စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

သီချင်းဆိုပါ…………….

စာဖတ်ပရိသတ်ကြီးက သီချင်းဆိုရတာ ကြိုက်သူလား………….. သီချင်း နားထောင်ရတာကို လူတော်တော်များများ ကြိုက်ကြပေမယ့် သီချင်းဆိုတာကို သဘောကျသူကတော့ သိပ်မများလှပါဘူး။ သီချင်းဆိုတာက အသံနာစေတယ် ဘာမှ အကျိုးမထူးဘူးလို့ ယူဆနေတယ်ဆိုရင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။ သီးချင်းဆိုတာ ကောင်းလား……….. ဖုန်းကနေဖြစ်ဖြစ် ကားမောင်းရင်း သီချင်းဖွင့်ပြီးဖြစ်ဖြစ် ကွန်ပျူတာမှာ သီချင်းဖွင့်ရင်း သီချင်းလိုက်ညည်းတတ်တယ် ဆိုရင်တော့ ကိုယ်တိုင်ကြုံဖူးလောက်မယ့် အတွေ့အကြုံလေးတွေကနေ အရင်စပြောလိုက်ရအောင်လား.. သီချင်းဆိုတဲ့အခါ • စိတ်လက်ပေါ့ပါး သွားတယ် • စိတ်ဖိစီးမှု ပြေလျော့သွားတယ် • စိုးရိမ်မှုကို သက်သာစေတယ် • ဟန်ပန်လုပ်ရင်း သီဆိုတာကြောင့် ကိုယ်လက်လှုပ်ရှားဖြစ်တယ် ဆိုရင် ဘာပြောမလဲ။ရေချိုးရင်း ရေချိုးခန်းထဲမှာ သီချင်း အော်ဆိုတတ်သူတိုင်း ဒီခံစားမှုလေးတွေကို သိမှာပါ။ ဒီလိုဆိုတတ်သူတွေရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေများလဲ…… သီချင်းဆိုရတာက သဘောကျသူလေးတွေဟာ စိတ်ဖိစီးမှု ကင်းတယ် သီချင်းဆိုလိုက်တဲ့အခါ ခန္ဓာကိုယ်မှာ စိတ်ခံစားမှုကောင်းတာပြီး အောက်ဆီတိုစင် ဟော်မုန်းတွေထွက်လာပါတယ်။ ဒီလို ထွက်ရှိမှုက စိတ်ဖိစီးမှုကို […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အတွေးလွန် ပြီး ကိုယ့်ကိုယ်ကို လောင်မြိုက်မနေပါစေနဲ့

လောင်နေတယ်...အတွေးတွေနဲ့ လောင်မြိုက်လို့ ညအိပ်မပျော်တာ၊ စိတ်တွေ ဖိစီးပြီး ရင်ထဲ ပူလောင်နေတာ၊ တည်ငြိမ်အောင် ထိန်းမရဘဲ အတွေးလွန် နေမိတာမျိုး။ အတွေးလွန်တယ် ဆိုတာ အရင်က တစ်ခါမှ အရေးမထားခဲ့ဖူးတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ကိုယ့်ကို မကြာခဏ စိတ်ဖိစီးမှု ပေးတတ်တာကြောင့် အန္တရာယ်ရှိတဲ့အကျင့်တစ်ခုပါ။ ဒါပေမယ့်လည်း တချို့တွေအတွက် ကတော့ ဘဝရဲ့ သဘာဝ ကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ စိတ်ထဲမှာ အတွေးတွေက စက္ကန့်နဲ့အမျှ အမျိုးမျိုး ဖြစ်နေတာဆိုတော့ ဒီလို အတွေးလွန် နေတာကို သတိတောင်မထားမိကြတာများပါတယ်။ ဒီလို အတွေးလွန် ရာကနေ အိပ်မပျော်တာ၊ စိတ်ဖိစီးတာ၊ သွေးတိုးတာ စတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်တယ်၊ အာရုံစူးစိုက်နိုင်စွမ်းလည်း ကျလာနိုင်တယ်လေ။ ဒါ့ကြောင့် အတွေးလွန် တတ်တဲ့ ပြဿနာကို ဖြေရှင်းရာမှာ အထောက်အကူဖြစ်မယ့် နည်းလေးတွေ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ဘဝ ကို အဓိပ္ပာယ် ရှိရှိ ရှင်သန်ကြမယ်

ဘဝ ရဲ့ အဓိပ္ပာယ်ဆိုတာ ဘာလဲ။ မေးခွန်းက တိုပေမယ့် အဖြေ အတိအကျ ထွက်ဖို့ မလွယ်ပါဘူး။ ကိုယ့်အတွက် အရေးပါတဲ့ အဓိပ္ပာယ်ကို ရှာဖွေဖို့အတွက်တော့ ဒီထက်ပိုပြီး နက်နက်တူးဆွပြီး ပိုတိကျ၊ အသေးစိတ်တဲ့ မေးခွန်းတွေနဲ့ ကိုယ့်ကိုကိုယ်ပြန်မေးဖို့လိုပါတယ်။ ကိုယ့်အတွက် ဘာအရေးကြီးလဲ၊ ကိုယ် တကယ် ကျွမ်းကျင်တဲ့ အရာက ဘာလဲ၊ ကိုယ့်ရဲ့ ဖြစ်နိုင်ခြေ အလားအလာက ဘာလဲ အရင်ဆုံး တွေးပါ။ ဘဝ ကို အဓိပ္ပာယ် ရှိရှိ ဘယ်လို နေထိုင်ကြမလဲ အာရုံစူးစိုက်မှု ရှိပါ ရည်မှန်းချက် ပန်းတိုင် သုံး၊ လေးခုကို လိုက်စားနေပြီး တိုးတက်မှုက အရမ်းနည်းနေတာ ထက် တစ်ခုတည်းမှာ အားစိုက်ကြိုးစားပါ။ အာရုံစူးစိုက်ပါ။ လုပ်စရာတာဝန် တွေ အများကြီးကို ခုန်ကူးဖို့ ကြိုးစားရင်း ရလာမယ့် စိတ်ဖိစီးမှုတွေကို ရှောင်လွှဲနိုင်ရုံတင် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အလေ့အကျင့်ဆိုးတွေကို ဘယ်လိုပယ်ဖျောက်မလဲ

လူဆိုတာမျိုးက တစ်ခါတစ်လေမှာ မသင့်လျော်ဘူးဆိုတဲ့ အပြုအမူမျိုးတွေကိုမှ စွဲစွဲလမ်းလမ်းလုပ်နေမိတတ်ပါတယ်။ ဥပမာ လူရှေ့သူရှေ့မှာ ဆေးလိပ်သောက်မိနေတာမျိုး၊ လူတကာတန်းစီနေချိန်မျိုးမှာ မကြာခဏ ကြားဖြတ်မိတာမျိုး၊ စကားကိုလုပြောနေမိတာမျိုးပေါ့။ နောက်ပြီး လူရှေ့သူရှေ့မှာ လက်သည်းကိုက်နေမိတာမျိုး၊ အရက်တွေ ဆက်တိုက် သောက်နေမိတာမျိုး၊ ငွေတွေ မလိုအပ်ပဲ အများအပြားသုံးစွဲဖြစ်နေတာမျိုး၊ အချိန်ပြည့် အင်တာနက် သုံးနေမိတာမျိုး၊ တစ်ဖက်သားကို မညှာမတာ ပြောဆိုလေ့ရှိတာမျိုး၊ စသဖြင့်ပေါ့လေ။ ကိုယ်ကိုယ်တိုင်ကိုက ဒီအပြုအမူတွေက မကောင်းဘူးဆိုတာကို သိနေပေမယ့် မစွန့်လွှတ်နိုင်ပဲ လုပ်နေမိတာမျိုးဖြစ်နေရင် ဘယ်လိုလုပ်ကြမလဲ။ ဘယ်လို တားဆီး ဖယ်ရှားကြမလဲ။ အလေ့အကျင့်ဆိုးတွေဟာ လူတိုင်းဆီမှာ တစ်ခုမဟုတ် တစ်ခုတော့ ရှိတတ်ကြတာပါပဲ။ ဒီလို မသင့်လျော်တဲ့ အမူအကျင့်တွေဟာ လူတိုင်းရဲ့ ရည်မှန်းချက်တွေ အိပ်မက်တွေကို တားဆီးနေတဲ့ အရံအတားတွေဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအရလည်း ထိခိုက်နစ်နာမှုတွေများပါတယ်။ အချိန်တွေကုန်မယ်၊ ခွန်အားတွေလည်း […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လူမှုကွန်ယက်များနှင့် ဆယ်ကျော်သက်တို့ရဲ့ကျန်းမာရေး

မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ လေ့လာတွေ့ရှိချက်တစ်ခုအရ ဆယ်ကျော်သက်တွေဟာ ဖေ့ဘွတ်တို့ အင်စတာဂရမ်တို့လိုမျိုးအစရှိတဲ့ လူမှုကွန်ယက်တွေပေါ်မှာ တစ်ရက်ကို ကိုးနာရီအကြာရှိနေတတ်ကြ ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဆယ်ကျော်သက်တွေဟာ အိပ်ချိန်နဲ့ကျောင်းတက်နေချိန်ကလွဲလို့ ဖုန်းတွေကို မျက်နှာနဲ့မခွာကြတဲ့ပုံပါ။ သူတို့လေးတွေဟာ ဖုန်းကိုအသုံးပြုကာ အင်စတာဂရမ်၊ Snapchat ၊ ဖေ့ဘွတ်အစရှိတဲ့ လူမှုကွန်ယက်တွေကတစ်ဆင့် သူငယ်ချင်းတွေတခြားသော မိတ်ဆွေအသစ်တွေနဲ့ အပြန်အလှန်ဆက်သွယ်နေကြပါတယ်။ ဒါပေမယ့် လူမှုကွန်ယက်တွေကို ဒီလိုအသုံးပြုနေ ခြင်းဟာ ဆယ်ကျော်သက်တွေရဲ့ ကျန်းမာရေးအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိ နေနိုင်မလဲ။ Social Media အသုံးပြုခြင်းဟာမိတ်ဆွေအသစ်တွေရမယ်၊ သတင်းအချက်အလက်တွေရှာဖွေနိုင် မယ်စတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုတဲ့စကားပုံအတိုင်း အချိန်ပြည့် အင်တာနက်သုံးနေမယ်ဆိုရင်တော့ ဆယ်ကျော်သက်တွေကို ဆိုးကျိုးတွေဖြစ်လာစေမှာပါ။ စိတ်ပိုင်း ဆိုင်ရာကျန်းမာရေးအခက်အခဲတွေဖြစ်လာနိုင်ပါတယ်။ အင်္ဂလန်နိုင်ငံမှာရှိတဲ့ ပြည်သူကျန်းမာရေးလေ့လာချက်အရ ဆယ်ကျော်သက်လူငယ်လူရွယ်(၁၅၀၀) ကျေိာ်ဟာ လူမှုကွန်ယက်တွေကို ဆေးစွဲသလိုစွဲလမ်းနေကြပါတယ်။ အင်စတာဂရမ်နဲ့ ဖေ့ဘွတ်စ်အစရှိ တဲ့ လူမှုကွန်ယက်တွေဟာ လူငယ်တွေကို စိုးရိမ်ပူပန်မှုတွေ၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ချစ်တင်းနှောဖို့ ဘာလို့ကြောက်နေတာလဲ

လူရယ်လို့ဖြစ်လာရင် ဆန့်ကျင်ဘက်လိင်နဲ့ ဒါမှမဟုတ် လိင်တူခြင်း သံဝါသပြုကြတာက လောကသဘာဝပဲ မဟုတ်လား။ မျိုးပွားဖို့လိုပဲ ဆိုဆို၊ ချစ်မေတ္တာကြောင့်ပဲ ပြောပြော၊ အသွေးအသားက တောင့်တလို့ပဲဖြစ်ဖြစ်၊ စိတ်အလိုကို လိုက်မိသွားတာပဲ ကြုံကြုံ၊ လိင်မှုကိစ္စဟာ သက်ရှိတွေအနေနဲ့ ရှောင်လွှဲဖို့ ခက်တဲ့ သဘာဝအကြောင်းတရားတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အရာရာတိုင်းဟာ ၁၀၀% အပြည့်အဝတော့ မှန်ကန်နေတတ်တာမဟုတ်ပါဘူး။ တချို့သော လူတွေမှာ လိင်မှုကိစ္စကို စိတ်မပါတဲ့ ဒါမှမဟုတ် ကြောက်ရွံ့နေတဲ့ စိတ်ခံစားချက်မျိုးရှိနေတယ်ဆိုရင် အံ့သြနေမလား။ တကယ်ပါ။ ဒီလို လိင်မှုကိစ္စကို ကြောက်ရွံ့တာ၊ အာသာဖြေဖို့လေးတောင် လုံးဝ စိတ်မဝင်စားတာမျိုးကို “genophobia” ဒါမှမဟုတ် “erotophobia” လို့ ခေါ်ဆိုကြပါတယ်။ ပြောရရင်တော့ Phobia ဆိုတဲ့အတိုင်း စိတ်ဝေဒနာတစ်မျိုးပါပဲ။ သာမန်လူတွေအတွက်တော့ ဒီလိုစိတ်ခံစားချက်မျိုးဖြစ်လာဖို့ဆိုတာ ခက်တယ်ဆိုပေမယ့် လူတစ်ချို့မှာ ဒီလိုဝေဒနာမျိုး စွဲကပ်နေတာကို သတိထားကြည့်ရင် […]


စွဲလမ်းမှုပြဿနာများ

ကော်ရှူခြင်းနဲ့ ဘေးထွက်ဆိုးကျိုး

လမ်းဘေး ချောင်ကလောင်တွေ၊ ကားမှတ်တိုင် နောက်ကွယ်လေးတွေ၊ လူသွားလူလာနည်းတဲ့ ဆင်ခြေဖုံးနေရာတွေမှာ ကော်ဘူးလေးတစ်ကိုင်ကိုင်နဲ့ လူငယ်တွေကို ၂၀၁၀ နောက်ပိုင်းမှာ အတွေ့ရများလာတာ သတိထားမိကြမယ်ထင်ပါတယ်။ အာဖရိကတိုင်းပြည်တွေကနေ စတင်လာတဲ့ ကော်ရှူခြင်း အလေ့အထ (Sniffing Glue) ဟာ မြန်မာပြည်က ဆင်းရဲနွမ်းပါးတဲ့ လူငယ်တွေအကြားမှာလဲ အတော်ခေတ်စားလာနေပြီလို့ ဆိုရမှာပါ။ ကော်ရှူတဲ့ အလေ့အထကို မြန်မာပြည်က မြို့ကြီးရှစ်မြို့လောက်မှာ တွေရတယ်လို့ လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် အသက် ၁၁ နှစ်နဲ့ ၁၇ နှစ်အကြား လူငယ်တွေမှာ အများဆုံးတွေ့ရပြီးတော့ အများအားဖြင့် စက်ဘီးကျွတ်ဖာတဲ့ကော်၊ သစ်သားဆက်ကော်၊ ပိုက်ဆက်ကော်များကို အသုံးပြုကြတာများပါတယ်။ တချို့တိုင်းပြည်တွေမှာဆိုရင်တော့ Aerosol sprays၊ Cleaners နဲ့ အိမ်သုံးဓာတုဗေဒပစ္စည်းတွေကို ရှူရှိူက်တာမျိုးတွေ တွေ့ရတတ်ပါတယ်။ မြန်မာပြည်မှာတော့ ကော်ရှူတဲ့ လူငယ် အများစုဟာ လမ်းဘေးက […]


စွဲလမ်းမှုပြဿနာများ

အရက်ဖြတ်ကြတော့မယ်ဆိုရင်

နှစ်ကာလရှည်ကြာ အရက်ကို စွဲမြဲသောက်သုံးခဲ့ပြီးလို့ အရက်ဖြတ်တော့မယ်လို့ စဉ်းစားနေပြီလား။ အရက်ကြောင့် စိတ်ရောကိုယ်ပါ ထိခိုက်လာပြီလို့ တွေးတော့နေမိပြီလား။ တကယ် အရက်ဖြတ်ကြတော့မယ်ဆိုပါစို့။ အရင်ဆုံးဖြတ်ကျော်ရမယ့် အဆင့်တွေ ရှိနေတာကို သိထားဖို့ လိုအပ်ပါတယ်။ အရက်ဖြတ်တယ်ဆိုတာက လွယ်ကူတဲ့ လုပ်ငန်းစဉ်တစ်ခုတော့ မဟုတ်ပါဘူး။ စိတ်ရှည်ဖို့နဲ့ ကြံ့ကြံ့ခံနိုင်ဖို့ အထူးလိုအပ်ပါတယ်။ အရက်ဖြတ်ကြတဲ့ လူတိုင်း အရက်ပြတ်သွားကြတာတော့ မဟုတ်ပါဘူး။ တစ်ချို့က နောက်တစ်ကြိမ် ပြန်သောက်ဖြစ်ကြတယ်။ ဖြတ်ရပိုခက်ခဲသွားကြတယ်။ အခြေအနေတွေ ပိုဆိုးသွားကြတယ်။ ဒီလိုမဖြစ်ဖို့ဆိုရင် လိုက်နာရမယ့်၊ သိထားသင့်တဲ့ နည်းလမ်းတွေရှိပါတယ်။ အချက် ၅ ချက် ရှိပါတယ်။ ဒါတွေကို လိုက်နာနိုင်မယ်ဆိုရင်တော့ အရက်ဖြတ်ရာမှာ ပိုမိုထိရောက်ပြီး အဆင်ပြေအောင် ဖြတ်နိုင်ဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။ ၁။ ပြတ်ပြတ်သားသား တိတိကျကျ အစီအစဉ် သေချာချမှတ်ပါ အရက်ဖြတ်ရာမှာ အဓိက အကျဆုံးအချက်က သေချာ အစီအစဉ်ချထားပြီး ပြတ်ပြတ်သားသားလုပ်ဖို့ပါပဲ။ များသောအားဖြင့် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ကျားကျားတွေကို ကြောက်တဲ့ ရောဂါ

မိန်းမကြောက်ရောဂါ (Gynophobia) ဆိုတာ ကြားဖူးကြမယ်ထင်တယ်။ ဒါဆို ယောင်္ကျားကြောက်ရောဂါ (Androphobia) ဆိုတာရော ကြားဖူးကြလား? Androphobia ဆိုတဲ့ စကားလုံးဟာ ‘မဟာ ဣတ္ထိယ’ ဝါဒီတွေ၊ လိင်တူချစ်သူ အမျိုးသမီးတွေရဲ့ အခွင့်အရေး လှုပ်ရှားမှုကနေ ပေါ်ပေါက်လာတဲ့ စကားစုတစ်ခုဖြစ်ပါတယ်။ မိန်းမကြောက်ရောဂါ (Gynophobia) ရဲ့ တိုက်ရိုက်ဆန့်ကျင်ဘက် သဘောပေါ့။ ဒါပေမယ့် သိထားရမှာက ယောင်္ကျားကြောက်ရောဂါ (Androphobia) ဆိုတာဟာ အမျိုးသမီးတွေဆီမှာသာမကဘူး အမျိုးသားတွေမှာလည်း ဖြစ်နိုင်တဲ့ စိတ်ဝေဒနာတစ်မျိုးဆိုတာပါပဲ။ ဘယ်လိုဝေဒနာမျိုးလဲ ယောင်္ကျားကြောက်ရောဂါ (Androphobia) ခံစားနေရသူတွေမှာ စိတ်ပိုင်းဆိုင်ရာ လက္ခဏာမျိုးစုံပြသနိုင်ပါတယ်။ အထူးသဖြင့်တော့ အမျိုးသားတစ်စုံတစ်ယောက်ကို မြင်တွေ့ရတဲ့အခါ ဒါမှမဟုတ် တွေးတောမိတဲ့အခါမျိုးတွေမှာ ရုတ်ချည်းဆိုသလို အလွန်အမင်း ထိတ်လန့်တာ၊ ရှက်ရွံ့တာ၊ စိတ်သောကရောက်တာမျိုးတွေ ခံစားရမယ်၊ ချဲ့ကားတွေးတောမိတာ၊ ယုတ္တိယုတ္တာမရှိကြောင်း သိပေမယ့် အဆိုပါ အခြေအနေကို ထိမ်းချုပ်နိုင်ခြင်းမရှိတာ၊ […]


စားသောက်မှုဆိုင်ရာ စိတ်ဝေဒနာများ

ဗိုက်ဆာလို့မဟုတ်ဘဲ စိတ်ညစ်လို့ အစားသောင်းကျန်းမိ တဲ့အခါ

အစားသောင်းကျန်းတဲ့ သူတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲတွေ့နေ မြင်နေရမှာပါ။ အခုပဲ ထမင်းစားပြီးတယ်၊ ဗိုက်က ထပ်ဆာလာပြန်ပြီ၊ ဟိုဟာလေး စားချင်လိုက်တာ၊ ဒီဟာလေး စားချင်လိုက်တာ ဆိုပြီး ပြောနေကြတာ၊ ညဆိုရင် မအိပ်ဘဲ ရေခဲသေတ္တာတွေ၊ ကြောင်အိမ်ထဲ ဝင်မွှေနှောက် တွေ့ရာ ထမင်း၊ ဟင်း၊ မုန့်၊ အအေး ဘာမှမချန်ဘဲ အကုန် ပါးစပ်ထည့် စားပစ်လိုက်တာ စသဖြင့် ပုံစံမျိုးစုံတွေ့ရတတ်ပါတယ်။ ဗိုက်ဆာလို့မဟုတ်ဘဲ စိတ်ညစ်လို့ အစားသောင်းကျန်းမိ ကြတဲ့သူတွေပေါ့။ ဗိုက်ဆာလို့ စားလိုက်တာ ပြဿနာမရှိပေမဲ့ ညစ်နေတဲ့ စိတ်ကို ပြေပျောက်သွားအောင်ဆိုပြီး အစားတွေ အလွန်အကျွံ စားမိတတ်တာ စိတ်ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ဒါကိုတော့ Emotional Eating - စိတ်ညစ်လို့ အစာစားခြင်း လို့ ခေါင်းစဉ်တပ်လို့ ရပါတယ်။ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း