တစ်နေ့တာရဲ့ စိတ်ပူပန်မှုတွေ၊ စိုးရိမ်မှုတွေကို ပြေလျော့ချင်တယ်ဆိုရင် ညအိပ်ရာမဝင်ခင်မှာ အရေပြားကို သန့်စင်ပြီး Toner သုံးတာ၊ moisturizer လိမ်းတာမျိုးတွေ လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက စိတ်ပူပန်မှုတွေကို ပြေလျော့စေပြီး စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
အသားအရေ ထိန်းသိမ်းတဲ့အခါ မျက်နှာကို နှိပ်နယ်ပေးရပါတယ်။ ဒီလို နှိပ်နယ်ပေးတာက ဦးနှောက်ထဲမှာ စိတ်ပျော်ရွှင်မှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေကို ထွက်ရှိစေပြီး စိတ်ဖိစီးမှု ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ဒီလို နှိပ်နယ်ပေးတာက အရေးအကြောင်းကင်းစေပြီး အရွယ်တင်နုပျိုစေသလို လန်းဆန်းတဲ့ ခံစားမှုကိုလည်း ရရှိစေနိုင်ပါတယ်။
အသားအရေ ထိန်းသိမ်းတာက ဝါသနာ တစ်ခုခုကို တစိုက်မတ်မတ် လုပ်နေသလိုပါပဲ။ ဒီလို လုပ်ဆောင်မှုကြောင့် အာရုံစူးစိုက်မှု ကောင်းလာသလို အလုပ်တွေကို စွဲစွဲမြဲမြဲ လုပ်တတ်လာစေပါတယ်။ ဒီလို ဝါသနာပါရာကို တစိုက်မတ်မတ် လုပ်ဆောင်ခြင်းက စိတ်ဖိစီးမှုကို ကင်းစေပြီး ပျော်ရွှင်မှုကို ခံစားရစေမှာပါ။
ဒီလို အသားအရေ ထိန်းသိမ်းနည်းလမ်းတွေကို မျှဝေပေးခြင်းကလည်း အသိမိတ်ဆွေတိုးစေဖို့ ထောက်ကူပေးနိုင်မှာပါ။
အသားအရေ ထိန်းသိမ်းပေးတာက ကြည်လင်တဲ့ အသားအရေကို ရရှိစေနိုင်ပြီး လူအများကြားမှာ ကြည့်ကောင်းနေတာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာစေမှာပါ။ အရေပြားပြဿနာ ကင်းပြီး ကြည်လင်တဲ့ အသားအရေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေနိုင်မယ့် အကောင်းဆုံး အချက် တစ်ခုပါ။
ကဲ ….. skincare တာက အသားအရေကိုတင် လှပ ကျန်းမာစေတာ မဟုတ်ဘဲ စိတ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်တဲ့။ ဒီတော့ အသားအရေ ထိန်းသိမ်းပြီး စိတ်ကျန်းမာရေး မြှင့်တင်စို့ လား ……..
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။