ကြို့ထိုး တာကို ဘယ်လိုပျောက်ကင်းအောင်လုပ်မလဲ

    ကြို့ထိုး တာကို ဘယ်လိုပျောက်ကင်းအောင်လုပ်မလဲ

    ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဝမ်းဗိုက်နဲ့ ရင်ဘတ်ကိုပိုင်းခြားထားတဲ့ ကြွက်သားတစ်ခုရှိပါတယ်။ Diaphragm လို့ခေါ်ပါတယ်။ မြန်မာလိုတိုက်ရိုက်ဆိုရင်တော့ ရင်ဝမ်းခြားကြွက်သားပေါ့။ ဒီကြွက်သားက အသက်ရှူတဲ့လုပ်ငန်းစဉ်မှာ အဓိကအခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒီကြွက်သားက ထိန်းချုပ်လို့မဟုတ်ဘဲ သူ့အလိုအလျောက် ညှစ်တဲ့အခါ အသံအိုးကိုပါ ရုတ်တရက်ပိတ်ပိတ်သွားပြီး “အေ့” ဆိုတဲ့အသံနဲ့ ကြို့ထိုး တယ်ဆိုတာ ဖြစ်လာပါတယ်။

    ဒါတွေက ကြို့ထိုး စေနိုင်ပါတယ်။

    • အစားအများကြီးစားတဲ့အခါ၊
    • ပီကေဝါးတာ သကြားလုံးစုပ်တာ၊
    • အရက်ဘီယာသောက်တဲ့အခါ၊
    • အမြှုပ်ထပြီးစူးရှတဲ့ အချိုရည်တွေသောက်တဲ့အခါနဲ့
    • စိတ်လှုပ်ရှားတဲ့အခါတွေမှာ အဖြစ်များတယ်။

    ဒါပေမယ့် ရောဂါရင်းမြစ်တစ်ခုခုရှိလို့လည်း ဖြစ်နိုင်တယ်။ ကြို့ထိုးတာက လူတော်တော်များများမှာ မိနစ်ပိုင်းအတွင်း ပျောက်သွားနိုင်တယ်။ အရမ်းဖြစ်ခဲတဲ့ကိစ္စတွေမှာတော့ ကြို့ထိုးတာ လနဲ့ချီကြာနိုင်ပါတယ်။

    နှစ်ရက်ထက်ကြာတဲ့ ကြို့ထိုးတာဖြစ်နေပြီဆိုရင်တော့ ရင်ဝမ်းခြားကြွက်သားကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေမှာ လှုံ့ဆော်မှုတစ်ခုခု ဖြစ်နေလို့ပါ။

    ဖြစ်နိုင်တာတွေအများကြီးထဲက

    ကြို့ထိုးတာက ခံရခက်တာကတော့ လူတိုင်းသိပြီးသားပါ။ ကာလကြာရှည် ကြို့ထိုးတဲ့အခါ အိပ်ရတာ၊ စားရတာ၊ စကားပြောရတာနဲ့ ဝမ်းဗိုက်မှာရှိတဲ့အနာတွေမကျက်တာမျိုး ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။

    ကြို့ထိုးတာကို ဘယ်လိုပျောက်အောင်လုပ်မလဲ။

    ကြို့ထိုးတာက ကုသစရာမလိုဘဲ သူ့အလိုအလျောက် ကောင်းသွားတာပါပဲ။ ကိုယ်တိုင်ကြို့ထိုးတဲ့အခါလည်း ဘယ်အချိန်ပျောက်လို့ပျောက်သွားမှန်းတောင် သိလိုက်တာမဟုတ်ဘူး။ သာမန်ထက်ကြာနေရင်တော့ ရောဂါတစ်ခုခုဆိုတာ သိနိုင်ပါလိမ့်မယ်။

    ကြို့ထိုးတာကို ပျောက်ကင်းစေနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ဘယ်နည်းက အလုပ်အဖြစ်ဆုံးလဲဆိုတာတော့ သေချာအတည်ပြုမှုတွေမရှိထားဘူး။

    • ရေသောက်ပါ။
    • စက္ကူအိတ်တစ်အိတ်ထဲကို အသက်ရှူသွင်းရှူထုတ်လုပ်ပါ။
    • ရေခဲရေနဲ့ ပလုပ်ကျင်းပါ။
    • အသက်ရှူအောင့်ပါ။
    • သံပရာသီးကိုက်ပါ။

    မကြာခဏ ကြို့ထိုး တတ်တယ်ဆိုရင်တော့

    • အရက်နဲ့ အမြှုပ်ထပြီးစူးရှတဲ့ အချိုရည်တွေကို ရှောင်ပါ။
    • လေထစေတဲ့ အစားအသောက်တွေရှောင်ပါ။
    • အစားကို အများကြီးတခါတည်းမစားဘဲ နည်းနည်းစီခွဲစားပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thurein Hlaing Win မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement