Relationships လူတစ်ဦးနဲ့ တစ်ဦးကြားမှာ ရှိတဲ့ ဆက်ဆံရေး (Relationship) ကို ပါဝင်ပတ်သက်နေသူတွေ နဲ့ အမျိုးမျိုးသော အကြောင်းအရာတွေအပေါ် မူတည်ပြီး အမျိုးမျိုး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win
Relationships လူတစ်ဦးနဲ့ တစ်ဦးကြားမှာ ရှိတဲ့ ဆက်ဆံရေး (Relationship) ကို ပါဝင်ပတ်သက်နေသူတွေ နဲ့ အမျိုးမျိုးသော အကြောင်းအရာတွေအပေါ် မူတည်ပြီး အမျိုးမျိုး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။
Relationshipတွေက ကျန်းမာတဲ့ ဘဝနေထိုင်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ လေ့လာမှုတွေအရ လူမှုဆက်ဆံရေးတွေက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အပေါ်မှာပါ သက်ရောက်နေပါတယ်။
ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူတွေက ပိုမို ကျန်းမာကြသလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမူအကျင့်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူတွေက ပိုပြီး အသက်ရှည်ကြပါတယ်။
ဥပမာ ပြောပြရရင် ပျော်ရွှင်ပြီး စိတ်ချမ်းမြေ့စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားသူတွေက နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ခံစားရနိုင်ခြေ နည်းကြတယ်ဆိုတာပါ။
ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ဆိုတာ ကိုယ်တိုင်မှာရော ကိုယ့်ရဲ့ အပေါင်းအဖော်မှာပါ အခုလိုမျိုး အင်္ဂါရပ်တွေ ပိုင်ဆိုင်ထားတာမျိုးကို ဆိုလိုတာပါ။
တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ပြဿနာတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးနိုင်ရပါတယ်။ တစ်ယောက်ရဲ့ ပြဿနာကို တစ်ယောက်က စိတ်ရှည်ရှည်နဲ့ နားထောင်ပေးနိုင်ရပါမယ်။
တစ်ဦးရဲ့ သဘောထား၊ ခံစားချက်တွေ၊ လိုအပ်ချက်တွေကို တစ်ဦးက လေးစားမှု ရှိရပါမယ်။ တစ်ဦးနဲ့ တစ်ဦး ကိုယ်ပိုင် လွတ်လပ်ခွင့်ပြု ထားတာမျိုးတွေ ရှိရပါမယ်။
တစ်ဦးက ပြောဆိုတဲ့ စကားတွေကို သက်သေပြဖို့ရယ် မတောင်းဆိုဘဲ ယုံကြည်ပေးနိုင်စွမ်း ရှိရပါမယ်။ အခြားသူတွေ ပြောတဲ့ စကားထက် ကိုယ့်ချစ်ခင်ရသူက ပြောတာကို ယုံကြည်မှု ပိုထားရပါမယ်။
တစ်ဦးနဲ့ တစ်ဦးကြားမှာ ထိမ်ချန်ထားတာမျိုး မရှိဘဲ ပွင့်လင်းရိုးသားမှု ရှိရပါမယ်။ ပုဂ္ဂိုလ်ရေး ကိစ္စ အချို့ကို ထိန်းသိမ်းထားဖို့ လိုတယ်ဆိုပေမယ့် အခြားအချက်တွေကိုတော့ ပေးသိရင်း ရိုးသားမှု ရှိတဲ့ ဆက်ဆံရေးကို ပျိုးထောင်ရပါမယ်။
တစ်ခုခုကို ဆုံးဖြတ်တိုင်း သူမို့ ငါမို့ရယ်ဆိုပြီး ကွဲပြားနေတာမျိုး မရှိရပါဘူး။ နှစ်ဦးစလုံးအတွက် တူညီတဲ့ စံနှုန်းတွေ ရှိရပါမယ်။ သာတူညီမျှ ရှိမှုကလည်း ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး ဖြစ်တော့မှာပေါ့။
လူတိုင်းမှာ ကိုယ်ပိုင်အချိန် ရှိဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ တစ်ယောက်တည်း ရှိဖို့ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ အတူရှိနေတဲ့ သီးသန့်အချိန်မျိုး ဖြစ်ဖြစ်ပါ။ ဒီလို သီးသန့်အချိန်အတွက် တစ်ဦးနဲ့တစ်ဦး နားလည်မှု ရှိရှိ ပေးနိုင်ထားမှလည်း ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး အင်္ဂါရပ်နဲ့ ပြည့်စုံမှာပါ။
တူနှစ်ကိုယ်ကြားက ဆက်ဆံရေးမှာလည်း နှစ်ဦးသဘောတူဖြစ်ရပါမယ်။ အဆင်မပြေတာမျိုး ရှိမယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီး တစ်ဦးနဲ့ တစ်ဦး သက်သောင့်သက်သာဖြစ်တဲ့ ဆက်ဆံရေးမျိုး ဖန်တီးနိုင်ရပါမယ်။
ဒီလိုမျိုး နားလည်မှုတွေ ပြည့်ဝစွာနဲ့ တည်ဆောက်ထားမှ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်မှာပါ။ ကဲ ….. ကိုယ်တိုင်လည်း ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားကြမယ်လို့ မျှော်လင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Htet Htet Zaw Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။