backup og meta

မုန်တိုင်း ဒဏ်အတွက် ဘယ်လိုပြင်ဆင်ကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wilson Chan မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မုန်တိုင်း ဒဏ်အတွက် ဘယ်လိုပြင်ဆင်ကြမလဲ။

    သဘာဝဘေးအန္တရာယ်တွေထဲမှာ မုန်တိုင်း က အိုးအိမ်ပျက်စီးစေပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်လို့ သတိကြီးကြီး ထားရမယ့် အရာထဲမှာ ပါပါတယ်။ ကံကောင်းတာ တစ်ချက်က မုန်တိုင်းကို ကြိုတင်ခန့်မှန်းနိုင်ပြီး ဘယ်လမ်းကြောင်းက လာမယ်။ ဘယ်နေရာတွေကို ဝင်မယ်။ လေတိုက်နှုန်း၊ ပင်လယ်ရေ မြင့်တက်နှုန်း၊ မိုးရွာနိုင်ခြေ စတာတွေကို တွက်ချက်ထားလို့ရပါတယ်။

    ဆိုလိုတာက မုန်တိုင်း အတွက် ကြိုတင်ပြင်ဆင်ထားလို့ ရပါတယ်။ အထူးသဖြင့် မုန်တိုင်းလမ်းကြောင်းမှာ ရှိနေတဲ့ ဒေသတွေအတွက် စောစောစီးစီး ပြင်ဆင်နိုင်လေလေ ထိခိုက်မှု နည်းလေလေပဲ ဖြစ်ပါတယ်။

    (က) မုန်တိုင်း မဝင်လာခင် ပြင်ဆင်ထားသင့်သည်များ။

    • အိမ်ရဲ့အမိုးအကာတွေ ခိုင်မြဲမှုရှိမရှိ ကြိုတင်စစ်ဆေးပါ။ အမိုးလန်သွားတာတွေ၊ ပြုတ်ထွက်ကုန်တာတွေမရှိအောင် ပြင်ဆင်ပါ။
    •  အိမ်မှာရှိတဲ့တံခါးတွေ ပွင့်ထွက်နေတာမရှိအောင် အသေအချာ စစ်ဆေးထားပါ။
    • အိမ်ပေါ်၊ ကားပေါ်ကိုပြုတ်ကျနိုင်ခြေရှိတဲ့ အကိုင်းအခက်တွေကို ကြိုတင်ရှင်းလင်းထားပါ။
    • အိမ်မွေးတိရိစ္ဆာန်လေးတွေကို အိမ်ထဲ ထည့်သိမ်းထားပါ။ ကလေးတွေကို အပြင်ထွက်မဆော့ပါစေနဲ့။
    • အရေးပေါ်သေတ္တာကို အဆင်သင့်ပြင်ထားပြီး မိမိအနီးမှာထားပါ။ အရေးပေါ် သေတ္တာထဲမှာ အောက်ပါပစ္စည်းတွေ ပါဝင်သင့်ပါတယ်။

      – လူတစ်ယောက်လျှင် တစ်ဂါလန်နှုန်းဖြင့် အနည်းဆုံး (၃)ရက်စာ ရေသန့်

    – မပုပ်သိုးသွားမည့် သုံးရက်စာ အစားအသောက်

    – ဆက်သွယ်ပြောဆိုလို့ရမည့် အရာတစ်ခုခု

    – လက်နှိပ်ဓာတ်မီး၊ မီးအိမ်

    – လိုင်းနံပါတ်အစုံဖုန်းများ

    – ဘက်ထရီအပိုများ

    – အရေးပေါ်အချိန်တွင် အချက်ပြနိုင်မည့် ဝီစီ

    ပတ်တီး၊ ပလာစတာ၊ အနာပိုးသတ်နိုင်သည့်ဆေးရည်များ၊ အကိုက်အခဲပျောက်ဆေး၊ အမျိုးသမီးသုံးပစ္စည်းများ၊ ခြင်ပြေးလိမ်းဆေးများ၊ အခြားမိမိအတွက် မရှိမဖြစ်လိုအပ်သည့် အရေးပေါ်ဆေးဝါးများ (First aid kit ရှိလျှင်ပိုအဆင်ပြေပါသည်)

    – ငွေသား

    – တစ်ရှူးအခြောက်၊ တစ်ရှူးအစိုအစရှိသည့် သန့်စင်ရေးပစ္စည်းများ

  • ပြုတ်ထွက်လွင့်စင်သွားနိုင်တဲ့ပစ္စည်းတွေကို လေတိုက်ရိုက်တိုက်နိုင်တဲ့နေရာတွေကနေ ဖယ်ရှားပါ။
  • ရေပြတ် မီးပြတ်ဖြစ်သွားနိုင်လို့ အိမ်မှာရှိတဲ့ ရေဖြည့်တင်းလို့ရတဲ့အရာတွေကိုဖြည့်တင်းထားပါ။ လျှပ်စစ်ကိရိယာတွေကို အားသွင်းထားပါ။
  • (ခ) မုန်တိုင်းတိုက်ချိန်တွင် ပြုလုပ်သင့်သည်များ

    •  လျှပ်စစ်ကိရိယာများကို ပလက်ဖြုတ်ထားပါ။ ဂက်စ်နှင့် ရေပိုက်များပိတ်ထားပါ။ အိမ်သုံးကိရိယာများကို ပလက်ဖြုတ်ထားပါ။
    • အရေးပေါ်သေတ္တာကို အနားမှာပဲထားပါ။
    • အိမ်ရဲ့ အခိုင်မာဆုံးနေရာမှာ မိသားစုဝင်တွေအကုန်လုံးစုရုံးနေထိုင်ပါ။
    • မုန်တိုင်း သတင်း သတိပေးချက်တွေကိုနားထောင်ပါ။
    • အိမ်ထဲကိုရေဝင်လာတယ်ဆိုရင် အမြင့်ကိုတက်ရောက်ပါ။ အိမ်မှာ ပြိုကျ၊ ပြုတ်ကျတာတွေ ဖြစ်နိုင်ခြေရှိရင် မွေ့ယာလိုပစ္စည်းမျိုးအောက်မှာ အကာအကွယ်ယူပါ။
    • မုန်တိုင်းက တစ်ခါတရံငြိမ်ကျသွားတတ်ပေမယ့် မပြီးသေးတာမျိုးဖြစ်တတ်လို့ လုံးဝပြီးပြီဆိုတဲ့သတင်းကြားမှ အပြင်ထွက်ပါ။
    • ကလေးတွေကို မကြောက်ရအောင် နှစ်သိမ့်ပါ။
    • အပြင်မှာရှိနေတုန်း မုန်တိုင်းမိတာနဲ့ကြုံတွေ့ခဲ့ရင် အမြန်ဆုံးအကာအကွယ်ရှိတဲ့နေရာကိုသွားပါ။ ကားလို ကြီးမားလေးလံတဲ့ အရာတွေအောက်လည်း ပုန်းခိုလို့ရပါတယ်။
    • ဘယ်လိုမှ အကာအကွယ်အောက်ဝင်လို့မရဘူးဆိုရင် သစ်ပင်တွေ၊ ဓာတ်တိုင်တွေ၊ ဝါယာကြိုးတွေလိုမျိုး မြင့်တဲ့အရာတွေနဲ့ ဝေးရာမှာနေပါ။

    (ဂ) မုန်တိုင်း ပြီးသွားချိန် ပြုလုပ်ရမည်များ

    မုန်တိုင်း ပြီးသွားပေမယ့် စိတ်ချလက်ချလျှောက်သွားတာမျိုးလုံးဝမလုပ်ရပါ။ မုန်တိုင်းအပြီး သေဆုံးဒဏ်ရာရမှုတွေက မုန်တိုင်းပြီးပြီဆိုပြီး အပြင်လျှောက်သွားကြတဲ့အခါ အများဆုံးဖြစ်ပါတယ်။

    • မုန်တိုင်းသတင်းကို နားထောင်ပါ။ အပြင်ထွက်လို့ရပြီလို့ တရားဝင်မထုတ်ပြန်မခြင်း အိမ်ထဲမှာပဲနေပါ။
    • အပြင်လျှောက်သွားတာ၊ လျှောက်ကြည့်တာမျိုးလုံးဝမလုပ်ပါနဲ့။
    • ကိုယ့်အိမ်နီးနားချင်းတွေ၊ တခြားသူငယ်ချင်းတွေအခြေအနေကိုမေးမြန်းပါ။
    • ဒီအချိန်မှာ မုန်တိုင်းကြောင့် ဓာတ်ကြိုးပြတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဓာတ်အားလိုင်းတွေနား၊ ဓာတ်ကြိုးပြတ်နေတယ်လို့ ထင်ရတဲ့နေရာနား၊ ရေအိုင်ထဲကို ဓာတ်ကြိုးပြတ်ကျနေတဲ့ နေရာတွေနား လုံးဝ (လုံးဝ)မသွားပါနဲ့။ ဒါ့အပြင် သစ်ပင်တွေနားကိုလည်း ရှောင်ရှားပါ။ မုန်တိုင်းနောက်ဆက်တွဲ သစ်ကိုင်းကျိုးကျတာတွေ ဖြစ်နိုင်ပါတယ်။

    ဒီအချက်အလက်တွေကို အသေအချာလေ့လာမှတ်သားထားပြီး မုန်တိုင်းတိုက်ခတ်တဲ့အချိန်မှာ ဘေးကင်းလုံခြုံစွာ နေထိုင်ဖို့ တိုက်တွန်းပါတယ်။ အားလုံးပဲ ဘေးကင်းလုံခြုံကြပါစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Wilson Chan မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement