- အရည်များများပါအောင် စားပါ
အစားအစာတွေ စားတဲ့အခါမှာလည်း စွပ်ပြုတ်၊ ဟင်းခါး လိုမျိုး ခန္ဓာကိုယ်ရဲ့ ရေဓာတ် လိုအပ်ချက်ကို ဖြည့်ပေးနိုင်မယ့် အရည်များများပါတဲ့ အစားအစာတွေကို ရွေးချယ်ပေးတာမျိုးပေါ့။ ဆောင်းအေးအေးနဲ့ စွပ်ပြုတ်ပူပူလေး၊ ဟင်းခါးပူပူလေးကလည်း လိုက်ဖက်တဲ့ အတွဲအစပ်ပါ။
- အရည်ရွှမ်းတဲ့ အသီးအနှံလေးတွေ စားပေးပါ
ဆောင်းရာသီမှာ ကိုယ်တွင်းရေဓာတ်လိုအပ်ချက်ကို ဖြည့်ပေးဖို့ ရေသောက်တာပဲ လုပ်လို့ ရတာမဟုတ်ပါဘူး။ ဖရဲသီး၊ လိမ္မော်သီး၊ ဇီးပန်းသီး၊ မာလကာသီးတို့လိုမျိုး အရည်ရွှမ်းတဲ့ အသီးအနှံလေးတွေကို စားပေးပါ။ ကိုယ်ခံအားကို အားဖြည့်ပေးသလို လိုအပ်တဲ့ ရေဓာတ်ကိုလည်း ပြည့်ဝစေဖို့ ထောက်ကူပေးနိုင်မှာပါ။
- အစားစားပြီးတိုင်း ရေသောက်ပါ
အစားတစ်ခုခု စားပြီးချိန်တိုင်းမှာ ရေခဲရေ နဲ့ ရေနွေးကြမ်း မဟုတ်တဲ့ ရေတစ်ခွက်လောက် သောက်ပေးပါ။ ဒီလို သောက်ပေးတာက ကိုယ်တွင်းမှာ ရေဓာတ်ပြည့်ဝအောင် ထောက်ကူပေးနိုင်ပါတယ်။
- ဓာတ်ဆားဖြည့်အချိုရည် သောက်ပေးပါ
ဆောင်းတွင်းမှာ ရေဓာတ်ပြည့်အောင် ရေသောက်ရမှာကို ပျင်းတယ်ဆိုရင် အပြောင်းအလဲဖြစ်အောင် ဓာတ်ဆားဖြည့်အချိုရည်လေးသောက်ပေးလို့လည်း ရပါတယ်။ ဓာတ်ဆားဖြည့်အချိုရည် သောက်ပေးတာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ရော ဓာတ်ဆားဓာတ်ကိုပါ ဖြည့်ပြီးသားဖြစ်စေမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။