နည်းလမ်း (၅)
- ရေအေးအေး ၊ ရေနွေးနွေး ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ ဖျော်ရည်၊ သကြားလုံး စသဖြင့် အရသာကောင်းတဲ့ ပစ္စည်းတစ်ခုခုကို အာရုံပြုပြီး အရသာခံလိုက်ပါ။ ဒါလေးမှာ စီးမြောပြီးလိုက်ပါသွားလိုက်ပါ။
ခုပြောတဲ့ နည်းလမ်း (၅)ခုက ကိုယ့်ရဲ့ အာရုံ ၅ပါးကို အလုပ်ပေးတာပါ။ ပြင်ပအာရုံတွေကို ခဏပိတ်ပြီး ကိုယ်တွင်းမှာ ရှိနေတဲ့ သိ၊ မြင်၊ ကြား၊ နံ၊ အရသာ စတာတွေမှာ အာရုံစိုက်ပြီး စိတ်နဲ့ ကိုယ်နဲ့ ကပ်အောင် လုပ်လိုက်တာပဲ ဖြစ်ပါတယ်။
မရပါဘူး။ စိတ်က ပြဿနာ အကြောင်းပဲ တွေးနေမိတယ်ဆိုရင်
ဒါပေါ့။ အစိုးမရတဲ့ စိတ်က မကောင်းတာကိုပဲ တွေးချင်နေတာ သဘာဝပါ။ ဘဝမှာ ဘယ်လောက်ပဲ ပျော်စရာတွေရှိရှိ ဦးနှောက်က မကောင်းတာတွေကိုပဲ မှတ်ထားတတ်ပါတယ်။ အပေါ်က နည်းလမ်း (၅)ခုကို လုပ်နေရင်းနဲ့ ကိုယ့်ပြဿနာတွေကို ပြန်ပြီး တွေးမိနိုင်ပါတယ်။ ဥပမာ
-ငါက ဘာလို့ ဒီလောက် အသုံးမကျရတာလဲ။
-ဟိုကောင်က ငါ့ကို ဘာလို့ လာကြောသွားရတာလဲ။
-သူတစ်ခုခုဖြစ်အောင် ငါဘယ်လို ကြံစည်လိုက်ရင် ကောင်းမလဲ စသဖြင့် အတွေးပေါင်းစုံ ဝင်လာတတ်ပါတယ်။
မကောင်းတဲ့ အတွေးတွေက နောက်ထပ် မကောင်းတာတွေကို ဖိတ်ခေါ်တဲ့အတွက် ကိုယ့်ကိုယ်ကို (ဒါမှမဟုတ်) သူများကို ထိခိုက်အောင် လုပ်မယ့် အတွေးတွေပဲ ထွက်လာမှာပါ။ ဒီအတွေးတွေကို အတင်းဖျောက်ဖို့ မကြိုးစားပါနဲ့။ ငါမကောင်းတာတွေ တွေးနေမိပါလားဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်ဖို့ မကြိုးစားပါနဲ့။ ဒီအစား 3Rကို လိုက်နာပါ။
- အရင်ဆုံး ပေါ်လာတဲ့ အတွေးတွေကို အသိအမှတ်ပြု (Recognize) လိုက်ပါ။ စိတ်ညစ်ရင် ညစ်တယ်၊ ဒေါသထွက်ရင် ထွက်တယ်။
- ပြီးရင် (Record) မှတ်ထားလိုက်ပါ။ စိတ်ကလေး ညစ်နေတယ်။ စိတ်ကလေး ဒေါသထွက်နေတယ်။
- နောက်ဆုံးမှာတော့ လွှတ်ချ (Release) လိုက်ပါ။ မကောင်းတာတွေ တွေးနေပြီး ပင်ပန်းနေတဲ့ ကိုယ့်စိတ်လေးကို သနားပေးလိုက်ပါ။
စစချင်းတော့ လုပ်နိုင်မှာ မဟုတ်ပါဘူး။ နောက်ပိုင်း အလေ့အကျင့်ဖြစ်လာရင် လုပ်တတ်သွားပါလိမ့်မယ်။
တခြားနည်းလမ်းများ
စိတ်ကို ကိုင်တွယ်ရတာ သိပ်ခက်နေရင် နောက်ထပ်နည်းလမ်းတွေ ရှိပါသေးတယ်။
- ပြီးသွားလိမ့်မယ်လို့ တွေးထားလိုက်ပါ။ ဘာမှမတတ်နိုင်တဲ့ ကိစ္စတွေ၊ ကိုယ်လုပ်လို့ မရတဲ့ ကိစ္စတွေအတွက် အကောင်းဆုံးက အချိန်ပါ။ ဘဝက အမြဲတမ်း ကံဆိုးနေမှာ မဟုတ်ပါဘူး။ This too shall passပါ။
- အရှုံးမပေးပါနဲ့။ ကြိုးစားနေတဲ့သူအတွက် နည်းလမ်းဆိုတာ ရှိပါတယ်။ ကိုယ်မတတ်နိုင်တဲ့ ကိစ္စတွေကို အာရုံ မထားဘဲ ကိုယ်တတ်နိုင်တဲ့၊ ကိုယ်အပြည့်အဝအားထုတ်နိုင်တဲ့ ကိစ္စတွေကို အားစိုက်ပြီး လုပ်ပါ။ အနည်းဆုံးတော့ ဆက်လက်ရှင်သန်ပါ။
- ငိုချလိုက်ပါ။ ရင်ထဲမှာ ခံစားရတာတွေကို တစ်ယောက်တည်း ပြောချလိုက်ပါ။
- စာရေးချပါ။ ပြီးရင် စာကို မီးရှို့တာ၊ ဆုတ်ဖြဲတာ လုပ်ပစ်ပါ။ ပြဿနာတွေအတူ ပါသွားပြီလို့ တွေးလိုက်ပါ။
ဒါတွေ လုပ်လို့ ပြဿနာက ပြေလည်သွားမှာလားဆိုတော့ ဘယ်ပြေလည်ပါ့မလဲ။ ဒါဆို ကျိတ်ခံစားပြီး ကိုယ့်ကိုယ်အပြစ်တင်နေတာကရော ပြေလည်လို့လား။ မပြေလည်တာချင်း တူတူတော့ ကိုယ့်ကိုယ်ကို စိတ်ဒုက္ခမပေးပါနဲ့။ ဒီအစား မှန်ကန်တဲ့ ထွက်ပေါက်ကနေ ဆက်လက်ရှင်သန်သွားပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။