ချောင်းဆိုးနေတာကို သက်သာစေဖို့ ချင်း(ဂျင်း) ပြုတ်ရည် သောက်ပေးလို့ ရသလို ဂျင်းချဉ် စားပေးလို့လည်း ရပါတယ်။ ဒီတော့ ချောင်းဆိုးပျောက်ချင်ရင် ဂျင်းချဉ်လေး နဲ့ ဆူရှီလေး တွဲစားလိုက်တော့လေနော်။
ပျို့အန်မှုတွေ သက်သာစေဖို့လည်း ဂျင်းချဉ်ကို စားပေးလို့ ရပါတယ်။ ပျို့ချင် အန်ချင်လာပြီဆိုရင် ဂျင်းချဉ်ကို နည်းနည်းလောက် ငုံထားပေးတာက သက်သာစေမှာပါ။
- အာဟာရ စုပ်ယူမှု ကောင်းစေတယ်
ဂျင်းချဉ်ရဲ့ နောက်ထပ် အာနိသင် တစ်ခုက အာဟာရ စုပ်ယူမှု အားကောင်းစေပြီး ခန္ဓာကိုယ်အတွက် အာဟာရ ပြည့်ဝစွာ ရရှိစေဖို့ ထောက်ကူပေးတာပါ။
- သွေးတွင်းသကြားဓာတ် ထိန်းပေးတယ်
ဂျင်းချဉ်က သကြားလုံးဝ မထည့်ဘဲ လုပ်ထားတာမျိုး ဖြစ်မယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ ထောက်ကူပေးနိုင်ပါတယ်။
အစာမကြေတာ၊ လေထိုးလေအောင့်တာတွေကို သက်သာစေဖို့လည်း ဂျင်းချဉ်ကို စားသုံးပေးလို့ ရပါတယ်။
ဂျင်းချဉ်ကလည်း အချဉ်စိမ်ထားတာ ဖြစ်တာကြောင့် အကျိုးပြု ဘက်တီးရီးယား ကြွယ်ဝသလို အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဝမ်းမှန်စေပြီး ဝမ်းပျက်ဝမ်းလျှောတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ကားမူးတာ၊ လှိုင်းမူးတာတွေ သက်သာစေဖို့လည်း ဂျင်းချဉ်ကို စားပေးလို့ ရပါတယ်။
- ရာသီလာချိန် နာကျင်ကိုက်ခဲတာ သက်သာစေတယ်
လေဒီလေးတွေမှာ ခံစားရနိုင်တဲ့ ရာသီလာချိန် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့လည်း ဂျင်းချဉ်ကို စားပေးလို့ ရပါတယ်။
ဘာတွေ သတိထားရမလဲ
ဂျင်းချဉ်က ကျန်းမာရေးအတွက် အထောက်အကူပြုတာ မှန်ပေမယ့် အများကြီး စားမိမယ်ဆိုရင် ရင်ပူတာ၊ ပါးစပ်နဲ့ လည်ပင်းမှာ ပူစပ်ပူလောင် ဖြစ်တာ၊ အစာခြေစနစ် ထိခိုက်တာ၊ သွေးထွက်များတာတွေ ဖြစ်စေနိုင်ပါတယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ
သည်းခြေကျောက်တည်တဲ့ လူနာတွေ၊ သွေးကျဲဆေး သောက်နေရသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကျောက်ကပ်ရောဂါ ရှိသူတွေ အနေနဲ့ ဂျင်းချဉ်ကို အလွန်အကျွံမစားသင့်ပါဘူး။ ရောဂါအခံ ရှိသူတွေ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။