backup og meta

စိတ်ကျန်းမာစေဖို့ ထောက်ကူပေးမယ့် လေ့ကျင့်ခန်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ကျန်းမာစေဖို့ ထောက်ကူပေးမယ့် လေ့ကျင့်ခန်းများ

    လေ့ကျင့်ခန်း လုပ်တာက ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးစေဖို့နဲ့ ကြွက်သားတွေ သန်မာစေဖို့ပဲ ထောက်ကူပေးတာလား။ အခြားရော ဘယ်လိုများ ထောက်ကူပေးမလဲ။ လေ့ကျင့်ခန်း လုပ်တာက စိတ်ပိုင်းဆိုင်ရာကိုရော ထောက်ပံ့ပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်စေဖို့ ထောက်ကူပေးပြီး စိတ်ဓာတ်မကျစေဖို့လည်း ထောက်ကူပေးပါသေးတယ်။

    စိတ်ဖိစီးမှုကို ပြေလျော့စေသလို စိတ်ခံစားမှုကိုလည်း ကောင်းစေနိုင်ပါတယ်။ ပျော်ရွှင်တက်ကြွစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ စိတ်ကျန်းမာကြံ့ခိုင်ပြီး နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်စေဖို့အတွက် လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းလေးတွေကို ပြောပြပေးသွားပါမယ်။

    လေ့ကျင့်ခန်းလုပ်ရင် စိတ်ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးနိုင်မလဲ။

    လေ့ကျင့်ခန်း လုပ်တာက စိတ်ကျန်းမာရေးကို အခုလို ထောက်ပံ့ပေးနိုင်ပါတယ်။

  • စိတ်ဓာတ်မကျစေဖို့ ကာကွယ်ပေးတယ်
  • စိတ်ဖိစီးမှုကို ပြေလျော့စေတယ်
  • စိတ်ခံစားမှု ကောင်းစေတယ်
  • တက်ကြွလန်းဆန်းစေတယ်
  • စိတ်ပျော်ရွှင်စေတယ်
  • သိမြင်မှုစွမ်းရည် ကောင်းစေတယ်
  • စိုးရိမ်မှု လျော့ကျစေတယ်
  • စိတ်ကြည်လင်လန်းဆန်းစေတယ်
  • စိတ်ကျန်းမာစေဖို့ ထောက်ကူပေးမယ့် လေ့ကျင့်ခန်းများ

    စိတ်ကျန်းမာစေဖို့ ထောက်ကူပေးမယ့် လေ့ကျင့်ခန်းများ

    စိတ်ကျန်းမာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ လေ့ကျင့်ခန်းလေးတွေက

    လမ်းလျှောက်ပါ

    လမ်းလျှောက်တာက သွေးတိုးကျစေတာ၊ သွေးချို ကျစေတာတွေတင် မဟုတ်ဘဲ စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်သလို စိုးရိမ်စိတ်တွေကိုလည်း ကျဆင်းစေပါတယ်။ စိတ်ဓာတ်ကျတာကို သက်သာစေနိုင်သလို ခေါင်းကြည်စေပါတယ်။

    တစ်နေ့ကို ၁၅ မိနစ်လောက် လမ်းလျှောက်ပေးတာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ လမ်းလျှောက်တဲ့အခ့ လေကောင်းလေသန့်ရနိုင်တဲ့နေရာကို ရွေးချယ်လျှောက်ဖို့ အကြံပြုပါရစေ။

    ယောဂလေ့ကျင့်ပါ

    ယောဂလေ့ကျင့်တာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်တယ်ဆိုတာကိုတော့ အများက သိပြီးဖြစ်မှာပါ။ အသက်ရှူလေ့ကျင့်ခန်းလုပ်တာက နှလုံးနဲ့ အဆုတ်ကို ကျန်းမာစေနိုင်သလို စီတ်အပန်းပြေစေနိုင်ပါတယ်။

    ကြွက်သားတွေကို ပြေလျော့စေသလို ဦးနှောက်နဲ့ စိတ်ကို အနားရစေပါတယ်။ သွေးစီးဆင်း လည်ပတ်မှု ကောင်းစေပြီး ဦးနှောက်ဆီကို အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေတာကြောင့် စိတ်ခံစားမှု ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ နေ့စဉ် ပုံမှန် ယောဂလေ့ကျင့်ပေးတာက စိတ်ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

    ဆီရိုတိုနင်ဟော်မုန်း ထွက်ရှိမှု ကောင်းမွန်စေတာကြောင့် စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ် များတာတွေကို သက်သာစေနိုင်ပါတယ်။

    အပြေးလေ့ကျင့်ပါ

    ပြေးတာက ရုပ်ပိုင်းဆိုင်ရာကိုတင် ကြံ့ခိုင်စေတာ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာကိုလည်း ကျန်းမာစေနိုင်ပါတယ်။ လေကောင်းလေသန့်ရရှိတဲ့နေရာမှာ အပြေးလေ့ကျင့်တာက စိတ်ခံစားမှု ကောင်းစေနိုင်သလို အိပ်ပျော်စေဖို့လည်း ထောက်ကူပေးပါတယ်။

    စိတ်ဖိစီးမှု ကင်းစေပြီး စိတ်ဓာတ်မကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    အလေးမ လေ့ကျင့်ပါ

    အလေးမ လေ့ကျင့်တာ၊ အားစိုက်ရတဲ့ ခန္ဓာကိုယ် ကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေက ကြွက်သားတွေ ဖြစ်စေသလို အရိုးတွေကိုလည်း ကြံ့ခိုင်စေနိုင်ပါတယ်။ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။

    မှတ်ဉာဏ်ကောင်းစေပြီး စိတ်ဖိစီးမှု ပြေလျော့စေသလို ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။ သိမြင်မှု စွမ်းရည်ကို ကောင်းစေပြီး စိတ်ဓာတ်ကျတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    လက်ဝှေ့ လေ့ကျင့်ပါ

    လက်ဝှေ့လေ့ကျင့်တာ၊ သိုင်းကစားတာလိုမျိုး ကိုယ်ခံပညာလေ့ကျင့်မှုတွေက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ ထောက်ကူပေးသလို စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး စိတ်ခံစားမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေနိုင်သလို  ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းလည်း ကောင်းစေပါတယ်။ စိတ်ဓာတ်ကျတာတွေကိုလည်း ကင်းစေနိုင်ပါတယ်။

    ကဲ …… နေ့ရက်တိုင်းမှာ စိတ်ဓာတ်ကြံ့ခိုင်ပြီး ကျန်းမာပျော်ရွှင်စေဖို့အတွက် အခုပြောခဲ့တဲ့ လေ့ကျင့်ခန်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement