မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်းမှာ အဆုံးစီရင်တာကို လျှော့ချဖို့ နည်းလမ်းမျိုးစုံပါပါတယ်။ အဆုံးစီရင်တော့မယ့် လက္ခဏာတွေကို စောစောစီးစီး သိထားမယ်ဆိုရင် ကြိုတင်ကာကွယ်နိုင်မှာပါ။ ဒါတွေကို ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

သေကြောင်းကြံစည်တာ နဲ့ပတ်သက်ပြီး အထင်မှားနေကြတဲ့ အချက်အချို့

ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တယ်လို့ ကြားလိုက်တိုင်း ပျော့ညံ့လိုက်တာ၊ အလွယ်တကူနဲ့ အရှုံးပေးတယ်လို့ မြင်လိုက်တတ်ကြပါတယ်။ တကယ်ရော ဒီထက်မြင်ချက်တွေက မှန်ရဲ့လားဆိုတာကို ဆန်းစစ်ဖူးရဲ့လား........... လူတစ်ယောက် ကိုယ့်အသက်ကိုကိုယ် ရန်ရှာရတယ်ဆိုကတည်းက အကြောင်းရင်းခံက ဘာရယ်မဟုတ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ သက်ရှိတိုင်းလိုလိုက ရှင်သန်နေထိုင်ဖို့ စိတ်အားထက်သန်ကြပါတယ်။ ရှင်သန်နေထိုင်ဖို့ ဆန္ဒပြင်းပြတဲ့ သက်ရှိတွေထဲမှာမှ ဉာဏ်ရည်အမြင့်ဆုံး လူသားတွေက ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တာ နဲ့ ပတ်သက်ပြီး အမှတ်မှားနေတဲ့ အချက်လေးတွေကို ပြောပြပေးသွားပါမယ်။ https://hellosayarwon.com/healthy-mind/suicide-prevention/signs-that-someone-is-going-to-suicide/ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာ နဲ့ပတ်သက်ပြီး အထင်မှားနေကြတဲ့ အချက်အချို့ သေကြောင်းကြံစည်တာနဲ့ပတ်သက်လို့ သိထားတာတွေ မှန်ရဲ့လား........ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မယ့်သူတွေက တစ်ကိုယ်တည်း ကြိတ်ကြံစည်ကြတယ် အများစုက ဒီလိုထင်ကြတာပါ။ တကယ်ကတော့ သေကြောင်းကြံစည်သူတွေက အခြားသူတွေဆီမှာ သူကြုံနေရတဲ့ အခက်အခဲတွေကို ပြေလည်စေဖို့ နည်းလမ်းတွေ တောင်းလေ့ရှိပါတယ်။ သူတို့အနေနဲ့ လုံးဝ အကူအညီမရမှဘဲ […]

မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း ကို ရှာဖွေမည်။

မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

ကလေးငယ်တွေ ဘာကြောင့် ကိုယ့်ကိုယ်ကို သတ်သေကြသလဲ

ကလေးငယ်လေးတွေဟာလည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်နိုင်တဲ့ စိတ်ဖိစီးမှုတွေ ခံစားရနိုင်တယ်ဆိုတာကို သင်သိပြီးပါပြီလား။ တကယ်လို့ သိထားတယ်ဆိုရင် ဂရုစိုက်ဖို့ လိုမယ်ဆိုတာကိုလည်း သိနားလည်လာမယ်လို့ ယုံကြည်ပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတဲ့ ကိစ္စအကြောင်းပြောဆို ဆွေးနွေးကြတဲ့အခါ ကလေးငယ်တွေအကြောင်း ထည့်သွင်းမစဉ်းစားမိတတ်ကြပါဘူး။ ကလေးတွေဟာလည်း စိတ်ဖိစီးမှုနဲ့ စိတ်ဝေဒနာခံစားရနိုင်တဲ့ လူသားတွေပဲဖြစ်ပါတယ်။ သူတို့တွေလည်း ပတ်ဝန်းကျင်နဲ့ တခြားသော ဖိအားတွေကြောင့် စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်ကြရသလို အရမ်းဆိုးရွားပြင်းထန်လာချိန်မျိုးမှာ ဘဝကို လက်လျှော့အရှုံးပေးလိုက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကို ကလေး သတ်သေမှု (child suicide) လို့ ဆိုကြပါတယ်။ လေ့လာချက်တွေအရ ဒီကနေ့ခေတ် အသက် ၁၀ နှစ်နဲ့ ၁၉ နှစ်ကြား လူငယ်တွေအကြားမှာ သတ်သေမှုတွေ ရှိနေပါတယ်။ မတူညီတဲ့ အကြောင်းပြချက်အမျိုးမျိုးကြောင့် ကလေးငယ်တွေအနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေနိုင်ပါတယ်။ မိဘ၊ ဆရာသမားနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလူတွေအနေနဲ့ […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

သတ်သေချင်စိတ်ကို တွန်းအားပေးတဲ့ အစားအစာ ၄ မျိုး

လူတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေဖို့ဆိုတာဟာ သာမန်လူတစ်ယောက်ရဲ့ အမြင်မှာတော့ ဖြစ်နိုင်ချေ အတော်နည်းပါးတဲ့ ကိစ္စတစ်ခုလို့ ရှုမြင်စရာပါ။ ဒါပေမယ့် ပြင်းထန်တဲ့ စိတ်ဖိစီးမှု၊ ပတ်ဝန်းကျင်ဖိအားနဲ့ စိတ်အားငယ်မှုစတာတွေကို ခံစားနေရသူတစ်ယောက်အတွက်ဆိုရင်တော့ ဒီအချက်ဟာ ဖြစ်မလာနိုင်ဘူးလို့ ဆိုဖို့ခက်ခဲတဲ့ အရာတစ်ခုဖြစ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်နာကျင်မှု ဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားနေရသူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ချေမြင့်မားလှပြီး ဒီလို ပုဂ္ဂိုလ်တွေအနေနဲ့ နေထိုင်စားသောက်ပုံတွေကို ဂရုတစိုက် စီမံဖို့ လိုအပ်ပါတယ်။ လူအများစုဟာ များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေသူတွေကို နှစ်သိမ့်မှု၊ အားပေးမှုတွေ ပြုလုပ်ပေးကြပေမယ့် အစားအသောက်နဲ့ ပတ်သက်တာတွေကိုတော့ ဂရုတစိုက်ပြင်ဆင်ပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။ အစားအသောက်တွေကလည်း လူတွေကို စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ပိုဆိုးလာအောင် တွန်းအားပေးနိုင်ပြီး သတ်သေချင်စိတ်ကို ဖြစ်စေနိုင်တယ်ဆိုတာကို လူအတော်များများက သိရှိကြခြင်းမရှိကြပါဘူး။ ဒါကြောင့် တစ်ချို့သော အစားအစာတွေဟာ သတ်သေချင်စိတ်ကို တွန်းအားပေးနိုင်ပြီး […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

ကိုယ့်ကိုယ်ကိုသတ်သေ ချင်သူတွေ ဆိုရှယ်မီဒီယာမှာ ဘာတွေ တင်တတ်သလဲ

စိတ်ဖိစီးမှုတွေ၊ လူမှုဘဝ အခက်အခဲတွေ၊ လူမှုရေး ပြဿနာတွေ နဲ့ မိသားစု အဆင်မပြေမှုတွေကြောင့် ဒီကနေ့ခေတ်မှာ ကိုယ့်ကိုယ်ကိုသတ်သေ မှုတွေ ပိုမို များပြားလာ နေပါတယ် ။ လူတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေဖို့ ဆိုတာဟာ သာမန်လူ တစ်ယောက်ရဲ့ အမြင်မှာတော့ ဖြစ်နိုင်ခြေ  အတော်နည်းပါးတဲ့ ကိစ္စတစ်ခုလို့ ရှုမြင်စရာပါ ။ ဒါပေမယ့် ပြင်းထန်တဲ့ စိတ်ဖိစီးမှု၊ ပတ်ဝန်းကျင် ဖိအား နဲ့ စိတ်အားငယ်မှု စတာတွေကို ခံစားနေရသူ တစ်ယောက်အတွက် ဆိုရင်တော့ ဒီအချက်ဟာ ဖြစ်မလာနိုင်ဘူးလို့ ဆိုဖို့ခက်ခဲတဲ့ အရာတစ်ခုဖြစ် ပါတယ် ။ စိတ်ဖိစီးမှု နဲ့ စိတ်နာကျင်မှု ဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားနေရသူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ခြေ မြင့်မားလှပြီး ဒီလို ပုဂ္ဂိုလ်တွေ အနေနဲ့ နေထိုင် စားသောက်ပုံတွေကို ဂရုတစိုက် […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

သေကြောင်းကြံစည်ချင်တဲ့ အတွေးတွေကို ဒီလိုတိုက်ထုတ်ကြရအောင်

သေကြောင်းကြံစည်တယ်တဲ့၊ လူမှုနယ်ပယ်မှာတော့ ဒါဟာ မကြားဝံ့ မခံသာစရာ သတင်းတစ်ပုဒ်ပဲ။ စိတ်ထဲကနေ နင့်နေအောင် ခံစားနေရတာကို သည်းမခံနိုင်တော့အဆုံး အဆုံးစီရင်ဖို့ ကြိုးစားလိုက်တာကိုတော့ ကိုယ်တိုင်ခံစားဖူးမှပဲ သိနိုင်ပါလိမ့်မယ်။ ပြောရမယ်ဆိုရင် လူမှုပတ်ဝန်းကျင်ကပဲ ဒီလိုလူတွေကို သေကြောင်းကြံစည်လောက်တဲ့အထိ တွန်းအားပေးလိုက်တာပါပဲ။ လူရယ်လို့ ဖြစ်လာရင် ဘဝအခက်အခဲတွေနဲ့ အမြဲလိုလို ရင်ဆိုင်ရတာပါပဲ။ ဒီအခက်အခဲတွေပေါ် လူတစ်ယောက်က ဘယ်လိုမြင်သလဲ၊ ဘယ်လိုတွေးမလဲ၊ ဘယ်လိုဖြေရှင်းဖို့ ကြိုးစားလဲ၊ ကြီးပြင်းလာခဲ့ရတဲ့ မိသားစုအသိုင်းအဝိုင်းတွေ စတာတွေက လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးအပေါ် အများကြီးသက်ရောက်မှုရှိနိုင်ပါတယ်။ ကိုယ်ခန္ဓာအတွက်ကိုပဲ ဂရုစိုက်ပြီး စိတ်ကို ဂရုစိုက်ဖို့ မေ့သွားတဲ့အခါ ဒီဒဏ်ရာတွေက လုံးဝပျောက်ကင်းသွားတာမဟုတ်ပါဘူး။ သဲလေးဖုံးလိုက်ရုံလောက်ပဲ တတ်နိုင်ပြီး အကြောင်းတစ်ခုခုနဲ့ ပြန်တိုက်ဆိုင်လာတဲ့အခါ အရင်က ခံစားဖူးတဲ့ ဒဏ်ရာဝေဒနာ အကုန်လုံးက ဆနဲ့တိုးပြီး ပြန်တက်လာတာပါပဲ။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုစိတ်ဝေဒနာ […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

လူတစ်ယောက် သေကြောင်းကြံစည်ဖို့ ကြိုးစားနေလားဆိုတာ ဘယ်လိုသိနိုင်မလဲ

တော်တော်များများကတော့ သေကြောင်းကြံစည်ခြင်း ကို မှားယွင်းတဲ့ အပြုအမူ၊ စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေမှာသာ တွေ့ရတတ်တဲ့ ရူးမိုက်မိုက်လုပ်ရပ်လို့ ထင်တတ်ပါတယ်။ တကယ်တော့ လူတိုင်းမှာ စိတ်ညစ်စရာပေါင်းသောင်းခြောက်ထောင်နဲ့ နေ့စဉ် ရင်ဆိုင်ဖြေရှင်းနေရတာပါ။ လူတစ်ယောက်နဲ့ တစ်ယောက် ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံ၊ မိဘဆွေမျိုး၊ အပေါင်းအသင်း၊ စိတ်နေသဘောထား၊ ပြဿနာတစ်ခု၊ အကြောင်းအရာတစ်ခုအပေါ် ဘယ်လိုအမြင်နဲ့ ကြည့်လဲဆိုတာပေါ် မူတည်ပြီး မတူညီနိုင်ပါဘူး။ ကိုယ်က ဒီလိုအခက်အခဲတွေ ကြုံလာရင် ကောင်းကောင်းဖြေရှင်းနိုင်ရင်တောင် တခြားသူက ကိုယ့်လိုမျိုးတွေးချင်မှ တွေးနိုင်မှာပါ။ မတွေးနိုင်ဘူးဆိုရင်လည်း အပြစ်တင်လို့ မရပါဘူး။ ဘယ်လိုအရွယ်တွေ သေကြောင်းကြံစည်မှု အများဆုံးဖြစ်နေလဲ။ အရင်တုန်းကနဲ့ ယှဉ်လိုက်ရင် ဒီဘက်ခေတ်မှာ ဆယ်ကျော်သက်လူငယ် အရွယ်တွေမှာ သေကြောင်းကြံစည်မှု အများဆုံးဖြစ်လာတာကို တွေ့ရပါတယ်။ အလုပ်ခွင်ထဲ ရောက်နေပြီးသား အသက် ၂၀ မှ ၅၀ အတွင်း လူငယ်လူလတ်ပိုင်းတွေမှာလည်း အလုပ်ခွင်နဲ့ […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

သေမင်းတံခါးဝမှ ကျောခိုင်းလှည့်ထွက်သွားဖို့ ကြိုးစားခြင်း

လူတိုင်းကတော့ မွေးလာပြီးတာနဲ့ အို၊ နာ၊ သေ သံသရာစက်ဝန်းအောက်မှာ ကျင်လည်နေကြတာပါ။ လောကဒဏ်ဆိုတာလည်း ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်ပါတယ်ဆိုတဲ့ လူတစ်ယောက်ကိုတောင်မှ ပြိုလဲသွားနိုင်အောင် တိုက်စားနိုင်တာကိုး။ ဒီလိုဒဏ်တွေကို မခံနိုင်တော့တဲ့အဆုံး လူ့ဘဝထဲက ထွက်ခွာသွားဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ လူတွေဆိုတာလည်း တဖြည်းဖြည်းနဲ့ များလာနေပါတယ်။ လူတွေကိုသတ်မသေဖို့ ပြောနေပေမယ့် သေမင်းတံခါးဝမှ ကျောခိုင်းလှည့်ထွက်သွားဖို့ ကြိုးစားခြင်း က ထင်သလောက် မလွယ်ပါဘူး။ လူတွေ ဘာကြောင့် သေကြောင်းကြံစည်ဖို့ ဆုံးဖြတ်ချက်ချတာလဲ။ ဘာသာတရားနဲ့ သက်ဆိုင်မှုမရှိဘဲ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် စိတ်ကျန်းမာရေး ပြဿနာမျိုးစုံ ကြုံတွေ့နေရတဲ့သူတွေ၊ အဘက်ဘက်ကနေ တိုက်ခိုက်မှု၊ ဖိနှိပ်မှုကို ခံနေကြရတာ၊ ပတ်ဝန်းကျင်၊ တချို့သောမိဘဆွေမျိုး အသိုင်းအဝိုင်းမှာ ကြုံလာခဲ့ရသမျှ စိတ်ဒုက္ခတွေ။ ဒါတွေအားလုံးက အတွေးထဲမှာ ပိတ်မိသွားတဲ့အခါ လူတွေက ထွက်ပြေးဖို့ကို ကြံစည်လာကြပါတယ်။ ဒါပေမယ့်လည်း ဒီအရာတွေဆိုတာ ထွက်ပြေးလို့ […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

တိတ်ဆိတ်ငြိမ်သက်တဲ့ အမှောင်ထောင့်လေးထဲက ငိုရှိုက်သံသဲ့သဲ့လေး

၁။ အဆုံးစီရင်သွားတဲ့ဆရာဝန်။ ဒေါက်တာဇော်ဇော်ဟာ နယ်ဆေးရုံတစ်ခုမှာ တာဝန်ကျနေတဲ့ အထူးကုဆရာဝန်တစ်ယောက်ပါ။ လူပျိုလူလွတ်ဆရာဝန်ဖြစ်တယ်။ မိဘတွေချောင်ချောင်လည်လည်ရှိတယ်။ ပညာတတ်တဲ့ လူလတ်ပိုင်းတစ်ယောက်ဖြစ်တယ်။ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတတ်တယ်။ လူနာတွေအပေါ်မှာ ကြင်ကြင်နာနာဆက်ဆံတတ်တယ်။ ပညာတော်တယ်။ တစ်ရက်ကျတော့ ဒေါက်တာဇော်ဇော် ဆေးရုံကိုမလာဘူး။ သူ့ဖုန်းကိုခေါ်တော့လည်း မကိုင်ဘူး။ အိမ်လိုက်သွားကြည့်တဲ့အခါမှာတော့ အိမ်မှာရှိတဲ့ တန်းတစ်ခုမှာ ဆွဲကြိုးချပြီး ကိုယ့်ကိုကိုယ် သတ်သေထားတဲ့ ဒေါက်တာဇော်ဇော်ကိုတွေ့လိုက်ရတယ်။ လူနာတွေရော၊ လုပ်ဖော်ကိုင်ဖက်တွေရော၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ နောက်ဆုံး မိသားစုအတွက်တောင် ဒီကိစ္စက အထူးအဆန်းတစ်ခုလိုပဲ။ အဆင်မပြေတာရယ်လို့ ထူးထူးထွေထွေမရှိတဲ့သူတစ်ယောက်အဖို့ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားတယ်ဆိုတဲ့ကိစ္စအပေါ် ဘယ်လိုမှ နားလည်နိုင်စွမ်းမရှိကြဘူး။   ၂။ အဖေရုတ်တရက်ဆုံးပါးသွားတဲ့ တက္ကသိုလ်ကျောင်းသား။ ကျော်ကျော်ဟာ စိတ်ရင်းသဘောထားကောင်းပြီး သိမ်မွေ့တဲ့ အဝေးသင် တတိယနှစ်ကျောင်းသားတစ်ယောက်ပါ။ တစ်ရက်မှာ သူ့အဖေဟာ နှလုံးအမောဖောက်ပြီး ရုတ်တရက်ကွယ်လွန်သွားတယ်။ ရက်လည်လောက်ထိ ကျော်ကျော့်ကို လူတွေနှစ်သိမ့်ကြတယ်။ နွေးထွေးပေးကြတယ်။ နောက်ပိုင်းကျတော့ ကိုယ့်အလုပ်နဲ့ကိုယ်ဖြစ်သွားပြီလေ။ ဘယ်သူမှ […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

ကိုယ့်ကိုယ်ကို သတ်သေတော့မလို့လား

'မိမိကိုယ်ကို သတ်သေခြင်း' တဲ့။ ရခဲလှတဲ့ လူ့ဘဝ (တစ်နည်း) အသက်တစ်ချောင်းကို ခက်ခဲပင်ပန်းစွာ ကြိုးစားရင်း အသက်ဆက်နေသူတွေရှိသလို ဘဝကို လက်လျှော့အရှုံးပေးပြီး အဆုံးသတ်ချင်သူတွေလည်း ရှိနေတာ ဒုနဲ့ဒေးပါပဲ။ ဒီထဲမှာမှ ပိုထူးဆန်းတာက ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့သူတွေထဲမှာ လူသိများထင်ရှားပြီး ငွေကြေး၊အောင်မြင်မှုစသဖြင့် လူတိုင်းအားကျလောက်အောင် ပြည့်စုံကြွယ်ဝသူတွေလည်း ပါဝင်နေတာ အံ့ဩစရာပါပဲ။ သမိုင်းတလျှောက် နာမည်ကျော်သတ်သေမှုတွေ ရှိခဲ့ပေမယ့် အမေရိကန်ဟာသမင်းသားကြီး ရော်ဘင်ဝီလျံ နဲ့ လည်ပင်းကြောကြီးတွေထောင်အောင် သီဆိုတတ်တဲ့ Linkin park အဆိုတော် ချက်စတာတို့ရဲ့ သေကြောင်းကြံစည်မှုတွေကတော့ ဒီဘက်နောက်ပိုင်းမှာ အလှုပ်ခတ်ဆုံးဖြစ်ခဲ့ရသလို အားလုံးလည်း နှမြောတသဖြစ်ခဲ့ရပါတယ်။ သိပ်မကြာသေးခင်ကလည်း နာမည်ကျော် brand ဖြစ်တဲ့ ကိတ်စပိတ်ရဲ့ မူလတည်ထောင်သူ အမျိုးသမီးဒီဇိုင်နာ ကိတ်စပိတ် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါသေးတယ်။ အရွယ်အားဖြင့် အရွယ်ကောင်းဖြစ်တဲ့အပြင် အထက်မှာ ကျွန်တော်ပြောခဲ့သလိုပဲ အောင်မြင်ကျော်ကြားမှု၊ချမ်းသာကြွယ်ဝမှု […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

ဘာလို့ သတ်သေချင်စိတ် ပေါက်ရတာလဲ

သင့်ဘဝအချိုးအကွေ့တစ်ခုမှာ သတ်သေချင်စိတ် တွေ ပေါ်ကောင်းပေါ်ဖူးပါလိမ့်မယ်။ အထူးသဖြင့် အထက်တန်းကျောင်းတက်နေစဉ်အတွင်း အနိုင်ကျင့်ခံရတာ ဒါမှမဟုတ် မိဘနဲ့အဆင်မပြေတာမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ သတ်သေခြင်းက သင့်ကိုယ်ပိုင်ဘဝကို သင်ကိုယ်တိုင်ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။ သင်ချစ်ရတဲ့လူသေဆုံးသွားတဲ့အခါမှာ ဒါမှမဟုတ် ဆက်ဆံရေးတစ်ခုပြတ်တောက်သွားတဲ့အခါမျိုးမှာ ဘဝကို လက်လျှော့ချင်တဲ့အတွေးမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ သတ်သေချင်တဲ့ အတွေးမျိုးတွေ တွေးဖူးတယ်ဆိုရင် ဒီခံစားချက်နဲ့ပတ်သက်ပြီး အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။ ဘာလို့ သတ်သေချင်စိတ် ပေါက်ရတာလဲ ဘာလို့ သတ်သေချင်စိတ် ပေါက်ရတာလဲ ဆိုတော့ စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်ခြင်း သတ်သေချင်စိတ် ပေါက်ရတဲ့အကြောင်းရင်းတွေထဲ ကိစ္စတခုဖြစ်ပါတယ်။ အများအားဖြင့်တော့ စိတ်ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် စိတ်ဓာတ်ကျခြင်းဖြစ်ပါတယ်။ စိတ်ကျရောဂါ၊ ပူပင်ကြောင့်ကြမှုများခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ကစဉ့်ကလျားရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။ သင့်စိတ်ကျန်းမာရေးအခြေအနေအတွက် ထိရောက်မယ့် ကုသမှုကို ခဲခဲယဉ်းယဉ်းရှာနေရချိန်မျိုးမှာ သင့်နဂိုအတိုင်းပြန်မကောင်းနိုင်တော့ဘူးဆိုပြီး အကူအညီမဲ့တဲ့ ကြောက်လန့်တဲ့ အတွေးမျိုးတွေ ဖြစ်လာတာကြောင့် ဖြစ်နိုင်ပါတယ်။ ဘဝရဲ့ နာကျင်မှုတွေကို အဆုံးသတ်ဖို့ တစ်ခုတည်းသောနည်းလမ်းက […]


မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

သေကြောင်းကြံလိုစိတ်ရှိတဲ့ သူငယ်ချင်းကို ကူညီရန်အဆင့်များ

အခြေအနေ အတော်များများမှာ သေကြောင်းကြံလိုသူဟာ အကူအညီမတောင်းတတ်ကြပါဘူး။ သူတို့ဟာ ဘဝကို အရှုံးပေးလိုက်ပြီး သင့်ကို အရမ်းနောက်ကျသွားချိန်အထိ ပြဿနာတွေကို ပြောပြမှာ မဟုတ်ပါဘူး။ ဒါမျိုး သင့်သူငယ်ချင်းမှာ ဖြစ်လာရင် သင်က ထိန်းချုပ်ပြီး သင့်သူငယ်ချင်းကို ကူညီပေးနိုင်ပါတယ်။ သေကြောင်းကြံခြင်းကို နားလည်ခြင်းနဲ့ ကာကွယ်ခြင်း လူတစ်ယောက် သေကြောင်းကြံခြင်းကို ကူညီခြင်း မပြုမီ သေကြောင်းကြံခြင်းရဲ့ သတိပေးလက္ခဏာတွေနဲ့ ဘယ်လိုကာကွယ်ရမယ်ဆိုတာကို သိထားသင့်ပါတယ်။ သေကြောင်းကြံခြင်းရဲ့ အဓိက အကြောင်းရင်းက စိတ်ဓါတ်ကျခြင်းကြောင့် ဖြစ်ပါတယ်။ စိတ်ကျမှု ပြင်းထန်သူ အတော်များများက သူတို့ရဲ့ စိတ်ဖိစီးမှုများပြီး မျှော်လင့်ချက်မရှိတဲ့ဘဝကို သေကြောင်းကြံပြီး လွတ်မြောက်လိုကြပါတယ်။ သူတို့တွေဟာ သူတို့ကို ထိခိုက်နေတဲ့ နာကျင်မှုကို ရပ်တန့်လိုကြပါတယ်။ တကယ်လို့ သင့်သူငယ်ချင်းက သေကြောင်းကြံဖို့ စဉ်းစားနေပြီဆိုရင် သူ့မှာ ကိုယ့်ကိုယ်ကို မနှစ်မြို့ခြင်း၊ မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ အထီးကျန်ခြင်းတွေ ရှိနိုင်ပါတယ်။ သေခြင်းတရားအကြောင်း […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်