backup og meta

မျှော်လင့်ထားတာနဲ့ လက်တွေ့ အနေအထား ကွာခြားတဲ့အခါ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 06/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျှော်လင့်ထားတာနဲ့ လက်တွေ့ အနေအထား ကွာခြားတဲ့အခါ

    ခေါင်းစဉ်ကို ကြည့်ပြီး ဘာပြောချင်တာလဲ ငါဖြင့် နားတောင် မလည်ဘူးလို့ တွေးနေပြီလား…… နားမလည်တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ဒီအခြေအနေကို မကြုံဖူးဘူးဆိုသူကတော့ ခပ်ရှားရှားပါ။ ဘာလို့ ဒီလိုပြောရတာလဲဆိုတော့ ဒီအခြေအနေက ကိုယ်က တစ်ခုခုကို ကြီးကြီးမားမား မျှော်လင့်ထား တယ်။ ဒါပေမယ့် ဖြစ်မလာတာမျိုးပါ။ လွယ်လွယ်ပြောရရင်တော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးပေါ့။

    ဥပမာ အရှေ့အရှေ့ကဖြစ်ခဲ့တဲ့ သမိုင်းကြောင်းတွေထဲက ကပ်ဆိုးကြီးတွေက တစ်နှစ်လောက် ကြာတဲ့အခါ အတော်လေး ဖြစ်ပွားမှုနှုန်း နည်းသွားတယ်လို့ ကြားဖူးလို့ ကိုဗစ်လည်း တစ်နှစ်လောက် ကြာပြီးရင် ပျောက်သွားမယ်လို့ တွေးဖူးကောင်း တွေးဖူးမှာပါ။ မျှော်လင့်ချက်လည်း ထားကောင်း ထားဖူးမှာပါ။

    ဒါပေမယ့် လက်တွေ့မှာတော့ ကိုဗစ်ကြောင့် ၂၀၂၀ ခုနှစ်ရဲ့ သင်္ကြန်ကို တိတ်ဆိတ်ခြောက်ကပ်စွာ ဖြတ်သန်းခဲ့ကြရပါတယ်။ ဒီလိုပါပဲ ကိုဗစ်က အချိန်ကြာလာရင် ပြင်းထန်မှု ကျသွားမယ်ယူဆမိပေမယ့် ဗီဇပြောင်းလာလို့ ကူးစက်နှုန်း သေဆုံးနှုန်းတွေတောင် မြင့်တက်ခဲ့ပါသေးတယ်။

    ဒီလို မျှော်လင့်ထားတာတွေက လက်တွေ့နဲ့ အရမ်းကွာဟတဲ့အခါ မျှော်လင့်ချက် ကြီးကြီးမားမား ထားရင် ထားသလို စိတ်ထိခိုက်ရတာလည်း များပါတယ်။ ဒီတော့ အခြေအနေတွေက မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာဘူး။ လက်တွေ့နဲ့ စိတ်ကူးအားခဲထားသမျှနဲ့ ကွာခြားနေတယ်ဆိုရင် ဘယ်လိုနည်းနဲ့ အကောင်းဆုံး ဖြစ်အောင် ဖြေရှင်းရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    မျှော်လင့်ထားတာနဲ့ လက်တွေ့ အနေအထား ကွာခြားတဲ့အခါ

    မျှော်လင့်ထားတာနဲ့ လက်တွေ့ အနေအထား ကွာခြားတဲ့အခါ

    မျှော်လင့်ချက် ထားတာက ကောင်းတယ်၊ တစ်ခုခုကို ရည်မှန်းချက် ရှိမှ အောင်မြင်မှာ ဆိုပေမယ့် အရမ်းမျှော်လင့်ချက်ထားပြီး လက်တွေ့မှာ အကောင်အထည်မပေါ်လာတာ လက်တွေ့အနေအထားနဲ့ စိတ်ကူးက တက်တက်စင်အောင် လွဲနေပြီဆိုရင် စိတ်ထိခိုက်မှု နည်းစေဖို့ ဒီလိုလေးတွေ လုပ်ပေးပါ။

    မျှော်လင့်လို့ ရပါတယ်

    ကောင်းမွန်တဲ့ အခြေအနေ တစ်ခုခု ဖြစ်လာဖို့ မျှော်လင့်တာက မျှော်လင့်လို့ ရပါတယ်။ ဒါပေမယ့် တထစ်ချကြီးတော့ ဖြစ်ကိုဖြစ်လာမယ်လို့ မယူဆထားပါနဲ့။ အကြောင်းကတော့ မဖြစ်သေးခင်မှာ အခြေအနေတွေက ဘာမဆို ပြောင်းလဲ သွားနိုင်တယ်လေ။

    ဒါကြောင့် မျှော်လင့်တာက မျှော်လင့်လို့ရပေမယ့် တကယ်လက်တွေ့မှာ မဖြစ်သေးခင်အထိ ကျိန်းသေပေါက် ဖြစ်လာရမယ်လို့ မယူဆစေချင်ပါဘူး။

    Plan – B ရှိပါစေ

    ကိစ္စတိုင်းကို ဖြစ်လာမယ်လို့ တွက်ချက်ထားပြီးရင်တောင်မှ မဖြစ်လာခဲ့ရင် ဘာလုပ်မယ်ဆိုတဲ့ Plan – B သေချာပေါက် ရှိဖို့ လိုပါမယ်။ ဒါမှ ဖြစ်လာတဲ့ အခြေအနေကို အကောင်းဆုံး ကျော်လွှား ဖြေရှင်းနိုင်မှာပါ။

    ဥပမာ – သင်္ကြန်မှာ ရေပက်မယ်၊ လျှောက်လည်မယ်လို့ တွေးထားတယ် ဆိုပါတော့ ကိုဗစ်ကြောင့် ဖြစ်ဖြစ် အကြောင်း ကိစ္စကြောင့် ဖြစ်ဖြစ် သင်္ကြန်လည်ဖို့ မဖြစ်နိုင်တဲ့အခါ အိမ်မှာပဲ ရုပ်ရှင်ကြည့်မယ်။ စာအုပ်ဖတ်မယ်။ ဂိမ်းဆော့မယ်။ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အတူ မုန့်လုပ်စားမယ်။ စတဲ့ Plan – B ကို ကြိုတင် စီစဉ်ထားဖို့ လိုပါမယ်။ ဒါမှ သင်္ကြန်မှာ မကဲရရင်တောင် စိတ်ဓာတ်တွေ လုံးလုံးကျတာမျိုး မဖြစ်မှာပါ။

    အရာရာက ဘာမဆို ဖြစ်သွားနိုင်တာကို သိရှိထားပေးပါ

    အရာရာတိုင်းက အကောင်အထည် မပေါ်မချင်း ဘာမဆို ဖြစ်သွားနိုင်တယ်ဆိုတာကို သတိရပါ။ Premier League မှာတောင် နောက်ဆုံး မိနစ်ရောက်မှ အနိုင်ဂိုး သွင်းတာမျိုး တောက်လျှောက်နိုင်လာပြီး နောက်ဆုံးကျမှ ဂိုးပြန်ပေးလိုက်ရတာမျိုးတွေ ရှိတတ်တာကို ဘောလုံး ချစ်သူတွေဆိုရင် ကောင်းကောင်းသိမှာပါ။

    လူ့ဘဝကြီးကလည်း ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ဒီခြေအနေကို သေချာ သိရှိထားမယ်ဆိုရင် ဖြစ်လာတဲ့ အခြေအနေကို အကောင်းဆုံး ရင်ဆိုင်နိုင်စေဖို့ ပြင်ဆင်ထားပြီးသား ဖြစ်နေမှာပါ။

    ဘဝ အပြောင်းအလဲ ဖြစ်ရပ်တွေထက် အခြားအရာတွေက အသေးအဖွဲပါ

    ဘဝ တစ်ခုလုံးကို ပြောင်းလဲ သွားစေနိုင်တဲ့ အရာတွေနဲ့ ယှဉ်ရင် ဂိမ်းမဆော့ လိုက်ရတာ၊ တစ်ခုခုကို မစားလိုက်ရတာ၊ အစားထိုးလို့ ရတဲ့ အရာတစ်ခုခု ပျက်စီးသွားတာက ဘဝကို အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ ဖြစ်ရပ်တွေ ဖြစ်တဲ့ မိသားစုဝင် တစ်ယောက်ယောက်ကို ဆုံးရှုံးရတာ၊ ကုသလို့ မရနိုင်တဲ့ ရောဂါတွေ ခံစားရတာလောက် မပြင်းထန်ပါဘူး။ တစ်နှစ် မဟုတ်လည်း နောက်တစ်နှစ်တော့ ကြုံရမယ်ဆိုတာကို သိထားဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 06/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement