သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

တံခါးညပ်တဲ့အခါ ဘယ်လို သက်သာအောင် လုပ်ကြမလဲ။

တံခါးညပ်တဲ့အခါ ဘယ်လို သက်သာအောင် လုပ်ကြမလဲ။

တံခါး ဖွင့်ရင်းဖြစ်ဖြစ် တံခါးပိတ်ရင်း ဖြစ်ဖြစ် တံခါးဘောင်ကို ကိုင်ထားရင်း တစ်ယောက်ယောက်က မသိဘဲ တံခါးပိတ်လိုက်တာကြောင့် ဖြစ်ဖြစ် လက်ကို တံခါးညပ် သွားတဲ့အခါ သွေးခြည်ဥပြီး ထောက်မရအောင် နာတာမျိုး။ တစ်ခုခုကို ကိုင်လို့ မရအောင်နာတာမျိုး ခံစားဖူးကြမယ် ထင်ပါတယ်။

တံခါးညပ်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ မတော်တဆမှု တစ်မျိုးပါ။ ဆေးခန်းပြရလောက်တဲ့အထိ မပြင်းထန်ဘူးဆိုပေမယ့် ထိခိုက်မိတာကြောင့် နာကျင်မှုကတော့ မသေးပါဘူး။ ဒီတစ်ခေါက်တော့ အဖြစ်များတဲ့ တံခါးညပ်တာကြောင့် နာကျင်တာကို သက်သာစေဖို့ အိမ်မှာတင် လွယ်လွယ်ကူကူ လုပ်ဆောင်လို့ရမယ့် ရှေးဦးသူနာပြုစုနည်းလေးကို ပြောပြပေးချင်ပါတယ်။

တံခါးညပ်ရင် ဘယ်လိုတွေ ဖြစ်နိုင်လဲ။

တံခါးညပ်တဲ့အခါ အရှိန်ပြင်းထန်တာနဲ့ တံခါးရဲ့ အလေးချိန်ပေါ် မူတည်ပြီး ထိခိုက်တဲ့ အတိုင်းအတာ ကွာခြားနိုင်ပါတယ်။ တံခါးညပ်တဲ့အခါ လက်အသားကို ထိမိမယ်ဆိုရင် အညိုအမဲစွဲတာ၊ နာကျင်တာ၊ ရောင်ရမ်းတာတွေ ဖြစ်နိုင်ပါတယ်။ အထိမခံနိုင်အောင် နာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

တကယ်လို့ တံခါးညပ် တာက အဆစ်တွေပေါ်ကို ထိမယ်။ လက်သည်းကို ထိမယ်ဆိုရင် လက်ဆစ်ရောင်တာ၊ ကိုက်ခဲတာ၊ ရောင်ရမ်းတာ၊ နာကျင်တာ၊ သွေးခြည်ဥတာ၊ လက်သည်းအောက်ဘက်မှာ သွေးယိုတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ထိခိုက်မိတဲ့ အရှိန် ပြင်းရင် ပြင်းသလောက် နာကျင်မှုကလည်း ပြင်းထန်နိုင်ပါတယ်။

တံခါးညပ်တဲ့အခါ ဘယ်လို သက်သာအောင် လုပ်ကြမလဲ။

တံခါးညပ်တဲ့အခါ ဘယ်လို သက်သာအောင် လုပ်ကြမလဲ။

တံခါးညပ်မိတာကြောင့် ထိခိုက်တဲ့အခါ အရင်ဆုံး လုပ်ရမယ့် အချက်က နာကျင်တာကို သက်သာစေဖို့ပါ။ နောက်တစ်ချက်ကတော့ ရောင်ရမ်းတာမျိုး နည်းနိုင်သမျှ နည်းအောင် ဂရုစိုက်ဖို့ပါ။

ဒါကြောင့် တံခါးညပ်မိပြီဆိုရင် ဒီအချက်လေးတွေအတိုင်း သေချာလေး ဂရုစိုက် လုပ်ဆောင်ပေးစေချင်ပါတယ်။

ရေခဲဝတ် ကပ်ပါ

တံခါးညပ်တဲ့အခါ ထိခိုက်မိနေတဲ့နေရာကို ရေခဲဝတ်လေး ကပ်ပေးပါ။ ရေခဲကို မထူမပါး အဝတ်သန့်သန့်လေးထဲကို ထည့်ပြီး ၁၅ မိနစ် ကပ်လိုက် နာရီဝက်၊ တစ်နာရီလောက် နားလိုက် လုပ်ပေးပြီး တစ်နေ့ကို ၃ ကြိမ်လောက် ကပ်ပေးပါ။ အရမ်းအေးနေတာကို အချိန် အကြာကြီး ကပ်မိမယ်ဆိုရင် အသားလောင်တာမျိုး ဖြစ်နိုင်တာကြောင့်ပါ။

သက်သောင့်သက်သာ ထားပါ

တံခါးညပ်မိတဲ့နေရာကို လှုပ်ရှားတာမျိုး မလုပ်ဘဲ သက်သောင့်သက်သာဖြစ်မယ့် အနေအထားမျိုး ထားပေးပါ။ ဒါမှ ရောင်ရမ်းတာကို သက်သာစေနိုင်မှာပါ။ နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့ တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှား မလုပ်ပါနဲ့။

ကာကွယ်ထားပါ

ထိခိုက်မိတဲ့နေရာကို နောက်ထပ် ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် ပတ်တီးစည်းတာမျိုး၊ တစ်ခုခုနဲ့ သိုင်းထားတာမျိုး လုပ်ပေးပါ။ ထိခိုက်မှုကို ပိုဆိုး မသွားစေဖို့ပါ။

နှလုံးထက် အမြင့်မှာ ထားပါ

တံခါးညပ်တဲ့နေရာကို ရောင်ရမ်းမှု လျော့နိုင်သမျှ လျော့စေဖို့အတွက် ထိခိုက်မိတဲ့နေရာကို သွေးစီးဆင်းရောက်ရှိမှု နည်းသွားစေဖို့အတွက် နှလုံးထက် မြင့်တဲ့နေရာမှာ ထားပေးပါ။

အကိုက်အခဲပျောက်ဆေး သောက်ပါ

တံခါးညပ်မိတာကြောင့် နာကျင်မှုကို ခံစားရမယ်ဆိုရင် ဆေးစာ မလိုဘဲ ဝယ်ယူလို့ရတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်ပေးလို့ ရပါတယ်။ ဆေးညွှန်းအတိုင်း တိတိကျကျ သောက်ဖို့တော့ လိုပါမယ်။

ပတ်တီးစည်းပါ

ထပ်မံ ထိခိုက်မိတာမျိုးကနေ ကာကွယ်ဖို့အတွက် ဖြစ်ဖြစ်၊ အဆစ်တွေကို ထိခိုက်မိတဲ့အခါမှာ နာကျင်မှု သက်သာစေဖို့ ဖြစ်ဖြစ် ပတ်တီးလေးနဲ့ ခပ်ဖွဖွလေး စည်းထားပေးလို့ ရပါတယ်။ ပတ်တီးကို ခပ်ဖွဖွ စည်းခိုင်းရတာက သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်ပြီး ရောင်ရမ်းမှု ပိုဆိုးလာနိုင်တာကြောင့်ပါ။

ကဲ …. မတော်တဆ တံခါးညပ်မိခဲ့ရင် အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။ တကယ်လို့ ထိခိုက်မိတဲ့နေရာက ထုံနေမယ်။ အရမ်းကို ညိုမဲလာမယ်ဆိုရင်တော့ နီးစပ်ရာ ဆေးခန်းကို သွားရောက်ဖို့ လိုပါမယ်။

health-tool-icon

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Home Remedies: Just jammed your finger? https://newsnetwork.mayoclinic.org/discussion/home-remedies-just-jammed-your-finger/ Accessed Date 10 January 2022

How to Treat a Smashed Finger https://www.verywellhealth.com/how-to-treat-a-smashed-finger-1298320 Accessed Date 10 January 2022

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 27/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။