သွေးလည်ပတ်မှု
ပတ်ဝန်းကျင်အအေးဒဏ်ကြောင့် သွေးလည်ပတ်မှုကိုလည်း နှေးစေနိုင်ပါတယ်။ သွေးလည်ပတ်မှုကောင်းဖို့က အနာကျက်ခြင်းအတွက် အရေးပါတဲ့အချက်ပါ။ သွေးလည်ပတ်မှုမကောင်းရင် အနာတဝိုက်ဧရိယာကို အောက်ဆီဂျင်မရောက်နိုင်တော့ဘဲ အနာကျက်ဖို့ နှေးစေပါတယ်။ နောက်ပြီး သွေးလည်ပတ်မှုမကောင်းတဲ့အခါ အနာတဝိုက်က အရေပြားတစ်ရှူးအသစ်ဖြစ်ပေါ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်။ အေးမှာစိုးပြီး နွေးအောင်နေတဲ့အခါမှာလည်း သွေးမလျှောက်နိုင်လောက်အောင် တင်းကျပ်အောင် ဝတ်စားတာ၊ စည်းနှောင်တာတွေကို နည်းနည်းလျှော့ပါ။ အနာကို ပလာစတာ၊ ပတ်တီးစည်းတဲ့အခါမှာလည်း အရမ်းမတင်းဖို့ အရေးကြီးပါတယ်။
ဒီတော့အေးတဲ့ရာသီမှာ အနာကျက်မြန်အောင် ဒီအချက်တွေ သိထားသင့်ပါတယ်
- လှုပ်လှုပ်ရှားရှားနေပါ ( ဒဏ်ရာကြီးမားသူကလွဲလို့)
သွေးလည်ပတ်မှုအတွက် လှုပ်ရှားမှုက အရေးကြီးတဲ့အတွက် လှုပ်လှုပ်ရှားရှားနေဖို့ အကြံပြုတယ်ဆိုပေမယ့် အနာကိုနွေးထွေးအောင်၊ လုံခြုံအောင် ဖုံးအုပ်ကာကွယ်ဖို့လိုပါတယ်။ လမ်းလျှောက်တာ၊ ယောဂ ကစားတာလိုမျိုး သွေးလည်ပတ်မှုကောင်းစေမယ့် လှုပ်ရှားမှုမျိုးဆို ရပါတယ်။
ထိခိုက်ဒဏ်ရာရှိတဲ့နေရာကို ရောဂါပိုးအန္တရာယ်ကို ကာကွယ်ဖို့နဲ့ အစိုဓာတ်ထိန်းနိုင်ဖို့ သန့်စင်တဲ့ ပလာစတာ သို့မဟုတ် ပတ်တီးနဲ့ ဖုံးအုပ်ကာကွယ်သင့်ပါတယ်။ ခြောက်သွေ့မသွားရအောင် အနာကျက်ဆေး သို့မဟုတ် moisturizer တစ်ခုခုလိမ်းထားပေးလို့ရပါတယ်။ လေ့လာမှုတွေအရ အစိုဓာတ်ထိန်းထားနိုင်ရင် ၅၀% အနာကျက်ပိုမြန်တယ်လို့ ဆိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။