backup og meta

စာဖတ်တာက ကောင်းကျိုးများသလား ...........

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စာဖတ်တာက ကောင်းကျိုးများသလား ...........

    စိတ်တွေ အရမ်း ပင်ပန်းလာရင် ဖြစ်ဖြစ်၊ စိတ်ဖိစီးမှုတွေ များလာရင် ဖြစ်ဖြစ် စာဖတ် ပါလို့ ပြောတာကို ကြားဖူးကြမယ် ထင်ပါတယ်။ စိတ်အရမ်းညစ်နေချိန်မှာ တိတ်ဆိတ်တဲ့နေရာလေး တစ်ခုမှာ ထိုင်ပြီး စာဖတ်တာက စိတ်မွန်းကြပ်နေတာကို သက်သာစေတာတော့ အမှန်ပါ။

    တကယ်ကတော့ စာဖတ်တာကစိတ်အပန်းပြေစေတယ်ဆိုတာထက် ပိုပါတယ်။ စာဖတ်တဲ့အခါ စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်သလို ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေနိုင်ပါတယ်။ စာဖတ်ရင်း ရရှိလာတဲ့ အကျိုးကျေးဇူးတွေက ခဏတာ မဟုတ်ဘဲ ဘဝတလျှောက်လုံးစာပါ အထောက်အကူပြုပေးနိုင်တာပါ။

    ငယ်စဉ်ကတည်းက စာဖတ်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပေးတာက ဘေဘီလေးတွေကို ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေရုံတင် မဟုတ်ဘဲ အသက်အရွယ်ရလာတဲ့အထိ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    စာဖတ်တာက စိတ်အပန်းပြေစေတယ်ဆိုတာထက် ပိုပါတယ်။

    စာဖတ်တာက ကောင်းကျိုးများသလား ...........

    စာဖတ်တာကစိတ်အပန်းပြေစေတယ်ဆိုတာထက် ပိုပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား …….

    စာဖတ်တာက ဦးနှောက်ထဲက ဆက်သွယ်မှုကို ကောင်းစေတယ်

    စာဖတ်တာက ဦးနှောက်ထဲက မတူညီတဲ့ အစိတ်အပိုင်းတွေကြားမှာ ဆက်သွယ်မှု အသစ်တွေကို ရရှိစေပါတယ်။ ဘာသာစကား စွမ်းရည်ကို တိုးတက်ကောင်းမွန်စေနိုင်ပြီး ဦးနှောက်ကို အာရုံခံမှုကောင်းစေနိုင်ဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    ဦးနှောက်ထဲက ဆဲလ်တစ်ခုစီကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဦးနှောက်ဆဲလ်တွေကို ချိတ်ဆက်မှု ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

    အသက်အရွယ်ကြောင့် သိမြင်မှုစွမ်းရည် မကျစေဖို့ ကာကွယ်ပေးနိုင်တယ်

    သိမြင်မှု စွမ်းရည်ဆိုတဲ့နေရာမှာ သင်ယူနိုင်စွမ်း၊ မှတ်မိနိုင်စွမ်း နဲ့ ဆုံးဖြတ်ချက် ချနိုင်စွမ်းတွေ ပါဝင်နေပါတယ်။ အာရုံစူးစိုက်နိုင်တာ၊ မှတ်မိတာတွေလိုမျိုး သိမြင်မှု စွမ်းရည်တွေက အသက်အရွယ်ရလာတာနဲ့အမျှ ကျဆင်းလာပါတယ်။

    ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ စာဖတ်တာပါ။ စာဖတ်တဲ့သူတွေဟာ အရွယ်ရောက်လာတဲ့အခါ သိမြင်မှု စွမ်းရည်ကျလာတာကြောင့် မေ့တတ်တာ၊ အာရုံစိုက်နိုင်စွမ်း ကျလာတာတွေကို သိသိသာသာ လျှော့ချနိုင်ပါတယ်။

    ဖိစီးမှုကို ပြေလျော့စေတယ်

    တစ်နေ့ကို နာရီဝက်လောက်  စာပုံမှန် ဖတ်တာက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ပြေလျော့စေနိုင်ပါတယ်။ စာဖတ်တာက ယောဂဆော့တာ၊ ဟာသ ရုပ်ရှင်တွေ ကြည့်သလိုမျိုုး စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကိုရော ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကိုရော ပြေလျော့စေနိုင်ပါတယ်။

    စာကို အများကြီး မဖတ်နိုင်ရင်အောင် ဝတ္ထုတိုလေးတွေ၊ အခြား စိတ်လက်အပန်းပြေစေတဲ့ စာပေမျိုးကို ဖတ်ရှု့စေချင်ပါတယ်။

    အသက်ရှည်စေနိုင်တယ်

    စာဖတ်တာက ဦးနှောက်ကိုတင် ကျန်းမာစေတာ မဟုတ်ပါဘူး။ အသက်ရှည်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ စာဖတ်တဲ့သူတွေက အခြားသူတွေထက် နာမကျန်းဖြစ်တာကြောင့် သေဆုံးနိုင်ခြေ ၂၀ ရာခိုင်နှုန်းလောက် နည်းပါတယ်။

    စာဖတ်တာကကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်စေသလို အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို လျှော့ချပေးပြီး အသက်ရှည်စေနိုင်ပါတယ်။

    မှတ်မိနိုင်စွမ်း နဲ့ အာရုံ စူးစိုက်နိုင်စွမ်း ကောင်းစေနိုင်တယ်

    ဦးနှောက်က ကြွက်သားမဟုတ်ပေမယ့် လေ့ကျင့်ခန်းတွေရဲ့ သက်ရောက်မှုကိုတော့ ခံစားသိရှိနိုင်ဆဲပါ။ အလေးမတာက ခန္ဓာကိုယ်က ကြွက်သားတွေကို သန်မာစေနိုင်သလို စာဖတ်တာကလည်း မှတ်မိနိုင်စွမ်း နဲ့ အာရုံစူးစိုက်နိုင်စွမ်းကို ကောင်းစေနိုင်ပါတယ်။

    စာပုံမှန် ဖတ်တာက ဦးနှောက်ကို လေ့ကျင့်ခန်း လုပ်ပေးတာပါ။ ဒီလို စာပုံမှန် ဖတ်ပေးတာက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကောင်းစေနိုင်ပါတယ်။

    အိပ်ပျော်စေတယ် 

    စာအုပ်က အိပ်ဆေးတစ်လက်ဆိုတာကို ကြားဖူးမယ် ထင်ပါတယ်။ အိပ်မပျော်ဘူးဆိုရင် စာအုပ်လေးတစ်အုပ်လောက်ဖတ်ကြည့်လိုက်ပါ။ စာဖတ်ရင်း စိတ်ဖိစီးမှု လျော့နည်းလာပြီး အိပ်ချင်စိတ် ဖြစ်လာစေပါလိမ့်မယ်။

    အိပ်ချင်စိတ် ဖြစ်စေနိုင်သလို ကောင်းကောင်း အိပ်ပျော်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    အခုလို အကျိုးကျေးဇူးတွေ များတယ်ဆိုတော့ စိတ်ရောကိုယ်ပါကျန်းမာပြီး အသက်ရှည်စေဖို့ တစ်နေ့ကို နာရီဝက်လောက်တော့ စာဖတ်တော့မယ် ဟုတ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 22/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement