Bupropion
Bupropion ဟာ စိတ်ဖိစီးမှုကို ကုသရတဲ့ ဆေးတစ်မျိုး ဖြစ်ပြီး နာဗ်ကြောတွေ တစ်ခုနဲ့တစ်ခု သတင်းပို့ရာမှာအသုံးပြုတဲ့ ဓါတု ပစ္စည်းတွေကို ပြောင်းလဲစေနိုင်တဲ့ ဆေးဖြစ်ပါတယ်။ Bupropion ဟာ ဆေးလိပ်သောက်ချင်စိတ်ကို နည်းပါးစေပြီး Varenicline ( Chantix ) က သင့်ခန္ဓါကိုယ်အတွက် အလုပ်မလုပ်ဘူးဆိုရင် (သို့) အကြောင်းရင်းတစ်မျိုးမျိုးကြောင့် Varenicline ( Chantix ) ကိုသောက်လို့မရဘူးဆိုရင် ဒီဆေးကို သောက်သုံးရမှာ ဖြစ်ပါတယ်။ Bupropion ကိုတော့ ဆရာဝန်က မညွှန်ကြားဘဲ တစ်ခြားသော နီကိုတင်း အစားထိုး ပစ္စည်းတွေနဲ့ တွဲပြီး သောက်သုံးလို့မရပါဘူး။ ဘေးထွက်ဆိုးကျိုးတွေကတော့ အိပ်မပျော်ခြင်း၊ အိပ်မက်ဆိုးများ
မက်ခြင်းနဲ့ အာခေါင်ခြောက်ခြင်းတို့ကို ခံစားရမှာ ဖြစ်ပါတယ်။ လေ့လာချက်တွေ အရ Bupropion
ဟာ ဆေးလိပ်ဖြတ်ရာမှာ လူအယောက် ၁၀၀ တွင် ၁၉ ယောက်အထိကို အောင်အောင်မြင်မြင်
ဆေးလိပ်ဖြတ်နိုင်စေဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။
တစ်ခြားနည်းလမ်းများ။
၁။ အကြံဉာဏ်ရယူခြင်း။
ဒီနည်းကိုတော့ သင် ဆေးလိပ်ဖြတ်ရာမှာ အဓိက နည်းလမ်း အဖြစ် အသုံးပြုလို့ရသလို ထပ်ဆောင်းနည်းလမ်း အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ကျွမ်းကျင်သူများနဲ့ နေ့စဉ် ၃ မိနစ်ခန့်မျှ ဆွေးနွေးပေးရင်တောင် ဆေးလိပ်ဖြတ်ရာမှာ အကူအညီဖြစ်နိုင်ပြီး ဒီလို အကြံဉာဏ်ရယူတဲ့အခါမှာ ကိုယ်ဘယ်ရက်ကစပြီး ဆေးလိပ်ဖြတ်မလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ဆေးလိပ်ဖြတ်ရမလဲ၊ ဆေးလိပ်ဖြတ်တဲ့အချိန်မှာ ဘယ်လိုနေရမလဲ၊ ဒုံရင်း အခြေအနေ မရောက်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာတွေကို နားထောင်နိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ဆေးရုံနဲ့
ဆေးခန်းအများစုမှာတော့ တစ်ယောက်ချင်းစီပဲ ဖြစ်ဖြစ်၊ အဖွဲ့လိုက်ဖြစ်ဖြစ် ကျွမ်းကျင်သူများက အခမဲ့ (သို့မဟုတ်) သက်သာတဲ့ နှုန်းထားများနဲ့ ဆွေးနွေးပေးကြပါတယ်။
၂။ အိပ်မွေ့ချခြင်း။
သေချာလေ့ကျင့်ထားတဲ့ အိပ်မွေ့ချပညာရှင်တစ်ယောက်က သင့်ကို မသိစိတ်အခြေအနေတစ်ခုထိ အိပ်မွေ့ချမှာ ဖြစ်ပြီး ဆေးလိပ်သောက်ချင်စိတ်ကို ပျောက်ဖို့ ဘယ်လို လုပ်ရမလဲဆိုတဲ့ မေးခွန်းတွေမေးမှာ ဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ ဒီနည်းလမ်းဟာ ဘယ်လောက်အထိ ထိရောက်မှုရှိလဲဆိုတာ အသေအချာ မပြောထားကြပါဘူး။ လေ့လာချက်တွေအရတော့ဒီနည်းလမ်းကို နီကိုတင်း အစားထိုးပစ္စည်းတွေနဲ့ တွဲသုံးရင် ပိုထိရောက်မှု ရှိတယ်လို့ ဆိုထားပြီး တစ်ချို့ကတော့ ဘာထိရောက်မှု မှ မရှိဘူးလို့ ဆိုထားကြပါတယ်။
၃။ ဆေးလိပ်ဖြတ် Application များနဲ့ အွန်လိုင်းပေါ်မှ အကြံပေးအဖွဲ့များ။
မြန်မာနိုင်ငံမှာတော့ အွန်လိုင်း အကြံပေး အဖွဲ့တွေ မရှိကြသေးဘဲ ဆေးလိပ်ဖြတ် Application တွေ သုံးခြင်းက သင့်ကို ဆေးလိပ်ဖြတ်နေတယ်ဆိုတာ သတိရအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
၄။ တရုတ် အပ်စိုက်ကုထုံး။
သင့်က အထက်ပါ နည်းလမ်းတွေနဲ့ တစ်ခုမှ အဆင်မပြေဘူးဆိုရင် ဒီနည်းလမ်းကို စမ်းကြည့်သင့်ပါတယ်။ ဒီကုသနည်းမှာဆိုရင် လေ့ကျင့်ထားတဲ့ အပ်စိုက်ပညာရှင်က သင့်ခန္ဓါကိုယ်ပေါ်က ဖိအားမှတ်တွေကို လှုံ့ဆော်ဖို့ အတွက် သတ္တုအပ်များကို စိုက်သွားမှာ ဖြစ်ပါတယ်။ ဒီလို ဖိအားမှတ်တွေကို အပ်စိုက်ကုသခြင်းက ဆေးလိပ်သောက်ချင်စိတ်ကို
တားဆီးပေးနိုင်တဲ့ ဦးနှောက် ဓါတု ပစ္စည်းတွေကို ထွက်ရှိစေမှာ ဖြစ်ပါတယ်။ အပ်စိုက်ကုသခြင်းနဲ့ ဆေးလိပ်ဖြတ်လို့ရရဲ့ လားဆိုတာ သေချာလေ့လာထားတဲ့ လေ့လာချက်တွေတော့ မရှိသေးပါဘူး။
၅။ လေဆာရောင်ခြည် ကုသမှုများ။
ဒီနည်းလမ်းကတော့ အပ်စိုက် ကုထုံးလိုပါပဲ။ ဒါပေမဲ့ အပ်အစား အားနည်းတဲ့ လေဆာရောင်ခြည်ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကလည်း အလုပ်ဖြစ်သလားဆိုတာကို လေ့လာချက်တွေ အတည်မပြုရသေးပါဘူး။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။