backup og meta

မြွေကိုက်ခံရရင် ဘာတွေကို မလုပ်ရဘူးလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မြွေကိုက်ခံရရင် ဘာတွေကို မလုပ်ရဘူးလဲ။

    မြွေကိုက် ခံရတာ ရေသောက်လိုက်လို့ အဆိပ်ပြန့်ပြီး ဆုံးသွားတယ်ဆိုတာမျိုး၊ မြွေကိုက်ခံရတယ်။ အရမ်းအိပ်ချင်လာပြီဆိုပြီး အိပ်လိုက်ရာကနေ အသက်သေဆုံးသွားတယ်ဆိုတာမျိုးတွေကို ကြားဖူးကြမယ်ထင်ပါတယ်။

    ဒါကတွေက တကယ်လား။ မြွေကိုက်ခံရမှတော့ ဘာပဲလုပ်လုပ် သေမှာပဲလေ။ မြွေဆိုတာက အဆိပ်ပြင်းတာကိုးလို့ ယူဆနေတုန်းပဲလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ ပြောပါရစေ။

    မြွေဆိပ်က သေစေနိုင်လား။

    မြွေဆိုတာက အဆိပ်ပြင်းတဲ့ သတ္တဝါလို့ လူသိများကြပါတယ်။ မြွေဆိုတဲ့နေရာမှာ အမျိုးအစား နဲ့ အရွယ်အစားကိုလိုက်ပြီး အဆိပ်ပြင်းတာက ကွာခြားနိုင်ပါတယ်။ မြွေဆိပ်ဆိုတဲ့နေရာမှာလည်း အာရုံကြောတွေကို ထိခိုက်စေနိုင်တာမျိုး ရှိသလို သွေးထဲမှာ ပြန့်သွားတဲ့ မြွေဆိပ်တွေလည်း ရှိပါတယ်။

    မြွေဆိပ်က အသက်ဆုံးရှုံးစေနိုင်တဲ့အထိ ပြင်းထန်တယ်ဆိုပေမယ့် ရှေးဦးသူနာပြုစုနည်းကို သေချာ လုပ်ဆောင်မယ်။ အချိန်မီ ဆေးကုသမှု ခံယူမယ်။ လိုက်နာဂရုစိုက်ရမယ့် အချက်တွေကို သေချာလေး လိုက်နာဂရုစိုက်မယ်ဆိုရင် မြွေကိုက်ခံရပေမယ့်လည်း အသက်ရှင်နိုင်ပါတယ်။

    မြွေကိုက်ခံရတဲ့အခါ လုပ်ဆောင်ရမယ့် ရှေးဦးသူနာပြုစုနည်းတွေက ဘာတွေလဲ။

    မြွေကိုက်ခံရရင် ဘာတွေကို မလုပ်ရဘူးလဲ။

    မြွေကိုက်ခံရတဲ့အခါ ဒီနည်းလမ်းလေးတွေအတိုင်း ပြုစုပေးပါ။

    • လူနာကို မလှုပ်ရှားခိုင်းဘဲ ငြိမ်ငြိမ်လေး နေခိုင်းပါ။
    • လူနာကို ထိတ်လန့်တာမျိုး မဖြစ်ပါစေနဲ့။ ထိတ်လန့်တဲ့အခါ နှလုံးခုန် မြန်တာကြောင့် ခန္ဓာကိုယ်ထဲကို အဆိပ်တွေ မြန်မြန် ပြန့်သွားနိုင်ပါတယ်။
    • မြွေကိုက် ခံထားရတဲ့ ဒဏ်ရာတဝိုက်မှာ လက်စွပ်လိုမျိုး လက်ဝတ်ရတနာတွေ ဝတ်ဆင်ထားမယ်ဆိုရင် ချွတ်ပါ။
    • အနာတဝိုက်ကို ပတ်တီးစ ဒါမှမဟုတ် အဝတ်စနဲ့ ခပ်တင်းတင်းလေး စည်းပေးပါ။ လှုပ်ရှားမှု မရှိစေဖို့ သေချာလေး ကျပ်စည်းပေးပါ။
    • လူနာကို နွေးနွေးထွေးထွေး ထားပါ။
    • အနာကို သေချာလေး သန့်စင်ဆေးကြောပါ။
    • မြွေကိုက်ခံရပြီး ၅ မိနစ်အတွင်းမှာ သွေးတွေအဆိပ်တွေကို ညှစ်ထုတ်ဖယ်ရှားပါ။ ပြီးရင်တော့ လူနာကို မြန်နိုင်သမျှ မြန်မြန် ဆေးရုံကိုပို့ပြီး မြွေဆိပ်ဖြေဆေး ထိုးပါ။

    မြွေကိုက်ခံရရင် ဘာတွေ မလုပ်ရဘူးလဲ။

    မြွေကိုက်ခံရရင်

    • အနာကို ပတ်တီးတွေ အဝတ်စတွေနဲ့ အုပ်တာမျိုး မလုပ်ပါနဲ့။
    • လူနာကို ရေများများတိုက်တာ၊ အစားအသောက် တဝကျွေးတာမျိုးတွေ မလုပ်ပါနဲ့။ အဆိပ်တွေကို မြန်မြန် ပြန့်သွားစေနိုင်လို့ပါ။ ဇီဝကမ္မ ဖြစ်စဉ် နှေးနိုင်သမျှ နှေးအောင် လုပ်ဆောင်ထားတာက အဆိပ်ပြန့်နိုင်ခြေကို နည်းစေနိုင်လို့ပါ။
    • မြွေကိုက် ခံရတဲ့နေရာကို ရေခဲဝတ် ကပ်တာမျိုး မလုပ်ပါနဲ့။ ဒီလို လုပ်တာက မြွေဆိပ်ကြောင့် ထိခိုက်နိုင်ခြေ များစေနိုင်လို့ပါ။
    • မြွေကိုက် ခံရတဲ့ နေရာတဝိုက်ကို ဝိုင်ယာကြိုးတွေ၊ ရော်ဘာကြိုးတွေနဲ့ စည်းတာမျိုး မလုပ်ပါနဲ့။
    • အနာကို ဓားနဲ့ခွဲတာမျိုး မလုပ်ပါနဲ့။ မလိုအပ်ဘဲ သွေးဆုံးရှုံးပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်လို့ပါ။
    • အနာကို ဆေးလိပ်မီး၊ မီးစတွေနဲ့ ထိုးတာမျိုး မလုပ်ပါနဲ့။
    • အနာကို ပါးစပ်နဲ့ စုပ်ပြီး အဆိပ်ထုတ်တာမျိုး မလုပ်ပါနဲ့။
    • Potassium permanganate ကို မသုံးပါနဲ့။

    မြွေကိုက် ခံရရင် အသက်အန္တရာယ် ထိခိုက်မှု နည်းစေဖို့ အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း သေချာလေး ဂရုစိုက် လုပ်ဆောင်ပေးပြီး နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံး ပို့ဆောင်လို့ မြွေဆိပ်ဖြေဆေး ထိုးပေးပါ။

    မြွေကိုက်ခံရတဲ့အခါ သေချာလေး ဂရုစိုက် ပြုစုမယ်။ မြွေဆိပ်ဖြေဆေး အချိန်မီ ထိုးဖြစ်မယ်ဆိုရင် အသက်ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်နိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 03/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement