backup og meta

တရားထိုင်ရင်း သီချင်း နားထောင်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တရားထိုင်ရင်း သီချင်း နားထောင်ပါ

    တစ်နေ့တာမှာ ပုံသေ သတ်မှတ်ထားတဲ့ စံချိန်တွေထဲကနေ ရုန်းမထွက်ဘဲ နေထိုင်ရင်း စိတ်ညစ်ညူးနေပြီလား။ မနက် အိပ်ရာထ ပြီး သိပ်မကြာခင်မှာပဲ ပင်ပန်းလိုက်တာဆိုပြီး ခံစားမိနေပြီလား။

    နေ့စဉ် လုပ်ဆောင်ရမယ့် တာဝန်တွေကို ဟန်ချက်ညီအောင် လုပ်ဆောင်ရင်း အားအင်တွေ ကုန်ခမ်းနေပြီလား….. ဒါဆိုရင် စိတ်အပန်းပြေစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ ပုံမှန် အခြေအနေကနေ အနည်းငယ် ကွဲထွက်နေတဲ့ အလေ့အထလေး တစ်ခုကို ပြောပြပေးချင်ပါတယ်။

    ဒါကတော့ စိတ်ဖိစီးမှုတွေကို ပြေပျောက်စေဖို့နဲ့ စိတ်တည်ငြိမ်စေဖို့အတွက် တရားထိုင်တဲ့အခါ သီချင်းနားထောင်ရင်း ထိုင်တာပါ။ တော်တော်များများကတော့ တရားထိုင်တဲ့အခါ အာရုံမရမှာစိုးလို့ဆိုပြီး တိတ်ဆိတ်နေတဲ့ အခြေအနေမှာ တရားထိုင်ဖို့ လုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် တရားထိုင်တဲ့အခါ ဆိတ်ငြိမ်နေတဲ့ အခြေအနေမှာ တရားထိုင်တာထက် သီချင်းလေး နားထောင်ရင်း တရားထိုင်တာက အကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။

    ဘယ်လို အကျိုးကျေးဇူးတွေများလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား ………

    တရားထိုင်ရင်း သီချင်း နားထောင်ပါ

    တရားထိုင်ရင်း သီချင်း အေးအေးလေးတွေကို နားထောင်ပေးပါ။ ဒီလို နားထောင်ပေးတာက စိတ်တည်ငြိမ်မှုကို ရရှိစေပြီး ပိုပြီး အေးချမ်းတဲ့ ပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးနိုင်သလို တရားထထိုင်တာကိုလည်း ပိုပြီး ထိရောက်စေပါတယ်။

    သီချင်းနားထောင်ရင်း တရားထိုင်တဲ့အခါ အခုလို အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

    တရားထိုင်ရင်း သီချင်း နားထောင်ပါ

    စိတ်ဖိစီးမှု ပြေလျော့စေတယ်

    တရားထိုင်ရင်း သီချင်း အေးအေးလေးတွေကို နားထောင်တဲ့အခါ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိုးရိမ်ပူပန်မှုတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။

    ပိုပြီး တရားထိုင်နိုင်စေတယ်

    တရားထိုင်တဲ့အခါ စိတ်ကို ပိုပြီး တည်ငြိမ်စေချင်တယ်ဆိုရင်တော့ သီချင်း ငြိမ့်ငြိမ့်လေးတွေကို နားထောင်ပေးပါ။ ဒီလို လုပ်ဆောင်ခြင်းက သိမြင်မှု စွမ်းရည်ကို ကောင်းမွန်စေနိုင်သလို တရားထိုင်တဲ့အချိန်မှာ အာရုံစူးစိုက်နိုင်စွမ်း ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    ခန္ဓာကိုယ်ကို ကျန်းမာစေတယ်

    တရားထိုင်ရင်း သီချင်း အေးအေးလေးတွေ နားထောင်က ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ နေထိုင်မကောင်း ဖြစ်တာ၊ စိတ်ထိခိုက်တဲ့အခါမျိုးမှာ သီချင်းနားထောင်ရင်း တရားထိုင်တာက စိတ်လက်ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူ ပေးနိုင်မှာပါ။

    အစား ကောင်းကောင်း စားစေနိုင်တယ်

    တရားထိုင်ရင်း သီချင်းနားထောင်ခြင်းရဲ့ အံ့အားသင့်စရာကောင်းတဲ့ ကျန်းမာရေး အကျိုးကျေးဇူး တစ်ရပ်က အစားစားတဲ့ အလေ့အထကို ကောင်းကောင်း ထိန်းချုပ်နိုင်စေပါတယ်။

    ဝိတ်တက်ချင်သူတွေအနေနဲ့ တရားထိုင်ရင်း သီချင်းနားထောင်မယ်ဆိုရင် အစားကောင်းကောင်း စားပြီး ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။

    ခံစားချက်တွေ သဟဇာတ ဖြစ်စေတယ်

    စိတ်ခံစားချက်တွေ သဟဇာတ ဖြစ်စေဖို့က အတော်လေး အရေးကြီးပါတယ်။ ပြဿနာ တစ်ရပ်ရပ်နဲ့ ကြုံတဲ့အခါ အကောင်းဆုံး ဖြေရှင်းနိုင်စေဖို့ဆိုရင် စိတ်ခံစားချက်တွေ သဟဇာတ ဖြစ်နေဖို့ အရေးကြီးပါတယ်။

    ဒါမှလည်း အခက်အခဲကို ကောင်းကောင်း ကျော်လွှားနိုင်မှာပါ။ ဒါဆိုရင်တော့ စိတ်ခံစားချက်တွေ သဟဇာတ ဖြစ်စေဖို့အတွက် သီချင်းနားထောင်ရင်း တရားထိုင်ပါ။

    စိတ်အား ထက်သန်စေတယ်

    လုပ်ငန်းဆောင်တာတွေကို အောင်မြင်စေဖို့အတွက် စိတ်အားထက်သန်စေဖို့ အရေးကြီးပါတယ်။ ဒီလို စိတ်အားထက်သန်မှုကို ရရှိစေပြီး ကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိစေဖို့ဆိုရင် သီချင်းနားထောင်ရင်း တရားထိုင်ဖို့ ပြောပါရစေ။

    ကဲ ……. တရားထိုင်ရင်း သီချင်း နားထောင်ပါ လို့ ပြောရတာက အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်လို့ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement