လူတိုင်း မွေးမြူသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ
ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်ဖို့နဲ့ နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်စေဖို့ အဓိက လိုအပ်ချက် တစ်ရပ်က ကိုယ်ခံအား ကောင်းဖို့ပါ။ ကိုယ်ခံအားက ခန္ဓာကိုယ်ရဲ့ ရှေ့တမ်း ခံစစ် တစ်ရပ်ဖြစ်ပြီး ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားက မိခင်ဝမ်းကနေ မွေးလာကတည်းက တစ်ပါတည်းပါလာခဲ့တဲ့ သဘာဝ လက်ဆောင်ပါ။ ကိုယ်ခံအားက မွေးကင်းစအရွယ်မှာ ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးပေမယ့် အသက်လေး ရလာလေလေ ပိုမိုဖွံ့ဖြိုးလာလေလေပါ။ ဒီလိုနဲ့ အသက် ၇ နှစ် ကနေ ၈ နှစ် ဝန်းကျင်လောက် ရောက်တဲ့အခါ ကိုယ်ခံအားက ပြည့်ပြည့်ဝဝ ဖွံ့ဖြိုးလာပါတယ်။ ဒီလို ဖွံ့ဖြိုးပြီး ကိုယ်ခံအားတစ်ရပ်ကို အမြဲလိုလို အားဖြည့်ပေးဖို့ကလည်း မေ့ထားလို့ မရတဲ့ အချက်တစ်ခုပါ။ အခုလိုမျိုး ရောဂါဆိုးတွေ ဖြစ်ပွားနေချိန်မှာ ကိုယ်ခံအားကို ဂရုစိုက်တာက အတော်လေး […]