စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စာဖတ်တာက ကောင်းကျိုးများသလား ...........

စိတ်တွေ အရမ်း ပင်ပန်းလာရင် ဖြစ်ဖြစ်၊ စိတ်ဖိစီးမှုတွေ များလာရင် ဖြစ်ဖြစ် စာဖတ် ပါလို့ ပြောတာကို ကြားဖူးကြမယ် ထင်ပါတယ်။ စိတ်အရမ်းညစ်နေချိန်မှာ တိတ်ဆိတ်တဲ့နေရာလေး တစ်ခုမှာ ထိုင်ပြီး စာဖတ်တာက စိတ်မွန်းကြပ်နေတာကို သက်သာစေတာတော့ အမှန်ပါ။ တကယ်ကတော့ စာဖတ်တာကစိတ်အပန်းပြေစေတယ်ဆိုတာထက် ပိုပါတယ်။ စာဖတ်တဲ့အခါ စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်သလို ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေနိုင်ပါတယ်။ စာဖတ်ရင်း ရရှိလာတဲ့ အကျိုးကျေးဇူးတွေက ခဏတာ မဟုတ်ဘဲ ဘဝတလျှောက်လုံးစာပါ အထောက်အကူပြုပေးနိုင်တာပါ။ ငယ်စဉ်ကတည်းက စာဖတ်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပေးတာက ဘေဘီလေးတွေကို ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေရုံတင် မဟုတ်ဘဲ အသက်အရွယ်ရလာတဲ့အထိ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ စာဖတ်တာက စိတ်အပန်းပြေစေတယ်ဆိုတာထက် ပိုပါတယ်။ စာဖတ်တာကစိတ်အပန်းပြေစေတယ်ဆိုတာထက် ပိုပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

တရားထိုင်ရင်း သီချင်း နားထောင်ပါ

တစ်နေ့တာမှာ ပုံသေ သတ်မှတ်ထားတဲ့ စံချိန်တွေထဲကနေ ရုန်းမထွက်ဘဲ နေထိုင်ရင်း စိတ်ညစ်ညူးနေပြီလား။ မနက် အိပ်ရာထ ပြီး သိပ်မကြာခင်မှာပဲ ပင်ပန်းလိုက်တာဆိုပြီး ခံစားမိနေပြီလား။ နေ့စဉ် လုပ်ဆောင်ရမယ့် တာဝန်တွေကို ဟန်ချက်ညီအောင် လုပ်ဆောင်ရင်း အားအင်တွေ ကုန်ခမ်းနေပြီလား..... ဒါဆိုရင် စိတ်အပန်းပြေစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ ပုံမှန် အခြေအနေကနေ အနည်းငယ် ကွဲထွက်နေတဲ့ အလေ့အထလေး တစ်ခုကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ စိတ်ဖိစီးမှုတွေကို ပြေပျောက်စေဖို့နဲ့ စိတ်တည်ငြိမ်စေဖို့အတွက် တရားထိုင်တဲ့အခါ သီချင်းနားထောင်ရင်း ထိုင်တာပါ။ တော်တော်များများကတော့ တရားထိုင်တဲ့အခါ အာရုံမရမှာစိုးလို့ဆိုပြီး တိတ်ဆိတ်နေတဲ့ အခြေအနေမှာ တရားထိုင်ဖို့ လုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် တရားထိုင်တဲ့အခါ ဆိတ်ငြိမ်နေတဲ့ အခြေအနေမှာ တရားထိုင်တာထက် သီချင်းလေး နားထောင်ရင်း တရားထိုင်တာက အကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။ ဘယ်လို အကျိုးကျေးဇူးတွေများလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ထိန်းချုပ်မရတဲ့ ဘဝပြဿနာ တွေကို ဘယ်လိုရင်ဆိုင်ကြမလဲ။

ဘဝပြဿနာ တိုင်းကို ရင်ဆိုင်နိုင်မယ်။ ဖြေရှင်းနိုင်မယ်လို့ တစ်သမတ်တည်း သတ်မှတ်ထားလို့ မရပါဘူး။ တချို့ကိစ္စတွေက ကိုယ်လုပ်လို့ ဖြစ်လာတာလည်းမဟုတ်သလို ကိုယ်တတ်နိုင်တာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် သူရဲ့ ဆိုးကျိုးတွေက ကိုယ့်ကို ရိုက်ခတ်လာတယ်။ ဒါနဲ့ ပတ်သက်ပြီးလည်း ဘာမှတုံ့ပြန်လို့ မရတဲ့အခါ အလိုလိုနေရင်း ဒေါသထွက်တာ၊ အားမလိုအားမရဖြစ်တာတွေ ရှိလာပါတယ်။ ဒီလိုမျိုးက ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာမှာ အများကြီး ထိခိုက်စေပါတယ်။ ကိုယ်တွင်းက ခွန်အားကို ကုန်ခမ်းစေပါတယ်။ အိပ်မပျော်တာ၊ စိတ်တိုစိတ်ဆတ်တာ၊ စိတ်လွတ်ကိုယ်လွတ်  ပေါက်ကွဲပစ်လိုက်ချင်တာ စတာတွေကို ခံစားရပါတယ်။ ဒါပေမယ့် ဒီလိုပေါက်ကွဲလို့လည်း မရတဲ့အခါကျတော့ ပိုပြီး ကျိတ်မနိုင် ခဲမရဖြစ်ပြီး တအုံနွေးနွေးနဲ့ ပိုခံစားလာရပါတယ်။ အထူးသဖြင့် လူငယ်တွေမှာပါ။ ရည်မှန်းချက်တွေ၊ အိမ်မက်တွေ အများကြီးရှိတဲ့အတွက် ငါတတ်နိုင်တာ ဒါအကုန်ပဲလား။ ငါက ဘာမှအသုံးမကျတဲ့သူပါလားဆိုပြီး ကိုယ့်ကိုယ်ကို […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

Negative emotions တွေကို ဘယ်လိုကိုင်တွယ်မလဲ။

Negative emotions ဆိုတာက မကောင်းတဲ့အတွေး၊ မကောင်းတဲ့ ခံစားချက်တွေကို ဆိုလိုတာပါ။ နေ့စဉ်ဘဝမှာ အမြဲပဲ ပျော်စရာတွေချည်းကြုံရမှာတော့ မဟုတ်ပါဘူး။ ဝမ်းနည်းစရာ၊ ဒေါသထွက်စရာတွေလည်း ရံဖန်ရံခါ ကြုံရနိုင်ပါတယ်။ဘယ်လိုကိစ္စရပ်တွေ ကြုံရလဲဆိုတာထက် ဘယ်လိုမျိုး တုံ့ပြန်သလဲဆိုတာက ပိုပြီး အရေးကြီးပါတယ်။ Negative emotions တွေဆိုတာ အကြမ်းအားဖြင့်တော့ Negative emotions ၈မျိုးရှိပါတယ်။ ဒါတွေကတော့ ဒေါသထွက်စရာ စိတ်အနှောင့်အယှက်ဖြစ်စရာ ကြောက်တာ စိုးရိမ်စိတ်များတာ ဝမ်းနည်းတာ အပြစ်တင်စိတ်ဖြစ်လာတာ စိတ်တက်ကြွမှု မရှိတာ စိတ်ပျက်စရာကောင်းတာ စတာတွေပဲ ဖြစ်ပါတယ်။ ဒါ့ပြင် Negative emotions တွေက ဆတိုးပွားတတ်ပါတယ်။ ဥပမာ တစ်ယောက်ယောက်နဲ့ ပတ်သက်ပြီး ဒေါသထွက်စရာကို တွေးလိုက်မိပြီဆိုရင် အရင်က သူကောင်းခဲ့တာတွေကိုတောင် မမြင်နိုင်တော့ဘဲ ဆက်တိုက် အဆိုးမြင်စိတ်ပဲ ပေါ်လာပါတော့တယ်။ ဒီလိုပဲ တစ်ခုခုကို စိုးရိမ်နေပြီဆိုရင်  […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ကိုယ်ဝန်ဆောင်ရမှာ ကြောက်တဲ့ စိတ်ရောဂါ

'သမီးက ယောကျာ်းပဲလိုချင်တာ၊ ကိုယ်ဝန်တော့ မဆောင်ချင်ဘူး' လို့ပြောရင် လှောင်ကြပေမယ့် ဒီအဖြစ်အပျက်က တကယ်ရှိပါတယ်။ ကိုယ်ဝန်ဆောင်ရတာ၊ ကလေးတစ်ယောက်ကို ပြုစုရတာက လွယ်တာမဟုတ်တဲ့အတွက် တချို့ကလည်း အိမ်ထောင်ပြုပေမယ့် ကလေးမယူကြတာတွေ ရှိပါတယ်။ ခုပြောမှာက ဒီလို လူမှုရေး အကြောင်းအရာတွေကြောင့် မဟုတ်ဘဲ ကိုယ်ဝန်ဆောင်ရမှာ ၊ ကလေးမွေးရမှာကို ကြောက်တဲ့ ပြဿနာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ရမှာ ကြောက်တဲ့ စိတ်ရောဂါ ဆေးပညာမှာတော့ ဒါကို Tokophobia လို့ ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်ရမှာကို ကြောက်လွန်းတဲ့အတွက် ကလေးမမွေးချင်တာပါ။ အမျိုးသမီးတိုင်းက ကိုယ်ဝန်ဆောင်ရမှာကို အနည်းနဲ့ အများကြောက်တတ်ကျပေမယ့် သူတို့ကတော့ ထူးခြားပါတယ်။ ကြောက်စိတ်လွန်ကဲတာကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေပါ ပေါ်လာပါတယ်။ ကိုယ်ဝန်ဆောင်ရမှာ ဘာလို့ ကြောက်တာလဲ။ ကြောက်တာက ၂မျိုး ရှိပါတယ်။ Primary tokophobia ဆိုတာက ကလေးတစ်ခါမှ မမွေးဖူးတဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

နတ်ပူး နဂါးပူး တကယ်ရှိသလား

နတ်ပွဲတွေမှာ နတ်ပူး ပြီး ထကကြ၊ နဂါးတွေ ဝင်ပူးကြတယ်ဆိုတာ ခုလို သိပ္ပံပညာထွန်းကားတဲ့ ခေတ်မှာတော့ ယုံဖို့ ခက်ပါတယ်။ လောကီနယ်လွန် ကိစ္စရပ်တွေကိုတော့ မပြောလိုပေမယ့် ဒီလိုအဖြစ်အပျက်တွေကို သိပ္ပံနည်းကျ၊ ဆေးပညာအရ ရှင်းပြထားတာတွေတော့ ရှိပါတယ်။ နတ်ပူး သလား ရူးသလား။ နတ်ပွဲတွေမှာ အကောင်းကြီးတွေကနေ အစုလိုက် ထကကြ၊ နဂါးဝင်ပူးတယ်ဆိုပြီး မြေကြီးမှာ တွန့်လိမ်ကြ (ရေပါ ဖြန်းပေးရသေး) ဒီလိုမျိုး ထူးဆန်းတဲ့ ဖြစ်ရပ်တွေက မြန်မာနိုင်ငံမှာပဲ ရှိတာ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း ရှိပါတယ်။ ဒါကို လေ့လာကြည့်လိုက်တဲ့အခါ Mass Hysteriaဆိုတာကို တွေ့ရှိခဲ့ပါတယ်။ Mass Hysteriaကို နောက်တစ်မျိုး Collective obsessional behavior လို့လည်း ခေါ်ပါတယ်။ ဆိုလိုတာက လူအစုလိုက် အပြုံလိုက်က ထူးဆန်းတဲ့ အပြုအမူတွေကို လုပ်ကြတာပေါ့။ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ဆိုတာ

Relationships လူတစ်ဦးနဲ့ တစ်ဦးကြားမှာ ရှိတဲ့ ဆက်ဆံရေး  (Relationship) ကို ပါဝင်ပတ်သက်နေသူတွေ နဲ့ အမျိုးမျိုးသော အကြောင်းအရာတွေအပေါ် မူတည်ပြီး အမျိုးမျိုး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ Relationship​တွေက ကျန်းမာတဲ့ ဘဝနေထိုင်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ လေ့လာမှုတွေအရ လူမှုဆက်ဆံရေးတွေက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အပေါ်မှာပါ သက်ရောက်နေပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူတွေက ပိုမို ကျန်းမာကြသလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမူအကျင့်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူတွေက ပိုပြီး အသက်ရှည်ကြပါတယ်။ ဥပမာ ပြောပြရရင် ပျော်ရွှင်ပြီး စိတ်ချမ်းမြေ့စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူတွေက နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ခံစားရနိုင်ခြေ နည်းကြတယ်ဆိုတာပါ။ ဆက်ဆံရေးတိုင်းက ပျော်ရွှင်စရာ မကောင်းပါဘူး။ ဒီနေရာမှာ သတိထားရမှာ တစ်ခုက ဆက်ဆံရေးတိုင်းမှာ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ထွက်ပေါက်ပိတ်နေတဲ့ အခြေအနေကြောင့် လူတော်တော်များများမှာ ခံစားလာရတဲ့ Apathy

အရင်လိုမျိုး အချိန်တွေ ဘယ်တော့များမှ ပြန်ရပါ့မလဲ။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြော စားသောက်ကြရတာတွေ၊ အလုပ်တွေလုပ်ရတာ၊ သင်တန်းတွေ ကျောင်းတွေတက်ရတာ၊ ခရီးတွေ သွားရတာလိုမျိုး ပေါ့ပါးလွတ်လပ်မှုတွေကို ဘယ်တော့မှများ ပြန်ရပါ့မလဲဆိုတဲ့ အတွေးတွေက အခုလို ကာလမှာ လူတိုင်း လိုလိုရဲ့ ခေါင်းထဲမှာ တွေးမိနေမယ့် အရာပါ။ ဘဝရဲ့ အဆင်မပြေမှုတွေကြောင့် စိတ်ညစ်နေရသူတွေ၊ ကူရာကယ်ရာမဲ့တဲ့ ခံစားချက်တွေနဲ့အတူ ကိုယ့်ကိုယ်ကို ဆုံးရှုံးသွားရပြီလို့ ခံစားနေရသူတွေကလည်း အများသားပါ။ ဒီလို ဆုံးရှုံးမှုတွေနဲ့အတူ စိတ်ထဲမှာ ခံစားလာရတဲ့ စိတ်ကျန်းမာရေး ပြဿနာ တစ်ခု ရှိပါတယ်။ ဒါကတော့ Apathyလို့ ခေါ်တဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေအပေါ်မှာ စိတ်ဝင်စားနိုင်စွမ်း၊ လုပ်ဆောင်လိုစိတ်တွေ ကင်းမဲ့လာတာပါ။ ဒီတစ်ခေါက်တော့ လူတော်တော်များများမှာ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ ခံစားနေရတဲ့ စိတ်ကျန်းမာရေး ပြဿနာတစ်ရပ် Apathyအကြောင်းလေး ပြောပြပေးချင်ပါတယ်။ Apathy ဆိုတာ Apathyဆိုတာ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်အတက်အကျ ဆိုင်ရာ ရောဂါများ

ဒီနေ့ Mood မကောင်းဘူးလို့ ပြောတာ ကြားဖူးမှာပါ။ စိတ်ဆိုတာက ဒီလိုပါပဲ။ အမြဲတသမတ်တည်း မရှိနိုင်ပါဘူး။ တစ်ခါတလေ ပျော်တာမျိုး ရှိနိုင်သလို တစ်ခါတလေ စိတ်ကျနေတာမျိုး ရှိနေနိုင်ပါတယ်။ စိတ်အတက်အကျ ဖြစ်တတ်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် နေ့စဉ်ဘဝကို ထိခိုက်နိုင်လောက်တဲ့ စိတ်အတက်အကျမျိုး ဖြစ်နေရင်တော့ ဒါကို Mood disorder လို့ ခေါ်ပြီး စိတ်ရောဂါအဖြစ်သတ်မှတ်ပါတယ်။ စိတ်အတက်အကျ ရောဂါအမျိုးအစားများ အများစုသိကြတာက တက်လိုက်ကျလိုက် ဖြစ်နေတဲ့ Bipolarမျိုးပါ။ တကယ်က ဒီထက်မကများပါတယ်။ Major depression နေ့စဉ်လုပ်နေကျ အလုပ်တွေမှာ စိတ်ဝင်စားမှု မရှိတော့တာ၊ အမြဲလိုလို ဝမ်းနည်းပြီး စိတ်ဓာတ်ကျနေတာအပြင် တခြားစိတ်ကျတဲ့ လက္ခဏာတွေကို ၂ပတ်ထက် ပိုပြီး ခံစားနေရတာပဲ ဖြစ်ပါတယ်။ Cyclothymic disorder Bipolarလောက် မဆိုးတဲ့ စိတ်အတက်အကျ ရောဂါတစ်မျိုးပါ။ အနည်းဆုံး […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

အဖြစ်များတဲ့ အစိုးရိမ်လွန် ခြင်း ပြဿနာများ

ကိုယ်မနှစ်သက်တာတစ်ခုခုနဲ့ တွေ့တဲ့အခါ စိတ်ထဲမှာ စိုးရိမ်တာ၊ ကြောက်လန့်တာ ဖြစ်တတ်ပါတယ်။ ဒါက ကမ္ဘာဦး အစတည်းက လူသားတွေရဲ့ ကိုယ်ထဲမှာ အသက်ရှင်ဖို့အတွက် ထည့်ပေးထားတဲ့ စွမ်းရည်တစ်ခုပါ။ ဥပမာ ကျားနဲ့ တွေ့တဲ့အခါ ကြောက်စိတ်မဖြစ်ရင် ထွက်ပြေးဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ နက်ဖြန်စာမေးပွဲရှိတာကို စိုးရိမ်စိတ်မဝင်ရင်လည်း စာကျက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်ဆိုတာက ရှိသင့်ပါတယ်။ ဒါပေမယ့် ရှိသင့်တာထက် အစိုးရိမ်လွန် လာပြီဆိုရင်တော့ ဒါရောဂါတစ်ခုဖြစ်သွားပါပြီ။ အစိုးရိမ်လွန် နေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။ လူတိုင်း ကြောက်တတ်၊ စိုးရိမ်တတ်ပါတယ်။ ဒါက ပြဿနာ မဟုတ်ပါ။ ဒါပေမယ့် လိုတာထက် ပိုလာပြီဆိုရင်တော့ စိတ်ရောဂါလို့ သတ်မှတ်နိုင်ပါတယ်။ လိုတာထက်ပိုတယ်ဆိုတာက အခြေအနေတစ်ခုကို အလွန်အကျွံ တုံ့ပြန်တာ၊ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေဖြစ်တဲ့အထိ တုံ့ပြန်တာပဲ ဖြစ်ပါတယ်။ အင်တာဗျုးဖြေရမယ်ဆိုရင် လူတိုင်း […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)