backup og meta

ဘာဘီရုပ်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်စေနိုင်သလဲ!

ဘာဘီရုပ်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်စေနိုင်သလဲ!

ဘာဘီရုပ်လေးတွေက  ကလေးဘဝကတည်းက ရင်းနှီးခဲ့ကြတဲ့ အရုပ်လေးပါ။ ဒီအရုပ်လေးက မိန်းကလေးတွေအတွက်ဆိုရင် သူငယ်ချင်းဆိုလည်း ဟုတ်ပါတယ်။ ဒီလိုမျိုး ချစ်စရာကောင်းတဲ့ ဘာဘီရုပ်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်စေနိုင်သလဲ! ဆိုတာကို ပြောပြပေးမှာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ 

ဘာဘီရုပ်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်စေနိုင်သလဲ!

ဘာဘီရုပ်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်စေနိုင်သလဲ! ဆိုတာကို မပြောခင် ဘာဘီရုပ်လေးတွေ အကြောင်း အရင် ပြောပြချင်ပါတယ်။ ၁၉၉၀ နှစ်တွေက သိခဲ့တဲ့ ဘာဘီရုပ် ဆိုတာက လှပမှု စံနှုန်းတစ်ခုဆိုလည်း ဟုတ်ပါတယ်။ 

အရင်တုန်းက ဘာဘီလေးတွေကို လူတွေက အပြစ်အနာအဆာ အားနည်းချက် မရှိအောင် လူတွေက ဖန်တီးထားတာကြောင့် လှပကြော့ရှင်းနေတာ အမှန်ပါ။ ဒီလို လှပမှုကပဲ လူသားတွေမှာ အခုလို စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုလေးတွေကို ဖြစ်စေခဲ့ပါတယ်။ 

ပြီးပြည့်စုံချင်လွန်းတဲ့ စိတ်အခြေအနေ

ဘာဘီရုပ်လေးတွေက ပြီးပြည့်စုံတာကို ကြည့်ပြီး ကြီးပြင်းလာရတဲ့ ကလေးတွေ (အထူးသဖြင့် မိန်းကလေးတွေ) မှာ ဘာဘီရုပ်လေးလို ခေါင်းအစ ခြေအဆုံး လှပချင်တဲ့ စိတ်က အလိုလိုကို ဖြစ်ပေါ်နေပြီ။ အရာရာကို ပြီးပြည့်စုံအောင် လှပချင်စိတ်တွေကြောင့် လိုတာထက် ပိုပြီး လုပ်ဆောင်မိတာမျိုးတွေ ဖြစ်လာပြီး ရေရှည်မှာ ဖြစ်မှန်းမသိ အစစ အရာရာ ပြီးပြည့်စုံချင်လွန်းတဲ့ စိတ်တွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒီလို ဖြစ်ပေါ်လာတာက စိတ်ကျန်းမာရေး ထိခိုက်မှု တစ်ရပ်ပါပဲ။ 

ဒါကြောင့်လဲ အခုနောက်ပိုင်းမှာ ဒီစိတ်အခြေအနေကို ရှောင်လွဲနိုင်ဖို့ ဘာဘီရုပ်လေးတွေကို အရောင်အသွေးစုံ ဆိုဒ်စုံ ထုတ်လာတာပါ။

စိုးရိမ်စိတ်များတာ

ဘာဘီရဲ့ ပြီးပြည့်စုံတဲ့ ပုံရိပ်ကို အားကျစိတ်က ငါက လှကို မလှဘူးဆိုတဲ့ စိတ်မျိုး ခံစားရတာ၊ ငါလှမှ ဖြစ်မယ်ဆိုပြီး အရာရာကို စိုးရိမ်စိတ် များလာတာမျိုးကို ခံစားရနိုင်ပါတယ်။ မျှော်လင့်ထားတဲ့ အချက်တွေကို မပြည့်မီမှာ စိုးတာကြောင့် အမြဲလိုလို စိုးရိမ်စိတ် များတာကို ခံစားရနိုင်ပါတယ်။ 

ဘာဘီလေးတွေက အရုပ်လေးတွေဖြစ်ပြီး ကိုယ်တိုင်က လူသားဖြစ်တာကြောင့် စိုးရိမ်မှုလေး ကင်းအောင် နေစေချင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းတာ

ဘာဘီရုပ်လေးက လူသားတွေ ဖန်တီးထားတာ ဖြစ်တာကြောင့် အပြစ်အနာအဆာဆိုတာ မရှိသလောက်ကို ကင်းပါမယ်။ ဒါပေမယ့် ကိုယ်က သဘာဝတရားက ဖန်တီးထားတဲ့ လူသားဖြစ်တာကြောင့် ချို့ယွင်းအားနည်းမှုတွေ ရှိနိုင်ပါတယ်။ ဒါကို သေချာလေး နားမလည်တာမျိုး ဖြစ်မယ်ဆိုရင်တော့ ရေရှည်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းတာမျိုး ခံစားလာရနိုင်ပါတယ်။

ဒီလို မဖြစ်စေဖို့အတွက် လူသားဟူသမျှ အားနည်းချက်တွေ အနာအဆာတွေနဲ့ မကင်းဘူးဆိုတာကို သတိရစေချင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် သဘောမကျတာ

ဘာဘီရုပ်လေးက ဆံသားရော အရေပြားကပါ ပြောစရာ မရှိအောင် လှပနေတဲ့ အရုပ်လေး တစ်ရုပ်ပါ။ ချစ်စရာ ကောင်းအောင်လည်း ဖန်တီးထားတာပါ။ ဒါကြောင့် ကိုယ်က ဘာဘီရုပ်လေးလို မလှဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် သဘောမကျတာမျိုး မဖြစ်စေဖို့ သတိချပ်စေချင်ပါတယ်။ 

လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ချစ်မှ အောင်မြင်မှုတွေကို ရရှိအောင် လုပ်ဆောင်နိုင်မှာဆိုတာကို သတိရပေးပါ။

ကိုယ့်ရုပ်ရည်အပေါ်မှာ ယုံကြည်မှု မရှိတာ

ဘာဘီရုပ်လေးတွေက ပလပ်စတစ်တွေ ရော်ဘာတွေနဲ့ ဖန်တီးထားတာ ဖြစ်ပြီး လူသားတွေက ချစ်စဖွယ် နှစ်သက်ဖွယ်ဖြစ်အောင် ဖန်တီးပေးထားတာပါ။ ဒါကြောင့် ဘာဘီလေးတွေကို ကြည့်ပြီး ကိုယ်တိုင်ရဲ့ ရုပ်ရည်အပေါ်မှာ  ယုံကြည်မှု မရှိတာမျိုး မဖြစ်သင့်ပါဘူး။

လူတိုင်းမှာ  အလှ တစ်မျိုးစီ ပိုင်ဆိုင်ထားပါတယ်။ လူလုပ် အရုပ်တွေလောက် မလှပေမယ့် သဘာဝက ပေးထားတဲ့ အလှတရားကိုတော့ ပိုင်ဆိုင်ထား ပါတယ်။ ဒါကြောင့် ဘာဘီလေးတွေကို ကြည့်ပြီး ကိုယ့်ရုပ်ရည်အပေါ်မှာ ယုံကြည်မှု မရှိတာမျိုး မဖြစ်စေဖို့ သတိထားပေးပါ။ 

ဘာဘီရုပ်လေးတွေကြောင့် စိတ်ကျန်းမာရေး ထိခိုက်တာကို မိန်းကလေးတွေပဲ ခံစားရတာလား!

ဘာဘီရုပ်လေးကြောင့် စိတ်ကျန်းမာရေး ထိခိုက်တာကို ခံစားရတာက မိန်းကလေးတွေပဲ မဟုတ်ပါဘူး။ ယောကျ်ားလေးတွေမှာလည်း ခံစားရနိုင်ပါတယ်။ သိရတာတော့ ဘာဘီရုပ်လေးကို သဘောကျတတ်သူတိုင်း လိုလိုမှာ ဒီစိတ်ခံစားမှုကို ခံစားရနိုင်ပါတယ်။ 

အဲ့လို စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေ ရှိလာတာကြောင့် အခုနောက်ပိုင်းမှာတော့ လူသား အချင်းချင်းကြားက ကွာဟချက်လေးတွေဖြစ်တဲ့ အသားအရောင်၊ ခန္ဓာကိုယ် အချိုးအဆစ်တွေနဲ့ ပတ်သက်ပြီး ကွဲပြားမှုအပေါ် ခွဲခြားတာမျိုး မဖြစ်စေဖို့အတွက် နောက်ပိုင်းမှာ  အသားအရောင်၊ ဆံသား အရောင်ကို အရောင်အသွေးစုံစွာတဲ့ ထုတ်လုပ်လာကြပါတယ်။

လူသားတွေမှာ ဘာဘီလေးတွေကြောင့် ခန္ဓာကိုယ် အလေးချိန်ကို အလွန်အကျွံချတာ၊ ခါးဆိုဒ်သေးပြီး ရင်ဆိုဒ်တက်အောင် လုပ်တာတွေနဲ့ အရာရာကို ပြီးပြည့်စုံချင်တဲ့ စိတ်ဖြစ်ပေါ်မှုတွေကို ဟန့်တားစေနိုင်ဖို့ လက်တွေ့ဘဝနဲ့ နီးစပ်တဲ့ ဘာဘီလေးတွေကို ထုတ်လုပ်နေပြီလည်း ဖြစ်ပါတယ်။

အရင်တုန်းက ပြစ်မျိုးမှဲ့မထင် ဖြစ်အောင် ဖန်တီးထားတဲ့ ဘာဘီရုပ်လေးတွေက ခုချိန်မှာ မတူကွဲပြားမှုတွေ အများကြီးနဲ့ အလှကိုယ်စီရှိတဲ့ ဘာဘီရုပ်လေးတွေ ဖြစ်နေပါပြီ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

Think Pink Like Barbie: Barbiecore and Its Impact on Mental Health https://www.psychologs.com/think-pink-like-barbie-barbiecore-and-its-impact-on-mental-health/#:~:text=Risk%20of%20Aesthetic%20Obsession&text=Barbiecore’s%20high%20beauty%20standards%20can,of%20perfection%20can%20cause%20anxiety. Accessed Date 28 July 2023

Barbiecore: Body Positivity and Diversity https://healthnews.com/mental-health/self-care-and-therapy/barbiecore-body-positivity-and-mental-health/ Accessed Date 28 July 2023

BARBIE: AN UNEXPECTED SPOKESPERSON FOR CHILDREN’S MENTAL HEALTH https://www.perspectivesoftroy.com/2020/10/08/barbie-an-unexpected-spokesperson-for-childrens-mental-health/ Accessed Date 28 July 2023

The Barbie doll syndrome  https://hekint.org/2022/09/22/the-barbie-doll-syndrome/ Accessed Date 28 July 2023

Barbiecore and Mental Health: The Impact of Aesthetics and Self-Image https://healthnews.com/mental-health/self-care-and-therapy/barbiecore-and-mental-health/ Accessed Date 28 July 2023

ယခုပုံစံ

03/08/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စားသောက်ပုံမူမမှန်တဲ့ စိတ်ကျန်းမာရေးပြဿနာ ရှိသူတွေအတွက် ကိုယ်တိုင်စောင့်ရှောက်နည်း

မီးပျက်ခြင်း နဲ့ စိတ်ကျန်းမာရေး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement