ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

ကလေးငယ်လေးတွေရှိတဲ့ အိမ်တွေအတွက် အရေးပေါ်ဆေးသေတ္တာ

မိဘတွေဖြစ်လာပြီဆိုရင် ကိုယ်တိုင်အတွက်ထက် သားသမီးတွေအတွက် ပိုဦးစားပေးတတ်လာစမြဲပါ။ သားသားမီးမီးလေးတွေကို ကိုယ်တိုင်ကိုယ်ကျစောင့်ရှောက်ပေးချင်တဲ့မေမေဖေဖေတို့အတွက်ဘေဘီလေးသုံး အရေးပေါ်ဆေးသေတ္တာထဲမှာ ဘာတွေထည့်ထားသင့်လဲဆိုတာနဲ့ ဘယ်လို အခြေအနေမျိုးတွေအတွက် အသုံးပြုလို့ရလဲဆိုတာကိုပြောပြမယ်နော်။ ဒီလိုအရေးပေါ်ဆေးသေတ္တာလေးထားရှိခြင်းအားဖြင့် အိမ်မှာဖြစ်ဖြစ်၊ အပြင်သွားရင်ဖြစ်ဖြစ် သားသားမီးမီးလေးတွေမှာ ထိခိုက်တာမျိုးဖြစ်လာရင် အမြန်ဆုံးပြုစုစောင့်ရှောက်မှုပေးနိုင်မှာပါ။ အရေးပေါ် ဆေးသေတ္တာဆိုတာ ဘာအတွက်ထားတာလဲ အရေးပေါ် ဆေးသေတ္တာ ဆိုတာက မတော်တဆမှုတစ်ခုခုကြောင့် ထိခိုက်ဒဏ်ရာရရင်ဖြစ်ဖြစ်၊ ရောဂါတစ်ခုခုကြောင့် အရေးပေါ်အခြေအနေဖြစ်ပေါ်နေတဲ့အခါ ခံစားနေရတဲ့ အခြေအနေကနေ သက်သာလာအောင် တစ်စုံတစ်ယောက်ကို ကူညီပြုစုပေးနိုင်ဖို့ အသင့်ဖြစ်နေအောင်ထားတာပါ။ ဒီလိုစောင့်ရှောက်မှုကို အရွယ်သုံးပါးစလုံး လိုအပ်ပါတယ်။ အရေးပေါ်ဆေးသေတ္တာ ရဲ့ရည်ရွယ်ချက်က လူတွေရဲ့ အသက်ကိုကယ်တင်ဖို့ နဲ့ အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေကနေ ကူညီကယ်ဆယ်ပေးဖို့ပါ။ ဘယ်လိုအခြေအနေမှာ အရေးပေါ်ဆေးသေတ္တာကို အသုံးပြုဖို့လိုအပ်မလဲ လူတိုင်း မတော်တဆအခြေအနေကို ကြုံရနိုင်တာကြောင့် လူတိုင်း အရေးပေါ်ဆေးသေတ္တာကိုလိုအပ်နိုင်ပါတယ်။ ကလေးငယ်ငယ်လေးတွေဆိုရင် သွားရင်းလာရင်းဆော့ရင်းကနေ အသေးစားထိခိုက်ဒဏ်ရာတွေရနိုင်သလို အစားအသောက်တွေကြာင့်၊ တိရိစ္ဆာန်အကိုက်ခံရလို့စသဖြင့် အန္တရာယ်ကြုံတွေ့ရတဲ့အခါ အရေးပေါ်ဆေးသေတ္တာကို […]


ရှေးဦးသူနာပြုစုခြင်း

စိုစွတ်နေတဲ့ မိုးရာသီမှာ အနာကိုဘယ်လိုဂရုစိုက်မလဲ

အနာဆိုတာ ထိခိုက်ဒဏ်ရာတစ်မျိုးပါ။ မြင်သာအောင်ပြောပြရရင် အပေါ်ယံအရေပြားပေါက်ပြဲသွားတာပေါ့။ အပေါ်ယံအရေပြားက ခန္ဓာကိုယ်ရဲ့ ခံတပ်လေ။ ခံတပ်ပျက်သွားပြီဆိုရင် အန္တရာယ်ကျရောက်ဖို့က လွယ်သွားပြီပေါ့။ အခုလို မိုးရာသီမှာဆိုရင် စိုစိုစွတ်စွတ်ရှိတော့ ပိုးမွှားတွေပေါက်ဖွားဖို့အတွက်အခွင့်ကောင်းပါ။ ဒီတော့ အပေါ်ယံအရေပြားပေါက်ပြဲမှုကနေတဆင့် ရောဂါပိုးတွေအလွယ်တကူဝင်ရောက်ပြီး အနာရင်းတာ၊ ပိုးဝင်တာနဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်နိုင်ပါတယ်။ ဒါဆိုရင် စိုစွတ်နေတဲ့ မိုးရာသီမှာ အနာကိုဘယ်လိုဂရုစိုက်မလဲ ။ စိုစွတ်နေတဲ့ မိုးရာသီမှာ အနာကိုဘယ်လိုဂရုစိုက်မလဲ အနာကိုမိုးရေနဲ့ မထိတွေ့ပါစေနဲ့ မိုးရေမှာ ရောဂါပိုးတွေ ပါဝင်နေတတ်တာကြောင့် အပြင်ထွက်ခါနီးတိုင်း အနာကို ပလာစတာကပ်တာမျိုးဖြစ်ဖြစ်၊ ပတ်တီးစည်းတာမျိုးဖြစ်ဖြစ် လုပ်သွားပေးပါ။ အနာကို မိုးရေနဲ့ တိုက်ရိုက်မထိတွေ့အောင် ကာကွယ်ပါ။ အနာကို မိုးရေနဲ့ထိတွေ့စေမှုက ပြင်းထန်တဲ့ရောဂါပိုးကူးစက်မှုကို ဖြစ်စေနိုင်တာကြောင့်ပါ။ အနာမှာ ညစ်ပေနေတဲ့အရာတွေ ပေကျံနေလားဆိုတာကို စစ်ဆေးပါ အပြင်ကနေ မိုးစိုစိုနဲ့ ပြန်လာတဲ့အခါ အနာမှာ ညစ်ပေတဲ့အရာတွေ ပေကျံကပ်ပါလာလားဆိုတာကို သေချာစစ်ဆေးပါ။ ပေကျံနေတယ်ဆိုရင် […]


ရှေးဦးသူနာပြုစုခြင်း

ဒဏ်ရာပေါ် ရေခဲအိတ်ကပ်သင့်သလား ရေနွေးအိတ်ကပ်သင့်သလား

ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်လာပြီဆိုရင်စောင့်ရှောက်ကုသမှုမှန်ကန်ဖို့တော်တော်လေးအရေးပါပါတယ်။ ဒဏ်ရာကိုသေချာဂရုစိုက်မှနောက်ဆက်တွဲပြဿနာတွေရန်ကနေ ကင်းဝေးမှာပါ။ ဒဏ်ရာအနာတရဖြစ်ကြတဲ့အခါရေခဲကပ်တာရှိသလိုရေနွေးအိတ်ကပ်တာလည်းရှိကြပါတယ်။ အခုဆောင်းပါးလေးထဲမှာရေခဲကပ်တာနဲ့ရေနွေးအိတ်ကပ်တာတို့ရဲ့ အနာအပေါ် သက်ရောက်ပုံလေးတွေကို မျှဝေပေးပါရစေ။ ရေခဲကပ်တာနဲ့ရေနွေးအိတ်ကပ်တာကို သီးခြားစီအသုံးပြုလို့ရပါတယ်။ အတူတူတွဲဖက်ပြီးတော့ သုံးတာမျိုးတော့ အားမပေးပါဘူး။ ဒီနည်းလမ်း ၂ ခုစလုံးက အနာကျက်ဖြစ်စဉ်ကို တိုးတက်စေတာတော့ အမှန်ပါပဲ။ တစ်မျိုးချင်းစီက အာနိသင်တွေရှိကြပေမယ့် အကျိုးသက်ရောက်ပုံချင်းတော့မတူနိုင်ပါဘူး။ ပုံမှန်အားဖြင့်ကတော့ရေခဲကပ်တာက အနာစစဖြစ်ချင်းမှာ အနာသက်သာစေဖို့နဲ့သွေးတိတ်စေဖို့အတွက် အသုံးပြုတာပါ။ရေနွေးအိတ်ကပ်တာကိုတော့ အနာဖြစ်ပြီးတော်တော်ကြာတဲ့အချိန်နဲ့ နောက်ထပ်တစ်ကြိမ် အနာပြန်ပေါ်လာတဲ့အချိန်မှာမှ အသုံးပြုကြတာပါ။ ရေခဲကပ်ခြင်း ရေခဲကပ်တာက အနာကိုသွေးတိတ်စေနိုင်ပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပြီး အနာကိုမြန်မြန်ကျက်စေနိုင်ပါတယ်။ရေခဲကပ်တာကို အနာစစဖြစ်ခြင်းမှာ ချက်ချင်းအသုံးပြုတာက အကောင်းဆုံးပါ။ ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာအတွက် အကောင်းဆုံးသောရေခဲကုထုံး ထိခိုက်ဒဏ်ရာကပြင်းထန်တဲ့အခါရေခဲကို အသုံးပြုတာအကောင်းဆုံးပါ။ အသေးစားထိခိုက်ဒဏ်ရာကနေစလို့ ကြီးကြီးမားမားထိခိုက်မိတာတွေကအထိသွေးကတော့ထွက်စမြဲပါ။သွေးထွက်တဲ့အခါသွေးတိတ်အောင်လုပ်ဖို့ အကောင်းဆုံးကရေခဲကပ်ပေးတာပါ။ရေခဲက ထိခိုက်မိတာကြောင့်ဖြစ်တဲ့ရောင်ရမ်းမှုကိုလည်း နာရီပိုင်းအတွင်း သက်သာစေနိုင်ပါတယ်။ နောက်တစ်ခုကရေခဲကို ထိခိုက်ဒဏ်ရာတွေတင်မဟုတ်ဘဲ နာတာရှည်ရောင်ရမ်းနာကျင်မှုဝေဒနာတွေအတွက်ပါ အသုံးပြုလို့ရတာပါ။ အားကစားလုပ်ရင်းဖြစ်သွားတဲ့ ထိခိုက်နာကျင်မှုတွေအတွက်လည်းရေခဲကပ်တာက အသင့်တော်ဆုံးပါ။ ရေခဲကပ်တဲ့အခါဘေးကင်းကင်းနဲ့အသုံးပြုနိုင်မယ့် နည်းလမ်းတွေက ရေနွေးအိတ်ကပ်ကပ်ပြီးချင်းရေခဲကပ်တာမျိုးမလုပ်ပါနဲ့။ ရေခဲကို အရေပြားေပါ်မှာတိုက်ရိုက်မကပ်ပါနဲ့၊ တဘက်စ […]


ရှေးဦးသူနာပြုစုခြင်း

နင်ပြီး အသက်ရှူကျပ်နေတဲ့သူကို ဘယ်လိုကယ်တင်ရမလဲ

နင်ပြီး အသက်ရှူကျပ်နေတဲ့သူကို ဘယ်လိုကယ်တင်ရမလဲ ဆိုတာကို မျှဝေပေးလိုက်ပါတယ်။ ထမင်းအတူစားနေရင်း ကိုယ့်မိသားစုဝင်တစ်ယောက်ယောက် ရုတ်တရက်အစာနင်ပြီးအသက်ရှူကျပ်နေရင် ဘာလုပ်ပေးရမလဲ။ရော့ရော့ရေသောက်လိုက် ဆိုပြီးရေခွက်ပဲထိုးပေးနေမှာလား။ကျောကနေပဲ တဖတ်ဖတ်ရိုက်ပေးမှာလား။ ရုတ်တရက်အခြေအနေမှာ ဒါမျိုးတွေပဲ လုပ်ပေးမိတာများပါတယ်။ ဒါမှမဟုတ် ကလေးတစ်ယောက်ပါးစပ်ထဲဆော့စရာတွေထည့်ရင်းနင်နေတယ်။ အသက်ရှူတွေကျပ်ပြီး ပြာနှမ်းလာတယ်ဆိုပါစို့။ ဘာလုပ်ပေးမှာလဲ။ ပတ်ဝန်းကျင်ကို ပြေးခေါ်မှာလား။ ဆေးရုံဆေးခန်းကိုအမြန်သွားမှာလား။ နင်ပြီး အသက်ရှူကျပ်နေတဲ့သူကို ဘယ်လိုကယ်တင်ရမလဲ နင်ပြီး အသက်ရှူကျပ်နေတဲ့သူကို ဘယ်လိုကယ်တင်ရမလဲ ဆိုတော့ Choking ဖြစ်တယ်ဆိုတာကတော့ အသက်ရှူလမ်းကြောင်းအတွင်း အရာဝတ္ထုတစ်ခုခု တစ်ဆို့နေခြင်းဖြစ်ပါတယ်။ အစာလည်းဖြစ်နိုင်သလို တခြားအရာဝတ္ထုလည်းဖြစ်နိုင်ပါတယ်။ အစာနင်တာက လူကြီးတွေမှာအဖြစ်များပြီး ပါးစပ်ထဲတွေ့ကရာကောက်ထည့်တတ်တဲ့ ကလေးတွေမှာတော့ အရာဝတ္ထုသေးသေးလေးတွေတစ်နေတတ်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ တစ်ခုခုပိတ်ဆို့နေရင် ဦးနှောက်ကိုအောက်ဆီဂျင်ပို့လွှတ်မှုပြတ်တောက်နိုင်တဲ့အတွက် အမြန်ဆုံးအရေးပေါ်ကယ်နိုင်မှ အန္တရာယ်ကင်းနိုင်မှာပါ။ ဒီအချိန်မှာ တခြားလူတွေကိုပဲစောင့်နေရရင် ဆေးရုံဆေးခန်းသွားဖို့လုပ်နေရမယ်ဆိုရင်တော့ အသက်သေဆုံးတဲ့အထိဖြစ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်နေပြီဆို အသက်ရှူမရတော့ဘဲ အသံလည်းမထွက်နိုင်တော့တဲ့အတွက် အကူအညီလှမ်းတောင်းနိုင်မှာမဟုတ်ပါဘူး။ ဘေးကနေ သူ့ရဲ့လက္ခဏာကိုပဲ သတိထားမိမှဖြစ်မှာပါ။ အသက်ရှူကျပ်နေသူဟာ - စကားမပြောနိုင်တော့ဘူး အသက်ရှူရခက်နေမယ် […]


ရှေးဦးသူနာပြုစုခြင်း

ဆောင်းတွင်းမှာ အနာကျက်နှေးတယ်ဆိုတာ အမှန်ပဲလား

ဆောင်းတွင်းမှာ အနာကျက်နှေးတယ်ဆိုတာ အမှန်ပဲလား ....... ရာသီဥတုကအေးနေရင် အရေပြားမှာပြဿနာသိပ်များတာ သိကြမှာပါ။ ဒီအတိုင်းနေရင်းတောင် အသားပပ်ရတာနဲ့ နှုတ်ခမ်းကွဲတာလိုမျိုး အက်ကွဲတာတွေဖြစ်နေကြတာ၊ အနာဖြစ်လည်း တခြားအချိန်တွေထက် အနာကျက်နှေးတာကြုံဖူးကြမှာပါ။ အေးတတ်တဲ့ မိုးနဲ့ ဆောင်းရာသီတွေမှာ အအေးမိ၊ တုပ်ကွေးတွေအဖြစ်များကြသလို ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေ သက်ဆိုးရှည်တဲ့ ရာသီဥတုကို ဖန်တီးပေးလေ့ရှိပါတယ်။ ဒီလိုမျိုးတွေအတွက် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ခုခံနေရတဲ့အတွက် ဒီဘက်မှာ အနာပိုးဝင်နိုင်ခြေများစေတာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ နောက်တစ်ချက်က အေးနေပြီဆို လူတွေက အိမ်ထဲ၊ အခန်းထဲအောင်းနေဖို့ စဉ်းစားကြတော့ ပြဿနာရှိလာပြန်ပါတယ်။ လှုပ်ရှားမှုနည်းခြင်းက သွေးလည်ပတ်မှုကောင်းစေမှာမဟုတ်တဲ့အပြင် ရောဂါပိုးတွေက အေးနေရင်ပြင်ပမှာ ပိုပြီးကြာကြာရှင်သန်နိုင်တာကြောင့် အလုံပိတ်အိမ်ခန်းထဲမှာ အနာနဲ့ ပိုးမွှားဘက်တီးရီးယားတွေထိတွေ့မှုပိုများနိုင်ပါတယ်။ ဆောင်းတွင်းမှာ အနာကျက်နှေးတယ်ဆိုတာ အမှန်ပဲလား ဆောင်းတွင်းမှာ အနာကျက်နှေးတယ်ဆိုတာ အမှန်ပဲလား ..... ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အရေပြားတစ်ရှူးကျန်းမာရေး သိထားကြတဲ့အတိုင်း ဆောင်းတွင်းမှာ အရေပြားအပေါ်ယံအလွှာကို […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်တဲ့အခါမှာ ပျက်စီးလာမယ့် ခန္ဓါကိုယ် အစိတ်အပိုင်းများ

ဆေးလိပ်သောက်သုံးခြင်းဟာ သင့်ကျန်းမာရေးကို ဆိုးဆိုးရွားရွားပျက်စီးစေနိုင်တဲ့ လုပ်ဆောင်ချက်တစ်မျိုးပါ။ အမေရိကန်နိုင်ငံမှာဆိုရင် ဆေးလိပ်သောက်သူတစ်ဦးဟာ မသောက်သူတစ်ဦးထက်သေဆုံးနိုင်ခြေ ၃ ဆအထိ မြင့်မားပါတယ်။ ဆေးလိပ်သောက်လို့ ဖြစ်လာတဲ့ကျန်းမာရေး အကျိုးဆက်တွေက ချက်ခြင်း ဖြစ်လာမှာတော့ မဟုတ်ပေမဲ့ နှစ်ပေါင်းများစွာအထိ ခန္ဓါကိုယ်ထဲမှာ ရှိနေတတ်ပါတယ်။ သတင်းကောင်းတစ်ခုကတော့ ဆေးလိပ်ဖြတ်တဲ့အခါ ဒီအကျိုးဆက်တွေအားလုံးကို ပြန်လျော့သွားတာပါပဲ။ ဒါ့ကြောင့် သင့်အနေနဲ့ ဒီကျန်းမာရေးဆိုးကျိုးတွေကို ကောင်းကောင်းနားလည်ထားပြီး ကိုယ်ယူနေတဲ့ Risk ကို ကောင်းကောင်းသိထားဖို့လိုပါတယ်။ ဆေးလိပ်ကို ဘေးကင်းကင်းနဲ့ သောက်သုံးလို့ရတဲ့ နည်းမရှိပါဘူး။ စီးကရက်ပဲ သောက်သောက်၊ ဆေးပြင်းလိပ်ပဲသောက်သောက်၊ ရေကို အလွှာတစ်ခုအနေနဲ့ ခံပြီး သောက်ရတဲ့ ဆေးလိပ်ကိုပဲ သောက်သောက် သင့်ကို ဆေးလိပ်သောက်ခြင်းကဖြစ်တဲ့ ကျန်းမာရေး အန္တရာယ်တွေ ကနေ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဘယ်လို ဆေးလိပ်ကိုပဲ သောက်သောက် ဆေးရွက်ကြီးဟာ သင့်ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်ရာမှာ သင့်ကို ကူညီပေးနိုင်မယ့် ပစ္စည်းများ

ဆေးလိပ်သောက်တတ်တဲ့သူတွေအနေနဲ့ လုပ်နိုင်တဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကို ဖော်ပြပါဆိုရင် ဆေးလိပ်ဖြတ်တဲ့ ဆုံးဖြတ်ချက်လို့သတ်မှတ်ရမှာပါ။ သင်ဆေးလိပ်ဖြတ်လိုက်တာနဲ့ သင့်ရဲ့ ခန္ဓါကိုယ်က ပြန်လည်ကောင်းမွန်လာမှာ ဖြစ်ပြီး သွေးထဲက ကာဗွန်မိုနောက်ဆိုဒ် ပမာဏကလည်း တစ်ဖြည်းဖြည်း နည်းသွားမှာ ဖြစ်ပါတယ်။ တစ်ပတ်လောက် ကြာတဲ့အချိန်မှာတော့ သင့်အနေနဲ့ အသက်ရူရတာ ပိုလွယ်ကူလာမှာဖြစ်ပြီး ပိုပြီနေရထိုင်ရ ပေါ့ပါးလာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆေးလိပ်ဖြတ်ရတာ ခက်ခဲပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဆေးလိပ်ဖြတ် ခရီးလမ်းအတွက်အထောက်အကူပြု ပစ္စည်းတွေနဲ့ အကောင်းဆုံး ပြင်ဆင်သွားဖို့လိုပါလိမ့်မယ်။ ဆေးလိပ်ဖြတ်ရာမှာcold turkey လို့ခေါ်တဲ့ အစိမ်းဖြတ်ခြင်းဟာ လူသိအများဆုံး နည်းလမ်းတစ်ခုပါ။ ဒါပေမဲ့ ဒီလို ဘာအကူအညီမှ မပါဘဲ ဖြတ်ရတာ တကယ်ကို မလွယ်ကူပါဘူး။ ဒါကို ကိန်းဂဏန်းတွေကလည်း သက်သေပြနေပါတယ်။ ဒီလို ဘာအကူအညီမှ မပါဘဲ […]


ရှေးဦးသူနာပြုစုခြင်း

ကြို့ထိုးတာကို ဘယ်လိုပျောက်ကင်းအောင်လုပ်မလဲ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဝမ်းဗိုက်နဲ့ ရင်ဘတ်ကို ပိုင်းခြားထားတဲ့ ကြွက်သား တစ်ခု ရှိပါတယ်။ Diaphragm လို့ ခေါ်ပါတယ်။ မြန်မာလို တိုက်ရိုက် ဆိုရင်တော့ ရင်ဝမ်းခြား ကြွက်သားပေါ့။ ဒီကြွက်သားက အသက်ရှူတဲ့ လုပ်ငန်းစဉ်မှာ အဓိက အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒီ ကြွက်သားက ထိန်းချုပ်လို့ မဟုတ်ဘဲ သူ့ အလိုအလျောက် ညှစ်တဲ့အခါ အသံအိုးကိုပါ ရုတ်တရက် ပိတ်ပိတ်သွားပြီး “အေ့” ဆိုတဲ့အသံနဲ့ ကြို့ထိုး တယ်ဆိုတာ ဖြစ်လာပါတယ်။ ကြို့ထိုးတာကို ဘယ်လိုပျောက်ကင်းအောင်လုပ်မလဲ ဒါတွေက ကြို့ထိုး စေနိုင်ပါတယ်။ အစား အများကြီး စားတဲ့အခါ၊ ပီကေ ဝါးတာ သကြားလုံး စုပ်တာ၊ အရက်ဘီယာ သောက်တဲ့အခါ၊ အမြှုပ်ထပြီး စူးရှတဲ့ အချိုရည်တွေ သောက်တဲ့အခါနဲ့ စိတ်လှုပ်ရှားတဲ့ […]


ရှေးဦးသူနာပြုစုခြင်း

မြွေကိုက်ခံရရင် အသက်အန္တရာယ် မဖြစ်အောင် ဘာတွေ ဆက်လုပ်ရမှာလဲ

မိုးဦးကျပိုင်းကို ရောက်လာတဲ့ အချိန်ဟာ နယ်ဘက်တွေနဲ့ လယ်ကွင်းပေါတဲ့ ဒေသတွေမှာ မြွေအများအပြားကို တွေ့ရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် မိုးဦးကျရာသီ နဲ့ မိုးရာသီမှာဆိုရင် မြွေကိုက်ခံရတဲ့နှုန်းက မြင့်မားလာပါတယ်။ ကုန်းပေါ်မှာရော၊ ပင်လယ်ထဲမှာရော၊ သစ်တောတွေထဲမှာရော၊ ရေကန်ထဲမှာရော နေရာအစုံနေတတ်ကြတဲ့ မြွေတွေဟာ နာမည်ကြားတာနဲ့ ကြောက်ဖို့ကောင်းတဲ့ တိရစ္ဆာန်တွေ ဖြစ်ကြပေမဲ့ မြွေတော်တော်များများက သင်သူတို့ကို ကြောက်တာထက် သူတို့က သင့်ကို ပိုကြောက်တတ်ကြပါတယ်။ ဒါပေမဲ့လည်း မတော်တဆ မြွေကိုက်ခံရရင် အသက်အန္တရာယ် မဖြစ်အောင် ဘာတွေ ဆက်လုပ်ရမှာလဲ ဆိုတာကို ဗဟုသုတ ရအောင် မျှဝေပေးလိုက်ပါတယ်။ အိန္ဒိယနဲ့ အရှေ့တောင် အာရှမှာ အတွေ့ရများတဲ့ တောကြီးမြွေဟောက် ( Ophiophagus hannah) နဲ့ အာဖရိကတိုက် မမ်ဗာ မြွေ (Dendroaspis […]


ရှေးဦးသူနာပြုစုခြင်း

မုန်တိုင်း ဒဏ်အတွက် ဘယ်လိုပြင်ဆင်ကြမလဲ။

သဘာဝဘေးအန္တရာယ်တွေထဲမှာ မုန်တိုင်း က အိုးအိမ်ပျက်စီးစေပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်လို့ သတိကြီးကြီး ထားရမယ့် အရာထဲမှာ ပါပါတယ်။ ကံကောင်းတာ တစ်ချက်က မုန်တိုင်းကို ကြိုတင်ခန့်မှန်းနိုင်ပြီး ဘယ်လမ်းကြောင်းက လာမယ်။ ဘယ်နေရာတွေကို ဝင်မယ်။ လေတိုက်နှုန်း၊ ပင်လယ်ရေ မြင့်တက်နှုန်း၊ မိုးရွာနိုင်ခြေ စတာတွေကို တွက်ချက်ထားလို့ရပါတယ်။ ဆိုလိုတာက မုန်တိုင်း အတွက် ကြိုတင်ပြင်ဆင်ထားလို့ ရပါတယ်။ အထူးသဖြင့် မုန်တိုင်းလမ်းကြောင်းမှာ ရှိနေတဲ့ ဒေသတွေအတွက် စောစောစီးစီး ပြင်ဆင်နိုင်လေလေ ထိခိုက်မှု နည်းလေလေပဲ ဖြစ်ပါတယ်။ (က) မုန်တိုင်း မဝင်လာခင် ပြင်ဆင်ထားသင့်သည်များ။ အိမ်ရဲ့အမိုးအကာတွေ ခိုင်မြဲမှုရှိမရှိ ကြိုတင်စစ်ဆေးပါ။ အမိုးလန်သွားတာတွေ၊ ပြုတ်ထွက်ကုန်တာတွေမရှိအောင် ပြင်ဆင်ပါ။  အိမ်မှာရှိတဲ့တံခါးတွေ ပွင့်ထွက်နေတာမရှိအောင် အသေအချာ စစ်ဆေးထားပါ။ အိမ်ပေါ်၊ ကားပေါ်ကိုပြုတ်ကျနိုင်ခြေရှိတဲ့ အကိုင်းအခက်တွေကို ကြိုတင်ရှင်းလင်းထားပါ။ အိမ်မွေးတိရိစ္ဆာန်လေးတွေကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း