အခွံမာသီးတွေနဲ့ အစေ့အဆန်တွေ သွေးတွင်းကိုလက်စထရောကျအောင် စားပေးရမယ့် နောက်ထပ် စားစရာ တစ်ခုကတော့ အခွံမာသီးတွေ၊ အယ်လ်မွန်စေ့၊ နှမ်းကြတ်စေ့စတာတွေကို လက်တစ်ဆုပ်စာလောက် ပုံမှန် စားပေးတာက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒီအစေ့အဆန်တွေနဲ့ အခွံမာသီးတွေက နှလုံးရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
ဘယ်ရီသီးတွေဖြစ်ကြတဲ့ ဘရက်စ်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ သလဲသီး၊ စတော်ဘယ်ရီတွေက ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် များစွာပါဝင်ပြီး သကြားဓာတ် ပါဝင်မှုလည်း နည်းပါတယ်။
ပန်းသီး၊ ငှက်ပျောသီး၊ သစ်တော်သီးတွေမှာလည်း ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တွေပါဝင်နေတယ်ဆိုပေမယ့် သကြားဓာတ်ပါဝင်မှု များတာကြောင့် ဘယ်ရီသီးတွေလောက် ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ မဆိုနိုင်ပါဘူး။ ဒါကြောင့် သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့ဆိုရင် ဘယ်ရီသီးတွေကို စားပေးလို့ ရပါတယ်။
အပင်အခြေခံထားတဲ့ အစားအစာတွေက အာဟာရ ပြည့်ဝသလို ကျန်းမာရေးနဲ့ အတော်လေး ညီညွတ်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ပဲပိစပ် နဲ့ ပဲပိစပ်ကနေ ထုတ်ထားတဲ့ ပဲပြား၊ တို့ဟူးစတာတွေကို စားပေးတာကလည်း ကျန်းမာစေဖို့ နည်းလမ်းကောင်းပါ။ သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့ ပဲပိစပ်ကို စားပေးလို့ ရပါတယ်။
တူနာငါးတွေ နဲ့ ဆယ်လ်မွန်ငါးတွေက နှလုံးကျန်းမာစေပြီး omega-3 fatty acids ပါဝင်နေတာက သွေးတွင်းကိုလက်စထရောကျအောင် ထောက်ကူပေးနိုင်ပါတယ်။ နေ့စဉ် စားသုံးမှုမှာ omega-3 fatty acids ကြွယ်ဝတဲ့ ပင်လယ်ငါးတွေကို စားသုံးပေးတာက သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
အခုပြောခဲ့တဲ့ အစားအစာတွေကို နေ့စဉ်စားသုံးမှုမှာ ပါဝင်အောင် စားသုံးပေးတာက သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။