ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

ထိခိုက်ဒဏ်ရာ အမာရွတ်မကျန်စေဖို့ ဘယ်လိုဂရုစိုက်ရမလဲ

မတော်တဆပဲဖြစ်ဖြစ်၊ ခွဲစိတ်မှု ကြောင့်ဖြစ်ဖြစ် အရေပြားမှာဖြစ်လာသမျှ ဒဏ်ရာအနာတရအားလုံးကို ခန္ဓါကိုယ်ကပြန်လည်ပြုပြင်ဖို့ လုပ်ဆောင်ပါတယ်။ အနာကကျက်လာပြီဆိုတာနဲ့ အနာကျက်ခြင်းဖြစ်စဉ်ရဲ့သဘာဝအတိုင်း အသားတက်လာတဲ့အမာရွတ်ကလည်းဖြစ်လာနိုင်ပါတယ်။ အမာရွတ်သိသာတယ်မသိသာဘူးဆိုတာ အနာဘယ်လောက်ကောင်းကောင်းကျက်သလဲဆိုတာပေါ်မူတည်ပါတယ်။ ခွဲစိတ်မှုချုပ်ရိုးအမာရွတ်တွေနဲ့ ဒူးခေါင်း၊တံတောင်ဆစ်တို့လို အရိုးအဆစ်တွေမှာဖြစ်တဲ့အမာရွတ်တွေကတော့ရှောင်လွှဲရခက်ပါတယ်။တော်တန်ရုံအသေးစားကွဲရှဒဏ်ရာလေးတွေကတော့ အိမ်မှာကုသရင်းပဲ အနာကျက်တဲ့အခါ အမာရွတ်မကျန်အောင်၊ သိပ်မသိသာအောင် ဂရုစိုက်ပေးဖို့ရပါတယ်။ အမာရွတ်မကျန်အောင် ဘယ်လိုဂရုစိုက်ပေးမလဲ အနာကို ဆေးပါ အရင်ဆုံး လက်ကိုဆပ်ပြာနဲ့သေချာဆေးပါ။ ပြီးမှ ထိခိုက်ဒဏ်ရာကို အညစ်အကြေးတွေကင်းစင်အောင်ရေနဲ့ဆေးကြောပါ။ အနာတဝိုက်ကိုတော့ ဆပ်ပြာနဲ့ဆေးလို့ရပါတယ်။ အနာက လက်မှာဖြစ်တာဆိုရင် အနာကို ဆပ်ပြာနဲ့ တိုက်ရိုက်မထိအောင် သတိထားဆေးပါ။ အသေးစားဒဏ်ရာလေးတွေကိုဆေးဖို့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်၊ အိုင်အိုဒင်း ဒါမှမဟုတ် အရက်ပြန်တို့လိုပြင်းတဲ့ဆေးရည်တွေသုံးဖို့မလိုပါဘူး။ ပိုဆိုးစေနိုင်ပါတယ်။ရေသန့်သန့်နဲ့ဆို လုံလောက်ပါတယ်။ သွေးတိတ်အောင်လုပ်ပါ အနာကိုသွေးတိတ်စေဖို့ ပိုးသတ်ထားတဲ့ gauze ဂွမ်းစ သို့မဟုတ် အဝတ်သန့်သန့်နဲ့အသာအယာဖိပါ။သွေးတိတ်တဲ့အထိ ဆက်ပြီးဖိထားပေးပါ။ ဖိထားတဲ့အခါမှာလည်းသွေးတိတ်ပြီလားလို့ လက်လွှတ်ပြီး အနာကိုခဏခဏမကြည့်ပါနဲ့။ ဖိထားတဲ့အဝတ်ဖယ်လိုက်တာနဲ့သွေးပြန်ထွက်လာနိုင်လို့ပါ။gauze သို့မဟုတ် အဝတ်မှာသွေးထပ်မစိုတော့ဘူးဆိုရင် ရပါပြီ။gauze မှာ စိုရွှဲတဲ့အထိသွေးထွက်နေတယ်ဆိုရင် အသစ်မလဲပါနဲ့။ အသစ်ကို အပေါ်ကထပ်ပြီးအုပ်ဖိပါ။ အနာကို […]


ရှေးဦးသူနာပြုစုခြင်း

ကလေးကို ထိခိုက်ဒဏ်ရာမရအောင် ဘယ်လိုကာကွယ်ရမလဲ

ကလေးဆိုတာဆော့မှာပဲ၊ပြေးလွှားကစားရင်း ထိမိခိုက်မိတာလည်းရှိမှာပဲ။ အဆော့သန်တဲ့ကလေးတွေမှာ ပွန်းပဲ့ဒဏ်ရာနဲ့မကင်းတာ သဘာဝပေမယ့် မတော်တဆကြောင့် ထိခိုက်ဒဏ်ရာရတဲ့ကလေးတွေလည်းရှိတတ်ပါတယ်။ ပွန်းတာပဲ့တာလောက်ကတော့ အချိန်တန်ရင်ပျောက်သွားမှာပေါ့ ဆိုပြီး ဒီအတိုင်းလွှတ်ထားလို့တော့မဖြစ်ပါဘူး။ အနာသေးသေးလေးကနေလည်း အနာပိုးဝင်ပြီးမေးခိုင်လိုမျိုးရောဂါတွေအထိဖြစ်လာနိုင်လို့ပါ။ အန္တရာယ်ဆိုတာ ဘာမှန်းသေချာမသိသေးတဲ့အရွယ်တွေမို့ အုပ်ထိန်းသူမိဘတွေအနေနဲ့ ဂရုစိုက်ကာကွယ်ပေးသင့်တယ်လေ။ မတော်တဆမှုတွေက ကလေးရဲ့နောက်ပိုင်းဘဝမှာ ဆိုးရွားတဲ့အကျိုးဆက်တွေရှိလာစေနိုင်တယ်။ လက်ရှိ ချို့ယွင်းချက်ရှိနေသူတချို့မှာ ငယ်ဘဝကဖြစ်ခဲ့တဲ့မတော်တဆမှုတွေက အကြောင်းရင်းခံဖြစ်နေတတ်တာ အများကြီးပါ။ ဥပမာ ငယ်ငယ်ကရေနွေးပူလောင်ခဲ့လို့ မျက်နှာအမာရွတ်နဲ့နေသွားရသူတွေ၊ ငယ်ငယ်က မတော်တဆဦးခေါင်းထိခိုက်မှုကြောင့် ဉာဏ်ရည်ချို့ယွင်းသွားသူတွေလိုမျိုး။ အသက်တမျှချစ်ခင်ရတဲ့ ကိုယ့်ရင်သွေးလေးတွေ ဒီလိုမကောင်းတဲ့အကျိုးဆက်ဖြစ်မလာအောင်လို့ စိုးရိမ်ကြမယ့်သူတွေချည်းပါ။ ဒါ့ကြောင့် ထိခိုက်ဒဏ်ရာ သေးသေးကြီးကြီး မပေါ့ဆကြပါနဲ့။ ဆေးပညာတိုးတက်တဲ့ခေတ်ဖြစ်ပြီး အကောင်းဆုံးဆေးပလာစတာနဲ့ဆေးဝါးတွေ အလွယ်တကူရရှိနိုင်တယ်ဆိုပေမယ့် မဖြစ်ခင်က ကြိုတင်ကာကွယ်ပေးတာ အကောင်းဆုံးပါပဲ။ ကလေးတွေကို ထိခိုက်ဒဏ်ရာအန္တရာယ်က ဘယ်လိုကာကွယ်စောင့်ရှောက်မလဲ ကလေးပြေးလွှားဆော့ကစားတဲ့ဧရိယာတဝိုက် ကြမ်းပြင်မှာ ကစားစရာအရုပ်တွေ၊ကော်ဇော၊ ကြိုးခွေ စတဲ့ ရှုပ်ရှုပ်ထွေးထွေးပစ္စည်းတွေမရှိအောင်ရှင်းထားပေးပါ။ အချွန်အတက်ပါတဲ့ပစ္စည်းတွေကိုဝေးဝေးထားတာ၊ ခုံနဲ့စားပွဲထောင့်စွန်းတွေကို ဖုံးအုပ်ထားတာတွေ လုပ်ထားသင့်ပါတယ်။ […]


ရှေးဦးသူနာပြုစုခြင်း

ဆီးချိုရှိသူတွေမှာ ဖြစ်လာတဲ့ထိခိုက်ဒဏ်ရာ ဘယ်လိုဂရုစိုက်ပေးမလဲ

ကိုယ့်မှာ ဆီးချိုရောဂါရှိနေပြီလားဆိုတာ စပြီး သံသယဝင်ကြတဲ့အချက်က ဆီးသွားများတာနဲ့ အနာကျက်နှေးတာပဲဖြစ်ပါတယ်။ ဒီလက္ခဏာနှစ်ခုရှိနေရင်ပဲ ဆီးချိုသွေးချိုတိုင်းတာဆေးစစ်ကြည့်ကြတော့တာပါပဲ။ ဟုတ်ပါတယ်။ ဆီးချိုေဝဒနာရှင်တွေမှာရောဂါကြောင့်အနာလေးတွေဖြစ်လာတတ်တဲ့အပြင် သာမန်ထိရှအနာလေးတွေတောင် ကျက်ဖို့ကြာတတ်ပါတယ်။ ဒါ့ကြောင့် ဓါးရှတာ၊ခြစ်မိတာ၊ ပွန်းရှတာ၊ ပွန်းပဲ့တာ သာမန်အသေးစားထိခိုက်ဒဏ်ရာလေးတွေကိုတောင် သူများထက်ပိုဂရုစိုက်ရပါတယ်။ အခန့်မသင့်လို့ အနာရင်းပြီး ပိုးဝင်ခဲ့ရင်နောက်ဆက်တွဲပြဿနာက ခြေလက်ဖြတ်တောက်ရတဲ့အထိ ပိုဆိုးလာနိုင်ပါတယ်။ ဆီးချိုဝေဒနာရှင်တွေက ဘယ်လိုထိခိုက်ဒဏ်ရာပဲဖြစ်ဖြစ် အနာပိုးမဝင်အောင်သေချာဂရုစိုက် သတိထားသင့်ပါတယ်။ အနာမှာ နီရဲ၊ရောင်ရမ်းပြီးပြည်တည်လာတာလိုမျိုး လက္ခဏာတွေဖြစ်လာသလားစောင့်ကြည့်ပါ။ လက္ခဏာတွေ့ရတာနဲ့ ဆရာဝန်ပြပြီး မှန်ကန်တဲ့ကုသစောင့်ရှောက်မှုခံယူရပါမယ်။ တော်တန်ရုံအနာအသေးစားတွေကိုတော့ အချိန်နှေးရင်နှေးပါစေ၊ သူ့အလိုလိုအနာကျက်တဲ့အထိ ကိုယ့်ဘာသာစနစ်တကျဂရုစိုက်ပေးနိုင်ရင် အနာပိုးဝင်ခြင်းအန္တရာယ် ရှောင်လွှဲနိုင်ပါလိမ့်မယ်။ အနြာဖစ်လာရင် အမြန်လုပ်ဆောင်ဖို့ ပွန်းရာ၊ခြစ်ရာလေးပဲဖြစ်ဖြစ် ထိခိုက်အနာတစ်ခုခုဖြစ်လာတာနဲ့ ဒီအဆင့်တွေလုပ်ကြည့်ပါ - အနာကိုရေနဲ့ အရင်ဆေးကြောသန့်စင်ပါ။ အနာကိုထိတွေ့မယ့်လက်ကို ဆပ်ပြာနဲ့သေချာဆေးကြောပါ။ အနာထည့်ဆေးantisepticsတွေထည့်တာ၊ အရက်ပြန်နဲ့သန့်စင်တာ၊ အိုင်အိုဒင်းထည့်တာတွေ မလုပ်ပါနဲ့။ အရေပြားကို ပိုထိစေပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ဆေး ဒါမှမဟုတ် ပဋိဇီဝပိုးသတ်ဆေးခရင်မ်ထည့်ပါ။ အဓိကက ပိုးမဝင်စေဖို့အရေးကြီးတာကြောင့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း