backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကျန်းမာရေးအတွက် အကျိုးပြုနေတဲ့ သင့်ရဲ့ ဝါသနာပါရာ အလေ့အထလေးများ


Aye Thi Mon မှ ရေးသားသည်။ · 25/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကျန်းမာရေးအတွက် အကျိုးပြုနေတဲ့ သင့်ရဲ့ ဝါသနာပါရာ အလေ့အထလေးများ

လူတိုင်းလိုလိုမှာ သူတို့ ဝါသနာပါရာတွေတော့ ရှိစမြဲပါ။ ဝါသနာဆိုတာက လူတိုင်းရဲ့ ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်းကနေ ပါဝင်နေတဲ့အရာပါ။ ဒီဝါသနာလေးတွေက အပျင်းပြေစေရုံ စိတ်လက်ပေါ့ပါး စေရုံတင် မဟုတ်ပါဘူး။

အားလပ်ချိန်မှာ ပြုလုပ်လေ့ရှိတဲ့ ဝါသနာပါရာ အလေ့အထတွေက စိတ်ပျော်ရွှင်စေရုံတင် မဟုတ်ဘဲ ကျန်းမာရေးကိုပါ အထောက်အကူပြုပေးနေပါတယ်။ ဝါသနာပါရာ အလေ့အထလေးတွေက ဘယ်လိုမျိုးများ ကျန်းမာရေးကို အထောက်အကူပြုပေးလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်လား………..

ဝါသနာပါရာ အလေ့အထလေးတွေကပေးတဲ့ ကျန်းမာရေး

ဝါသနာပါရာ အလေ့အထတစ်ခုချင်းစီက ကျန်းမာရေးကို တစ်မျိုးချင်းစီ အထောက်အပံ့ပေးပါတယ်။

ကတာက သင့်ဝါသနာဆိုရင်

ကတာကလည်း ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေတဲ့ အကောင်းဆုံးသော လှုပ်ရှားမှုပါ။ ကတာက အားကစားကစားပစ္စည်းတွေ မလိုအပ်သလို စိတ်လွတ်ကိုယ်လွတ် ကနိုင်ပါတယ်။ ကတာကလည်း ခေါင်းအစ ခြေအဆုံးကို လှုပ်ရှားရတာပါ။

စိတ်ပျော်ရွှင်စေသလို တစ်ကိုယ်လုံးကို လှုပ်ရှားဖြစ်စေပါတယ်။ ကတာက ခန္ဓာကိုယ်ကို ညင်သာစွာ လှုပ်ရှားရတာ ဖြစ်တာကြောင့် နာကျင်မှု ကင်းကင်းနဲ့ အကြောတွေကိုပြေလျော့စေမှာပါ ကတာက လေ့ကျင့်ခန်းလုပ်သလို လုပ်တဲ့ နည်းစနစ်မှားနေတာမျိုး ဖြစ်နေမှာကိုလည်း စိုးရိမ်စရာမလိုပါဘူး။

ကတာက

• ခန္ဓာကိုယ်ကို အင်အားပြည့်စေတယ်

နှလုံး ကျန်းမာရေးစေနိုင်တယ်

• သက်လုံကောင်းစေနိုင်တယ်

အရိုးတွေ သန်မာစေနိုငတယ်

ကြွက်သားတွေကို ဖွံ့ဖြိုးစေနိုင်တယ်

• ခန္ဓာကိုယ် ဟန်ချက်ထိန်းနိုင်စေတယ်

• ဦးနှောက်ကျန်းမာစေနိုင်တယ်

Dementia ခံစားရနိုင်ခြေ နည်းစေတယ်။ ဒီလိုအကျိုးကျေးဇူးတွေရဖို့ တစ်ပတ်ကို ၃ ကြိမ်လောက် ကပေးရုံပါ။

သစ်ပင်ပန်းမန်လေးတွေ စိုက်တာက သင့်ဝါသနာဆိုရင်

သစ်ပင်ပန်းမန်စိုက်တာကို လေ့ကျင့်ခန်းတစ်ခုလို့ သင့်အနေနဲ့ မှတ်ယူချင်မှာ မှတ်ယူပါလိမ့်မယ်။ ဒါပေမယ့် သစ်ပင်တွေစိုက်ပျိုးတာက ကျန်းမာရေးအကျိုးကျေးဇူးတော်တော်များများပေးနိုင်ပါတယ်။

အပင်စိုက်တဲ့အခါ မြေတူးဆွမယ်။ ပေါင်းပင်မြက်ပင်တွေနုတ်မယ် ဒါတွေက အဖြစ်မနေလုပ်ရမှာဖြစ်သလို ဒါတွေကလည်း ကိုယ်လက်လှုပ်ရှားမှုတွေပါပဲ။ ကြွက်သားတွေကို သန်မာစေပြီး အကြောတွေကိုပြေလျော့စေမယ့် နည်းလမ်းကောင်း တစ်ခုပေါ့။

နောက်တစ်ချက်က သဘာဝပတ်ဝန်းကျင်ကို ထိတွေ့ခံစားရမှုကြောင့် စိတ်လက်လန်းဆန်းမှုကို ခံစားရနိုင်တာပါ။သစ်ပင်စိုက်တာက

• ကိုယ်လက်လှုပ်ရှားမှုဖြစ်တယ်

• ကြွက်သားတွေ သန်မာစေတယ်

• အရိုးတွေသန်မာစေတယ်

• ဦးနှောက်ကျန်းမာစေတယ်

သက်လုံကောင်းစေတယ်

• အကြောတွေပြေလျော့စေတယ်

• နေရောင်ထဲမှာ သစ်ပင်တွေကို စိုက်ပျိုးတာကြောင့် ဗီတာမင် D ရရှိစေနိုင်တယ်

• Dementia ခံစားရနိုင်ခြေ နည်းစေတယ်။

စာရေးတာက သင့်ဝါသနာဆိုရင်

စားပွဲမှာ ထိုင်ပြီး လက်ရေးနဲ့ပဲရေးရေး၊ လက်ပ်တော့နဲ့ပဲဖြစ်ဖြစ် စာရေးရတာက သင့်ဝါသနာလား….. ဒါဆိုအထိုင်များလို့ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလး အထိုင်များတယ်လို့ ပြောစရာအကြောင်းရှိပေမယ့် တကယ်ကတော့ ဒီလိုစာရေးတာက

• စိတ်ရော ကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။

• စာရေးတဲ့ အလေ့အထလေးက

အနာကျက်စေနိုင်တယ်

• စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်တယ်

မှတ်မိနိုင်စွမ်း ကောင်းစေတယ်

• စိတ်ဖိစီးမှု ပြေလျော့စေနိုင်တယ်

အိပ်ရေးဝဝအိပ်ပျော်စေနိုင်တယ်။ တစ်နေ့ကို မိနစ် ၂၀ လောက် စာရေးပေးရုံနဲ့ အခုလို အကျိုးကျေးဇူးတွေ ရရှိစေမှာပါ။

သီချင်းနားထောင်တာက သင့်ဝါသနာဆိုရင်တော့

အလုပ်ပင်ပန်းလို့ဖြစ်ဖြစ် အပန်းဖြေတဲ့နည်းနဲ့ဖြစ်ဖြစ် သင့်ဝါသနာက သီချင်းနားထောင်တာ ဆိုရင်တော့ သင်က စိတ်ရော ကိုယ်ပါ ကျန်းမာမှုကို ပိုင်ဆိုင်နိုင်မယ့်သူပါ။ သီချင်းနားထောင်တာက စိတ်လက်ပေါ့ပါး လန်းဆန်းမှုကိုရပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။

• သီချင်းနားထောင်တာက

ကိုယ်ခံအား ကောင်းစေနိုင်တယ်

• စိတ်ဖိစီးမှု ပြေလျော့စေတယ်

• စိုးရိမ်ပူပန်မှုတွေကို လျော့ကျစေနိုင်တယ်

အနာကျက်မြန်စေတယ်

• ပြန်လည် နလန်ထူချိန်ကိုမြန်ဆန်စေတယ်

• ညဘက် အိပ်ပျော်စေတယ်

• စဉ်းစားဉာဏ်ရင့်သန်စေတယ်။

အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဆော့ရတာက သင့်ဝါသနာဆိုရင်

တစ်နေကုန်ပင်ပန်းကြီးစွာ အလုပ်လုပ်ပြီး အိမ်ပြန်လာတဲ့အခါ ဆီးကြိုတတ်တဲ့ ချစ်စရာတိလေးတွေနဲ့ အတူနေရတာကိုပျော်တယ်။ သူတို့လေးတွေနဲ့ဆော့ရတာက သင့်ဝါသနာဆိုရင် သင်က ကျန်းမာရေး အကျိုးကျေးဇူး အများ အပြားရရှိနေတယ်ဆိုတာပါ။

သူတို့လေးတွေနဲ့ ပြေးလွှားဆော့တာက သင့်ဝါသနာဆိုရင်တော့

ကဲ…စာဖတ်ပရိသတ်ကြီးရဲ့ ဝါသနာကရော ဘာများလဲ…… ကိုယ်ဝါသနာပါရာတွေကို လုပ်ဆောင်ရင်း ကျန်းမာရေးကို စောင့်ရှောက်လိုက်ကြစို့လား………….

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Aye Thi Mon မှ ရေးသားသည်။ · 25/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement