-အိပ်ခန်းက အလင်းရောင်မဝင်ဘဲ တိတ်ဆိတ်ပြီး အေးအေးလူလူ ရှိတာ
-အိပ်ခါနီး အစားစားတာ၊ အရက်သောက်တာကို ရှောင်တာ
-အိပ်ချိန်နဲ့ကပ်ပြီး လေ့ကျင့်ခန်းလုပ်တာ
-စနေ တနင်္ဂနွေအပါအဝင် အိပ်ချိန်ထချိန် မှန်အောင်လုပ်တာ စတာတွေကို စမ်းကြည့်ပါ။
(၆) စားချင်သောက်ချင်စိတ်တွေ များနေခဲ့ရင်
ဆေးလိပ်ဖြတ်ရင် ဝလာတယ်လို့ ပြောကြတော့ ဝလာမှာကို ကြောက်ပြီး ဆေးလိပ်မဖြတ်ဘဲ မနေသင့်ပါဘူး။ ဆေးလိပ်ဖြတ်နေချိန်မှာ ဝမလာအောင် လုပ်နိုင်တဲ့ နည်းတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဒါက အကြောင်းပြချက်ကောင်း မဟုတ်ဘူးနော်။
ဆေးလိပ်ဖြတ်တဲ့အချိန်မှာ ဝမလာစေဖို့ဆိုရင်
သွားရေစာစားတဲ့အခါ ကယ်လိုရီနည်းပြီး ဝါးလို့ရတဲ့ တစ်ခုခုကို ရွေးစားပါ။ ပါးစပ်နဲ့ လက်နဲ့ကိုလည်း အလုပ်ပေးထားရဦးမှာကိုး။ ဥပမာ မုန်လာဥတို့၊ သကြားမပါတဲ့ ပူရှိန်းတို့၊ ပီကေတို့ စတာတွေ ဝါးနေလို့ ရပါတယ်။
တစ်ခုခုလှုပ်နေတာက ဘာမှမလုပ်တာထက်စာရင် ပိုကောင်းပါတယ်။ Gymတွေ ဘာတွေ မသွားချင်ဘူးဆိုရင်တောင်မှ လမ်းသွက်သွက်လျှောက်တာတို့၊ ခပ်ရွရွပြေးတာတို့က ကယ်လိုရီလောင်ကျွမ်းဖို့ အထောက်အကူ ဖြစ်စေပါတယ်။
ပုံမှန်ဆို ထမင်းစားနေရင်းနဲ့ TVကြည့်တာတို့၊ ဖုန်းသုံးတာတို့ လုပ်တတ်ကြတယ်ဟုတ်။ အဲ့လိုစားတဲ့အခါ စားသင့်တာထက် ပိုစားမိပါသတဲ့။ ဒါကြောင့် ထမင်းစားမယ်ဆို ထမင်းစားတဲ့ အလုပ်တစ်လုပ်ပဲ လုပ်ပါ။ စားတဲ့အခါမှာလည်း အရသာသေချာခံပြီး ကြေညက်အောင် ဝါးပါ။ ဒါမှ ခပ်မြန်မြန်လေး ဗိုက်ပြည့်ပြီး အလွန်အကျွံ မစားမိမှာပါ။
(၇) စိုးရိမ်စိတ်များတာ၊ ဝမ်းနည်းတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာရင်
စိတ်ထဲနေလို့ မကောင်းချိန်မှာ လှုပ်လှုပ်ရှားရှားနေဖို့က ခက်မှာပါ။ ဒါပေမယ့် ဒါက တကယ်အသုံးဝင်ပြီး သက်သာစေတဲ့ နည်းလမ်းပါ။ ဒါကြောင့် တစ်ရက်ကို နည်းနည်းစီစပါ။ ဒီနေ့မှာ လှေကားအတက်အဆင်းလေး လုပ်ပြီး နောက်နေ့ကျ လမ်းတစ်ပတ်လောက် လျှောက်လိုက်တာမျိုးပေါ့။
- တစ်နေ့တာ အစီအစဉ်ချမှတ်ထားပါ။
ဒါမှ စိတ်လေလွင့်တာ နည်းမှာပါ။ တတ်နိုင်ရင် အပြင်လည်း ထွက်ပေးပါ။
တစ်ယောက်တည်း နေလေလေ စိတ်က လေလွင့်လေပါပဲ။ ဒါကြောင့် အသိမိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ အချိန်ဖြုန်းပါ။ စကားပြောပါ။ အဲ ဒါပေမယ့် ဆေးလိပ်သောက်တဲ့ သူငယ်ချင်းတွေနဲ့တော့ သွားမတွေ့နဲ့နော်။ ဆေးလိပ်ပြန်သောက်မိသွားလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။