- သင်ဟာ တနေ့ကို ဘီယာခြောက်ခွက်၊ ဝီစကီတပိုင့်၊ ဝိုင်ပုလင်းတဝက် စတာတွေကို ၁၀ နှစ်လောက် နေ့စဉ်သောက်သွားရင် သင့်ရဲ့နှလုံးကို သေချာပေါက် ပျက်စီးစေနိုင်ပါတယ်။ ရလာဒ်အနေနဲ့ […]


သွေးတိုးရောဂါ

သင့်မှာ သွေးတိုးရှိနေရင် သင့်ကိုယ်သင် ဘယ်လိုဂရုစိုက်ရမလဲ

သင့်မှာ သွေးတိုးရှိနေရင်သင့်ကိုယ်သင်ဘယ်လိုဂရုစိုက်ရမလဲ။ သင့်ရဲ့သွေးပေါင်ချိန်ကိုထိန်းဖို့နည်းလမ်း ၈ သွယ်ရှိပါတယ်။ ဆားလျှော့စားပြီးကျန်းမာရေးနဲ့သင့်တော်တဲ့စားသောက်မှုပုံစံပြောင်းပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ ကိုယ်အလေးချိန်ကိုပုံမှန်ထိန်းထားပါ။ စိတ်ဖိစီးမှုမဖြစ်အောင်အတတ်နိုင်ဆုံးရှောင်ပါ။ ဆေးရွက်ကြီးမသောက်ပါနဲ့။ ဆေးမှန်မှန်သောက်ပါ။ အရက်ကိုလျှော့သောက်ပါ။ ရေနွေးကန်ထဲမှာစိမ်ခြင်းသည် စိတ်ချရပါသည်။ နေထိုင်မှုပုံစံတိုးတက်ပြောင်းလဲဖို့ကလည်းအရေးကြီးပါတယ်။ ဒါကသင့်ရဲ့သွေးတိုးကိုဆေးသောက်စရာမလိုဘဲကျစေပါတယ်။ နေထိုင်မှုပုံစံပြောင်းလဲခြင်းက သွေးတိုးကိုကြိုတင်ကာကွယ်ဖို့အတွက်အရေးကြီးသလိုထိန်းချုပ်ဖို့အတွက်လည်းအရေးပါပါတယ်။ ဒါကို နေထိုင်မှုစနစ်ကုသနည်းလို့စိတ်ထဲကမှတ်ယူပြီးစိတ်အားထက်သန်စွာလိုက်နာပါ။ တကယ်လိုသင့်မှာသွေးတိုးရှိနေပြီဆိုရင် (သို့) သွေးတိုးဖြစ်ပွားဖြစ်နိုင်ချေမြင့်စေသောအရာအချို့ရှိနေလို့သွေးတိုးဖြစ်မှာစိုးရိမ်တယ်ဆိုရင် သင်သိထားရမှာတစ်ခုက သွေးတိုးဟာကုသမရပေမယ့်ထိန်း ချုပ်လို့ရတယ်ဆိုတာပါပဲ။ ကျန်းမာတဲ့ နေထိုင်မှုပုံစံကိုသင်ပြောင်းလဲလိုက်တဲ့အခါသင်ဟာ သွေးတိုးကျလာမယ်။ သွေးတိုးမဖြစ်အောင်ကာကွယ်နိုင်မယ်။ သင့်ရဲ့ သွေးကျဆေးအာနိသင်တွေကိုပိုပြီးထိရောက်စေမယ်။ နှလုံး၊ကျောက်ကပ်နဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်နိုင်ချေနည်းလာမယ်။ သင်ဘယ်လိုလုပ်ရမလဲဆိုတော့ သွေးတိုးရှိနေတဲ့သူတွေရဲ့၂၀ရာခိုင်နှုန်းကသူတို့သွေးတိုးရှိနေမှန်းမသိကြပါဘူး။ ဒီလက္ခဏာမပြတဲ့သွေးတိုးကသူတို့ကိုနောက်ပိုင်းဆိုးရွားတဲ့ကျန်းမာရေးပြသနာတွေနဲ့ကြုံလာစေနိုင်ပါတယ်။ သင်ကအဲဒီထဲကတစ်ယောက်လား။ သင့်မှာသွေးတိုးရှိမရှိမသိဘူးဆိုရင်တော့ဆရာဝန်ဆီမှာသွားရောက်စမ်းသပ်စစ်ဆေးပါ။ သင့်ကုသမှုတွေပိုမိုထိရောက်ဖို့သင်လုပ်သင့်တာလုပ်ပါ သွေးတိုးမှာကျန်းမာရေးနဲ့သင့်တော်တဲ့နှုန်းဆိုတာမရှိပါဘူး။ ဒီရောဂါနဲ့ပတ်သက်ပြီး ပေါ့ပေါ့မတွေးပါနဲ့။ သင့်ရဲ့ဆရာဝန်နဲ့ကုသနည်းတွေကိုဆွေးနွေးပြီး သွေးတိုးကိုထိန်းချုပ်ဖို့သင်လုပ်ရမယ့်အပိုင်းတွေကိုလည်း သေချာလုပ်ပါ။ သင့်ဘဝကိုပြောင်းလဲပြီး သွေးတိုးဖြစ်ပွားနိုင်ခြေမြင့်စေတဲ့အရာတွေကိုလျှော့ချပါ။ တကယ်လို့သင့်သွေးပေါင်ချိန်ကပုံမှန်ဆိုရင်တောင်(အပေါ်သွေး 120 mmHg အောက်၊ အောက်သွေး 80mmHg အောက်) သွေးတိုးဖြစ်မလာအောင်ကာကွယ်ရပါမယ်။ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းကကျန်းမာတဲ့ဘဝကိုရစေနိုင်ပါတယ်။ နားနေချိန်တိုင်းသော သွေးပေါင်ချိန်သည် သွေးတိုးအကြိုအဆင့် (အပေါ်သွေး 120 နဲ့ […]


သွေးတိုးရောဂါ

သွေးတိုးခြင်းနဲ့ ပတ်သက်ပြီး မှားယွင်းသောအယူအဆ ၅ ချက်

သွေးတိုးခြင်းနဲ့ ပတ်သက်ပြီး မှားယွင်းသောအယူအဆ ၅ ချက် သွေးတိုးခြင်းက တစ်ခါတစ်လေ ထိန်းညှိရခက်ပါတယ်။ သင်ကျန်းမာနေတယ်လို့ သင်ထင်နေပေမယ့် ဒီသွေးတိုးခြင်းက သင့်ရဲ့ခန္ဓါကိုယ်ကို ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ သွေးတိုးခြင်းက လက္ခဏာတွေ သိပ်ပြလေ့မရှိဘဲ တစ်ခါတစ်လေ နှစ်နဲ့ချီပြီး ရှိလို့ရှိမှန်း မသိပါဘူး။ တကယ်လို့ မကုသဘဲထားလိုက်မယ်ဆိုရင် လေဖြတ်ခြင်း နှလုံးရောဂါဖြစ်ခြင်း တို့ပါ ကြုံတွေ့လာနိုင်ပါတယ်။ တကယ်လို့ သင့်မှာသွေးတိုးရှိနေပြီဆိုရင် ဒီသွေးတိုးရောဂါအကြောင်းကို လေ့လာထားသင့်ပါတယ်။ အောက်မှာပြောပြသွားမှာက သွေးတိုးရောဂါနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ အယူအဆ ၅ ချက်ပါ။ မှားယွင်းတဲ့အယူအဆ (၁) - သွေးတိုးရောဂါက ရောဂါကြီးကြီးမားမားမဟုတ်ဘူး သင့်အထင်လုံးဝမှားပါလိမ့်မယ်။ သွေးတိုးရောဂါဟာ အသံတိတ်လူသတ်သမားလို့တောင် တင်စားရတဲ့ထိဆိုးရွားပါတယ်။ သွေးတိုးရောဂါဟာ သင့်ရဲ့သွေးကြောလေးတွေ၊ ကျောက်ကပ် နှလုံးအပြင် တခြားအစိတ်အပိုင်းတွေကိုပါ ပျက်စီးစေပါတယ်။ ပုံမှန်ဆို နှလုံးခုန်ခြင်းဖြင့် လူ့ကိုယ်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို သွေးကိုအသုံးပြုပြီး သွေးကြောလေးတွေကတစ်ဆင့် […]


သွေးတိုးရောဂါ

ဆားလျှော့စားဖို့အကြံပြုချက်(၅)ချက်

ဆားလျှော့စားဖို့အကြံပြုချက် (၅)ချက် ဆားလျှော့စားခြင်းကသင့်ရဲ့ သွေးတိုးကို လျော့စေပါတယ်။The American Heart Association ကလူတစ်ယောက်အနေနဲ့တစ်ရက်ကိုဆား၂၅၀၀မီလီဂရမ်ထက်ပိုမစားရသင့်ဘူးလို့ဆိုထားပါတယ်။ ဒါကလက်ဖက်ရည်ဇွန်းတစ်ဇွန်းရဲ့ပမာဏပဲရှိပါတယ်။ သွေးတိုးရှိနေတာပဲဖြစ်ဖြစ် သွေးတိုးဖြစ်နိုင်ခြေရှိနေတာပဲဖြစ်ဖြစ်ဆားကိုလျှော့စားတာအကောင်းဆုံးပါ။   ဒီအချက်တွေကိုလိုက်နာပြီးဆားလျှော့စားဖို့အကျင့်လုပ်ပါ။ (၁) သင်ရဲ့လက်ကဆားဘူးဆီရောက်ရောက်သွားတဲ့အကျင့်ကိုပြင်ပါ။ စားပွဲတင်ဆားက Sodium ၄၀% ပါဝင်ပါတယ်။ ဒါကြောင့်စားစရာတွေကိုဆားထပ်ထည့်တာမျိုးမလုပ်ပါနဲ့။ (၂) ဈေးဝယ်ထွက်တဲ့အခါမှာလည်း sodium ပါဝင်မှုနည်းတဲ့စားသောက်စရာတွေကို ရွေးဝယ်ပါ။ (၃) အသင့်စားအစားအစာတွေကိုစားတာလျှော့ပါ။ အသင့်ထုတ်ပိုးပြီးသားအသင့်စားစားစရာတွေကSodiumပါဝင်မှုအများဆုံးဖြစ်ပါတယ်။ ဒါကြောင့်စားစရာတွေကိုပြင်ဆင်တဲ့အခါဆားပါဝင်နှုန်းကိုထိန်းညှိပါ။ (၄) စားသောက်ဆိုင်တွေမှာလည်းဆားလျှော့ထည့်ဖို့ ပြောပါ။ (၅) တကယ်လို့သင်စားတဲ့စားသောက်ဆိုင်ကသူတို့ရဲ့စားစရာတွေမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကိုပြထားရင် Sodium ဘယ်လောက်ပါလဲစစ်ပါ။Sodium ပါဝင်မှုအနည်းဆုံးကို ရွေးစားပါ။


သွေးတိုးရောဂါ

ကျွန်တော် သွေးတိုး ဖြစ်နိုင်သလား

Prehypertension ဆိုတာဘာလဲ သွေးတိုးအကြိုအဆင့်မှာ သွေးတိုးတိုင်းတဲ့အခါအပေါ်သွေး (Systolic blood pressure) က၁၂၀ကနေ ၁၃၉ကြားမှာရှိနေမယ် ဒါမှမဟုတ် အောက်သွေး (Diastolic blood pressure) က ၈၀ကနေ ၈၉အထိရှိနေပါလိမ့်မယ်။ Prehypertension ဆိုတာကသင်သွေးတိုးဖြစ်လာနိုင်ခြေရှိတယ်လို့ သတိပေးတာပါ။ သွေးတိုးခြင်းက သင့်ကိုနှလုံးနဲ့ ပတ်သက်တဲ့ ရောဂါများ၊ လေဖြတ်ခြင်းနဲ့ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ သွေးတိုးခြင်းကို လုံးဝပျောက်အောင်ကုနိုင်တဲ့ဆေးမရှိသေးပါဘူး။ ဒါပေမယ့် အစားအသောက် နေထိုင်မှုနဲ့ ဆေးတွေကတော့ သက်သာအောင်ပြုလုပ်နိုင်ပါတယ်။ ဘယ်လိုလူတွေက သွေးတိုးရောဂါဖြစ်နိုင်သလဲ ပျှမ်းမျှတွက်ချက်မှုအရ အသက်၁၈နှစ်ပြည့်ပြီးသူတိုင်းရဲ့ တစ်ဝက်နီးပါးက Prehypertension (သွေးတိုးဖြစ်နိုင်ချေ) ဒါမှမဟုတ် Hypertension (သွေးတိုး) ရှိနေတာချည်းပါဘဲ။ အမေရိကန်နိုင်ငံရဲ့ Heart Association ရဲ့ပြောကြားချက်အရ အမေရိကန်မှာက လူဦးရေ ၅၉ သန်းက သွေးတိုးရှိနေပါတယ်။ သွေးတိုးရောဂါရှိနေတဲ့သူတွေက နှလုံးသွေးကြောကျဉ်းရောဂါကိုလည်း ဖြစ်နိုင်ချေများပါတယ်။ ကိုလက်စထရောများခြင်း၊ အဝလွန်ခြင်း၊ ဆီးချို […]


သွေးတိုးရောဂါ

သွေးတိုးရောဂါရဲ့တခြားသောကုသမှုများအကြောင်း

ေသွးတိုးရောဂါရဲ့တခြားသောကုသမှုများအကြောင်း သွေးတိုးရောဂါအတွက်သာမန်ဆေးသောက်တာအပြင်ဆေးဖက်ဝင်အပင်များကိုအသုံးပြုကုသခြင်းများအထောက်အကူပြုအားဆေးများကိုအသုံးပြုကုသခြင်းများအနာယူခြင်းအားဖြင့်ကုသခြင်းများစတဲ့တခြားသောကုသမှုများစွာရှိပါတယ်။ ဒီမှာတော့အဲဒီတခြားသောကုသနည်းတွေအကြောင်းအကြမ်းဖျင်းရှင်းပြသွားမှာပါ။   သွေးတိုးအတွက်တခြားသင့်တင့်လိုက်ဖက်သောကုသနည်းများ Complementary and alternative medicine (CAM) ဆိုတဲ့ကုသနည်းကပုံမှန်သမာရိုးကျ ဆေးနည်းကုသနည်းတွေကနေမတူဘဲခွဲထွက်နေတဲ့ကုသနည်းကိုရည်ညွှန်းတာဖြစ်ပါတယ်။ သမာရိုးကျ ဆေးနည်းတွေကုသနည်းတွေဆိုတာက ဆေးကျောင်းတွေမှာဆရာဝန်တွေသင်ခဲ့ရတာတွေကိုဆိုလိုတာဖြစ်ပါတယ်။ အောက်ဖော်ပြပါ CAM တွေကတော့ သွေးတိုးရောဂါကိုကုသရာမှာထိရောက်တယ်လို့ လေ့လာမှုတွေကဆိုထားပါတယ်။ CAM ကုသနည်းတွေကသွေးတိုးရောဂါကိုကာကွယ်ကုသပေးနိုင်ပေမယ့်သူတို့ကိုသမာရိုးကျကုသနည်းတွေနဲ့တွဲဖက်ပြီးအသုံးမပြုသင့်ပါဘူး။ ဒီ CAM ကုသနည်းတွေကိုအသုံးပြုဖို့သင့်ဆရာဝန်နဲ့တိုင်ပင်တာအကောင်းဆုံးပါ။   ဆေးဖက်ဝင်အပင်များဓါတ်စာများနှင့်အထောက်အကူပြုဆေးများ လေ့လာမှုတွေအရ အောက်ပါ အစားအစာတွေအားဆေးတွေကသွေးတိုးကိုထိန်းချုပ်နိုင်တယ်လို့ ပြောထားပါတယ်။ Omega – 3 Fatty Acids (ငါးကြီးဆီ) ဒီကျန်းမာရေးကိုအထောက်အကူပြုတဲ့ဆီတွေကိုငါး၊တချို့အစေ့အဆံတွေ၊အသီးအရွက်တွေနဲ့အားဆေးတွေမှာတွေ့နိုင်ပါတယ်။ သူတို့ကနှလုံးကျန်းမာရေးကိုအထောက်အကူပြုပါတယ်။ နှလုံးသွေးကြောကျဉ်းခြင်း၊နှလုံးခုန်နှုန်းမူမမှန်ခြင်းစတာတွေကိုကာကွယ်ပေးတဲအပြင်သွေးဖိအားကိုလည်း လျော့စေပါတယ်။ Coenzyme Q – 10 Coenzyme Q – 10 ကလူကိုယ်ကထုတ်လုပ်တဲ့အပြင်အားဆေးတွေမှာလည်း တွေ့နိုင်ပါတယ်။ သူကဆဲလ်လေးတွေရဲ့လုပ်ငန်းစဉ်ကိုအထောက့်အပံ့ပေးပါတယ်။ လေ့လာမှုတချို့မှာ Coenzyme Q – 10 က သွေးတိုးကို လျှော့ချပေးတယ်လို့ဆိုထားပါတယ်။ ဒါ့ကြောင့်သူတို့ဟာCoenzyme Q – 10 ကိုပမာဏမှန်မှန်အသုံးပြုနိုင်ဖို့ လေ့လာမှုတွေဆက်လက်ပြုလုပ်နေပါတယ်။ ကြက်သွန်ဖြူ ကြက်သွန်ဖြူကတော့လူတိုင်းသိကြမှာပါ။ သူ့ကိုလည်းအားဆေးပုံစံနဲ့ […]


သွေးတိုးရောဂါ

သွေးတိုးရောဂါအတွက် ဘယ်လိုပုံစံစားသောက်ရမလဲဆိုတာ သင်သိပါသလား

စားသောက်မှုအလေ့အကျင့်ပုံစံသစ်ပြောင်းလဲခြင်းဥပမာ - ကယ်လိုရီရေတွက်ထားခြင်းနဲ့အစားအစာပမာဏကို စောင့်ကြည့်ထားခြင်းတို့ကသင့်ရဲ့ သွေးတိုးကိုလျော့စေပြီး သွေးတိုးအတွက် သောက်နေရတဲ့ ဆေးတွေကိုလည်း လျှော့ချပေးပါတယ်။ သင်စားသမျှကိုမှတ်ထားပါ။ တချို့လူတွေကသူတို့တစ်နေ့ကိုကယ်လိုရီဘယ်လောက်စားသောက်မိလဲဆိုတာကိုသတိမထားမိကြပါဘူး။ သူတို့ကသူတို့စားတာတွေကိုသဘောမပေါက်ဘဲကိုယ်အလေးချိန်ဘာလို့မကျလဲဆိုတာကိုပဲသိချင်နေကြပါတယ်။ သင်စားသမျှကိုပမာဏနဲ့တကွချရေးထားပါ။ အဲဒါကသင့်ကိုသင့်ဘယ်လောက်စားဖြစ်သလဲဆိုတာကို တိတိကျကျသိစေပါတယ်။ သင့်အနေနဲ့ နောက်ပိုင်းမှာကယ်လိုရီလျှော့တာပမာဏလျှော့စားတာတွေနဲ့ကိုယ်အလေးချိန်ကျအောင်လုပ်ပြီး သွေးတိုးကိုထိန်းချုပ်နိုင်ပါလိမ့်မယ်။ ဆား (ဆိုဒီယမ်) ကိုရှောင်ပါ။ ဆိုဒီယမ်ပါဝင်မှုများတဲ့အစားအစာတွေကလူတော်တော်များများမှာ သွေးတိုးတက်စေပါတယ်။ တကယ်တော့သင်ဆိုဒီယမ်စားတာနည်းလေသင့်သွေးတိုးကိုထိန်းချုပ်ရလွယ်လေပါပဲ။ သင့်ရဲ့အစားအသောက်တွေထဲမှာဆိုဒီယမ်ကို လျှော့ချနိုင်ဖို့အခုပြောပြသွားမယ့်အကြံပေးချက်တွေကိုစမ်းကြည့်ပါ။ သင်နေ့စဉ်စားတာတွေမှတ်ထားဖို့အစားအသောက် ဒိုင်ယာရီတစ်ခုလုပ်ထားပါ။ တစ်နေ့ကိုဆိုဒီယမ်၂၃၀၀ မီလီဂရမ် အောက်(လက်ဖက်ရည်ဇွန်းတစ်ဇွန်းလောက်)ပဲစားဖို့ရည်ရွယ်ထားပါ။ သင်စားမည့် အစားအသောက်တိုင်းရဲ့အာဟာရ အညွှန်းအချက်အလက်ကိုဖတ်ပါ။ ဆိုဒီယမ် ပမာဏ ၅ ရာခိုင်နှုန်းအောက် နည်းတဲ့အစားအသောက်ကိုသာ ရွေးချယ်ပါ။ ဆိုဒီယမ်ပမာဏ ၂၀ ရာခိုင်နှုန်းထက်ပိုပါတဲ့အစားအစာတွေကို ရှောင်ပါ။ စည်သွပ်ဘူး၊အသင့်လုပ်ပြီးသားအစာ၊အအေးခံအသားပြားတွေနဲ့အသင့်စားအစားအစာတွေကို ရှောင်ပါ။ ဆားမပါတဲ့ဟင်းခတ်မှုန့်တွေကိုသုံးပါ။ ဘာစားရမလဲဆိုတာသိထားပါ။ ပိုတက်ဆီယမ၊်မဂ္ဂနီဆီယမ်နဲ့အမျှင်ဓါတ်တို့ကသွေးတိုးကိုထိန်းချုပ်ပေးနိုင်ပါတယ်။ သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေကပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့အမျှင်ဓါတ်ကြွယ်ဝပြီးဆိုဒီယမ်ပါဝင်မှုနည်းပါတယ်။ အသီးနဲ့ဟင်းသီးဟင်းရွက်တွေကိုမှီဝဲပါ။ အသီးဖျော်ရည်တွေကအမျှင်ဓါတ်ဖယ်ထားတဲ့အတွက်သိပ်အကူအညီမပေးပါဘူး။ ဒါ့အပြင်အစေ့အဆံ၊ပဲမျိုးစုံ၊ အဆီပါဝင်မှုနည်းသောအသားများစတာတွေကလည်းမဂ္ဂနီဆီယမ် ဓါတ်ကြွယ်ဝတဲ့အစားအစာတွေဖြစ်ပါတယ်။ သဘာဝအလျောက်ပိုတက်ဆီယမ်မဂ္ဂနီဆီယမ် နဲ့အမျှင်ဓါတ်တွေရဲ့ပမာဏကိုတိုးချင်ရင်တော့ အောက်မှာဖော်ပြထားတာတွေကိုစားသုံးပါ။ ပန်းသီး တရုတ်ဇီးသီး ငှက်ပျောသီး သကြားမုန်လာ […]


သွေးတိုးရောဂါ

သင်ဆီးချိုနဲ့သွေးတိုးရောဂါအတွက် ဒီစားသောက်မှုစနစ် ၉ချက်ကိုသိပါသလား

ဆီးချိုရှိတဲ့လူသုံးယောက်မှာနှစ်ယောက်က သွေးတိုးရှိပါတယ်။ သင့်စားသောက်မှုပုံစံမှာကာဘွန်ဟိုက်ဒရိတ်(Carbohydrate)ပါဝင်မှု တွက်ချက်ခြင်း၊သကြားကိုကန့်သတ်စားခြင်း၊ဆားလျှော့စားခြင်းစတဲ့ဂရုတစိုက်ပြုလုပ်မှုတွေကအဓိကဖြစ်ပါတယ်။ သင့်အနေနဲ့ဆီးချို ၊သွေးတိုးရှိနေပေမယ့် အောက်ကအချက်တွေကိုဂရုစိုက်မယ်ဆိုရင်သင့်အနေနဲ့ ကောင်းကောင်းစားနိုင်မယ့်အပြင်သင့်ရောဂါကိုလည်းထိန်းညှိပြီးသားဖြစ်သွားမှာပါ။ ၁.ဆားအစားထိုး ကျန်းမာရေးနဲ့ညီညွတ်သောအရသာမှုန့်များသုံးပါ။ သင့်မှာ သွေးတိုးရှိနေပြီဆိုတည်းကသင်တစ်နေ့ကို ဆား(sodium)၁၅၀၀ မီလီဂရမ် ထက်ပိုမစားသင့်ပါဘူး။ လျှာကိုအလိုမလိုက်ပါနဲ့။ ဆားဘူးကိုလက်လှမ်းယူနေမယ့်အစားအစားအစာတွေကိုရှောက်သီးခွံမှုန့်၊ကြက်သွန်ဖြူ၊ Rosemaryရွက်၊ဂျင်း၊ငရုတ်ကောင်းဒါမှမဟုတ်ဇီယာမှုန့်စတာတွေနဲ့အမွှေးခတ်အရသာသွင်းပါ။ အိမ်မှာမိမိဘာသာချက်ခြင်းကပိုအဆင်ပြေပါတယ်။ သွေးတိုးကျနည်းဆိုတဲ့စာအုပ်ကိုရေးသောစာရေးဆရာ Janet Bond Brill က “သင်ဟာဆိုင်ကနေစားစရာတစ်ခုခုမှာစားပြီဆိုရင်သင့်ကိုယ်မှာ sodium ပါဝင်မှုများလာပြီ” လို့ဆိုထားပါတယ်။   ၂.အစားအစာများကိုနာရီပုံစံမှတ်ယူပါ။ မျှတတဲ့အစားအစာအသောက်အကျင့်ရဖို့က “သင့်ပန်းကန်ပြားကိုနာရီလိုပုံဖော်ပါ” လို့Baltimore မှာရှိတဲ့ Mercy Medical Center ကဆီးချိုဌာနကိုညွှန်ကြားတဲ့Amber L. Taylorကဆိုထားပါတယ်။ သင့်ပန်းကန်ပြားရဲ့တစ်စိတ်ကိုအသီးအရွက်တွေထည့်ပါ။ ကျန်တဲ့တစ်ဝက်ရဲ့တစ်ဝက်ကိုအသားဓါတ်ကြွယ်ဝတဲ့ငါး၊ပဲဒါမှမဟုတ်ကြက်သားကိုထည့်ပါ။ နောက်ဆုံးတစ်စိတ်ကိုတော့ဆန်ကဲ့သို့ သီးနှံအစေ့( whole grain) တွေကိုထည့်ပါ။ သင့်အနေနဲ့ကာဘွန်ဟိုက်ဒရိတ်ပါဝင်မှုနှုန်းကို ရေတွက်ဖို့လိုဦးမှာဖြစ်ပြီးsodium တွေအလွန်အကျွံမစားဖို့လည်းသတိပြုပါ။   ၃.Coffee ကိုလည်းချင့်ချိန်သောက်ပါ။ Coffee မှာပါတဲ့ကဖိန်းဓါတ်သင့်သွေးထဲကသကြားဓါတ်ကိုမြင့်တက်စေရုံသာမက သွေးတိုးလည်းတက်စေပါတယ်။ အာဟာရနဲ့ဆီးချိုအဖွဲ့အစည်းရဲ့ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Torey Jones Armul ကကဖိန်းဓါတ်ကိုတစ်ရက်၂၀၀ မီလီဂရမ် အထိပဲကန့်သတ်ထားဖို့ပြောပါတယ်။ ဒီပမာဏက ကော်ဖီ နှစ်ခွက်စာပမာဏပါ။   ၄.အစေ့အဆံနဲ့ဆန်ညိုကဲ့သို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း