ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာက ကောင်းတဲ့ အချက်ဆိုတာကို တော်တော်များများ ကြားထားပြီးသား ဖြစ်မှာပါ။ ဟုတ်ပါတယ် လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းက အောင်မြင်သူတိုင်းမှာ ပိုင်ဆိုင်ထားတဲ့ အကျင့်ကောင်း တစ်ရပ်ပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းမှာလည်း ကောင်းကျိုးရှိသလို အချို့အခြေအနေမှာလည်း ထိခိုက်နိုင်တာတွေ ရှိပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းရဲ့ ကောင်းကျိုး ဆိုးပြစ်တွေက ဘာတွေများ ဖြစ်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းရင် ဘာတွေဖြစ်နိုင်မလဲ!
လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းတဲ့အခါ
- ပညာရေးပိုင်းမှာ အားနည်းတာ
- အောင်မြင်မှု မရတာ
- မူးယစ်ဆေး သုံးစွဲတာ
- အလုပ်ခွင်မှာ စိတ်ဖိစီးမှု များတာ
- အထီးကျန် ဆန်တာ
- စိတ်ဓာတ်ကျတာ
- စိတ်ဖိစီးတာမျိုးတွေကို ခံစားရနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရင်ရော ဘာကောင်းကျိုးတွေ ရနိုင်မလဲ!
လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိမယ်ဆိုရင်
- မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို မြန်မြန်ဆန်ဆန် ချမှတ်နိုင်မယ်
- ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်မယ်
- စိတ်ဖိစီးမှု ကင်းမယ်
- ပြဿနာတွေကို ကောင်းကောင်း ဖြေရှင်းနိုင်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။