စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဒေါသစိတ်ကို ထိန်းချုပ်ရန် နည်းလမ်းများ

ဒေါသဆိုတာ ပြင်းထန်တဲ့ စိတ်ခံစားမှုတခုဖြစ်ပါတယ်။ မထိန်းကွပ်ဘဲထားလိုက်ရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ပေါ်လာပါတယ်။ အကြောင်းအရာတခုကို မှန်ကန်စွာ တွေးခေါ်နိုင်ခြင်း ထိန်းချုပ်နိုင်တော့ခြင်း မရှိဘဲ အမှားအယွင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒေါသမီးဟာ မိမိကိုယ်တိုင်ကိုရော မိမိဝန်းကျင်က လူတွေကိုပါ လောင်မြိုက်စေမှာ ဖြစ်ပါတယ်။ အဲဒီအခါ လူမှုအသိုင်းအဝိုင်းနှင့် ကင်းကွာခြင်း၊ ကျန်းမာရေးပြဿနာများ၊ မူးယစ်ဆေးဝါး ပြဿနာများ စတာတွေ ဖြစ်လာနိုင်ပါတယ်။ လူတယောက်နဲ့တယောက် ဒေါသကို ရင်ဆိုင်တွေ့ကြုံရပုံခြင်း မတူပါဘူး။ ဒေါသကို ထိန်းချုပ်နိုင်ပုံခြင်းလည်း မတူပါဘူး။ စိတ်ဖိစီးမှု အရမ်းများနေချိန်မှာဆိုရင် ဒေါသကို ထိန်းချုပ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒေါသကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတချို့တော့ ရှိနေပါသေးတယ်။ သုတေသီတွေရဲ့ အဆိုအရ ဒေါသထိန်းချုပ်မှုလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဟာ လက်တွေ့မှာ ထိရောက်တယ်လို့ သိရပါတယ်။ အောက်ပါနည်းလမ်းများဟာ ဒေါသထိန်းချုပ်ရာမှာ အသုံးဝင်ပါလိမ့်မယ်။ ၁။ အသက်ကိုထိန်းရှူပါ။ ဒေါသထွက်လာချိန်မှာ အသက်ရှူမြန်လာတတ်ပါတယ်။ ဒေါသစိတ်ဖြစ်လာရင် […]


စွဲလမ်းမှုပြဿနာများ

အင်တာနက်စွဲလန်းခြင်းပြဿနာ

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကြားလာနေရ စကားကတော့ စမတ်ဖုန်းနဲ့ ကွန်ပျူတာတွေကို အလွန်အကျွံသုံးစွဲနေမိပြီ ဆိုတာပါပဲ။ အမေရိကန်နိုင်ငံရဲ့ စစ်တမ်းတစောင်အရ လူတယောက်ရဲ့ ပျမ်းမျှအင်တာနက်သုံးစွဲမှုဟာ တနေ့မှာ ၁၁နာရီ ရှိနေတယ်လို့ သိရပါတယ်။ စိတ်ပညာနယ်ပယ်မှာတော့ အင်တာနက်စွဲလန်းခြင်းပြဿနာ internet addiction disorder (IAD) ကို ရောဂါတခုအနေနဲ့တော့ မသတ်မှတ်ထားသေးပါဘူး။ ဒါပေမယ့် စိတ်ကုထုံးပညာရှင်အချို့ကတော့ အင်တာနက်စွဲလန်းခြင်းဟာလည်း တခြားစွဲလန်းခြင်းပြဿနာတွေလိုပဲ ဂရုစိုက်ကုသသင့်တယ်လို့ အကြံပြုကြပါတယ်။ အင်တာနက်စွဲလန်းခြင်ဟာ တခြားစွဲလန်းခြင်းပြဿနာတွေလိုပဲ အကြောင်းအရင်းတခုတည်းကြောင့်တော့ မဖြစ်ပေါ်ပါဘူး။ အကြောင်းအရင်းပေါင်းစုံကြောင့် ဖြစ်ပေါ်တတ်ပြီး တဦးနဲ့တဦးလည်း ကွာခြားတတ်ပါတယ်။ အလေ့အကျင့်နဲ့ စွဲလန်းခြင်း ဘာကွာသလဲ လူအားလုံးမှာ ပုံမှန်စွဲလန်းစွာ လုပ်ဆောင်နေကြ အရာတွေရှိပါတယ်။ အဲဒီအရာတွေဟာ အန္တရာယ်မဖြစ် ဘေးဒုက္ခမရောက်ရင် သိပ်ပြီးစိတ်ပူစရာ မလိုပါဘူး။ ဥပမာ ရုံးပိတ်ရက် ကျောင်းပိတ်ရက်တွေမှာ နာရီအနည်းငယ်လောက် ဗီဒီယိုဂိမ်းကစားခြင်းဟာ စွဲလန်းမှုပြဿနာလို့ မဆိုနိုင်သေးပါဘူး။ ဒီနေရာမှာ အလေ့အကျင့်နဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အဆိုးမြင်စိတ်အစွဲက ဘယ်လိုသက်ရောက်မှုရှိလဲ

လူ့သဘောသဘာဝအရ အပြုသဘောဆောင်ခဲ့တဲ့ အတွေ့အကြုံတွေ၊ သာမန်အတွေ့အကြုံတွေထက် အနုတ်လက္ခဏာဆောင်တဲ့ အတွေ့အကြုံတွေကို ပိုပြီးအလေးအနက် ထားတတ်ကြပါတယ်။ ဒါကို အဆိုးမြင်စိတ်အစွဲ (Negativity bias) လို့ ခေါ်ပါတယ်။ တခါတရံမှာ ဆိုးရွားတဲ့ အတွေ့အကြုံများဟာ သိပ်မဆိုးရွားရင်တောင် စိတ်ထဲစွဲနေပြီး အနုတ်လက္ခဏာဆောင်တဲ့ အတွေးအကြံတွေ ဖြစ်ပေါ်တတ်ပါတယ်။ အဆိုးမြင်စိတ်အစွဲဆိုတာကို ဥပမာပေးရရင် သင်ဟာ ညနေခင်းတခုမှာ အကောင်းစားဟိုတယ်တခုမှာ တည်းခိုဖို့ ဝင်ရောက်သွားပြီ ဆိုပါစို့။ သင် ဟိုတယ်ရေချိုးခန်းကို သုံးချိန်မှာ ရေချိုးကြွေခွက်ထဲမှာ ပင့်ကူခပ်ကြီးကြီးတကောင်ကိုလည်း တွေ့လိုက်ရမယ် ဆိုပါစို့။ နောင်တချိန်မှာ သင့်အနေနဲ့ ဟိုတယ်အကြောင်းကို ပြန်စဉ်းစားတဲ့အခါ ဇိမ်ခံပစ္စည်း အကောင်းစားတွေ၊ အသုံးအဆောင်တွေထက် သင်တွေ့ခဲ့ရတဲ့ ပင့်ကူကိုပဲ ပိုပြီး သတိရနေပါလိမ့်မယ်။ ၂၀၁၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနစာစောင်တခုအရလည်း ပင့်ကူကို ပိုပြီးသတိရနေတတ်ကြောင်း သိရပါတယ်။ ဘာကြောင့် အဆိုးမြင်စိတ်အစွဲရှိကြသလဲ စိတ်ကုထုံးပညာရှင် ရစ်ဟန်ဆန်ရဲ့ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

အိမ်တွင်းအောင်းခြင်းရဲ့ နောက်ဆက်တွဲ အထီးကျန်ဝေဒနာ

လူဆိုတာ ဘယ်လောက်ပဲ တစ်ယောက်ထဲ နေရတဲ့အချိန်ကို သဘောကျတယ်ပြောပြော ကိုယ့်အိမ်ထဲမှာ ရက်ပေါင်းများစွာ လှောင်ပိတ်နေရပြီး အပြင်လည်း မသွား၊ အပေါင်းအသင်းတွေနဲ့လည်း မတွေ့ဆိုရင် ကြာလာတာနဲ့ ငူငူငိုင်ငိုင်တွေ ဖြစ်ပြီး အထီးကျန်တော့မှာပေါ့။ ဒီလိုမျိုး အိမ်တွင်းအောင်းခြင်းရဲ့ နောက်ဆက်တွဲ အထီးကျန်လာတဲ့ ခံစားချက်မျိုးကို Cabin Fever လို့ ခေါ်ကြပြီး စိတ်ကျန်းမာရေး ပြဿနာလို့ သတ်မှတ်ရတဲ့အထိတော့ မပြင်းထန်ပါဘူး။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ အထီးကျန်နေတဲ့ ခံစားချက်ကြီးကိုတော့ ဘယ်သူကမှ လိုချင်ကြမယ် မထင်ပါဘူးနော်။ ခုလို ကာလမျိုးမှာ ရုပ်ခန္ဓာကို ဂရုစိုက်ဖို့ လိုသလို စိတ်ကျန်းမာရေးကိုလည်း မေ့ထားလို့တော့ မဖြစ်ပါဘူး။ အိမ်တွင်းအောင်းခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေ အိမ်တွင်းအောင်း ခြင်းက နောက်ဆက်တွဲ အနေနဲ့ လူမှုနယ်ပယ်နဲ့ ဝေးကွာလာတာနဲ့အမျှ အထီးကျန်ဆန်ခြင်းသာမက နောက်ဆက်တွဲအနေနဲ့ စိတ်ဓာတ်ကျလာခြင်း စိတ်ဆိုး၊ ဒေါသထွက်လွယ်လာခြင်း ညဘက်မှာ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အတွေးအခေါ်အပြုအမူပိုင်းဆိုင်ရာကုသနည်း (CBT)

Cognitive behavioral therapy (CBT) ဆိုတာ စိတ်ပိုင်းဆိုင်ရာ ကုသနည်း တစ်မျိုးပါ။ စိတ်ရောဂါအထူးကု ဆရာဝန် ဒါမှမဟုတ် စိတ်ပညာရှင်နဲ့ စကားပြောဆိုပြီး ကုသရတာပါ။ CBTက သင့်မှာ ဖြစ်နေတဲ့ အဆိုးမြင်စိတ်တွေ၊ စိတ်ထဲမှာ မသေချာမှုတွေ ကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်အောင်၊ ကောင်းကောင်းမွန်မွန်တုံ့ပြန်တတ်အောင် ကုသပေးပါတယ်။ CBTက စိတ်ကျရောဂါ၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်ပြီးနောက် နောက်ဆက်တွဲ စိတ်ဒဏ်ရာရတာ၊ တခြား စိတ်ရောဂါတွေမှာ သူတစ်ခုတည်းဖြစ်ဖြစ်၊ တခြားကုထုံးတွေနဲ့ ဖြစ်ဖြစ် ပေါင်းပြီး ကုသတဲ့နေရာမှာ အလုပ်ဖြစ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် စိတ်ရောဂါရှိသူပဲ CBT ကုသမှု ခံယူလို့ရတာ မဟုတ်ပါဘူး။ ဘယ်သူမဆို စိတ်ဖိစီးမှုတွေ များနေရင် ဒါတွေကို ခံနိုင်ရည်ရှိအောင် အကောင်းဆုံး ဖြေရှင်းနိုင်အောင် CBT […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

လောကဓံကို ဘာလို့ အရှုံးပေးရမှာလဲ

နေ့စဉ်လူနေမှုဘဝမှာ စိတ်ဖိစီးမှုတွေ၊ လူမှုဘဝအခက်အခဲတွေ၊ မိသားစုအဆင်မပြေမှုတွေနဲ့ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးပြဿနာတွေဟာ ကြုံတွေ့ရနေကြ လောကဓံတရားတွေဖြစ်ပါတယ်။ ဒီလိုရုံးကန်လှုပ်ရှားနေရတဲ့ဘဝထဲမှာ ပင်ပန်းဆင်းရဲမှုဒါဏ်တွေ၊ နာမကျန်းမှု ဝေဒနာတွေနဲ့ ပြင်းထန်လှတဲ့ စိတ်ဖိစီးမှုတွေကို မတွန်းလှန်နိုင်ကြတော့တဲ့သူတွေဟာ ရှိနေတဲ့ လူ့ဘဝကို စွန့်ခွာပြီး ကိုယ်လွတ်ရုံးဖို့ ကြိုးစားကြလေ့ရှိပါတယ်။ WHO ရဲ့ အချက်အလက်တွေအရ ဒီကနေ့ ကမ္ဘာပေါ်မှာ စက္ကန့် ၄၀ ကို လူတစ်ဦးနှုန်း မိမိကိုယ်ကို သေကြောင်းကြံစည်နေကြပါတယ်။ ဆိုလိုတာက တစ်နှစ်ကို လူပေါင်း ၈ သိန်းခန့် ကိုယ့်ကိုယ်ကို သတ်သေနေကြတဲ့ သဘောဖြစ်ပါတယ်။ အဲ့ဒီထဲက ၇၉% ဟာ တစ်ဦးချင်းဝင်ငွေနည်းပါးတဲ့ (ဒါမှမဟုတ်) ဝင်ငွေအလယ်အလတ်သာရှိတဲ့ တိုင်းပြည်တွေမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။ ပိုမိုဆိုးရွားတဲ့အချက်ကတော့ သေဆုံးသူတေါရဲ့ ပျမ်းမျှ အသက်အရွယ်ဟာ အသက် ၁၅ နှစ်နဲ့ ၂၉ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ကျောပူတာ ခံနိုင်ပေမယ့် နားပူတာ မခံနိုင်တော့တဲ့အခါ

လူအများစုဟာ နားပူမှာ ကြောက်ကြပါတယ်။ အလုပ်တွေ အများကြီးခိုင်းတာ ခံရတာထက်၊ ဘေးနားကနေ နားမခံသာအောင် လာပြီး ပြောဆိုနေမှာကို ပိုကြောက်တတ်ကြတယ်။ ဒီအခြေအနေမျိုးဟာ ပုံမှန်အားဖြင့်တော့ သဘာဝ အခြေအနေတစ်ရပ်ပါ။ ဒါပေမယ့် တချို့တွေအတွက်ကတော့ ဒီမှာတင် မရပ်သွားတတ်ပါဘူး။ ဆူဆူညံညံအသံတွေကြောင့် စိတ်တွေ ဖိစီးလာမယ်၊ စိတ်တွေ ပိုတိုတတ်လာမယ်၊ ပိုခံစားရလာမယ်ဆိုရင် တစ်စုံတစ်ခုတော့ လွဲချော်နေပြီဆိုတာကို သင်နားလည်ထားဖို့ လိုအပ်ပါတယ်။ ဒီအခြေအနေကို Misophonia လို့ခေါ်ပါတယ်။ နားပူတာမခံချင်တဲ့ စိတ်ဝေဒနာ တစ်မျိုးဖြစ်ပါတယ်။ အလွန်အမင်းဆိုးရွားတဲ့ အခြေအနေမျိုးမှာ လူတစ်ဖက်သားရဲ့ အသက်ရှူသံ၊ အစာဝါးသံ၊ မျိုချသံ၊ ကျယ်လောင်တဲ့ နှာချေသံ၊ မော်တော်ကားမောင်းသံ၊ ဗျစ်တောက်ဗျစ်တောက် စကားပြောဆိုသံ၊ ဆူပူကြိမ်းမောင်းသံစတဲ့ ပုံမှန်စိတ်အနှောင့်အယှက်ဖြစ်စရာ အသံဗလံတွေတိုင်းအပေါ် ပြင်းထန်စွာ ခံစားနေတတ်ပါတယ်။ ဒီလို အသံဗလံတွေကြောင့် အလွန်အမင်း စိတ်ဆိုးဒေါသထွက်နေတတ်ပြီး မထိန်းချုပ်နိုင်တဲ့ အခြေအနမှာ စိတ်လိုက်မာန်ပါ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ယူခြင်း

တစ်နေ့က ပဲ facebook မှာ video အတိုကလေး တစ်ခု ကြည့်လိုက်ရပါတယ်။ နိုင်ငံခြား မူကြိုကျောင်းကပွဲတစ်ခုက ကလေးတွေ ထင်ပါရဲ့။ နောက်ခံ ကဗျာသီချင်းလေးနဲ့ ကနေကြတာ။ အဲ့ကလေးတွေထဲမှာ သတိထားမိတာက သူများထက် ထူးပြီး သေချာစိတ်ပါလက်ပါ လိုက်ကနေတဲ့ ကလေးမလေးပါ။ သူ့ကို ကြည့်ရတာကိုက တကယ့်ဖျော်ဖြေရေးသမား အသေးစားလေးလိုပဲ။ သူနဲ့ ဘေးကပ်လျက်က ကလေးမလေးကတော့ မျက်နှာကိုလက်နဲ့အုပ် ခေါင်းလေးငုံပြီး ဖျော်ဖြေပွဲတောက်လျှောက် မလှုပ်မယှက်ရပ်နေခဲ့ပါတယ်။ အလွယ်ပြောရင် စင်ကြောက်တဲ့ရောဂါ (stage fright) ရသွားတာပါ။ မွေးရာပါ ဗီဇကိုက စင်မကြောက်တတ်တဲ့ သူတွေအနေနဲ့ သည်ခံစားချက်ကို နားလည်နိုင်မှာမဟုတ်ပေမဲ့ စင်မကြောက်အောင် စိတ်ကို လေ့ကျင့်ယူထားရတဲ့ စာရေးသူအဖို့ကတော့ သည်ကလေးမလေးကို တော်တော်သနားပါတယ်။ ကမ္ဘာပျက်နေမှာပါပဲ။ ကလေး ဘဝ သည်လိုဖြစ်တာ ဘယ်သူမှ အပြစ်ရယ်လို့ မြင်မှာမဟုတ်ကြပေမယ့် […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး

အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး ရှိတယ်လို့များ ကြားဖူးကြလား! "အသည်းကွဲတယ်ဆိုတာ.... အရူးလိုပဲလား .." နင်ဇီမေရဲ့ သီချင်းသံလေးနဲ့က အသည်းကွဲဖူးတဲ့လူတိုင်းရင်ထဲ ထိစေမှာတော့ အမှန်ပါပဲ ။ မှန်ပါတယ် ။ လူတိုင်းက နှလုံးသားရေးရာ ကိစ္စနဲ့ပဲ ဖြစ်ဖြစ် ၊  ချစ်ရတဲ့လူတွေကို ရုတ်တရက် ဆုံးရှုံးရတဲ့အချိန်မှာ ဖြစ်ဖြစ် နှလုံးစိတ်ကြေကွဲတတ်ကြပါတယ် ။ ဒီအချိန်မှာ ခံစားရတဲ့ နာကျင်မှုက တအားကြီးမားတဲ့အတွက် နာကျင်မှုသက်သာအောင်လုပ်ရမယ့် နည်းလမ်းကို မရှာတွေ့တတ်ကြပါဘူး ။ ဒါ့ကြောင့် "အသည်းကွဲရင် ပျောက်တဲ့ဆိုတဲ့ ဆေး"ဆိုတာ မရှိသေးပေမဲ့ စိတ်ဆင်းရဲမှုဒဏ်ကို ဘယ်လိုမြန်မြန်သက်သာအောင် လုပ်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေတော့ ရှိနေပါတယ်။ အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး အသည်းကွဲရင် ပျောက်တယ်ဆိုတဲ့ဆေး တော့ မရှိပါဘူး။ ဒီနည်းလမ်းလေးတွေနဲ့တော့ သက်သာအောင် လုပ်လို့ ရပါတယ်။ အချိန်ယူပါ ပြတ်စဲခြင်းတွေက သင့်ရဲ့ စိတ်ကို အထီးကျန်စေခြင်း၊ နောက်ထပ်ချစ်ဖို့ ကြောက်ရွံခြင်း […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ကျန်းမာရေးအတွက် အကျိုးပြုနေတဲ့ သင့်ရဲ့ ဝါသနာပါရာ အလေ့အထလေးများ

လူတိုင်းလိုလိုမှာ သူတို့ ဝါသနာပါရာတွေတော့ ရှိစမြဲပါ။ ဝါသနာဆိုတာက လူတိုင်းရဲ့ ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းကနေ ပါဝင်နေတဲ့အရာပါ။ ဒီဝါသနာလေးတွေက အပျင်းပြေစေရုံ စိတ်လက်ပေါ့ပါး စေရုံတင် မဟုတ်ပါဘူး။ အားလပ်ချိန်မှာ ပြုလုပ်လေ့ရှိတဲ့ ဝါသနာပါရာ အလေ့အထတွေက စိတ်ပျော်ရွှင်စေရုံတင် မဟုတ်ဘဲ ကျန်းမာရေးကိုပါ အထောက်အကူပြုပေးနေပါတယ်။ ဝါသနာပါရာ အလေ့အထလေးတွေက ဘယ်လိုမျိုးများ ကျန်းမာရေးကို အထောက်အကူပြုပေးလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်လား……….. ဝါသနာပါရာ အလေ့အထလေးတွေကပေးတဲ့ ကျန်းမာရေး ဝါသနာပါရာ အလေ့အထတစ်ခုချင်းစီက ကျန်းမာရေးကို တစ်မျိုးချင်းစီ အထောက်အပံ့ပေးပါတယ်။ ကတာက သင့်ဝါသနာဆိုရင် ကတာကလည်း ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေတဲ့ အကောင်းဆုံးသော လှုပ်ရှားမှုပါ။ ကတာက အားကစားကစားပစ္စည်းတွေ မလိုအပ်သလို စိတ်လွတ်ကိုယ်လွတ် ကနိုင်ပါတယ်။ ကတာကလည်း ခေါင်းအစ ခြေအဆုံးကို လှုပ်ရှားရတာပါ။ စိတ်ပျော်ရွှင်စေသလို တစ်ကိုယ်လုံးကို လှုပ်ရှားဖြစ်စေပါတယ်။ ကတာက ခန္ဓာကိုယ်ကို ညင်သာစွာ လှုပ်ရှားရတာ ဖြစ်တာကြောင့် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း