- အံ့အားသင့်စရာ လက်ဆောင်ပေးပါ
လက်တွဲဖော်ကို ထင်မှတ်မထားတဲ့ အံ့အားသင့်စရာ လက်ဆောင်လေးကို ပေးတာကလည်း ချစ်သူနှစ်ဦးကြားမှာ ချစ်ခြင်းတွေ တိုးစေနိုင်ပါတယ်။ ဒါကလည်း ချစ်ခြင်းကို တိုးစေနိုင်တဲ့ အရာပါ။ နှစ်သက်တဲ့ လက်ဆောင်လေးတွေကို အံ့အားသင့်အောင် လက်ဆောင်ပေးရင်း ပျော်စရာ အခိုက်အတန့်လေးတွေကို ဖန်တီးလိုက်ပါ။ အံ့အားသင့်ဖွယ် လက်ဆောင်လေးတွေက သူ့အပေါ်ထားတဲ့ ကိုယ့်ခံစားချက်တွေကို အကောင်းဆုံး ဖော်ပြပေးနိုင်မယ့် အရာတစ်ခုပါ။
- အရေးပါတဲ့သူလို့ ခံစားရအောင် ဆက်ဆံပေးပါ
လက်တွဲဖော်တွေ အနေနဲ့ တစ်ဦးနဲ့ တစ်ဦးကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ရပ် ဖန်တီးချင်တယ်ဆိုရင် တစ်ဦးကို တစ်ဦး အရေးထားဖို့လည်း လိုပါမယ်။ သူက ကိုယ်အတွက် အရေးပါဆုံးသူဆိုတာကို သိရှိနိုင်စေဖို့ ဂရုစိုက်ပေးတာ၊ ပွေ့ဖက်တာ၊ ပျော်ရွှင်အောင် လုပ်ပေးတဲ့ နည်းလမ်းတွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ပြပေးပါ။ စိတ်ဆိုးနေချိန်မှာတောင် ခံစားချက်တွေကို နားထောင်ပေး ရှင်းပြပေးတာမျိုးတွေ လုပ်ပေးပြီး ကိုယ့်အတွက် သူက အရေးပါကြောင်း ဖော်ပြပေးလို့ ရပါတယ်။
- ကိုယ်ပိုင်အချိန်လေး ပေးပါ
ဆက်ဆံရေး တစ်ခုမှာ အရေးအကြီးဆုံးက ယုံကြည်မှုပါ။ တစ်ဦးနဲ့ တစ်ဦး ယုံကြည်ပေးရင်း ကိုယ်ပိုင် အချိန်လေးတွေ ထားရှိပေးတာကလည်း ချစ်ခြင်းမေတ္တာကို ပြသရာရောက်ပါတယ်။ ချစ်သူနှစ်ဦး ဘယ်လောက်ပဲ ချစ်တယ်ဆိုဆို တစ်ယောက်ချင်းစီမှာ မိမိနှစ်သက်ရာကို လုပ်ဆောင်ဖို့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဆောင်ရွက်ဖို့နဲ့ ဝါသနာပါရာတွေကို လုပ်ဆောင်ဖို့ ကိုယ်ပိုင်အချိန် လိုအပ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။