ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

သိထားဖို့ လိုမယ့် ခွေးရူးပြန် ရောဂါပိုးအကြောင်း

သိထားဖို့ လိုမယ့် ခွေးရူးပြန် ရောဂါပိုးအကြောင်း ကို ဖော်ပြလိုက်ရပါတယ်။ ခွေးရူးပြန်ရောဂါကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ် လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးနေရပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေ၊ ကျန်းမာရေး ဆိုင်ရာ ဗဟုသုတ နည်းပါးသေးတဲ့ နိုင်ငံတွေမှာ ခွေးရူးပြန်ရောဂါကြောင့် အသက်ဆုံးရှုံးမှုတွေက အများအပြားရှိနေဆဲပါ။ သိထားဖို့ လိုမယ့် ခွေးရူးပြန် ရောဂါပိုးအကြောင်း တကယ်တော့ ခွေးရူးရောဂါပိုးက ရာနှုန်းပြည့်ကာကွယ်လို့ ရတဲ့ အရာပါ။ သိရှိမယ်။ ကာကွယ်ဆေး ထိုးမယ်ဆိုရင် ထိခိုက်မှု လုံးဝမရှိဘဲ ကာကွယ်နိုင်မယ့် ကျန်းမာရေး ပြဿနာ တစ်ခု ပါ။ ဒီတော့ ခွေးရူးရောဂါပိုး အကြောင်း သိထားပြိး ကာကွယ်လို့ ရအောင် ဒီ ဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။ ခွေးရူးရောဂါပိုးဆိုတာ ဘာလဲ........ ခွေးရူးရောဂါပိုးဆိုတာက တိရစ္ဆာန်တွေမှာဖြစ်ပွားတဲ့ ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ အိမ်မွေး ခွေးတွေမှာရော တောရိုင်းတိရစ္ဆာန်တွေမှာပါ တွေ့ရနိုင်ပါတယ်။ ကြောင်တွေ၊ […]


ရှေးဦးသူနာပြုစုခြင်း

လုပ်ငန်းခွင်မှာ မတော်တဆ ခြေပြတ်လက်ပြတ် ဖြစ်ခဲ့ရင်

စက်ယန္တရားတွေနဲ့ အလုပ်လုပ်နေကြတဲ့သူတွေမှာ ထိခိုက်ဒဏ်ရာဆိုတာက ကြုံတတ်ပါတယ်။ ဒီထဲမှာ ဆိုးဆိုးဝါးဝါး ဖြစ်တတ်တာကတော့ ခြေပြတ် လက်ပြတ်ဖြစ်တာပါပဲ။ ခြေချောင်း လက်ချောင်းလေးတွေ ဖြစ်ကောင်း ဖြစ်မယ်။ ခြေတွေ လက်တွေ ဖြစ်ကောင်း ဖြစ်မယ်။ ခုခေတ်မှာက ခြေတွေ လက်တွေ ဆိုတာက ပြတ်သွားရင်တောင် တော်တော်များများ ပြန်ဆက်နိုင်နေပါပြီ။ အဓိက အရေးကြီးတာက ခြေတွေ လက်တွေကို သေချာသိမ်းဆည်းထားနိုင်ဖို့ပါပဲ။ ယန္တရားတွေနဲ့ ထိခိုက်မိလို့ ခြေပြတ် လက်ပြတ် ဖြစ်သွားခဲ့ရင် ဘေးလူက အရေးကြီးပါတယ်။ ဘေးလူက သတ္တိရှိရှိနဲ့ လုပ်တတ်ကိုင်တတ်ရင် လူနာအတွက် အများကြီး အကျိုးရှိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးပါ့မယ်။ ဘာတွေ သတိထားရမလဲ။ တစ်ခုခုနဲ့ ခိုက်မိလို့ ရှိရင် ဘာတွေကို သတိထားရမလဲဆိုတော့ ဒဏ်ရာဖြစ်တဲ့နေရာကနေ လူနာကို ဘယ်လို ကယ်ထုတ်မလဲ။ ဒဏ်ရာကို ဘာလုပ်ပေးမလဲ။ […]


ရှေးဦးသူနာပြုစုခြင်း

လမ်းဘေးခွေး အကိုက်ခံရတဲ့အခါ ဘယ်လိုအရေးပေါ်ပြုစုရမလဲ

အိမ်မွေးခွေးလိုမဟုတ်ဘဲ လမ်းဘေးခွေးတွေဟာ လူတွေအပေါ် ပိုပြီးရန်လိုတတ်ကြပါတယ်။ အထူးသဖြင့် ညမှောင်တဲ့အချိန်၊ သန်းခေါင်ယံတွေမှာ အပြင်ထွက်တဲ့အခါ ခွေးတွေအနေနဲ့ မိမိပိုင်နက်အတွင်းကို ကျူးကျော်တယ်လို့ သတ်မှတ်ပြီး ရန်မူတတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လမ်းဘေးခွေးများအခြေအနေ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် ခွေးရူးပြန်ကာကွယ်ဆေး မထိုးထားတဲ့ အလေအလွင့်ခွေးတွေ အရမ်းများပါတယ်။ စနစ်တကျ မွေးမြူထားခြင်းမဟုတ်ဘဲ သနားတဲ့ စိတ်နဲ့ လူတွေက အစာတွေ မကြာခဏကျွေးတဲ့အခါ ပေါက်ဖွားနှုန်းက ပိုများလာပါတယ်။ သနားတာက တချို့နေရာတွေမှာ ကောင်းပေမယ့် နေရာတိုင်းအတွက်တော့ မဟုတ်ပါဘူး။ အလေအလွင့်ခွေးတွေ များလေ၊ ခွေးရူးပြန်ရောဂါရဲ့ ဒုက္ခက မသေးလှပါဘူး။ ကလေးတွေအတွက်ဆို ပိုပြီး ဒုက္ခများပါတယ်။ မိဘမပါဘဲ ကလေးတွေကို အပြင်လွှတ်လိုက်လို့ ကလေးတွေက လမ်းဘေးခွေးတွေကို သွားစ၊ ပြီးရင် အကိုက်ခံရတဲ့အခါ ဒဏ်ရာအတွက်ပဲ ဆေးထည့်ပြီး ခွေးရူးပြန်ကာကွယ်ဆေး မထိုးရင် ကလေးရဲ့ဘဝက အဲဒီမှာတင် လမ်းဆုံးပါပြီ။ လမ်းဘေးခွေး […]


ရှေးဦးသူနာပြုစုခြင်း

ဆူးစူးတဲ့အခါ ဘယ်လိုထွင်ကြမလဲ

ဖန်ကွဲစလေး နင်းမိလိုက်၊ သစ်သားစလေး စူးလိုက်၊ နှင်းဆီလေး ဆူးထွင်ရင်း စူးသွားလိုက် တစ်မျိုး မဟုတ် တစ်မျိုးတော့ စူးဖူးမှာပါ။ လက်ထဲမှာ နာတာတာ၊ ခိုးလို့ ခုလုနဲ့ နေရထိုင်ရ မကောင်းတဲ့ ပြဿနာ တစ်ခုပေါ့။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ ဆူးစူးသွားရင် ဘယ်လိုထွင်မလဲ၊ ဘယ်လိုအချိန်မှာတော့ ဆေးရုံဆေးခန်းသွားသင့်လဲဆိုတာ ပြောပြပေးပါ့မယ်။ ဆူးစူးတာကို ဘာကြောင့် ထွင်ရတာလဲ။ ဆူးစူးတာက နေရတာခက်လို့ ထွင်တယ်ဆိုပေမယ့် တခြားအကြောင်းအရင်းတွေကြောင့် မထွင်မဖြစ် ထွင်ရတာပါ။ ဆူးက နက်တယ်ဆိုရင် ပြည်တည်နာ ဖြစ်မယ် ပိုးဝင်မယ် ရောင်ရမ်းမယ် အခန့်မသင့်လို့ ဆူးတဲ့ ပစ္စည်းက မသန့်ရင် မေးခိုင်ပိုးကလည်း ဝင်တတ်သေးတာဆိုတော့ ထွင်လိုက်တာ အကောင်းဆုံးပါပဲ။ တချို့ဆူးတွေကတော့ သေးလို့ သူ့ဟာသူ ထွက်သွားတတ်ပါတယ်။ ဆူးဘယ်လိုထွင်ကြမလဲ။ အနာကို သန့်ရှင်းရေးလုပ်ပါ။ ညစ်ပေနေတာတွေ သန့်သွားအောင် အရင်ဆုံး ရေနဲ့ […]


ရှေးဦးသူနာပြုစုခြင်း

မျက်လုံးထဲကို စူပါဂလူးဝင်သွားတဲ့အခါ

ဟိုကပ် ဒီကပ် ကပ်တတ်တဲ့ စူပါဂလူးလေးဟာ မျက်လုံးထဲလည်း ဝင်တတ်ပါတယ်။ ကြုံတောင့်ကြုံခဲ အခြေအနေမို့လို့ ရုတ်တရက် ကြုံလာရင် ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေမှာပါ။ ဒါကြောင့် ဘာလုပ်ရမလဲဆိုတာ ပြောပြပေးပါ့မယ်။ စူပါဂလူးက ဘယ်လိုလုပ်ပြီး မျက်လုံးထဲဝင်တာလဲ။ အဖြစ်အများဆုံးကတော့ ကလေးအရွယ်တွေနဲ့ ဘိုးဘိုးဘွားဘွား အရွယ်တွေပါပဲ။ ကလေးတွေကတော့ လူကြီးအလစ်မှာ ဆော့ရင်း ပြုရင်း မျက်လုံးထဲကို ညှစ်မိတာကြောင့် ဝင်သွားတာပါ။ လူကြီးတွေက မမြင်မစမ်းနဲ့ မျက်စဉ်းဆေးနဲ့ မှားပြီး ခတ်တဲ့ကြပါသတဲ့ ။ ဒါကြောင့် စူပါဂလူးကို ကလေးတွေ မမီနိုင်တဲ့ နေရာမှာ သိမ်းရမှာ ဖြစ်သလို လူကြီးတွေမမှားအောင် ဆေးဘူးတွေနဲ့ တွဲမထားပါနဲ့။ စူပါဂလူးဝင်ရင် ဘာလုပ်ရမလဲ။ စူပါဂလူးက မျက်လုံးထဲကို တန်းပြီး ဝင်သွားတာ ရှိသလို မျက်တောင်တွေမှာ ကပ်နေတာ ဒါမှမဟုတ် မျက်ခွံနှစ်ခုကြားမှာ ကပ်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ စူပါဂလူး […]


ရှေးဦးသူနာပြုစုခြင်း

ဓာတ်မတည့်လူနာနဲ့ ကြုံကြိုက်ခဲ့ရင် အရေးပေါ်အသက်ကယ်နိုင်ဖို့

ဓာတ်မတည့်လူနာနဲ့ ကြုံကြိုက်ခဲ့ရင် အရေးပေါ်အသက်ကယ်နိုင်ဖို့ သိထားသင့်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်မတည့်ဘူး (Anaphylaxis)ဆိုတဲ့ စကားလုံးလေးကို ကြားဖူးမှာပေါ့။ သူကတော့ နို့နဲ့ ဓာတ်မတည့်ဘူးတို့၊ ပင်လယ်စာနဲ့ ဓာတ်မတည့်ဘူးတို့၊ မြေပဲနဲ့ ဓာတ်မတည့်ဘူးတို့ စသဖြင့်ပေါ့။ ဓာတ်မတည့်ဖြစ်နေတဲ့ လူနာကို တွေ့ဖူးကြလား မသိ။ ဆရာဝန်တစ်ယောက်အနေနဲ့ကတော့ ခဏခဏကြုံဖူးရတာပေါ့။ ခုပဲအကောင်း တော်ကြာဆေးထိုးလိုက်ပြီးမှ ရုတ်တရက် အသက်ရှူကြပ်လာတာတို့၊ မောလာတာတို့ပေါ့။ ဒါကြောင့် ဆေးခန်းတွေမှာ မတည့်တဲ့ ဆေးရှိရင် ကြိုပြောပါလို့ ရေးထားကြတာပေါ့။ ဓာတ်မတည့်တဲ့ ပြဿနာဟာ အန္တရာယ်ရှိပါတယ်။ စက္ကန့်ပိုင်းလေးအတွင်းမှာ အချိန်မီကုသမှုမယူနိုင်ရင် အသက်ဆုံးရှုံးနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ သွားရင်းလာရင်းနဲ့ပဲ ဖြစ်ဖြစ် ဓာတ်မတည့်တဲ့ လူနာများ ကြုံကြိုက်ခဲ့ရင် အသက်ကယ်ပေးနိုင်အောင် ပြောပြပေးချင်ပါတယ်။ ဘာတွေနဲ့ ဓာတ်မတည့်ဘူးလဲ။ ဓာတ်မတည့်တာက တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ဓာတ်မတည့်ဘူးဆိုတဲ့ အနေအထားကိုယ်တိုင်က […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ပစ္စည်းဟောင်း ပြန်သုံးမယ့်သူတွေအတွက် ကျန်းမာရေးရှုထောင့်မှ လမ်းညွှန်ချက်

ရှေးဟောင်းပစ္စည်းမှ ပစ္စည်းဟောင်း မဟုတ်ပါဘူး။ ဘေထုပ်၊ တစ်ပတ်နွမ်း၊ အဟောင်းနဲ့ အသုံးပြုပြီးပစ္စည်းတွေဟာလည်း အဟောင်းပါပဲ။ တဆင့်ရယူသုံးစွဲတာ၊ ဝယ်ယူသုံးစွဲတာမျိုးလည်း ရှိတယ်မဟုတ်လား။ လူအများစုက ဈေးနှုန်းသက်သာလို့၊ အလကားရလို့၊ သဘောကျလို့၊ လူကြီးတွေဆီက လက်ဆောင်ရလို့စတဲ့အကြောင်းပြချက်မျိုးစုံကြောင့် ပစ္စည်းအဟောင်းတွေကို ပြန်အသုံးချကြလေ့ရှိပါတယ်။ အကုန်အကျသက်သာပြီး သုံးရအဆင်ပြေတာကြောင့်လည်းပါတာပေါ့။ အဟောင်းတွေဟာ သုံးရအဆင်ပြေနိုင်ပေမယ့် ဒီကနေ့ခေတ်လို့ ရောဂါဘယပေါင်း သောင်းခြောက်ထောင် ပေါများနေတဲ့ခေတ်မှာ သတိထားသုံးစွဲဖို့တော့လိုအပ်ပါတယ်။ ဒါကြောင့် တချို့သော ပစ္စည်းအဟောင်းလေးတွေကို ပြန်လည်အသုံးပြုတော့မယ်ဆိုရင် သတိထားသင့်တာလေးတွေကို လမ်းညွှန်ပေးချင်ပါတယ်။ ပစ္စည်းဟောင်း ပြန်သုံးမယ့်သူတွေအတွက် ကျန်းမာရေးရှုထောင့်မှ လမ်းညွှန်ချက် ပစ္စည်းဟောင်း ပြန်သုံးမယ့်သူတွေအတွက် ကျန်းမာရေးရှုထောင့်မှ လမ်းညွှန်ချက် တွေကတော့ ကလေးပစ္စည်း ကလေးနဲ့သက်ဆိုင်တဲ့ ပရိဘောဂတွေ၊ တခြားအသုံးအဆောင်တွေကို ပြန်လည်အသုံးချမယ်၊ ဝယ်ယူသုံးစွဲမယ်၊ တဆင့်ခံအသုံးပြုမယ်ဆိုရင် သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။ ပျက်စီးမှုတွေ၊ အပြစ်အနာအဆာတွေတင် စစ်ဆေးရမှာမဟုတ်ပါဘူး။ သန့်ရှင်းမှုရှိမရှိလည်း သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။ ကလေး မော်တော်ကားထိုင်ခုံ မော်တော်ယာဉ်ထိုင်ခုံတွေဟာ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ဝမ်းဗိုက်ရဲ့ ချက်က နံနေတယ်ဆိုရင် ဒါတွေကို စစ်ကြည့်ပါ

ဝမ်းဗိုက်ရဲ့ ချက်က နံနေတယ်ဆိုရင် ဒါတွေကို စစ်ကြည့်ပါ။ ဝမ်းဗိုက်အောက်နား ဆီးစပ်မရောက်ခင်လေးမှာ ချက်ရှိတာကို အားလုံးလည်း သိကြမှာပါ။ ကလေးမွေးပြီးတဲ့အခါ မိခင်နဲ့ ချိတ်ဆက်ထားတဲ့ ချက်ကြိုးကို ဖြတ်ထုတ်ပစ်လိုက်ရပြီး အဲ့ဒီနေရာမှာ ချက်အဖြစ် ကျန်နေခဲ့ပါတယ်။ ပုံမှန်အားဖြင့်တော့ ချက်ဟာ အနံ့ဆိုးတွေ မထွက်တတ်သလို ထွက်လာခဲ့ရင်လည်း နှာခေါင်းနဲ့ အလွန်ဝေးတဲ့နေရာမှာ ရှိနေတဲ့အတွက် တော်ရုံအနံ့မျိုးလောက်နဲ့တော့ သိနိုင်မှာမဟုတ်ပါဘူး။ အကယ်လို့ ကိုယ့်နှာခေါင်းထဲမှာ အနံ့တစ်ခုခု အမြဲရနေလို့ ချက်ကထွက်လာတယ်လို့ သံသယရှိရင် ဒီအချက်တွေကို သေချာစစ်ကြည့်သင့်ပါတယ်။ ဘာတွေကို အရင်ဆုံးစစ်မလဲ။ ပုံမှန်မဟုတ်သော ပြည်ကဲ့သို့ အရည်များ စိမ့်ထွက်နေခြင်း (အဖြူရောင်၊ အဝါရောင်၊ စိမ်းဖန့်ဖန့်အရောင်) ရောင်ရမ်းပြီး နီရဲနေခြင်း ယားယံနေခြင်း နာကျင်မှုရှိခြင်း ပိုးကောင် တစ်ကောင်ကောင် ဖြတ်သွားနေသလို ခံစားရခြင်း ဝမ်းဗိုက်မှာ အကျိတ်လုံးလို စမ်းမိခြင်း အဖျားတက်ခြင်း […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

တစ်နေ့တာလုံး ကိုယ်ခန္ဓာက ချွေးနံ့ကင်းပြီး သင်းပျံ့နေစေဖို့

လူ့ အရေပြားက ချွေးအမြဲထွက်တဲ့အတွက် ကိုယ်နံ့က အနည်းနဲ့ အများတော့ ရှိနိုင်ပါတယ်။ နဂိုထွက်တဲ့ ကိုယ်နံ့မှာတော့ အရမ်းပြင်းတာမျိုး မဟုတ်ပေမဲ့ ချွေးနဲ့ ဘက်တီးရီးယားနဲ့ ရောသွားတဲ့အခါမှသာ အောက်သိုးသိုး အနံ့မျိုးတွေ၊ ချွေးနံ့ဆိုးတွေ ထွက်လာပါတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ ဒီအနံ့နဲ့ ပတ်သက်ပြီး ဂရုစိုက်စရာမလိုပါဘူးလို့ လူတွေက ထင်တတ်ကြပေမယ့် တကယ်တော့ ချွေးနံ့ဆိုးဆိုတာ လူမှုပတ်ဝန်းကျင်ထဲမှာလည်း တခြားသူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေသလို ကိုယ့်ရဲ့အရေပြားကျန်းမာရေးအတွက်လည်း ရေရှည်မှာ ဆိုးကျိုး များစွာ ဖြစ်စေနိုင်ပါတယ်။ ဒီတော့ တစ်နေ့တာလုံး ကိုယ်ခန္ဓာက ချွေးနံ့ကင်းပြီး သင်းပျံ့နေစေဖို့ နည်းလမ်းကောင်းလေးတွေ မျှဝေပေးချင်ပါတယ်။ တစ်နေ့တာလုံး ကိုယ်ခန္ဓာက ချွေးနံ့ကင်းပြီး သင်းပျံ့နေစေဖို့ ကျွန်တော် အခုပြောပြပေးမယ့် အချက်တွေကတော့ ချွေးနံ့ဆိုး မထွက်စေဖို့ အချိန်လည်းသိပ်မကုန်၊ အများကြီးလည်း ဂရုစိုက်စရာမလိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဒီတော့ […]


ဆေးလိပ်ဖြတ်ခြင်း

ဘာလို့ ဆေးလိပ် ဖြတ်မရတာလဲ

ဆေးလိပ် ကို စိတ်ထွက်ပေါက် အနေနဲ့ သောက်တာ ရှိတယ်၊ အဖော်ကောင်းလို့ သောက်တာ ရှိတယ်၊ ကြိုက်လွန်းလို့ကို သောက်တာ ရှိတယ်၊ ကိုယ့်ကို ဆေးလိပ်သောက်ဖြစ်စေတဲ့ အကြောင်းရင်းက တစ်ယောက်တစ်မျိုးနဲ့ပါ။ ဒါပေမယ့် တကယ်တမ်း ဆေးလိပ်ဖြတ်တော့မယ် ဆိုရင်တော့ ဒီအကြောင်းပြချက်တွေက အရေးပါလာပါပြီ။ ဘာကြောင့် သောက်ဖြစ်နေတာလဲ ဆိုတာကို ကိုယ့်ဘာသာ အဖြေရှာနိုင်မှ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားရတာ အောင်မြင်မှာ ဖြစ်ပါတယ်။ ဆေးလိပ် ဘာလို့ သောက်ဖြစ်တာလဲ ယေဘုယျကျကျ ကြည့်မယ်ဆိုရင်တော့ လူတစ်ဦး ကို ဆေးလိပ်သောက်သုံးဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာ အဓိကအားဖြင့် ဒီ ၄ မျိုး ပါဝင်နေပါတယ် - (၁) ခံစားချက် ကြောင့် သောက်ဖြစ်တာ စိတ်ရှုပ်စရာတွေ ကြုံလာရင် ဆေးလိပ်ထသောက်တတ်တယ်။ ဆေးလိပ်လေး သောက်ရင် တွေးလို့ ကောင်းတယ်၊ အတွေးနယ်ချဲ့ကြတယ်။ အလုပ်တွေ လုပ်နေရင်း ရုံးခန်းအပြင် […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)