L-lysine ပြည့်ဝမှုကလည်း ဒေါသဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
အခွံမာသီးတွေ အထူးသဖြင့် ဘရာဇီး နက်စ်၊ အယ်လ်မွန်စေ့၊ သစ်ကြားသီးတွေမှာပါတဲ့ ပရိုတင်းနဲ့နဲ့ ဗီတာမင် D၊ ဗီတာမင် Eနဲ့ ဆီလီနီယမ် တို့ ပါဝင်နေတာကြောင့် စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်တဲ့ ဟော်မုန်းတွေ ဖြစ်ကြတဲ့ serotonin နဲ့ dopamine ဟော်မုန်းတွေ ပါဝင်နေပါတယ်။ ဒါကြောင့် အခွံမာသီးတွေကို စားသုံးပေးတာက ဒေါသတွေကို ပြေလျော့စေပြီး စိတ်ခံစားမှုကို ကောင်းမွန်စေနိုင်ပါတယ်။
ဒိန်ချဉ်က ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုတာကို သိထားပြီးသားပါ။ ဒိန်ချဉ်က အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ဦးနှောက် ကျန်းမာရေးကိုလည်း ထောက်ကူပေးနိုင်ပါတယ်။
စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေပြီး ဒေါသ ဖြစ်တာကိုလည်း သက်သာစေနိုင်ပါတယ်။
လက်ဖက်စိမ်း ရေနွေးကြမ်းက စိတ်ကို တည်ငြိမ်စေပြီး စိတ်ခံစားမှု ကောင်းစေနိုင်ပါတယ်။ အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်သလို စိတ်ဖိစီးမှုကိုလည်း ပြေလျော့စေနိုင်ပါတယ်။
လက်ဖက်စိမ်းမှာ active polyphenol တစ်မျိုး ဖြစ်တဲ့ L-theanine ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေနိုင်သလို အာရုံကြောတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အမိုင်နိုအက်ဆစ် ပါဝင်နေတာက ဒေါသ ပြေလျော့စေပြီး စိတ်ခံစားမှု ကောင်းစေဖို့ ထောက်ကူပါ။
အနက်ရောင် ချောကလက်စားတာက စိတ်ခံစားမှုကို ကောင်းစေနိုင်ပါတယ်။ အကြောင်းကတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့်ပါ။ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့်လည်း စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ဒေါသတွေကို ပြေလျော့စေနိုင်ပါတယ်။
ဒေါသ ဖြစ်နေလား …… ဒေါသကြောင့် ထိခိုက်တာတွေကို သက်သာစေဖို့အတွက် ဒေါသကို ဖြေလျော့ဖို့ဆိုရင် အခုပြောတဲ့ အစားအစာလေးတွေကို စားပေးဖို့ လိုပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။