backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

စိတ်အတက်အကျ ဆိုင်ရာ ရောဂါများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 29/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

စိတ်အတက်အကျ ဆိုင်ရာ ရောဂါများ

ဒီနေ့ Mood မကောင်းဘူးလို့ ပြောတာ ကြားဖူးမှာပါ။ စိတ်ဆိုတာက ဒီလိုပါပဲ။ အမြဲတသမတ်တည်း မရှိနိုင်ပါဘူး။ တစ်ခါတလေ ပျော်တာမျိုး ရှိနိုင်သလို တစ်ခါတလေ စိတ်ကျနေတာမျိုး ရှိနေနိုင်ပါတယ်။ စိတ်အတက်အကျ ဖြစ်တတ်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် နေ့စဉ်ဘဝကို ထိခိုက်နိုင်လောက်တဲ့ စိတ်အတက်အကျမျိုး ဖြစ်နေရင်တော့ ဒါကို Mood disorder လို့ ခေါ်ပြီး စိတ်ရောဂါအဖြစ်သတ်မှတ်ပါတယ်။

စိတ်အတက်အကျ ရောဂါအမျိုးအစားများ

အများစုသိကြတာက တက်လိုက်ကျလိုက် ဖြစ်နေတဲ့ Bipolarမျိုးပါ။ တကယ်က ဒီထက်မကများပါတယ်။

  • Major depression

နေ့စဉ်လုပ်နေကျ အလုပ်တွေမှာ စိတ်ဝင်စားမှု မရှိတော့တာ၊ အမြဲလိုလို ဝမ်းနည်းပြီး စိတ်ဓာတ်ကျနေတာအပြင် တခြားစိတ်ကျတဲ့ လက္ခဏာတွေကို ၂ပတ်ထက် ပိုပြီး ခံစားနေရတာပဲ ဖြစ်ပါတယ်။

Bipolarလောက် မဆိုးတဲ့ စိတ်အတက်အကျ ရောဂါတစ်မျိုးပါ။ အနည်းဆုံး ၂နှစ်လောက် ခံစားနေရတာ ဖြစ်ရပါမယ်။

  • Bipolar disorder

ဒါကတော့ လူအများ သိကြတဲ့ စိတ်အတက်အကျ ရောဂါပါ။ သူ့မှာ Iနဲ့ II ဆိုပြီး ၂ခုရှိပါတယ်။ Iက အတက်ဘက်ကို ပိုသွားပါတယ်။ II မှာတော့ Iလောက် မဆိုးတဲ့ အတက်လက္ခဏာကို တွေ့ရပါတယ်။ သူက အကျဘက်ပိုသွားပြီး Iလောက် မပြင်းထန်တာကို တွေ့ရပါတယ်။

  • တခြား စိတ်အတက်အကျရောဂါများ

-တခြားကတော့ ရောဂါအခံ (ဥပမာ ကင်ဆာ)ကြောင့် စိတ်ကျတာ

-ဆေးဝါးတွေ၊ မူးယစ်ဆေးတွေ၊ အရက်တွေကြောင့် စိတ်ကျတာ

ရာသီလာခါနီး စိတ်အတက်အကျဖြစ်တာ

ကလေးတွေမှာ အရွယ်နဲ့ မလိုက်အောင် စိတ်အတက်အကျဖြစ်တာ စတာတွေလည်း ရှိပါတယ်။

စိတ်အတက်အကျရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း

စိတ်အတက်အကျရောဂါအပါအဝင် စိတ်ရောဂါအများစုက တစ်ချက်တည်းကြောင့် ဖြစ်တာ မဟုတ်ပါဘူး။ အခြေခံအချက်ကတော့ ဦးနှောက်ထဲက ဓာတုပစ္စည်းတွေ မညီမျှလို့ ဖြစ်တာလို့ ပြောလို့ရပေမယ့် ဒီတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ ဘဝမှာ ကြုံရတဲ့ အတွေ့အကြုံတွေ၊ ပတ်ဝန်းကျင်အခြေအနေတွေကြောင့်လည်း ပါပါတယ်။ စိတ်အတက်အကျရောဂါတွေက မျိုးရိုးလိုက်တတ်တယ်လို့လည်း ဆိုကြပါတယ်။

ဘယ်သူတွေက စိတ်အတက်အကျရောဂါ ပိုဖြစ်နိုင်လဲ။

လူတိုင်းက ဝမ်းနည်းတာ၊ စိတ်ကျတာ ခံစားဖူးကြပါတယ်။ ဒါပေမယ့် စိတ်အတက်အကျရောဂါရှိတဲ့ သူတွေက ကျလည်း ကြမ်းကြမ်း၊ တက်လည်း ကြမ်းကြမ်းပါပဲ။ စိတ်အတက်အကျရောဂါ ဖြစ်နိုင်ခြေ များတဲ့သူတွေကတော့

  • မိဘတွေမှာ စိတ်အတက်အကျရောဂါရှိနေတာ – ဒါဆို သားသမီးတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။ အထူးသဖြင့် မိသားစုပြဿနာ၊ ပတ်ဝန်းကျင် အခြေအနေမကောင်းရင် ပိုဖြစ်နိုင်ပါတယ်။
  • ပတ်ဝန်းကျင် အခြေအနေ- မျိုးရိုး မရှိပေမယ့် ပတ်ဝန်းကျင်အခြေအနေတွေက စိတ်အတက်အကျဖြစ်အောင် တွန်းပို့နေတာမျိုး ရှိပါတယ်။ အလုပ်ကနေ ထုတ်ခံလိုက်ရတာ၊ ကွာရှင်းခံရတာ၊ ချစ်ခင်ရတဲ့သူနဲ့ သေကွဲရှင်ကွဲ ကွဲရတာ၊ ငွေရေးကြေးရေး ပြဿနာ စသဖြင့် ပြဿနာပေါင်းစုံက စိတ်အတက်အကျဖြစ်အောင် လှုံ့ဆော်ပေးနေပါတယ်။ ဒီလိုနဲ့ မကြာခဏ စိတ်ဓာတ်ကျ၊ စိတ်ညစ်ရာကနေ တကယ့် စိတ်ရောဂါဖြစ်သွားနိုင်ပါတယ်။
  • ကျား/မ- အမျိုးသမီးတွေက အမျိုးသားတွေထက် ၂ဆနီးပါး စိတ်အတက်အကျ ဖြစ်နိုင်ခြေ ရှိပါတယ်။ အထူးသဖြင့် ရာသီလာခါနီးရင် ပိုဆိုးပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့်လို့ ယူဆရပါတယ်။

စိတ်အတက်အကျ ရောဂါတွေရဲ့ လက္ခဏာတွေက

အသက်အရွယ်နဲ့ ဖြစ်တဲ့ အမျိုးအစားကို လိုက်ပြီး လက္ခဏာတွေက ကွာသွားနိုင်ပါတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့

  • ဆက်တိုက် ဝမ်းနည်းပြီး ခံစားချက်မဲ့နေတာ
  • မျှော်လင့်ချက် မဲ့သလို၊ ကူရာမဲ့နေသလို ခံစားရတာ
  • ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းလာတာ
  • ကိုယ့်ကိုယ်ကို အသုံးမဝင်ဘူးလို့ ခံစားရတာ
  • ကိုယ့်ကိုယ်ကို အပြစ်တင်လွန်းတာ
  • ကိုယ့်ကိုယ်ကို သတ်သေဖို့ စဉ်းစားတာ၊ သေသွားရင် ကောင်းမှာပဲလို့ တွေးတာ (ဒါအမြန်ကုသဖို့ လိုနေပြီဆိုတဲ့ အခြေအနေပါ)
  • နေ့စဉ် လုပ်တဲ့ အလုပ်တွေမှာ စိတ်ဝင်စားမှု မရှိတော့တာ
  • လူမှုဆက်ဆံရေးမှာ ကိုယ့်ရဲ့ စိတ်အခြေအနေကြောင့် ပြဿနာတွေ တက်လာတာ
  • အိပ်မပျော်တာ၊ အိပ်လွန်းတာ
  • စားသောက်တဲ့ ပုံစံပြောင်းလာတာ
  • အမြဲလိုလို နုံးနေတာ
  • အာရုံစူးစိုက်လို့ မရတာ
  • စိတ်တိုစိတ်ဆတ်လာတာ စတာတွေပဲ ဖြစ်ပါတယ်။

လူတိုင်းက ခုပြောတဲ့ အချက်တွေကို ခံစားဖူးပေမယ့် အများစုက ခဏပါပဲ။ အချိန်ကြာလာတာနဲ့အမျှ သက်သာလာပါတယ်။ စိတ်အတက်အကျရောဂါရှိသူတွေကတော့ ကြာလေ ဆိုးလေ ဖြစ်လာပါတယ်။

စိတ်အတက်အကျရောဂါက ကလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ သူတို့မှာကျတော့ ခုပြောတဲ့ လက္ခဏာတွေ တွေ့ချင်မှ တွေ့ရမှာပါ။ ကလေးတွေမှာ စိတ်ရောဂါတွေကို ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေအနေနဲ့ ပြတတ်ပါတယ်။ ဥပမာ အကြောင်းရင်း မရှိဘဲ ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ၊ နုံးတာ။ ဆေးတိုက်လိုက်ရင်လည်း မသက်သာတာမျိုးပါ။

စိတ်အတက်အကျရောဂါတွေကို ကုသလို့ ရပါသလား။

စိတ်အတက်အကျရောဂါတွေက ကုသလို့ ရပါတယ်။ စိတ်ရောဂါတွေကို ကုသတဲ့ အခါမှာ ဆေးဝါးအပြင် စိတ်ကုထုံးတွေလည်း လိုပါတယ်။ အသုံးများတဲ့ ကုသနည်းတွေကတော့

  • ဆေးဝါးတွေ- ဆေးဝါးတွေက လက္ခဏာတွေကို သက်သာစေဖို့ အတွက် သုံးပါတယ်။ စိတ်ကျရောဂါထိန်းဆေးတွေ၊ စိတ်ငြိမ်ဆေးတွေ ပေးလေ့ရှိပါတယ်။
  • စိတ်ကုထုံး– ကိုယ်မနှစ်သက်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဘယ်လိုမျိုး တုံ့ပြန်သင့်သလဲဆိုတာ ဆွေးနွေးပေးတာပါ။
  • ဦးနှောက်ကို လျှပ်စီးလှိုင်း ဖြတ်စီးစေပြီး ကုသတာ- ဒါက ဆေးဝါးရော၊ စိတ်ကုထုံးနဲ့ရော ကုလို့ မသက်သာတဲ့ အခြေအနေဆိုးတဲ့ လူနာတွေမှာ သုံးလေ့ရှိပါတယ်။

စိတ်အတက်အကျရောဂါတွေကို ကုသတဲ့ နေရာမှာ လူနာရဲ့ စိတ်အားထက်သန်မှု၊ မိသားစုဝင်တွေရဲ့ ပါဝင်ကူညီမှု၊ စိတ်ရှည်မှု စတာတွေ လိုအပ်ပါတယ်။ သေချာကုသမှု ခံယူမယ်ဆိုရင် စိတ်အတက်အကျလူနာတွေက သာမန်လူတွေလိုပဲ နေထိုင်သွားနိုင်ပါတယ်။

Takeaway

စိတ်အတက်အကျရောဂါ ခံစားနေရတယ်လို့ ယူဆတဲ့အခါ တတ်ကျွမ်းသူနဲ့ ကုသမှု ခံယူသင့်ပါတယ်။ အထူးသဖြင့် ကိုယ့်ကိုယ်ကို သတ်သေချင်စိတ် ပေါက်လာတဲ့အခါမျိုးမှာ အရေးပေါ် ကုသမှု ခံယူဖို့ သင့်ပါတယ်။ စိတ်ရောဂါတွေက ကုလို့မရတဲ့ ရောဂါတွေ မဟုတ်ပါဘူး။ သေချာကုသမယ်ဆိုရင် ပြန်လည် သက်သာလာပြီး သာမန်လူလို နေထိုင်သွားနိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 29/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement