ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး
Relationships လူတစ်ဦးနဲ့ တစ်ဦးကြားမှာ ရှိတဲ့ ဆက်ဆံရေး (Relationship) ကို ပါဝင်ပတ်သက်နေသူတွေ နဲ့ အမျိုးမျိုးသော အကြောင်းအရာတွေအပေါ် မူတည်ပြီး အမျိုးမျိုး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ Relationshipတွေက ကျန်းမာတဲ့ ဘဝနေထိုင်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ လေ့လာမှုတွေအရ လူမှုဆက်ဆံရေးတွေက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အပေါ်မှာပါ သက်ရောက်နေပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူတွေက ပိုမို ကျန်းမာကြသလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမူအကျင့်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူတွေက ပိုပြီး အသက်ရှည်ကြပါတယ်။ ဥပမာ ပြောပြရရင် ပျော်ရွှင်ပြီး စိတ်ချမ်းမြေ့စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူတွေက နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ခံစားရနိုင်ခြေ နည်းကြတယ်ဆိုတာပါ။ ဆက်ဆံရေးတိုင်းက ပျော်ရွှင်စရာ မကောင်းပါဘူး။ ဒီနေရာမှာ သတိထားရမှာ တစ်ခုက ဆက်ဆံရေးတိုင်းမှာ […]