တဆင့်ခံဆေးလိပ်ငွေ့ကိုတော့ ကောင်းကောင်းကြားဖူးမှာပါ။ နှစ်ဆင့်ခံဆေးလိပ်ငွေ့ ဆိုတာ ဘာလဲလို့ မေးစရာ ရှိပါတယ်။ ဒီအကြောင်းမပြောခင် ဆေးလိပ်ငွေ့ဆိုတာ ပါတဲ့အတွက် ဒါက ဆေးလိပ်ရဲ့ ဆိုးကျိုးတစ်ခုဆိုတာကိုတော့ ခန့်မှန်းလို့ရမှာပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win
တဆင့်ခံဆေးလိပ်ငွေ့ကိုတော့ ကောင်းကောင်းကြားဖူးမှာပါ။ နှစ်ဆင့်ခံဆေးလိပ်ငွေ့ ဆိုတာ ဘာလဲလို့ မေးစရာ ရှိပါတယ်။ ဒီအကြောင်းမပြောခင် ဆေးလိပ်ငွေ့ဆိုတာ ပါတဲ့အတွက် ဒါက ဆေးလိပ်ရဲ့ ဆိုးကျိုးတစ်ခုဆိုတာကိုတော့ ခန့်မှန်းလို့ရမှာပါ။
ဆေးလိပ်ငွေ့တွေမှာ
နှစ်ဆင့်ခံဆေးလိပ်ငွေ့ ဆိုတာ ဆေးလိပ်သောက်ရာက ထွက်လာတဲ့ နီကိုတင်းနဲ့ တခြားဓာတုပစ္စည်းတွေက အဝတ်အစားတွေ၊ မျက်နှာပြင်တွေမှာ ကပ်ညှိနေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ဆေးလိပ်သောက်တဲ့သူရော၊ ဆေးလိပ်ငွေ့ရော မရှိသည့်တိုင် ဒီနေရာဟာ ခဏခဏ ဆေးလိပ်ငွေ့နဲ့ ထိတွေ့ထားတဲ့အတွက် ဆေးလိပ်နံ့တွေ စွဲနေတတ်ပါတယ်။
အထူးသဖြင့် အိမ်ထဲမှာ ဆေးလိပ်သောက်တတ်တဲ့သူတွေအနေနဲ့ အိမ်အတွင်းခန်း တစ်ခုလုံးက နှစ်ဆင့်ခံဆေးလိပ်ငွေ့ တွေနဲ့ ပြည့်နေတဲ့ နေရာပါပဲ။ အဝတ်အစားတွေ၊ ဆိုဖာတွေ၊ နံရံတွေ၊ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်တွေ၊ ကော်ဇောတွေ စတာတွေမှာ အနံ့စွဲတတ်ပါတယ်။ ကားထဲမှာ ဆေးလိပ်သောက်ရင်လည်း ဒီလိုပဲ အနံ့စွဲတတ်ပါတယ်။
တဆင့်ခံဆေးလိပ်ငွေ့မှာ ဆေးလိပ်မသောက်ပေမယ့် ဆေးလိပ်ဆိုးကျိုးတွေ ခံစားရသလို နှစ်ဆင့်ခံ ဆေးလိပ်ငွေ့မှာလည်း ဒီလိုပဲဖြစ်တတ်ပါတယ်။ အိမ်ထဲမှာ အနံ့တွေ စွဲနေတဲ့အတွက် ဒီအနံ့တွေကို နေ့စဉ်နဲ့အမျှ ရှူနေရသလို ဒီအနံ့စွဲနေတဲ့ ပစ္စည်းတွေကို နေ့စဉ် သုံးနေရမှာပါ။ ဥပမာ ညအိပ်တိုင်း အနံ့စွဲနေတဲ့ ခေါင်းအုံးနဲ့ အိပ်နေရတာမျိုးပေါ့။
နှစ်ဆင့်ခံဆေးလိပ်ငွေ့ ရဲ့ ဆိုးကျိုးတွေကို ကိုယ်တိုင်သောက်တာ၊ သူများသောက်တာကို ရှူမိတာလိုမျိုး သေချာမသိကြသေးပေမယ့် လေ့လာမှုတွေ ဆက်လုပ်နေကြပါတယ်။ ဒီထဲမှာ ခုပြောမယ့်အချက်တွေ ဖြစ်လာနိုင်တယ်လို့ သံသယရှိကြပါတယ်။
တစ်ခါတစ်လေကျရင် ကိုယ်တိုင်လည်း မသောက်၊ သူများသောက်တာကိုလည်း မရှူမိပါဘဲနဲ့ အဆုတ်ကင်ဆာလူနာတွေကို တွေ့လာရတဲ့အခါ ဒီအချက်ကို ထည့်သွင်း စဉ်းစားလာကြပါပြီ။
လေ့လာချက်တစ်ခုမှာ သုံးဆင့်ခံဆေးလိပ်ငွေ့က DNAကို ပျက်စီးစေတယ်လို့ တွေ့ရှိထားပါတယ်။ ဒါက ဓာတ်ခွဲခန်းမှာ စမ်းသပ်ချက်အရ တွေ့တာဖြစ်ပြီး ပြင်ပ လူသားဆဲလ်မှာရော ဒီလိုပဲလားဆိုတာကို ဆက်ပြီး လေ့လာရပါမယ်။
ကလေးတွေက နှစ်ဆင့်ခံဆေးလိပ်ငွေ့ရဲ့ ဆိုးကျိုးကို ပိုပြီး ခံစားရနိုင်ခြေ ရှိပါတယ်။ အကြောင်းက ကလေးသဘာဝအရ ဟိုဟိုဒီဒီ လျှောက်ကိုင်မယ်။ နံရံတွေ မှီမယ်။ ပစ္စည်းတွေကို ပါးစပ်ထဲ ကောက်ထည့်မယ် စတာတွေကြောင့်ပါ။
ဒီလို အပြုအမူတွေက ကလေးတွေရဲ့ ခန္ဓာကိုယ်ထဲကို ဆေးလိပ်ငွေ့ရဲ့ အကြွင်းအကျန်တွေနဲ့ ဓာတုပစ္စည်းတွေ ရောက်သွားစေနိုင်ပါတယ်။ ကလေးရဲ့ ကိုယ်တွင်းအင်္ဂါတွေကလည်း နုနုနယ်နယ်လေးတွေ ဖြစ်တဲ့အတွက် ပိုပြီးထိခိုက်တတ်ပါတယ်။
ဆေးလိပ်ငွေ့တွေက အိမ်ထဲမှာ သောက်တာကြာလေလေ ပစ္စည်းတွေမှာ စွဲလေလေပါပဲ။ အချိန်ကြာလည်း မပျောက်သွားပါဘူး။ လနဲ့ချီ၊ နှစ်နဲ့ချီ ရှိနေနိုင်ပါတယ်။ ပိုဆိုးတာက အနံ့က ဆေးလိပ်သောက်တဲ့သူဆီက တိုက်ရိုက်ရတာလောက် မပြင်းတဲ့အတွက် သိပ်သတိမထားမိပါဘူး။ နောက်ပြီး အနံ့ယဉ်သွားပြီး ဘာအနံ့မှ မရှိဘူးလို့ ထင်မိစေပါတယ်။
ပိုဆိုးတာက သာမန်သန့်ရှင်းရေး နည်းလမ်းတွေနဲ့ သန့်စင်လို့ မရပါဘူး။ ဆိုလိုတာက
ဒီနည်းနဲ့ စွဲနေတဲ့ အနံ့တွေ ပျောက်သွားမှာ မဟုတ်ပါဘူး။ ဘာတွေလုပ်ရမလဲဆိုတော့
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Htet Htet Zaw Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။