လူ့သဘောသဘာဝအရ အပြုသဘောဆောင်ခဲ့တဲ့ အတွေ့အကြုံတွေ၊ သာမန်အတွေ့အကြုံတွေထက် အနုတ်လက္ခဏာဆောင်တဲ့ အတွေ့အကြုံတွေကို ပိုပြီးအလေးအနက် ထားတတ်ကြပါတယ်။ ဒါကို အဆိုးမြင်စိတ်အစွဲ (Negativity bias) လို့ ခေါ်ပါတယ်။ တခါတရံမှာ ဆိုးရွားတဲ့ အတွေ့အကြုံများဟာ သိပ်မဆိုးရွားရင်တောင် စိတ်ထဲစွဲနေပြီး အနုတ်လက္ခဏာဆောင်တဲ့ အတွေးအကြံတွေ ဖြစ်ပေါ်တတ်ပါတယ်။