အန္တရာယ်ရှိလား။
အန္တရာယ်က မရှိသလောက်ကို နည်းပါတယ်။ တစ်ခါတစ်လေ စိတ်ထဲမှာ သက်တောင့်သက်သာ မဖြစ်တာတော့ ရှိနိုင်တာပေါ့။ တစ်ခါတစ်လေ သင့်ကို ကုသဖို့ လိုအပ်လို့ မေးလိုက်တဲ့မေးခွန်းတွေကြောင့် အတိတ်ဟောင်းကို တူးဆွသလို ဖြစ်ပြီး စိတ်ထဲမှာ ဝမ်းနည်းလာတတ်ပါတယ်။ ဒါ့ပြင် စိတ်ဖွင့်ထဲမှာ ရှိတဲ့အတိုင်း ပြောပြီး ဖွင့်ချတဲ့ ကုသနည်း sessionမှာ သင့်အနေနဲ့ အားပါလာပြီး ငိုချင်တာ၊ စိတ်ပျက်တာ၊ ဒေါသထွက်တာမျိုး ရှိနိုင်ပါတယ်။ ကိုယ်မှာပါ အားအင်တွေ ကုန်ခမ်းလာသလို ခံစားရတတ်ပါတယ်။
CBT ကုထုံးရဲ့ ကုသမှု တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ exposure therapyမှာ သင်ကြောက်တဲ့ဟာတွေကို ထွက်ပြေးမနေဘဲ တည့်တိုးရင်ဆိုင်ခိုင်းတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ခဏတော့ စိတ်ရှုပ်တာ၊ စိတ်ဖိစီးတာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပညာရှင်နဲ့ ကုသမှုခံယူမယ်ဆိုရင် အန္တရာယ်နည်းပါတယ်။ ဒီလို တည့်တိုးရင်ဆိုင်ခိုင်းတာက နောက်ပိုင်းမှာ ကိုယ်မကြိုက်တဲ့ ခံဏားချက်တွေ၊ ကြောက်ရွံ့မှုတွေကို ရင်ဆိုင်နိုင်ဖို့ လေ့ကျင့်ပြိးသား ဖြစ်သွားပါတယ်။
CBT ကုသနည်းမှာ ဘာတွေ ပါမှာလဲ။
- အရင်ဆုံး ကုသမယ့် ဆရာဝန်က သင့်အကြောင်းကို သိဖို့လိုပါတယ်။ သင့်ရဲ့ ကိုယ်ကျန်းမာရေး အခြေအနေက စလို့ လူမှုရေးပြဿနာတွေ အထိ (ဥပမာ ကွာရှင်းထားတာ) သိထားရမှာပါ။ သင်ရဲ့ ပြဿနာက ဘာလဲ။ သင်ဘာဖြစ်ချင်တာလဲဆိုတာကို ဆရာဝန်နဲ့ ဆွေးနွေးပါ။
- ပြဿနာတွေကို သိပြီဆိုရင် ဒါနဲ့ ပတ်သတ်လို့ သင့်စိတ်ထဲမှာ ဘယ်လို ခံစားရတယ်ဆိုတာကို သေသေချာချာ မေးမြန်းမှာပါ။ လိုအပ်ရင် သင့်ကို စာအုပ်နဲ့ ချရေးခိုင်းမှာပါ။
- ဒီပြဿနာတွေနဲ့ ပတ်သတ်လို့ သင့်စိတ်ထဲမှာ ဘယ်လို အဆိုးမြင်စိတ်တွေ၊ မသေချာမှုတွေ ခံစားနေရလဲဆိုတာ သိအောင် လုပ်ရပါမယ်။
- နောက်ဆုံးကျမှ သင့်ရဲ့ အတွေးအမြင်တွေ၊ အပြုအမူတွေ ပြောင်းလဲပေးမှာပါ။ လူတစ်ယောက်ရဲ့ ရှိပြီးသား အတွေးအခေါ်၊ အပြုအမူကို ပြောင်းလဲဖို့ မလွယ်ပါဘူး။ ဒါဟာ အခက်ဆုံး အဆင့်ပါပဲ။
သင့်အနေနဲ့ ဘာတွေပြင်ဆင်ထားသင့်လဲ။
CBTကုသမှု ခံယူတဲ့ နေရာမှာ ဆရာဝန်ကိုပဲ အားကိုးလို့ မရပါဘူး။ လူနာက ကိုယ်တိုင် ကိုယ်ကျ စိတ်ဝင်တစားနဲ့ ပါဝင်မှသာ အောင်မြင်မှာပါ။ ဒါကြောင့် သင့်အနေနဲ့
- ကုသမှုမျာ စိတ်ဝင်စားပါ။ ဆရာဝန်နဲ့ သက်တောင့် သက်သာ စကားပြောပါ။
- သင်ခံစားရသမျှကို ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား ပြောလို့ရပါတယ်။ ဒါဟာ ရှက်စရာ မဟုတ်ပါဘူး။ ကုသမှုကို အများကြီး အထောက်အကူဖြစ်ပါတယ်။ နောက်ပြီး လူနာရဲ့ အတွင်းရေး မှန်သမျှကို ဆရာဝန်အနေနဲ့ ထိန်းသိမ်းထားမှာဖြစ်လို့ စိတ်မပူပါနဲ့။
- ကုသမှု သေချာလိုက်နာပါ။ ဇွဲရှိပါ။
- စိတ်ပိုင်းဆိုင်ရာကို ကုသတာဖြစ်လို့ ခက်ခဲပါတယ်။ ရက်ချိန်း တစ်ခါပြပြီးတိုင်း ပိုတိုးတက်လာရမယ်လို့ မမျှော်လင့်ပါနဲ့။
- ရက်ချိန်းပြပြီးတိုင်းမှာ ဆရာဝန်က သင့်ကို အိမ်စာပေးပါလိမ့်မယ်။ ဥပမာ စာအုပ်ဖတ်ခဲ့တာ ဆိုတာမျိုးပေါ့။ ဒါတွေကိုလည်း လိုက်လုပ်ပါ။
- သင့်စိတ်ထဲမှာ CBTက သင့်အတွက် အကျိုးမထူးဘူးထင်ရင် ဆရာဝန်နဲ့ ဆွေးနွေးလို့ရပါတယ်။ တခြား ကုထုံးကို ပြောင်းသုံးကြည့်တာပေါ့။
CBTနဲ့ ပတ်သတ်ပြီး သိထားရမှာ တစ်ခုက သင့်မှာ ရှိနေတဲ့ ကြောက်စိတ်တွေ၊ ဒေါသဖြစ်လွယ်တဲ့ စိတ်တွေကို အပြီးပျောက်သွားအောင် ကုသပေးနေတာ မဟုတ်ပါဘူး။ ဒီစိတ်တွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ။ ဘယ်လို ရင်ဆိုင်မလဲ။ ဒီစိတ်တွေနဲ့ လူမှုအဖွဲ့အစည်းမှာ အံဝင်ဖို့ ဘယ်လိုနေမလဲ ဆိုတာကိုသာ သင်ပေးတာပါ။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။