backup og meta

ပင့်ကူကိုက် ခံရတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပင့်ကူကိုက် ခံရတဲ့အခါ

    မြင်တာနဲ့ အသည်းယားစရာ ကောင်းတဲ့ ပင့်ကူကို လူတိုင်းက ဝေးဝေးက ရှောင်ကြပါတယ်။ ဒါပေမယ့်လည်း မတော်တဆ ပင့်ကူကိုက် ခံရတဲ့အခါ ထိတ်လန့်မသွားဘဲ စိတ်အေးအေးနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိထားသင့်ပါတယ်။

    ပင့်ကူကိုက် ခံရခြင်းအတွက် အိမ်တွင်းပြုစုနည်း

    ပင့်ကူကိုက်ခံရတာနဲ့ ချက်ချင်းဆိုသလို အဆိပ်တက်ပြီး တစ်ကိုယ်လုံး မည်းတက်လာတာက ရှားပါတယ်။ ဒါမျိုးက ရုပ်ရှင်ထဲမှာပဲ ရှိတာပါ။ များသောအားဖြင့် အိမ်မှာ တွေ့ရတဲ့ ပင့်ကူတွေ၊ လူနဲ့ အနေနီးတွေ ပင့်ကူတွေက တခြားအင်းဆက်တွေလိုပဲ အန္တရာယ်ပေးတာ နည်းပါတယ်။

    ဒါကြောင့် အိမ်တွင်းပြုစုနည်းတွေကလည်း တခြားအင်းဆက်အကိုက်ခံရတာနဲ့ ဆင်တူပါတယ်။

    • အရင်ဆုံး ကိုက်ခံရတဲ့ နေရာကို ရေနဲ့ ဆပ်ပြာနဲ့ ဆေးချပါ။
    • ပြီးရင်  ပိုးမဝင်အောင် ပိုးသတ်ဆေးကို တစ်နေ့ ၃ကြိမ်လိမ်းနိုင်ပါတယ်။
    • နာတာ၊ ရောင်တာရှိရင် ရေခဲဝတ်လေးကို အကိုက်ခံရတဲ့ နေရာမှာ တစ်ခါအုပ် ၁၅မိနစ်နဲ့ တစ်နေ့ ၃-၄ကြိမ် အုပ်ပေးပါ။
    • ခြေ၊လက်ကို နေရာမျိုး ကိုက်ခံရရင် တွဲလောင်းမထားဘဲ အနည်းငယ် မြှင့်ထားပါ။
    • အကိုက်ခံရတဲ့ နေရာ နာနေရင်၊ ရောင်နေရင် အကိုက်အခဲပျောက်ဆေး သောက်နိုင်ပါတယ်။
    • ယားတယ်ဆိုရင် Antihistamineဆေး တစ်မျိုးမျိုး သောက်နိုင်ပါတယ်။

    အများစုက ဒီလောက်ဆိုရင် ရက်ပိုင်းလောက်ကြာတဲ့အခါ သက်သာသွားကြပါတယ်။

    အန္တရာယ်ရှိတဲ့ ပင့်ကူကိုက် ခြင်းများ

    သာမန်မဟုတ်ဘဲ သတိထားရမယ့် ပင့်ကူနှစ်ကောင် ရှိပါတယ်။

    အညိုရောင် ပင့်ကူပါ။ အနောက်နိုင်ငံတွေမှာ ပိုတွေ့ရပါတယ်။ သူကိုက်ခံရရင်တော့

    -စစချင်းမှာ သိပ်မနာပါဘူး။

    -နောက်ရက်တွေမှာ ချမ်းတုန်ဖျားတာ၊ ကိုယ်လက်ကိုက်တာ ဖြစ်လာပါတယ်။

    -ကိုက်ခံရတဲ့ နေရာမှာ အညိုအမည်းစွဲသလို ဖြစ်လာပြီး ဘေးနားမှာ နီနေတတ်ပါတယ်။

    -ပျို့အန်တတ်ပါတယ်။

    ပင့်ကူကိုက် ခံရတဲ့အခါ

    သူကတော့ တစ်ကိုယ်လုံး မည်းနေပြီး ကျောမှာ အနီရောင် သဲနာရီအမှတ်လေး ရှိပါတယ်။ သူလည်းပဲ အနောက်နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ လက္ခဏာအနေနဲ့

    -အကိုက်ခံရပြီး ၈နာရီအတွင်းမှာ ကြွက်တက်သလို ဖြစ်လာပါတယ်။

    -ဗိုက်ထဲကနေ ညှစ်ထားသလို နာပါတယ်။

    -ပျို့အန်ပါတယ်။

    -အသက်ရှူရခက်ပါတယ်။

    -ထူးခြားချက်က ကိုက်ခံရတဲ့ ဒဏ်ရာ သေးပါတယ်။ တစ်ခါတလေ မြင်တောင် မမြင်ရပါဘူး။

    ပင့်ကူကိုက် ခံရတဲ့အခါ

    ပင့်ကူကိုက် ခံရပြီး ဓာတ်မတည့်ဖြစ်ခြင်း

    ဒါကတော့ အဆိပ်နဲ့ မဆိုင်ပါဘူး။ ကိုက်ခံရတဲ့အချိန်မှာ ပြင်းထန်ဓာတ်မတည့် လက္ခဏာ ခံစားရတာပါ။ အိမ်မှာ ရှိတဲ့ ပင့်ကူအသေးလေးတွေနဲ့လည်း ဖြစ်နိုင်ပါတယ်။ လက္ခဏာအနေနဲ့

    • မျက်နှာတွေ အမ်းလာတာ
    • မျိုချရခက်တာ၊ စကားပြောရခက်တာ
    • ရင်ဘတ်ထဲမှာ ကျပ်လာပြီး အသက်ရှူရခက်တာ
    • အသက်ရှူလိုက်ရင် တရွှီရွှီမြည်တာတွေ ခံစားရပါတယ်။

    ပြင်းထန်ဓာတ်မတည့် လက္ခဏာဖြစ်လို့ ချက်ချင်းဆေးရုံသွားဖို့ လိုပါတယ်။

    သတိထားသင့်တဲ့ ပင့်ကူကိုက်ခြင်းများ

    ပင့်ကူကိုက်တိုင်း အရေးပေါ်ဆေးကုသဖို့ မလိုပေမယ့် အောက်ပါအခြေအနေတွေဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းအမြန်သွားသင့်ပါတယ်။

    • အဆိပ်ရှိတဲ့ ပင့်ကူအကိုက်ခံရတယ်လို့ သံသယရှိရင်
    • ပင့်ကူလား၊ တခြားအဆိပ်ရှိတဲ့ အင်းဆက်လား မသေချာရင်
    • ကိုက်ခံရတဲ့ အနာ တဖြည်းဖြည်း ကြီးလာပြီး နာလွန်းရင်၊ နီရဲလာရင်
    • ဗိုက်ထဲမှာ ဆွဲညှစ်ထားသလို နာနေရင်
    • အသက်ရှူရခက်ပြီး လည်ပင်းမှာ တစ်စို့စို့ကြီး ဖြစ်လာရင်

    ပင့်ကူကိုက်တာက အမြဲတမ်းအန္တရာယ်ရှိတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အကြောက်မလွန်ဖို့နဲ့ ဆေးရုံဆေးခန်း သွားသင့်တဲ့ အရေးပေါ်လက္ခဏာတွေကိုတော့ သိထားဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 16/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement