လူဆိုတာ ဘယ်လောက်ပဲ တစ်ယောက်ထဲ နေရတဲ့အချိန်ကို သဘောကျတယ်ပြောပြော ကိုယ့်အိမ်ထဲမှာ ရက်ပေါင်းများစွာ လှောင်ပိတ်နေရပြီး အပြင်လည်း သွားလို့မရ၊ အပေါင်းအသင်းတွေနဲ့လည်း တွေ့လို့မရ ဆိုရင် ကြာလာတာနဲ့ ငူငူငိုင်ငိုင်တွေ ဖြစ်ပြီး အထီးကျန်တော့မှာပေါ့။ ဒီလိုမျိုး ကိုယ့်အခန်းထဲမှာပဲ လှောင်ပိတ်နေရလို့ အထီးကျန်လာတဲ့ ခံစားချက်မျိုးကို Cabin Fever လို့ ခေါ်ကြပြီး စိတ်ကျန်းမာရေး ပြဿနာလို့ သတ်မှတ်ရတဲ့အထိတော့ မပြင်းထန်ပါဘူး။